သွားမယ်၊ ဝါးမယ်၊ ဆဲမယ်၊ ဆိုမယ်…

ကုိ ထြဋ္September 4, 20141min55624

. အရမ်းကောင်းတဲ့နေရာလေးပါ…( သေဖို့ပြောပါတယ်… ) Ice Berry ( မြေနီကုန်း )

. ဒီရက်ပိုင်းတွေမှာ မြေအရောင်းအဝယ်တွေအေးတော့ ခဏနားမယ် ကြံတုန်း ယောက်ဖက ကွန်ပျူတာ ဂိမ်းဆိုင်ဖွင့်ချင်တယ် ကူညီပါဆိုတာနဲ့… ကူညီမိပါတယ်….

. အွန်လိုင်းကနေ ဆိုင်ပြုတ်လေးတွေ ရှာပေးရတယ်… ရလဲရတယ်.. တန်လဲ တန်တယ်…

. အရောင်းအဝယ်က မြေနီကုန်းမှာဆိုတော့ ဆုံချက်အနေနဲ့ အဲဒီဆိုင်မှာထိုင်ဖြစ်တာပေါ့ဗျာ…

. ဆိုင်လေးက လူငယ်တွေချည်းပဲ… တချို့လူကြီးတွေတောင် စုရပ်ဈေးသက်သာဆိုပြီး လာထိုင်ကြပါတယ်…

. အရင်တုန်းကလဲ ထိုင်ဖူးတယ်… စထိုင်ခါစက လူငယ်ဆိုတော့ ကော်ဖီသောက်တာပေါ့…  အဲမှာစတာက ကော်ဖီဂျိုးကို သေချာမဆေးတော့ ခွက်တွေမှာ သောက်တဲ့နှုတ်ခမ်းနေရာတွေက ညိုညစ်ညစ်လေးပေါ့…

. ဒါပေမဲ့ ရွေးစရာမရှိတော့ ထိုင်ဖြစ်တယ်… ဒီလိုနဲ့ မသွားတာကြာတော့ တခေါက်ပြန်ရောက်တယ်… အဲမှာနည်းနည်းသန့်သွားပြီ…

. နောက်တော်တော်ပေါ့ နှစ်နဲ့ချီသွားတယ်.. အလုပ်တွေရ အလုပ်တွေလုပ် နေရာဒေသတွေ ပြောင်းတော့ မရောက်ဖြစ်ဘူး…

. အိမ်ဘေးက အန်တီအရွယ် ညီမတွေက စုံညီစားဖြစ်တယ်ဆိုပြီး ပြောတော့… အဲဒီဆိုင်ဖြစ်နေပြန်ရော… အာ… ကျွန်တော် အရင်ကထိုင်နေကျ ပြောဖြစ်တယ်ပေါ့…

. ဒါနဲ့ သူတို့ကို ဖုန်း အရစ်ကျ ရောင်းပေးတော့ မုန့်ပြန်ကျွေးတယ်… အဲဒီဆိုင်မှာပဲ… ဈေးလဲတန် စားလဲကောင်းခဲ့တယ်….

. ခုနောက်ဆုံး ယောက်ဖ ကိစ္စနဲ့ ထိုင်တယ်… ပထမရက်… မိန်းမကို ကျွန်တော်ပဲ ခေါ်ခဲ့တာပါ.. ကောင်းတယ်… တန်တယ်… လာ….. ဆိုပြီး…..

. Kitchen ပြောင်းသွားတာ ဖြစ်မှာပါ…  တော်တော်ကို ဆိုးသွားတယ်…  ကြေးအိုး နဲ့ ခရမ်းချဉ်သီး စပါတကီခေါက်ဆွဲလေး မှာစားလိုက်တယ်… ရှုစားတော်မူကြပါ…

P1280124

P1280125

P1280126

. တပွဲကို ၂၀၀ဝ ကျပ်ပါ…  ကြေးအိုးကလဲ ကောင်းမှကောင်းဗျာ…

. ရှင်းရှင်းကို ပြုတ်ပြီး… ပဲပြားကို ကန့်လန့်တဖြတ် နှစ်ခြမ်းခွဲ… ကိုရီးယားအကင်လေးတွေ ပစ်ထည့်… ကြက်သားလုံးကြော်ကို ရေစိမ်ပြီးထည့်… မုန်လာပေါက်တစည်းထည့်… ပြီးသွားပါပြီ…

. ပြုတ်ရည်အချိုက ဘယ်နေမှန်းမသိဘူး… 🙁  အချဉ်လေးကတော့ ကောင်းရဲ့… ကြက်သွန်ဖြူရယ်၊ ငရုတ်သီးစိမ်းရယ်ကို ဘလန်ဒါနဲ့ ကြိတ် သံပုရာသီးညှစ်ထည့်ထားတာ.. ဆားတောင်ပေါ့နေသေး… ဟေး ဟေး..

