ဆဲမယ်ဆိုလဲ ဆဲလောက်ရဲ့…

ကုိ ထြဋ္September 2, 20141min24717

10419393_324236144404551_5131215767827663664_n

995077_496791727131004_3901581542134487897_n

10517216_496791143797729_4658449026520891032_o

. မရေးဖြစ်တော့လဲ မရေးဖြစ်လို့… ရေးတော့လဲ  အပြစ်ဖို့တယ်ပဲဖြစ်တော့မယ်…

. မနေ့က ကိုဌက်ကြီးရဲ့ လွမ်းချင်းအားဖြင့်  ခိုးကူးပါ… Official ခွေတော့ မဟုတ်ဘူး… ကြည့်လိုက်ရတယ်…

. ကျွန်တော် အွန်လိုင်းမှာ ဒီအစီအစဉ်မလုပ်ခင်ကတည်းက ငြင်းကြခုန်ကြ ဆော်ကြအော်ကြ အသံတွေ ကြားတယ်… သိပ်တောင် သတိမထားမိပါဘူး…

. ကြိုက်တော့ကြိုက်တယ်… ကိုလေးဖြူတို့လောက် မစွဲဘူးပေါ့… အဲလို ထင်ထားခဲ့တာ… သီချင်းတွေလဲ ငါ သိပ်မရပါဘူးလေဆိုပြီး… အမှုမဲ့ အမှတ်မဲ့ပါပဲ…

. တကယ်တမ်း နားထောင်ဖြစ်ကြည့်ဖြစ်တော့ အကုန်နီးပါး ကျွန်တော်ရနေတာကို ထူးဆန်းစွာသိခဲ့ရတယ်…

. တဆက်တည်း ဘာလို့ မစွဲလဲ ဆိုတော့ မဆိုဖြစ်လို့… ဘာလို့ မဆိုဖြစ်လဲ ဆိုတော့   အဲဒီပွဲမှာ ဆုန်သင်းပါ ပြောသလို မဆိုရက်ခဲ့တာလဲ ပါတယ်ဆိုတာ ကိုယ့်ကိုယ်ကို သိလိုက်ရတယ်…

. သူငယ်ချင်း သီချင်းဆို ဆိုဖြစ်တယ်… အဖြူရောင်သူငယ်ချင်းသို့ အခွေထဲမှ… ပေါ့ပေါ့ပါးပါးဖြစ်တယ်… ကီးလဲ အဆင်ပြေတယ်… တော်ရုံဆို မဆိုဖြစ်ဘူးရယ်…

. ခက်တာလဲ ပါတယ်… အမေ့ရဲ့ ဒုက္ခအိုးလေးဆို လုံးဝ မဆိုနိုင်ဘူး… ဗင်းဆင့်ဗန်ဂိုးဆို ဝေးရော…

. အရင်ဆုံး အပြစ် စ ပြောမယ်ဆိုရင်… အသံဖမ်း … တချို့ဆိုတာ ကောင်းတယ် အသံဖမ်းညံ့တော့ ဂွမ်းတယ်… အိုင်စီ သတိထားမိကောင်း ထားမိပါလိမ့်မယ်..

. ရှိုးပွဲထဲက  ရုပ်နဲ့ အသံ ကိုယ့်ဘာသာဖမ်းကြည့် စတီဒီယိုထဲကနဲ့ သိပ်မကွာဘူး.. ဘာလို့သိလဲ မေးရင် ရုံးကစပွန်ဆာလုပ်ပေးတုန်းက အစအဆုံးကို လိုက်တာ… ရီဟာဇယ်က အစ..

