” ထန်းလျက် “

ခင္ခSeptember 3, 20141min1014

” ထန်းလျက် “

 

ဟိုးရှေးရှေးကထဲက ဖြစ်တည်လာရှိ

ဧည့်သည်လာလည်း ရေနွေးကြမ်းနဲ့ တည်ခင်းခဲ့ တောနယ်

ဆေးဖော်လိုလည်း ထဲ့ကာသုံးစွဲပြုကာမြဲ

အညာဒေသ အထွက်များလို့ နိုင်ငံလုံးဖြန့်သုံးစွဲကြသဗျို့

ခုထိတိုင်လည်း လက်မလွတ်နိုင်ဘဲ သုံးစွဲနေစဲ

မြန်မာမုန့်အထိုထို သူလည်းပါလို့ သုံးကြသကိုး

မြန်မာထမင်းဆိုင် ခုံလေးများပေါ် တင်ကာထားလို့ အချိုတည်းကာ စားကြပါနော်

မြန်မာ့ရိုးရာ အစဉ်အလာသုံးစွဲ ” ထန်းလျက် ” ပါဘဲ။

 

ခင်ခ။

4 comments

  • alinsett

    September 3, 2014 at 12:13 pm

    မြန်မာ့ရိုးရာ အစဉ်အလာသုံးဆွဲ ” ထန်းလျှက် ” ပါဘဲ။

    ဆိုတဲ့နောက်ဆုံး ကဗျာစာကြောင်းမှာ..
    သုံးစွဲ လို့ ဖြစ်ရမှာလို့ထင်တယ် ဦးခ

    ပြီးတော့…
    ထန်းလျက် ဆိုရင် ရပြီလားလို့…

    :mrgreen:

    ဒီကဗျာလေး ဖတ်ပြီးတော့…ထန်းလျက်ရည်နံ့မွှေးမျွေးလေးနဲ့… မုန့်ကြာစေ့ကို
    အုန်းသီးနုနု ဖွေးဖွေး ထည့်ပြီး…စားချင်စိတ် ပေါက်သွားတယ်..ဗျာ…

    • ခင် ခ

      September 3, 2014 at 1:04 pm

      အုန်းသီးနုနုတောင် ဖွေးဖွေး လေးမှထဲ့စားချင်တာလား ဆရာသမားရယ်။
      အုန်းသီးခြစ်တဲ့သူကို အောက်ကအမဲသားတွေ မပါအောင်ခြစ်ဖို့တော့ ပြောအုံးနော်။
      စာလုံးပေါင်းပုံပြောပေးတဲ့အတွက်တော့ ကျေးဇူးနော်။

    • ဇီဇီ ခင်ဇော် (15102012)

      September 4, 2014 at 3:29 pm

      နွေနေပူမှာ ….
      အမင်းစားပြီး အညက်လေး စားမှ အပူ သက်သာသဗျ။

      :kwi:

Leave a Reply