. ဒါနဲ့ အားရဝမ်းသာ တဇွန်းခပ်သောက်လိုက်ပါတယ်… အာ….. လုံးဝ ဆွေမျိုးတွေ မေ့သွားတယ်…  ဒါမျိုးအရသာ… တခါပဲ … တကယ် တခါတည်းပဲ…

. ဘဝမှာ ကြေးအိုးမကုန်တာ ဒီတခါပဲ ရှိတယ်… ပုံမှန် ၂ ပွဲလောက် ကြိတ်နိုင်တာ…

. ကဲ.. စပါတကီလေး ကို မြည်းလိုက်ဦးမယ်…  ကောင်းချက်ဗျို့… ကောင်းချက်…  မန္တလေးမုန့်တီဆိုပြီး မကွေးခရီးစဉ်မှာ ထည့်ထားတာ မှတ်မိလားမသိ…

. တခုပဲကွာတယ်… ပူတာနဲ့ အေးတာ… ဟိ….

. လုပ်ပုံက နည်းနည်းခက်တယ်… မုန့်ဖတ်ရယ်… ခရမ်းချဉ်သီးရယ်… ကော်မှုန့်နည်းနည်းထည့်မယ်ထင်တယ်… ပင်လယ်စာ ဆိုတော့ ပုဇွန်တို့ ကင်းမွန်တို့ ထည့်ရတာပေါ့… ဒါက Default လေ…

. အားလုံး လုံးချက်လိုက်တာ… အဲဒီအရသာရသွားတယ်…

. တဇွန်းခပ်မြည်းလိုက်တယ်… ရွှတ်… မျက်ရည်ပါလည်သွားတယ်… လည်မှာပေါ့… ပူတာကိုး.. ရောက်ရောက်ချင်း အငမ်းမရစားတာကိုး…

. အိုး… ဘုရား၊ တရားပါ မေ့သွားတယ်… တခါတည်း အဝိဇ္ဖာပါဖုံးသွားတာ… ဟီး… ကောင်းချက်…. လွှတ်ကောင်းချက်….

. ဒါပေမဲ့ မမှတ်ပါဘူး… ထိုင်စရာလဲ ဒါပဲရှိတာကိုး.. ဒါနဲ့ နောက်နေ့   မနေ့ကပေါ့…

. ပြောင်းစားရအောင်… ဆန်းဆန်းပြားပြားတွေ မမှာတော့ဘူး… ဆိုပြီး…………

. ထမင်းသုပ်ရယ်…. ရှမ်းခေါက်ဆွဲရယ်… မှာလိုက်တယ်….

. အပေါ်ထပ်မှာပဲ နေရာလွတ်တော့ တက်ထိုင်တာပေါ့… ယောက်ဖလဲ စောင့်ရင်း… ဟိုကြည့်လိုက် ဒီကြည့်လိုက်ပေါ့….

. ၂ ယောက်တတွဲ တက်လာတယ်… ထိုင်တယ်… နောက်ထပ် ထပ်တက်လာတယ်…. ထိုင်တယ်…

. ပြီးတော့ စားပွဲထိုးလေး တက်လာတယ်… လင်ဗန်းလေး သယ်လာတယ်… စားစရာတွေ ပါလာတယ်…. ကြည့်လိုက်တယ်….

. ဟယ်… မတူဘူး ဟ… မဟုတ်သေးဘူးလေ… စောင့်တယ်… ဟိုငေးလိုက် ဒီငေးလိုက်ပေါ့….

. မိန်းမကလဲ ဗိုက်ကဆာတော့ သူလဲ လှုပ်တုတ်လှုပ်တုတ်ပေါ့….