. အဲဒီမှာ လာမယ့်လူနဲ့ ဆိုမယ့် အသံနဲ့ ခန်းမ အနေအထား ပဲ့တင်သံ အကုန်ကို ချိန်ထားတာ… အရမ်းမိုက်တယ်…

. နောက်ထပ်ပြောရရင် လူစီစဉ်တာ ညံ့တယ်… သီချင်းတွေရောပဲ… ဘယ်သူ ဘယ်သီချင်းဆို… လက်ရှိနာမည်ကြီးတာထက်… အရင်ကတည်းက အသံနိုင် Live Show အသံကိုပါ ပြောတာနော်…

. အပေါင်းအသင်း တပည့်တပန်း အကုန်ထည့်သင့်တယ်… ဖြိုးကြီးကို ဘာလို့ မထည့်တာလဲ သူကလဲ တပည့်တယောက်ပဲ…

. အသချေင်္ အခွေထွက်တုန်းက ကျေးဇူးတင်လွှာမှာ ကိုဌက်ကို ထည့်ပြောထားသေးတယ်…

. နောက်တချက်က ကျွန်တော် အမြင်ပေါ့… ဂုဏ်ပြုတယ်ဆိုရာမှာ ကိုယ်ပိုင်အသံနဲ့ သူ့ဟန် သူ့အရသာမပျက်ဆိုတာ.. ဒါမှမဟုတ် သူ့ကီးအတိုင်းကို တိတိကျကျလိုက်ဆို… ကိုဌက်ကတော့ မလွယ်ပါဘူး..

. နောက်ဗားရှင်းပြောင်း အရသာမပျက်ပေါ့… အဲလိုလို့ယူဆတယ်… အဲဒီမှာ အာတီချုပ်ကို သတိရတယ်… ကိုဌက် အသံရော ရုပ်ပါ ခပ်ဆင်ဆင်ရယ်..  သူ့ကို ထည့်စေချင်သေးတယ်…

. နောက်တယောက် အောင်မြင့်မြတ်(အိမ်မက်ဆုံရာ) သူလဲ တော်တော် ကောင်းပါတယ်… ဒါပေမဲ့သူကတော့ အခုမှ တက်သစ်စဆိုတော့ ထားပါ…

. ဒါဆို သီချင်းတွေ အလှည့်သွားကြမယ်…

. ကိုလေးဖြူက အခွေထဲမှာ မပါဘူး… ဆိုတာတော့ ပါမယ်ထင်တယ်… MRTV4 နဲ့ ကွိုင်ထားတော့ ရိုက်ခွင့်မပေးထားဘူး…

. စတာက ရေဗက္ကာဝင်းနဲ့ စတွေ့တယ်… ၂ ပုဒ်ဆိုတယ်… မဝေဖန်ချင်တော့ဘူး… တခုပဲ Live Show ဆိုတာ အားနည်းတယ်…

. ကိုစည် ၂ ပုဒ် … မကြိုက်လှဘူး…  ဒီ၂ ယောက်က အိမ်မက်ဆုံရာရဲ့ ဝေဖန်ဆရာတွေပေါ့…

. အမျိုးတွေ ဆိုကြတယ်… ညီကလဲ ဆို… သမီးကလဲ ဆို…

. ကိုညီထွဋ်တို့ သားအဖပါတယ်…   ကိုညီထွဋ်ကတော့ ၂ ပုဒ်… တပုဒ်က ပဲ့ကိုင်ရှင်ကတည်းက ဆိုဖူးတဲ့ မေမေ… နောက်တပုဒ်က ဂစ်တာ ကဖီး.. အသက်သာကြီးတယ် မပျက်စီးဘူး…

. စတိုင်ရော အသံရော… သူ့သားတောင် သူ့လောက်မဂေါ်ဘူး…

. ဟန်ထွန်းပါတယ်… ကိုအောင်ပါတယ်… ကိုအောင်က နဂိုကတည်းက အသံခပ်ဆင်ဆင်ရယ်… တော်တော်ကောင်းတယ်…

. နီနီခင်ဇော်ကတော့ သီချင်းရွေးတတ်တယ်… နွေဦးကံ့ကော် သီချင်းနဲ့ နောက်တပုဒ်… တော်တော်ကိုကောင်းတယ်…

