ပို့စ်လေး အစပထမမှာ နှုတ်ခွန်းလေးဆက်သရလိုက်ပါရစေ

အားလုံးပဲမင်္ဂလာပါလို့

ကျွန်တော် ဒီရွာလေးထဲကို မရောက်တာကြာခဲ့ပါပီ။ အကြောင်းအရင်းကတော့ အနော့ရုံးတော်ကြီးဖြစ်တဲ့ ဟက်ဘလိုင်းကြီး မရှိတော့တဲ့အတွက်ပါ……

ရွာသူရွာသားအားလုံးကိုလဲ လွမ်းတသ နွမ်းလျတဲ့စိတ်တွေနဲ့ မေ့မရနိုင်ဖြစ်နေခဲ့ပါတယ်…..

ကျွန်တော်ရွာလေးထဲမှာ ကဲနေစဉ်က သိတဲ့လူများဖြစ်တဲ့

လေးကိုင် ၊ လေးဘလက်၊ လေးကြီးမိုက်၊ လေးပေါက်၊ လေးဖောရိန်း၊ လေးပီချို၊ လေးနိုဇိုမိ၊ လေးစွယ်တော်၊ လေးကျောက်၊ လေးနေ၀န်းနီ၊ လေးဘဲဥ၊ လေးကြောင်၊

လေးအမက်၊ လေးဖက်ကပ်၊ လေးရွှေတိုက်၊ လေးအိုဘား၊ လေးအမ်လုလင်၊ လေးရဲစည်၊ လေးအံဇာ၊ လေးပေါက်ဖော်၊ လေးကမ်း၊ လေးအာဂ၊ လေးသုဝေ၊ လေးကေကေအို၊

လေးအင်ဇာဂီ၊ လေးဖရဲ၊ လေးမိုးမင်းသား၊ လေးအလင်းစက် အင်းအဒူတွေကြံသေးပါလိမ့် လေးစံလှ၊ လေးထက်ဝေး၊ လေးနိဂိမိ တော်တော်စုံပီ ဟီး ကျန်သေးရင်ခွင့်လွှတ်တော်မူကုန်…….နှင့်

ရွာသူများဖြစ်ကြတဲ့

အရီးခင်လတ်၊ အရီးပဒုမာ၊ အရီးနို၊ အရီးဆူး၊ အရီးနွယ်ပင်၊ အရီး အိတုံ၊ အရီး ရွှေအိ၊ အရီးခိုင်ခိုင်၊ အရီးရို့စ်၊ အရီးချာတူး၊ အရီးပန်ပန်၊ အရီးကောင်းကင်ပြာ၊ အရီးသန်ဒါ၊ အရီး ငြိမ်းငြိမ်း၊ အရီးတိုက်အုပ်၊ အရီးဝေေ၀၊ အရီးခိုင်ဇာ ခေါင်းတွေတောင်ပူလာဘီ ကျန်ခဲ့ရင်လဲခွင့်လွှတ်ပါလို့

ဆိုလိုချင်တာလေးက အားလုံးကို သတိရပါဆိုတဲ့အကြောင်းနဲ့ ဆုမွန်ကောင်းလေးလဲတောင်းပေးပါတယ်

နို့ ဆိုတော့ အနော်လေ ရွာကလေးရဲ့ အပြောင်းအလဲတွေသိပ်မသိပါဘူး….. အဆက်ပြတ်သွားတာလဲ ကြာခဲ့ပီလေ……. ရွာထဲမှာ တစ်ချိန်က ဒချိ ဒချိဆိုတဲ့အသံတွေ ထုတ်လွှင့်ခဲ့တဲ့ ရွာသူ လေးကမ်းလဲ ဘယ်ရောက်နေတယ်မသိ…….

အိမ်း နှစ်ကာလာကြာညောင်းခဲ့ပေမယ့် မဟောင်းသေးတဲ့ ဇာတ်လမ်းလေးတွေလဲ ပြန်ဖတ်ဖြစ်တယ်

ခေါင်းလောင်းသံတညံညံပေးတဲ့ ရွာကျောင်းကို ပြေးမြင်မိရင် သတိရနေတယ် သူငယ်ချင်းရေ

တို့များ ငယ်ငယ် တုန်းက ရွာအ၀င်လမ်းစီကနေ လက်ချင်းချိပ်ကာ အရက်ဆိုင်သွားတာ မူးပြီးအော်ဆဲနေတာတွေ

မှတ်မိနေသေး မင်းတို့နာတို့ တငယ်လေးတွေ

စက်ရုံကြီးတွေစီ ကြည့်စမ်းပါဦးလားကွယ် လွှမကျန် တူမကျန် စက်မှုလုပ်ငန်းတိုးတက်စေဖို့ ရောင်းစားနေကြတာတွေ ရှိနေပါသေး မင်းတို့နာတို့ တငယ်လေးတွေ

ကြီး၊ ရေ၊ လေ တပ်မတော်တွင်းက သူငယ်ချင်းရေ ရဲရဲတောက်တိုက်စစ်ဆင်ကာလေ တောကြား၊ တောင်ကြားမရှောင်ရှား ခိုးပီးတော့ အရက်ထိုင်သောက်ကြသလေ မင်းတို့အတွက် ဂုဏ်ယူရတယ်လေ

အားလုံးပဲကျေးဇူးတင်ပါတယ် …… ဘာမှမဟုတ်ပေမယ့် အမှတ်တရပို့စ်လေးဖြစ်ပါဂျောင်း

ကလေးအဖေ မူးတိုက်၊

လူပျိုကြီး မူးမက်

မိန်းမ မရနိုင်သူ မူးစည်

ပိန်ပိန်ပါးပါး လှပသူ မူးဖက်

တက်စတူးများနှင့် မူးဂ

စတီပင်ဆေးဘဲ စတိုင်လ် မူးကမ်း

မောင်ရဲတိုက်နှင့် ခပ်ဆင်ဆင် မူးဂီ

အသားဖြူဖြူ ချောချော မရိုသေစကား လေးမူးဘလက်

ဦးကျော်ဟိန်းနှင့် ခပ်ဆင်ဆင် လေးမူးမိုက်

ဒါတ်ဖမ်းသူ လေးမူးပေါက် အားလုံးနှင့် တစုတပေါင်းတည်း ဆုံတွေ့ လိုပါသေးတယ်ဆိုတဲ့အကြောင်း ပြောရင်း နိဂုံးချုပ်အပ်ပါသည်………

သားမှားတာပါရင် ခွင့်လွှတ်ကြပါလို့…… ပို့စ်ရေးတာ တော်တော်လေးစဉ်းစားလိုက်ရတယ်…….. ဟိဟိ

မှတ်ချက် ။     ။ ကိုယ်တိုင်ရေးဖြစ်ကြောင်း အာမခံသည်၊

 

 

 

 

About Thuyazaw

has written 38 post in this Website..

121712 Contributor