ရန်ကုန်မှာ ဆူညံလို့ ရွာပြန်လာခဲ့ပီ

ThuyazawSeptember 3, 20141min29731

ပို့စ်လေး အစပထမမှာ နှုတ်ခွန်းလေးဆက်သရလိုက်ပါရစေ

အားလုံးပဲမင်္ဂလာပါလို့

ကျွန်တော် ဒီရွာလေးထဲကို မရောက်တာကြာခဲ့ပါပီ။ အကြောင်းအရင်းကတော့ အနော့ရုံးတော်ကြီးဖြစ်တဲ့ ဟက်ဘလိုင်းကြီး မရှိတော့တဲ့အတွက်ပါ……

ရွာသူရွာသားအားလုံးကိုလဲ လွမ်းတသ နွမ်းလျတဲ့စိတ်တွေနဲ့ မေ့မရနိုင်ဖြစ်နေခဲ့ပါတယ်…..

ကျွန်တော်ရွာလေးထဲမှာ ကဲနေစဉ်က သိတဲ့လူများဖြစ်တဲ့

လေးကိုင် ၊ လေးဘလက်၊ လေးကြီးမိုက်၊ လေးပေါက်၊ လေးဖောရိန်း၊ လေးပီချို၊ လေးနိုဇိုမိ၊ လေးစွယ်တော်၊ လေးကျောက်၊ လေးနေဝန်းနီ၊ လေးဘဲဥ၊ လေးကြောင်၊

လေးအမက်၊ လေးဖက်ကပ်၊ လေးရွှေတိုက်၊ လေးအိုဘား၊ လေးအမ်လုလင်၊ လေးရဲစည်၊ လေးအံဇာ၊ လေးပေါက်ဖော်၊ လေးကမ်း၊ လေးအာဂ၊ လေးသုဝေ၊ လေးကေကေအို၊

လေးအင်ဇာဂီ၊ လေးဖရဲ၊ လေးမိုးမင်းသား၊ လေးအလင်းစက် အင်းအဒူတွေကြံသေးပါလိမ့် လေးစံလှ၊ လေးထက်ဝေး၊ လေးနိဂိမိ တော်တော်စုံပီ ဟီး ကျန်သေးရင်ခွင့်လွှတ်တော်မူကုန်…….နှင့်

ရွာသူများဖြစ်ကြတဲ့

အရီးခင်လတ်၊ အရီးပဒုမာ၊ အရီးနို၊ အရီးဆူး၊ အရီးနွယ်ပင်၊ အရီး အိတုံ၊ အရီး ရွှေအိ၊ အရီးခိုင်ခိုင်၊ အရီးရို့စ်၊ အရီးချာတူး၊ အရီးပန်ပန်၊ အရီးကောင်းကင်ပြာ၊ အရီးသန်ဒါ၊ အရီး ငြိမ်းငြိမ်း၊ အရီးတိုက်အုပ်၊ အရီးဝေဝေ၊ အရီးခိုင်ဇာ ခေါင်းတွေတောင်ပူလာဘီ ကျန်ခဲ့ရင်လဲခွင့်လွှတ်ပါလို့

ဆိုလိုချင်တာလေးက အားလုံးကို သတိရပါဆိုတဲ့အကြောင်းနဲ့ ဆုမွန်ကောင်းလေးလဲတောင်းပေးပါတယ်

နို့ ဆိုတော့ အနော်လေ ရွာကလေးရဲ့ အပြောင်းအလဲတွေသိပ်မသိပါဘူး….. အဆက်ပြတ်သွားတာလဲ ကြာခဲ့ပီလေ……. ရွာထဲမှာ တစ်ချိန်က ဒချိ ဒချိဆိုတဲ့အသံတွေ ထုတ်လွှင့်ခဲ့တဲ့ ရွာသူ လေးကမ်းလဲ ဘယ်ရောက်နေတယ်မသိ…….