. ချမ်းချမ်း သူလဲ မိုက်တယ်… ရွေးတတ်တယ် ပြောရမယ်… သူအသံနဲ့ လိုက်တာ မှီနိုင်တာ ရွေးသွားတယ်…

. အကြိုက်ဆုံးကတော့ သျှီပဲ… အရမ်းကို ကောင်းလွန်းပါတယ်… ကျွန်တော်ပြောတဲ့ ဗင်းဆင့်ဗန်ဂိုး သီချင်း သူဆိုသွားတယ်… တကယ် အဖိုးတန်ပါပဲ…

. ပြီးတော့ ကောင်းကောင်းတို့ စုံတွဲ အိုင်းရင်းဇင်မာမြင့်နဲ့ တယောက် ၂ပုဒ်စီ.. စုံတွဲ တပုဒ်ဆိုသွားတယ်… ချစ်သူလက်ဆောင် အခွေထဲက သီချင်းပဲ… တင်ဇာမော်နဲ့ ဆိုထားတာ ပြန်ဆိုတယ်…

. သူ့ကို လဲပါစေချင်တယ်… သူနဲ့ ဟန်ထွန်း အဲသီချင်းကို ဆိုစေချင်တာ.. မဟုတ်လဲ ဘိုဘိုပေါ့…

. ဖြူဖြူ.  သူလဲ သူ့ဗားရှင်းလေးနဲ့ တလေးတစားဆိုသွားတယ်…

. ဆုန်သင်းပါရ်  သူကတော့ သူ့စကားလေးအတိုင်း တာဝန်ကြီးတာကို မဆိုပဲ.. မဆိုရက်တာ.. ကျန်တာတွေ ရွေးဆိုသွားတယ်.. တကယ်တော့ မှီရင် ဆိုပါဗျာ.. ပေါ့ပေါ့ပါးပါးချည်းပဲဆိုရင်…

. တကယ်အနှစ်တွေ မဆိုရင် ဂုဏ်ပြုတာ ဘယ်ဟုတ်တော့မလဲ… တနေ့စာ အလွဲများဆိုရင် ဘယ်သူမှကို မဆိုရဲကြဘူး… ဘာလို့ဆိုတော့ ခုထိအမြဲကြားနေရတုန်းပဲဆိုတော့… မဆိုရဲကြဘူး…

. ဇော်ပိုင် နဲ့ ဆုန်သင်းပါရ် စုံတွဲ သီချင်းလေးဆို အရမ်းကို ကောင်းပါတယ်…

. R ကြီး အလှည့်ကျတော့ သတ်ပုံမှားတဲ့ ည သီချင်းကို မဆိုသွားခဲ့ဘူး…

. စကားလုံး မရှိတဲ့ ကောင်းကင်ကိုလဲ ဆိုတဲ့သူ မရှိခဲ့ဘူး…

. Big Bag သက်ငြိမ်ကို သူ့ဗားရှင်းလေးနဲ့ ဆိုသွားတယ်…

. Idiots မဟာဝီရ သီချင်းကို Arrangement ပြောင်းပြီး ဆိုသွားခဲ့တယ်…

. မကော်ကတော့ လွမ်းသူ့အိမ်မက် သီချင်းဆိုသွားခဲ့တယ်… ကိုလေးဖြူကြီး ဆိုစေချင်ခဲ့တာ… ဒါပေမဲ့ မကော်လဲ ကောင်းပါတယ်…

. ဘိုဖြူလဲ ဂုဏ်ပြုပြီး ဆိုသွားပါသေးတယ်…

.  ဂျေမောင်မောင်လဲ ဂုဏ်ပြုသွားသေးရဲ့…

. L လွန်းဝါကလဲ သူ့ဆရာပါတဲ့ဆိုပြီး ဆိုသွားပါသေးတယ်…

. ဂျီလတ်ကတော့ နောက်ပိုင်း အမွေဆက်ဆံတယ် ပြောမလား… သူဆိုတာ တော်တော်များများကို် အသေးစိတ်လုပ်တတ်တယ်… ဒါက အမွေပဲပြောမလား…