. ဒါနဲ့ ထပ်မျှော်တယ်… ယောက်ဖရော… စားပွဲထိုးရော… ဒါနဲ့ ရိပ်ခနဲ ဖြစ်တော့ ကြည့်လိုက်တယ်… ယောက်ဖ မဟုတ်ဘူး… စားပွဲထိုး…

. လင်ဗန်းကြည့်လိုက်တယ်… ကိုယ့်ဟာ မဟုတ်ဘူး… သူများဟာတွေ…. နည်းနည်းတော့ ပေါက်လာတယ်… စိတ်အချဉ်ရော… ဗိုက်ထဲက အစာအိမ်က ချက်ဖို့ထုတ်တဲ့ အချဉ်ရောပေါ့….

. မိန်းမဆို ပိုဆိုး ကျွန်တော်က အဲအကွက်တွေ ထင်ထားလို့… စမူဆာ မျိုထားတာ….

. မယားထိ ဓားကြည့်ဆိုတဲ့ အတိုင်း… သူဗိုက်ဆာတော့ ကိုလဲ တင်းတာပေါ့….

. Hungry Man Is Angry Man လေ… သူက ဗိုက်ဆာလို့ တင်းတော့… မယားထိ ဓားကြည့် ကျွန်တော်တင်းတာ မဆန်းဘူးလေ… အီကွေးရှင်းလေး ရိုးပါတယ်…  🙂

. ဒါနဲ့ အောက်ဆင်းပြီး ကောင်တာကို သွားမေးတယ်… ရပြီလား… နံပါတ် 19 က မှာထားတာဆိုတော့….

. ဂလယ်အူဆိုတာ အဲတော့မှ မြင်ဖူးတာ…. ဟုတ်လားတဲ့… ကြာပြီလားတဲ့…. ကြာသေးပါဘူး… စက္ကန့် ၁၈၀ဝ လောက်ပဲ ရှိသေးတယ်လို့…

. ဟုတ်… ဟုတ်… ဟုတ်…. တဲ့… ဘာလုပ်လို့ရမလဲ… ဒါနဲ့ ပြန်စောင့်ပေါ့…. ခုနက Flow အတိုင်း ငေးတယ်… စောင့်တယ်… လှုပ်တုတ်လှုပ်တုတ်ဖြစ်တယ်… တင်းတယ်… ဒေါသထွက်တယ်ပေါ့….

. နောက်ထပ် စက္ကန့် ၆၀ဝ ကြာပြီးတဲ့ အချိန်မှာ ထပ်ဆင်းတယ်… ဒီတခါတော့ နှာကစ်ပြီလေ… အဲလိုဖြစ်ရင် အဲလိုပြောပေမဲ့… ကိုယ့်ကိုယ်ကို မမြင်တော့… နှာကစ်တာကို မမြင်လိုက်ရဘူး…

. ကျိန်းသေတာက ဒေါသ တော်တော် ထွက်တာပဲ… ဆင်းပြီး တုပ်တော့တာပဲ… အတင်းတုပ်၊ သန်းတုပ် တာမဟုတ်ဘူး…     ကလော်တုပ်တာပေါ့….

. အဲတော့မှ မျက်နှာငယ်လေးနဲ့ တကယ်တော့ မငယ်သွားပါဘူး…. လာပို့ပါ့မယ်တဲ့…

. ကိုယ်လဲ နောက်ထပ် စက္ကန့် ၆၀ဝ မှ မရရင်တော့… မကျေနပ်ရင် ဖုန်းခေါ်လို့ ပြောတဲ့ ဖုန်းနံပါတ်ကို နှိပ်တော့မှာ….

. မကြာပါဘူး… ရောက်လာတယ်… ရှမ်းခေါက်ဆွဲ… ကောင်းလားမေးတော့ ဗိုက်ဆာနေပြီလေ… ဦးပေါ်ဦးလို တက်ကနစ်နဲ့ဆိုတော့ ဘာဖြစ်ဖြစ်ကောင်းပြီလေ…

. ချွင်းချက်ဆိုလို့ ဓာတ်ပုံမရိုက်ဖြစ်တော့ဘူး… အဲအတွက်ပဲ တောင်းပန်တယ်…. 🙁

. ဒါနဲ့ သူတဆွဲ ကိုယ်တဆွဲ စားကြတာပေါ့… ခေါက်ဆွဲဆိုတော့ သူတဆွဲ ကိုယ်တဆွဲပေါ့… နော့်…

. စားရင်းနဲ့ မျက်လုံးကစားသေးတယ်.. ကောင်မလေးတွေကို လျှောက်ကြည့်တာ မဟုတ်ဘူး… ကျွန်တော့်ရဲ့ ထမင်းသုပ်လေး နီးစပ်ပြီလားဆိုပြီးပါ….