အိမ်း နှစ်ကာလာကြာညောင်းခဲ့ပေမယ့် မဟောင်းသေးတဲ့ ဇာတ်လမ်းလေးတွေလဲ ပြန်ဖတ်ဖြစ်တယ်

ခေါင်းလောင်းသံတညံညံပေးတဲ့ ရွာကျောင်းကို ပြေးမြင်မိရင် သတိရနေတယ် သူငယ်ချင်းရေ

တို့များ ငယ်ငယ် တုန်းက ရွာအဝင်လမ်းစီကနေ လက်ချင်းချိပ်ကာ အရက်ဆိုင်သွားတာ မူးပြီးအော်ဆဲနေတာတွေ

မှတ်မိနေသေး မင်းတို့နာတို့ တငယ်လေးတွေ

စက်ရုံကြီးတွေစီ ကြည့်စမ်းပါဦးလားကွယ် လွှမကျန် တူမကျန် စက်မှုလုပ်ငန်းတိုးတက်စေဖို့ ရောင်းစားနေကြတာတွေ ရှိနေပါသေး မင်းတို့နာတို့ တငယ်လေးတွေ

ကြီး၊ ရေ၊ လေ တပ်မတော်တွင်းက သူငယ်ချင်းရေ ရဲရဲတောက်တိုက်စစ်ဆင်ကာလေ တောကြား၊ တောင်ကြားမရှောင်ရှား ခိုးပီးတော့ အရက်ထိုင်သောက်ကြသလေ မင်းတို့အတွက် ဂုဏ်ယူရတယ်လေ

အားလုံးပဲကျေးဇူးတင်ပါတယ် …… ဘာမှမဟုတ်ပေမယ့် အမှတ်တရပို့စ်လေးဖြစ်ပါဂျောင်း

ကလေးအဖေ မူးတိုက်၊

လူပျိုကြီး မူးမက်

မိန်းမ မရနိုင်သူ မူးစည်

ပိန်ပိန်ပါးပါး လှပသူ မူးဖက်

တက်စတူးများနှင့် မူးဂ

စတီပင်ဆေးဘဲ စတိုင်လ် မူးကမ်း

မောင်ရဲတိုက်နှင့် ခပ်ဆင်ဆင် မူးဂီ

အသားဖြူဖြူ ချောချော မရိုသေစကား လေးမူးဘလက်

ဦးကျော်ဟိန်းနှင့် ခပ်ဆင်ဆင် လေးမူးမိုက်

ဒါတ်ဖမ်းသူ လေးမူးပေါက် အားလုံးနှင့် တစုတပေါင်းတည်း ဆုံတွေ့ လိုပါသေးတယ်ဆိုတဲ့အကြောင်း ပြောရင်း နိဂုံးချုပ်အပ်ပါသည်………

သားမှားတာပါရင် ခွင့်လွှတ်ကြပါလို့…… ပို့စ်ရေးတာ တော်တော်လေးစဉ်းစားလိုက်ရတယ်…….. ဟိဟိ

မှတ်ချက် ။     ။ ကိုယ်တိုင်ရေးဖြစ်ကြောင်း အာမခံသည်၊

 

 

 

 

31 comments

  • alinsett

    September 3, 2014 at 1:11 pm

    ကိုယ်တိုင် ဖတ်သွားကြောင်း အာမ ခံသည် ။

    :mrgreen:

    ကသူရဇော်ကြီးက ..မတွေ့တာကြာလို့ထင်တယ်… လေသံက..အရင်ကထက် ပိုငယ်သွားသလိုပဲ…
    ရှိသမျှလူတွေကို..လေးလေးတွေ အရီးတွေ တပ် ခေါ်နေတော့တာပဲ… ။

    😆

    • Thuyazaw

      September 4, 2014 at 12:00 pm

      အလိုင်းဆက် ကိုယ်တိုင်ဖတ်သွားဒဲ့အတွက် ကျေးစူး

  • ဇီဇီ ခင်ဇော် (15102012)