. စိုင်းစိုင်းနဲ့ တွဲပြီး ငါတရားစီရင်တော်မူခဏ်းကို ဆိုသွားတယ်… မောင်မောင်ဇော်လတ်နဲ့ ဂျီလတ်ဆိုရင် အရမ်းကောင်းမှာပဲဗျာ…

. ဘန်နီဖြိုးလဲ ဆိုရဲ့.. သူလဲ တော်ရှာတယ်… သူအဆင်ပြေလောက်တဲ့ သီချင်းကို ရွေး ဂုဏ်ပြုသွားတယ်…

. လူလဲ စုံသလောက်ဖြစ်သွားပြီ… အဲထဲမှာ ထူးခြားတာက မောင်မောင်အေး… သူနဲ့ ကိုဌက်နဲ့ ကိုနေမျိုးဆေးတို့နဲ့ ဘော်ဒါတွေဆိုတာ ခုမှ သိရတယ်… တီးခဲ့ဆိုခဲ့ဖူးတယ်လဲ ပြောတယ်…

. ဟုတ်လောက်တယ်… သူဆိုတာ တော်တော်ကောင်းတယ်… ထင်တောင် မထင်ထားဘူး… ပုံစံလေးလဲ တမျိုးဆန်းသစ်ထားတယ်…

. အန်ကယ်လေးကတော့ ဂုဏ်ပြုစကားတက်ပြောသွားသေးတယ်… ရှည်လို့ အော်တဲ့ အသံတောင် ကြားရတယ်…

. ကျွန်တော် ဘာပြောချင်တာလဲ ဆိုတော့ မပြောတော့ပါဘူး… စ ရေးစဉ်က ပြောမလို့ပဲ.. ဖော့ပြီးရေးထားတာ… အခွေထွက်လာရင် ကြည့်ပြီး ဒီပို့စ်ကို တခေါက် ပြန်ဖတ်ကြည့်စေချင်တာပဲ ပြောချင်တယ်…

. တခုပဲ အကြံပေးချင်တာက ဒီ Live အတိုင်းကို အခွေမှာ ထည့်မယ့်အစား… Audio အရင်ထွက်ရင် ထွက်.. ပြန်ဆိုစေချင်တာဗျာ စတီဒီယိုမှာ…

. မဟုတ်ရင် စတီဒီယိုက အသံနဲ့ Live Show မှာ ပြန်ထပ်စေချင်တာ.. တချို့က  လုံးဝ မကောင်းဘူး.. တချို့က အသံဖမ်းတာ မကောင်းလို့ မကောင်းဘူး… တချို့က ဗားရှင်းပြောင်းတာလိုတယ်…

. အမျိုးမျိုးပေါ့  အဲဒီမှာကိုယ့်ကိုယ်ကို သိတာ.. ငါ ဒါကြောင့် မစွဲတာကိုး…  ဒါကြောင့် မဆိုဖြစ်တာကိုးလို့ သုံးသပ်မိပါတယ် ခင်ဗျာ…

. လွန်တာရှိရင် အားလုံးဝန္တာမိပါဗျာ… 🙂   တတ်နိုင်သမျှ ဖော့ပြောထားပါတယ်… 🙂

 

 

17 comments

  • မင်း ခန့် ကျော်

    September 2, 2014 at 12:04 pm

    ပြောရ ရင်ဘန်နီဖြိုးကို ကျုပ် မျက်ထောင့်နီ နဲ့စောင့်ကြည်နေတာ
    ပါ။ တကယ်လဲဆိုရော ထိန်းသွားလိုက်တာများ
    နှာခေါင်းတဖက် နားတဖက် ပိတ်ပြီး ထိန်းပြီးသေသေချာချာဆိုသွားလိုက်တာ လက်ခုတ်တီးပေးပါတယ်။
    တချို့အမြင့်သံနေရာမရောက်တာကလွဲရင်ပေါ့။
    ပွဲကို ခြုံကြည့်ရရင် ကျတော်တော့ကျေနပ်ပါတယ်။