. မဆိုးပါဘူး… ရှမ်းခေါက်ဆွဲ ပြီးတဲ့ သကာလ မှာ… ရောက်လာတယ်… ထမင်းသုပ်ကတော့ ထင်တယ်… သူတို့ အက်စကီမိုးအိမ်လို လုပ်ဖို့ ခွက်ရှာတာ ကြာတာ နေမယ်ဗျ…

. အက်စကီမိုးတောင် လူနေတာ မဟုတ်ဘူး… ပုရွက်ဆိတ် အကောင်သေး ၄ ကောင် ပူးနေလိုက်ရင် နွေးလောက်တယ်….

. အဲ.. မေ့တော့မလို့… ရှမ်းခေါက်ဆွဲက  ၁၀၀ဝ ကျပ်…. ထမင်းသုပ်က ၇၀ဝ ကျပ်နော်…

. စားလို့ကောင်းလားဆိုတော့… ထမင်းရယ်… အာလူးရယ်… ဂေါ်ဖီရယ်… မြေပဲရယ် ပဲ မှတ်မိတယ်… ဟင်းချိုတောင် မပါဘူး.. အော်… ကိုယ်က လိုချင်တာ ပြောတာပါ…

. သူတို့ Rule မှာ မပါတော့ … ဘယ်တတ်နိုင်မလဲ…. ဒါနဲ့ အားရပါးရ ၄ လုပ် ခွဲစားလိုက်တယ်… မိန်းမ ၂ လုပ်… ကျွန်တော် ၂ လုပ်… ဒါတောင် အားရှိပါးရှိခွဲတာ ဟုတ်ဘူးနော်… 🙂

. ကဲပါ… ဒီလောက်ကောင်းတဲ့ ဆိုင်လေးကို မြေနီကုန်းရောက်ရင်… တခါတခေါက်လောက်တော့ လာရောက်စေချင်ပါတယ်…

. နေရင်းထိုင်ရင်း ခံတွင်းပျက်ချင်လား….

. ဒါမှမဟုတ် မိသားစုကို မေ့ချင်လား….

. အဆီပိုတွေ ချချင်လား….

. ပါရမီတပါးပါးကို ဖြည့်ကျင့်ချင်လား…

. တခါမှ မစားဖူးတဲ့ အမယ်သစ်(နာမည်တူ) ကို စားချင်လား…. ဒီဆိုင်လေးကို ကြွလှမ်းခဲ့ဖို့…

. ဒီတပတ် သွားမယ်၊ ဝါးမယ်၊ မြိုမယ်၊ ဆို့မယ် အစီအစဉ်လေးကနေ ဖိတ်ခေါ်အပ်ပါတယ်…. လွန်တာရှိရင် ဝန္တာမိပါ… ခံစားရသမျှ စာစီကုံးမိပါ၏…. 🙁

 

. PS: အတိသရဝုတ္တိ အနည်းငယ်သုံးထားသည်….  🙂

 

24 comments

  • ခင် ခ

    September 4, 2014 at 4:47 pm

    ရန်ကုန်က ကောင်းနိုးရာရာဆိုင်တွေကို မှတ်ထားပြီး ရန်ကုန်ရောက်ရင်သွားစားကြည့်မယ်ဆိုပေမယ့်
    ရန်ကုန်ရောက်တဲ့အခါ ဘော်ဘော်တွေ ချိန်းတဲ့ ဆိုင်မှာဘဲ စတည်းချမိတာပါဘဲဗျာ။
    ခုလည်းဖတ်ပြီး မှတ်ထားပြန်ပြီလေ။

