” တစ်ခါတုန်းက တက္ကသိုလ် “

ခင္ခSeptember 2, 20141min915

” တစ်ခါတုန်းက တက္ကသိုလ် “

 

မြကျွန်းညို ကွန်းခိုရာ

အတိတ်ရယ်က သာသာယာယာ

ရန်ကုန်တက္ကသိုလ် အဓိပတိဆို

လျှောက်လေပ ပျော်စရာ

ဝိဇ္ဖာဘက်ဝယ် အပျိုတွေချော

သွားလေအမြဲ ငေးမိတာ

သိပ္ပံဘက်ဝယ်မှာ RC ရှိတယ်

စာကြည့်တိုက်နဲ့ ဆုံဆည်းရာ

အရွက်ကယ်မရှိ သစ်ပုပ်ပင်နဲ့

ဘွဲ့နှင်းသဘင်တို့ တင်တယ်တာ

တစ်ဝင်းထဲဝယ် ရှိနေမြဲ

စီးပွားတက္ကသိုလ် မဒီကညာ

အခုတော့လည်း လွမ်းပါပေါ့

တစ်ခါတုန်းက တက္ကသိုလ်ပါ။

 

 

ခင်ခ။

5 comments

  • Myo Thant

    September 2, 2014 at 11:50 am

    ကျနော်က ဂျပ်ဆင် နဲ့ ရေတမာတန်းကို လွမ်းတယ် ၊

    အခုဆို အဖွားကြီးဖြစ်နေမယ့် သီရိဆောင်က စိုး ကိုလည်းလွမ်းတယ် ၊ 🙂

    • ခင် ခ

      September 2, 2014 at 2:51 pm

      အခုတော့ အလွမ်းလေးတွေ စမ်းရေထဲမျောနေပြီလား ကိုမျိုးရေ

      • Myo Thant

        September 2, 2014 at 3:32 pm

        စမ်းရေမဟုတ်တော့ဘူး ကိုခ ရေ

        မြောင်းရေလိုပဲ တားမရ ဆီးမနိူင်

        လက်မှိုင်ချရ စည်ပင်ဘဝလို ဖြစ်နေပြီ 🙂

  • manawphyulay

    September 2, 2014 at 2:44 pm

    မြကျွန်းညို ညို

    ကွန်းခိုရာ တက္ကသိုလ်ပြည်မှာ

    အဓိပတိလမ်းလေး လျှောက်ပါ ကိုယ်တစ်ယောက်ထဲ

    စစ်ကိုင်းလေးလည်း မချန်ပါ…

    အားကစားလေ့ကျင်ရာ RC မှာကွယ်

    တစ်နေ့တစ်ခါ ရောက်ခဲ့ရာတာ

    ဦးချစ်ဆိုင်တွင် စားသောက်ကာ

    စာကြည့်တိုက်နဲ့ သစ်ပုတ်ပင်

    သစ်အခေါင်းထဲ ဝင်ဆော့ရင်းနဲ့

    ဘွဲ့နှင်းသဘင်ခန်းမထဲ ရောက်ခဲ့တာ

    အတိတ်က ခြေရာတွေပါ….

  • alinsett

    September 2, 2014 at 4:16 pm

    တစ်ခါတုန်းက….
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    ကျနော်….

    မရှိဘူး

    :mrgreen:

Leave a Reply