” ရွာကျောင်းလေးတစ်ခုဝယ် “

ခင္ခSeptember 1, 20141min826

” ရွာကျောင်းလေးတစ်ခုဝယ် “

 

အာရုံက မတက်သေး

တစ်ညလုံးရွာတဲ့မိုး မစဲနိုင်ဘဲရွာနေမြဲ

မင်းတုံးကယ်ဖြုတ် တွန်းလို့ကာဖွင့်လိုက်မဟဲ့

ဖွင့်မရတဲ့တံခါး အပြင်မှာဘာခံနေပါလိမ့်

ထပ်ခါသာ အားစိုက်တွန်းပြန်တော့

အားးးးးးးးးး အိ လို့ ညဉ်းသံထွက်ပြီလေ့

ဘုန်းတော်ကြီးထဟန်မတွေ့လို့ မီးကိုလည်းမဖွင့်ရဲ

ကိုယ်ရင်ခဗျာ ချွေးတွေစို့လာပ ထွက်လာခဲ့ဘုန်းတော်ကြီးသံ

” ဟဲ့ ကိုယ်ရင် ဘာဖြစ်တာတုံး မီးဖွင့်ကြည့်ပါအုံး ”

မီးဖွင့်လို့ ကြည့်မီပါရဲ့

သူတောင်းစားတစ်ဦး မိုးခိုရင်းအိပ်ပါတဲ့

လှေကထစ်အဝင် တံခါးမှာမို့။

 

 

ခင်ခ။

6 comments

  • alinsett

    September 1, 2014 at 11:56 am

    အာရုံက မတက်သေး
    တစ်ညလုံးရွာတဲ့မိုး မစဲနိုင်ဘဲရွာနေစဲ

    အဲဒီ အပိုဒ်ထဲက… ရွာနေစဲ…မှာ.. စဲ ကို…ဆဲ လို ့ရေးရမယ်ထင်တယ်နော်.. ။
    ပြုဆဲ လုပ်ဆဲ ရွာဆဲပေါ့… ။

    စဲ က ရပ်စဲ ရပ်တန့်တာကို ပြောရတာ လားလို ့ ။
    အဲဒီ သတ်ပုံကို ကျနော်လည်း..ဇဝေဇဝါဖြစ်နေလို ့ ဆွေးနွေးကြည့်တာပါ ။
    ————
    နောက်ပြီး…

    လှေကထစ်အဝင် တံခါးမှာမို့။ …မှာ…
    လှေကားထစ် လို ့ရေးရမှာ ထင်တယ်နော်.. ။

    ဒါမယ့်… လှေကထစ်ဆိုတာကလည်း..အသံအနေနဲ ့ရွတ်ကြည့်တော့..အဆင်ပြေပါတယ် ။
    သတ်ပုံ ထုံးအရကြည့်ရင်သာ..
    :mrgreen:

    အမှန်တော့… ကဗျာကို မဝေဖန်တတ်လို ့..
    သတ်ပုံကို ဝေဖန်သွားတာ … ။

    လေး ခ…

    စိတ်မဆိုးရဘူးနော်.. ။

    😆

    • ခင် ခ

      September 1, 2014 at 12:56 pm

      ရွာနေစဲ မှာ စဲလား ဆဲလား ကျုပ်လဲသေချာမသိသမို့ “…….. ရွာနေမြဲ” လို့ အစားထိုးပါ့မယ်၊
      “လှေကားထစ်” ဆိုတာ သတ်ပုံအမှန်ဖြစ်ရင်တောင် တောအခေါ်အပြော ” လှေကထစ်” လို့ အသံထွက်မှ
      ” လှေကထစ်အဝင် တံခါးမှာမို့။” ဆိုမှ ရွတ်ကောင်းတဲ့ဟန်မို့ပါဗျာ။
      ဝင်ရောက်ဆွေးနွေးတဲ့အတွက် ကျေးဇူးပါ ကိုအလင်းဆက်ရေ။

  • manawphyulay

    September 2, 2014 at 2:37 pm

    လှေကထစ်အဝင် တံခါးမှာမို့။
    ဆိုပြီး ကဗျာက ဆက်ရန် ရှိနေသလို ခံစားရပါတယ်။
    ကဗျာရဲ့ အချသံမဟုတ်ဘူးဖြစ်နေသလားလို့ပါ…

    ခံစားကြည့်မိတာလေးပါရှင်..

    • ခင် ခ

      September 2, 2014 at 3:22 pm

      ဆက်လို့တွေးစေဖို့လေ တစ်ခါတလေ အဆုံးမသတ်ခြင်းက အတွေးပိုစေတဲ့သဘောပါ။

  • မြစာကလေး (23122011)

    September 2, 2014 at 3:36 pm

    တော်သေး ကိုခ ရဲ့။
    အသံ ပေးနိုင်ခဲ့ ပေလို့။
    ဘာသံ မှမကြား ရင် ဘာကြီးခံ နေလဲ ဆိုပြီး အတင်း ဝိုင်းတွန်း မှ လှေခါးထစ် ကနေ အောက်ပြုတ်ကျ သွားတော့မှာ။
    ဒီတော့ အိပ်ရာက မထချင်ရင်လဲ အသံတော့ ပေးတာ ကောင်းတာပေါ့။ lol:-)

    • ခင် ခ

      September 2, 2014 at 3:56 pm

      တခြားတစ်ဖက်က လှည့်တွေးတဲ့ အရီးရဲ့ အရေးကိုနှစ်သက်မိတယ်ဗျ

Leave a Reply