  • Yae Myae Tha Ninn

    September 4, 2014 at 4:55 pm

    ရှိပါတယ်.. အသောက်အစားလေးနဲ့ဆို… Junior Duck.. သဘောင်္ပေါ်မှာ ဂွတ်ရင်း လေညင်းခံရင်း အမြည်းကောင်းကောင်းစားရမယ်… မရောက်တာတောင် ကြာပေါ့… 🙂

  • ဇီဇီ ခင်ဇော် (15102012)

    September 4, 2014 at 4:59 pm

    ငင်။
    ဂလောက် တော်တဲ့ စားဖိုမှူးတွေ သများ ထမင်းဆိုင်ကို ခေါ်အူးမှ…
    :a:

  • Yae Myae Tha Ninn

    September 4, 2014 at 5:05 pm

    ချက်နည်းပြောတဲ့ စားဖိုမှူ းလား… ချက်ပြုတ်ပေးတဲ့ စားဖိုမှူ းလား… 🙂

    • ဇီဇီ ခင်ဇော် (15102012)

      September 4, 2014 at 5:17 pm

      အဲဒီ ဆိုင်က စားဖိုမှူး

      :k:

      • Yae Myae Tha Ninn

        September 5, 2014 at 9:00 am

        🙂 စိတ်ဓာတ်တွေ အပုံလိုက်ကျသွားတာ…

  • မြစာကလေး (23122011)

    September 5, 2014 at 4:34 am

    အရီး ကြေးအိုး တောင် အဲ့ဆိုင်က ထက် အမြင်မှာ သာတယ်။
    အရီး စပါကတီ ကိုတော့ အဲ့ဆိုင် က လုံးဝ မယှဉ်နိုင်တာ သေချာတယ်။
    စပါကတီ နဲ့ နဲနဲ မှတူဝူး။ ဘားမိနည်း ဘားမိဟန် ဖြစ်နိုင်တယ်။ (စီဒီ – ဂဂ)

    ကောင်းလယ်။
    အဲ့ ဆိုင်မျိုး တွေ ရှိတာ တွေ့တော့ ကိုယ့် ဟင်းချက် စွမ်းရည် မခေကြောင်း သိလိုက်တာ။
    :-)))

    • Yae Myae Tha Ninn

      September 5, 2014 at 9:02 am

      နောက်ဆို မြစာကလေး ဆိုင်ဖွင့်ပါလား… ကြည့်မြင်တိုင်၊ စမ်းချောင်းနားမှာ လာအားပေးမယ်လေ… 🙂

  • kai

    September 5, 2014 at 7:04 am

    အသိ..ဂျပန်တွေ.. ရန်ကုန်ကြေးအိုးလှည့်စားပြီး.. ပြောကြတာကျ….
    အချိုမှုန့်အရည်တွေနဲ့လုပ်တယ်ဆိုပဲ…
    အသားကို.. “အူမမိ”ခေါ်တဲ့.. အချိုရည်ထွက်လာအောင်.. မထုတ်တတ်ကြဖူး… တဲ့…။

    Umami – Wikipedia, the free encyclopedia
    en.wikipedia.org/wiki/Umami
    Wikipedia
    A loanword from the Japanese (うま味), umami can be translated as “pleasant savory taste”. This particular writing was chosen by Professor Kikunae Ikeda from .

    အချိုျမှုန့် နှုတ်ပြီးချက်ရင်ဖြစ်လာမယ့်ကြေးအိုးအရသာ.. သိချင်.. :k:

  • Yae Myae Tha Ninn

    September 5, 2014 at 9:32 am

    တော်သေးတာက အရင်က အချိုမှုန့်နဲ့ ပက်စီနဲ့ မတည့်ဘူး… စားပြီး မူးဝေ အော့အန်တယ်.. အခုတော့ ဘာမှ မဖြစ်တော့သလိုပဲ… အချိုမှုန့်က ဖော်မြူလာပြောင်းတာလား.. ပက်စီကပဲ ဖော်မြူလာပြောင်းလိုက်တာလား မသိဘူး… 🙂

  • kyeemite

    September 5, 2014 at 10:58 am

    .ခွိခွိ…တော်တော်ခံလိုက်ရတာပဲ :k:
    .ခီများက စာရေးကောင်းပဲဗျ…မျက်စေ့ထဲပါမြင်လာတယ်…ဂွတ်ဒ