    September 3, 2014 at 1:20 pm

    သူရ ၂ ယောက် တွေ့ ပြီး ကြပြီ ကိုးးးးး
    :kwi:

    • alinsett

      September 3, 2014 at 1:39 pm

      အဲ့လူဂျီးက..ThuyaZaw တဲ့…

      ကျနော်က.. Thura

      :mrgreen:

      ဘာပဲ ဖြစ်ဖြစ်…
      ကျနော့်ဖွေးဖွေးကိုတော့…ဘုဂိုမှ မပေးဘူး ။

      :mrgreen:

    • Thuyazaw

      September 4, 2014 at 11:56 am

      နီနီခင်ဇော်လေး ကိုနာမည်ဖျက်ဒဲ့ အန်တီရီး နေကောင်းရယ်နော်

  • ခင် ခ

    September 3, 2014 at 1:23 pm

    ရွာပြန်လာတာဘာလက်ဆောင်ပါလားလဲဟင် !

    • Thuyazaw

      September 4, 2014 at 11:52 am

      လက်ဆောင်ပါပါတယ် မုန့်ဖက်ထုပ် ခွိ

  • kyeemite

    September 3, 2014 at 1:42 pm

    .ကတောက်စ်…နာ့ကိုနာမည်ဖျက်သွားသေး
    ပုံ/ လေးမူးမိုက် :i:

    • Thuyazaw

      September 4, 2014 at 11:49 am

      လေးမာဃ ကြိုဆိုမှုအတွက် ကျေးကျေးပါနော် နော် နော်လို့

  • kai

    September 3, 2014 at 3:09 pm

    မြိ့ဖြစ်ဖို့ကြံနေရင်းတန်းလန်း.. ကန်ထရိုက်တာကလိမ်သွားလို့..
    ရွာလိုလို.. မြို့လိုလို… ကြားအသံထွက်..” ရို့”ဖြစ်နေတယ်လို့သတင်းပေးသူမရှိဖူးလား.. :k:

    • alinsett

      September 3, 2014 at 3:14 pm

      သူကြီးလို ရွာ့သဂျီးကိုတောင် လိမ်သွားနိုင်တဲ့ကန်ထရိုက်တာ

      မဟုတ်မှ လွဲရော အဲဒါ နေဧ ပဲ ဖြစ်ရမယ်

      ရို့ရို့

      :mrgreen:

    • မြစာကလေး (23122011)

      September 4, 2014 at 4:07 am

      . ဟေ့အေး ဟေ့အေး
      . မြို့ အကြိုက်ဘူး။
      . ရွာ မှ ရွာ ဘဲ။

      အဲ့ ကန်ထရိုက်တာ ကို ပြေးအောင် လုပ်ခဲ့တာ ဘူသူ လို့ ထင်တုန်း။
      ဟင်း … ဟင်း …. lol:-)))

      သူကြီးမင်း ရဲ့ ဖွံ့ဖြိုးပြီးရင် ရွာ နဲ့ မြို့ အတူတူပါဘဲ။
      ဒါ့အပြင် ရွာက ပိုပြီး အသက်ရှူ လို့ ကောင်းပါတယ် တော့။

    • Thuyazaw

      September 4, 2014 at 11:46 am

      တဂျီးရေ မှားတာရှိရင်တောင်းပန်ပါတယ် နော်နော်လို့

  • Shwe Ei

    September 3, 2014 at 3:59 pm

    ဒမြ မဲမဲရီး ရွာထဲဝင်လာဘီ…ပြေးကြဗျိုု့..ပြေးကြ 😀

    • Thuyazaw

      September 4, 2014 at 11:43 am

      ဘာလဲ ဒမြ ဟွန်း ရွှိုက်နော် ကလေးကို

  • ယာ ယီ ခိုလှုံခွင့် တောင်းပြီး အလင်းပြန်ဝင်လာတဲ့ တူရဇော် အားကြိုဆိုပါတယ်။

    မန်းလေးလာပြီးတွေ့ မယ်ပြော ပြီး ရှောင်ပြေး သွားတဲ့ မောင်လေး ကို လဲ မှတ်မိပါကြောင်း