  • ကန္နားစီး မိဂီ

    September 2, 2014 at 12:39 pm

    သတ်ပုံမှားတဲ့ ည က ကိုငှက် သီချင်းမှမဟုတ်တာ
    အူးချစ်ကောင်း သီချင်းလေဗျာ..
    😀

  • Yae Myae Tha Ninn

    September 2, 2014 at 12:40 pm

    ဟုတ်တယ်.. သူမဆိုးဘူးလို့ ပြောရမယ်ဗျ… ကျွန်တော်လဲ ဘယ်လို ဆိိုမလဲဆိုပြီး စောင့်ကြည့်နေတာ.. ဆိုတာပြီးတော့ အော်.. မဆိုးပါဘူး.. လို့ ကောက်ချက်ချတယ်… တပုဒ်ပဲ ဆိုသွားတယ်… 🙂

  • Yae Myae Tha Ninn

    September 2, 2014 at 12:42 pm

    ဟုတ်လား.. ကိုဌက်ထင်ထားတာ… ဟီး.. 🙂

  • မ " တတ် ပါ့ "

    September 2, 2014 at 1:24 pm

    Great the way of positive thinking !

  • Yae Myae Tha Ninn

    September 2, 2014 at 1:30 pm

    ကျေးဇူးပါ… မ တတ်ပါ့ ရေ… 🙂

  • ခင် ခ

    September 2, 2014 at 3:30 pm

    မနေ့က ဆိုင်မှာမေးကြည့်တော့ မန်း ကိုအခွေမရောက်သေးဘူးဗျ
    ထွက်လို့ရောင်းပြီဆိုရင်တော့ ဝယ်ပြီးနားထောင်မလို့ အားခဲထားတယ်လေ။

    • Yae Myae Tha Ninn

      September 4, 2014 at 3:47 pm

      လင့်ရှိတယ်.. You Tube မှာ အော်ရီဒူးက ၁ သောင်းတန် ပလန်ယူပြီး ကြည့်လိုက်လေ.. ဟီး… 🙂
      မန့်လိုက်ရင် ပလော်ဘလမ် လုပ်တင်းနေလို့ ခုမှ ပြန်မန့်တာ… ချောတီး.. ကိုခကြီး…

  • alinsett

    September 2, 2014 at 3:40 pm

    အဲ့ပွဲအကြောင်းကို
    တတ်နိုင်သလောက် ဖော့ တွေးထားလို့
    ဒီပိုစ့်ကိုလည်း တတ်နိုင်သလောက် ဖော့ ဖတ်သွားပါတယ်

    :mrgreen:

  • Yae Myae Tha Ninn

    September 2, 2014 at 4:42 pm

    လင့်ပြန်ရှာပြီး… ပေးမယ်.. ကော်က မကောင်းတော့.. ရှာမရဘူး… You Tube မှာတင်ထားတာ… ကိုခင်ခရေ… 🙂
    အလင်းစက်ရေ.. မပြောမရှိနဲ့ ကြည့်ပြီးရင် တခေါက်ပြန်လာဖတ်ပါ.. ပို့စ်ကို… တကယ် ဟုတ်နေတာ.. ဖော့ရေးထားတာ တွေ့ပါလိမ့်မယ်ဗျာ… 🙂

  • kai

    September 3, 2014 at 9:15 am

    မကျေနပ်… တစ်ကပြန်စ..
    နောက်တပွဲလုပ်ကြပါလား… ဟင်င်င်…

    ဘယ်သူမှမလုပ်ရင်.. ကျုပ်ပဲ ယူအက်စ်ခေါ်လုပ်မှနဲ့.. တူ…တယ်.. :k:

    • Yae Myae Tha Ninn

      September 4, 2014 at 3:53 pm

      တဂျိီးလုပ်ရင် ကြိုပြော… လူရွေးတာ .. သီချင်းရွေးတာ.. အကုန်လုပ်ပေးမယ်… တခုပဲ သင်္ကြန်ပိတ်ရက်လေးတော့ လုပ်… 🙂