  • Yae Myae Tha Ninn

    September 5, 2014 at 11:10 am

    ခံရတာတော့ ပြောနဲ့ မနေ့ကတောင် ထပ်ချိန်းလို့ ရောက်သေး… ဒါပေမဲ့ မှာမစားတော့ဘူး… တခါသေဖူးရုံမကတော့ဘူး… ၂ခါလောက်သေဖူးဆိုတော့… တာ့တာပဲ… 🙂
    စာရေးတာကတော့ ဟီး… တာရာမင်းဝေ အတု နည်းနည်းခိုးထားတယ်… အရမ်းကြီးတော့ ဟုတ်ဘူး… 🙂

  • manawphyulay

    September 5, 2014 at 12:09 pm

    ICE Berry မြေနီကုန်းဆိုင်ကတော့ အရင်တုန်းက အမြဲထိုင်ဖြစ်ပါတယ်။
    ခုနောက်ပိုင်းတော့ လူရှုပ် မျက်စိရှုပ်လို့ မထိုင်တာ လတောင်ချီနေပါပြီ။
    အဲဒီဆိုင်ဘေးက အရင်တုန်းက ဖွင့်တဲ့ Bon Bon Cafe’ ကတော့ အရမ်းသဘောကျတဲ့ နေရာပါပဲ။ ထိုင်ရတာလည်း အဆင်ပြေတယ် မှာစားရတာလည်း ကောင်းပြီး အဲဒီက ကော်ဖီကို အကြိုက်ဆုံးပဲ…

  • Yae Myae Tha Ninn

    September 5, 2014 at 12:20 pm

    အခု ၃ ထပ်ဖြစ်သွားပြီဗျ… ဘိုင်လူတွေတောင် မှတ်မိနေပြီ… ၃ ခေါက်သွားတယ်… ၃ ခေါက်လုံးကို တွေ့တဲ့ကလေးတွေပေါ့… ဘော်ဒါတွေ တရုန်းရုန်းနဲ့… လက်မှာလဲ ဂျက်တွေနဲ့… ကိုယ်တွေ ခေတ်က ဂေါ်တယ်ဆိုတာ.. ဆေးလိပ်သောက် ကွမ်းစား အရက်သောက်နဲ့… သူတို့ကျတော့ သေရင် ကိုယ့်နောက်ပါမယ့် အရာတွေနဲ့ ပိုဂေါ်လာတယ်… 🙂
    Bon Bon တော့ မြင်ဖူးတယ်.. မထိုင်ဖြစ်ဘူး…
    အားပေးတာ ကျေးဇူး… 🙂

    • manawphyulay

      September 5, 2014 at 12:25 pm

      ဟုတ်လား အပေါ်ထပ်တွေပါ ထပ်ယူလိုက်တာလား…

      • Yae Myae Tha Ninn

        September 5, 2014 at 1:10 pm

        ဟုတ်တယ်… ဟိုဘက်က အိတ်ဆိုင် အပါအဝင်… အပေါ်ထပ်က ဂျပန်သင်တန်းထင်တယ်.. အကုန် ယူသွားတာ… 🙂

  • Crystalline

    September 5, 2014 at 12:53 pm

    Ice Berry က ဘုန်းကြီးလမ်းနဲ့အနော်ရထာလမ်းထောင့်က ဆိုင်နဲ့အတူတူပဲထင်တယ်.. Shake နားကပဲလေ.. ဆိုင်ခွဲလားမသိ… အဲ့ဆိုင်မှာတော့ စပါကတီမှာဖူးပ.. ဗိုက်ဆာချိန်တောင်မှ တစ်ဇွန်းထက်ပိုမစားနိုင်အောင်ကောင်းတာ.. :p: တစ်ခါတစ်လေ ကိုယ့်နောက်မှမှာသူဆီ အရင်ရောက်လာတာနဲ့ ကြုံဖူးပ.. နောက်ရောက်သူစားကုန်ပြီး ကိုယ်မှာတာများမရောက်လာလို့ကတော့ တင်းနေတဲ့အချိန်ဆို ပြန်ထွက်ခဲ့ရော.. သွသူဘာဖြစ်ဖြစ်.. :mrgreenn:
    ဝက်ကြေးအိုးတော့ ဆိုင်ထက်ကောင်းအောင်ချက်တတ်တယ်.. အသိအစ်ကိုကြီးတစ်ယောက်က ဆိုင်ဖွင့်ဖူးတော့ သူကနည်းပေးလို့.. စိတ်ပါရင် နည်းရေးပေးမယ်နော်.. :mrgreenn:

  • Yae Myae Tha Ninn

    September 5, 2014 at 1:15 pm

    ဒါဆို ကောင်းသတင်းမျိုးစုံနဲ့ ကျော်ဇောနေတာပေါ့… ဟီး… ဘဝတူတွေ တွေ့ပြီ…. ဒီတခါတော့ မကြိုက်တာတူပြီနော်…. 🙂
    ကြေးအိုးချက်နည်းတော့ စိတ်ဝင်စားတယ်.. ပို့စ်အနေနဲ့ တင်လိုက်.. အားပေးမယ်… 🙂

  • alinsett

    September 5, 2014 at 2:00 pm

    အဲ့ဒီဆိုင်လား…
    ထိုင်ဖူးတယ်..
    တစ်ယောက်တည်းတောင် မဟုတ်…
    ကဗျာပြခန်း ဖွင့်ဖြစ်တုန်းက… ကဗျာအဖွဲ့တွေ..ဆုံပြီး..အဲဒီဆိုင်ထဲမှာ..သတ်ကြတာ.. ။

    :mrgreen:

    ကဗျာအကြောင်းတွေ..ကပျာကယာ ဆွေးနွေးလိုက်ရလို့..ဘယ်သူမှ အစားအသောက်ဘက် …မခံစားမိလိုက်ဘူး ။

    😆

  • Yae Myae Tha Ninn

    September 5, 2014 at 2:47 pm

    အဲလို အချိန်ကုန်မှန်းမသိတဲ့ဟာမျိုးလုပ်နေရင် ကောင်းတာပေါ့ ဆရာကြီးရယ်.. ခုက အရေးကြီးလို့ ဆုံမှတ်ထားတယ်.. မကောင်းတတ်တာရော ဆိုင်ရောက်ရင် စားကိုစားဖြစ်တဲ့ အကျင့်ရယ်ကြောင့်မှာဖြစ်တယ်… လာတယ် ကြာတယ် ဆိုတော့ ဟီး… ဒေါသထွက်တာပေါ့ဗျာ.. 🙂

  • မ " တတ် ပါ့ "

    September 24, 2014 at 3:44 pm

    ရောက်ဖူးတယ်။
    အစားအသောက်မှာတာ စောင့်ရတာကြာတယ်။
    အပေါ်ဆုံးအထပ်မှာပဲ ထိုင်ခဲ့တာ။
    MLM လို အဖွဲ့တစ်ခုနဲ့ လူအယောက်၁၅ ယောက်စာလောက် အစည်းအဝေးသဘောမျိုးလုပ်နေတာနဲ့ ကြုံလို့
    ဘာတွေမှန်းမသိဘူး။ ဆူတယ်။
    ရှမ်းခေါက်ဆွဲတော့ စားကောင်းသား။ နည်းလို့လားမသိ။

  • Yae Myae Tha Ninn

    September 24, 2014 at 4:15 pm

    စောင့်ရတာ ကြာတော့.. ဗိုက်ဆာ.. ဗိုက်ဆာတဲ့ အချိန်စား… အကုန်ကောင်းတာပေါ့ဗျား…. 🙂

  • မ " တတ် ပါ့ "

    September 24, 2014 at 4:33 pm

    ဆာတဲ့အချိန်စား အကုန်တော့ မကောင်းဘူးဗျ…ခံတွင်းလေးတော့တွေ့ဦးမှ။
    မကောင်းတာတော့ ဖြစ်ညှစ် မစားနိုင်ပေါင်ဗျာ။

  • Yae Myae Tha Ninn

    September 24, 2014 at 4:41 pm

    တော်သင့်ရုံလေးမှ မကောင်းရင်လဲ… ရှောင်လေဝေးဝေးဖြစ်သွားမှာပေါ့… အင်းပါ… ရှမ်းခေါက်ဆွဲကတော့.. မိန်းမ အဆိုအရ မဆိုးပါဘူး… 🙂

Leave a Reply