  • Shwe Ei

    September 3, 2014 at 4:44 pm

    ဒီပွဲ မလုပ်ခင်ထဲက တချို့ တချို့ သီချင်းတွေ ပြန်ဆိုကြပြီးသားဆိုတော့ စတူဒီယိုနဲ့အသံဖမ်းလဲ …
    ဒီအသံ ဒီဟန်တွေအတိုင်းထွက်လာကြအုံးမှာဘဲ…
    ထူးအိမ်သင်သီချင်းကို ထူးအိမ်သင်ဆိုတာမို့လို့ ကြိုက်တာဖစ်တဲ့အတွက် တခြားသူတွေပြန်ဆိုရင်
    မခံစားတတ်တာကျိန်းသေပါဘဲ…(သူရို့ ဗားရှင်းအတိုင်း လိုက်ခံစားနိုင်အောင် ဆိုတတ်ရင်တော့ တမျိုးပေါ့ဗျာ) 🙂
    ဒိုးလုံးပွဲ (ပြန်ဆို) ကြည့်ပီးကထဲက အိုက်လိုပွဲမျိုး နောက်မလုပ်ကြတော့ရင် ကောင်းမှာဘဲလို့တွေးမိတယ် 😛

    • Yae Myae Tha Ninn

      September 4, 2014 at 3:57 pm

      ဟုတ်ဘူး.. ရွှေအိရဲ့.. တချို့ဆိုကောင်းတယ်ဗျာ.. ဒါပေမဲ့ TV4 က အသံဖမ်းတာ ညံ့လို့ဗျ… 🙂

  • Crystalline

    September 4, 2014 at 1:23 pm

    ကိုရေမြင်းကြိုက်တဲ့ ဖြိုးကြီးရော.. ဘိုဘိုရော… ဟန်ထွန်းရော. မကြိုက်ဖူး… ကောင်းကောင်း live ဆိုတာ မကြားဖူးပေမယ့် သီချင်းရေးတာရော..အဆိုရော ကြိုက်သား.. ပင်ကိုယ်သံသိပ်မကောင်းပေမယ့် စကေးလ်လေးတွေ.. ဟာမိုနီကျွမ်းကျွမ်းကျင်ကျင်ဆိုနိုင်တာတွေ သဘောကျသား… live ဆိုတဲ့ ထဲတော့ တော်တော်လေး ကောင်းအောင်ဆိုနိုင်တာ R.ဇာနည်နဲ့ ဖြူဖြူတော့ သတိထားမိတယ်…ခုနောက်ပိုင်း melody world ကတက်လာတဲ့အဖွဲ့လည်းကောင်းပါတယ်.. :))
    ထူးအိမ်သင်သချင်းတွေကတော့ အစ်ကိုတွေ ဂစ်တာတီး သချင်းဆိုရင် ဘေးက ကြားသလို လိုက်အော်ခဲ့တဲ့သချင်းတွေများတယ်.. တနေ့စာအလွဲများသချင်းကတော့ သချင်းဆိုပြိုင်ပွဲတွေမှာ ဝင်ပြိုင်တာ မကြာခနကြားဖူးသား… သူများတွေ ပြန်ဆိုတဲ့ အတွက် ကောင်းခြင်းမကောင်းခြင်း ဘာခံစားချက်မှတော့ မရှိဘူးရယ်.. :p:

  • Yae Myae Tha Ninn

    September 5, 2014 at 9:03 am

    အိလိုတော့ နာမည် ဖျက်နဲ့ဗျာ.. အဲတာ ကိုဆာမိ စ တာထင်တယ်… 🙁
    ကောင်းကောင်းကိုက သဘောကျပါတယ်… ဒါပေမဲ့ ဒီပွဲမှာ သီချင်းရွေးတာ လိုတယ်လို့ ထင်မိတယ်… 🙂

Leave a Reply