    လေးအများဆုံးပိုစ်အဖြစ်မှတ်တမ်းတင်ထားပါကြောင်း

    • Thuyazaw

      September 4, 2014 at 11:42 am

      လေးပေါက် မန်းလေးလာဒုန်းက တား အချိန်မရတော့လို့ပါဂျ

  • အာဂ

    September 3, 2014 at 4:57 pm

    မူးမူးမဲမဲ ရှူးရှူး ရှဲရှဲ….ရူးရူး ရဲရဲ မူးမဲမ…ကွာ

    • Thuyazaw

      September 4, 2014 at 11:41 am

      ဂစိန်မ ငရုပ်သီးစပ်နေတာလား

  • Ko chogyi

    September 3, 2014 at 5:16 pm

    ပေါက်ကရ ပေါက်ပန်း လေး တွေ လျှောက်ရေးနေတယ်

    • Thuyazaw

      September 4, 2014 at 11:39 am

      လေးချိုကလဲ သားက ဒါပဲရေးတတ်တာကို

  • မြစာကလေး (23122011)

    September 4, 2014 at 3:13 am

    ++++++++++++
    မောင်သူရလေး အရွယ်ရောက်လာ အမေ့ကို ခွင့်ပန်ကာ
    ဆွေမျိုးရှာဖို့ ဒီ မြေတလွှား သူစွန့်စားလို့ သွား
    ..

    မောင်သူရ ကို ခင်ကြတာ ကျွေးမွေးပြုစုကာ
    သူ့အိမ်သူ့ယာ ပြန်ပါရော ရန်သူ တွေ့ပါသကော
    မျက်နှာ ဖြူဝါ လူရိုင်းတွေ အိမ်ကို လုယက် နေ
    လာကြပါလို့ သူခေါ်တိုင်း အားလုံးလာလို့ဝိုင်း
    သူတို့ ဝိုင်းတော့ ပြေးပြီဟေ လူရိုင်း ဓားမြတွေ
    သွေးစည်းတယ်လေ တို့အင်အား တောင်ပေါ်မြေပြန့်သား
    ++++++++

    ဒီ အရီး တော့ ဘာတွေ လာကြောင်နေလဲ တွေးကြပြီလား။
    အဲလာ (ဦး)ဇော်ဝမ်း ဆိုခဲ့တဲ့ သီချင်း။
    ငယ်ငယ်က ပြည်ထောင်စု နေ့ ဆို အဲဒီ သီချင်း နဲ့ တေးသရုပ်ဖော် လုပ် ဆို ကြရလွန်းလို့ အလွတ်ရနေတဲ့ “မောင်သူရလေး” သီချင်း ကို ပြေးပြီး အမှတ်ရလိုက်လို့။

    ကဲ ဘဲ့နှဲ့ရှိစ “မောင်သူရ”
    ရွာအပြန် အိမ် မှာ လူဆိုး ဓားမြ မျက်နှာ ဖြူဝါ တွေ နဲ့ မတွေ့သေးဘူးလား။

    နောက်တာပါတော်။
    ဒီလို ရွာ့ ဂျိုကာ လေးတွေ အိမ်ပြန်လာတာ ဝမ်းသာလှကြောင်းပါ။

    ဒါထက် အရီးခင်လတ် ဆိုတဲ့ အင်မတန် စကားများ တဲ့ မိန်းမကြီး ရှိတော့ဝူး။ ;-))

    ခင်မင်စွာဖြင့်
    အရီးမြစာကလေး

    • Thuyazaw

      September 4, 2014 at 11:39 am

      အရီးမြစာကလေးရေ ကြိုဆိုမှုအတွက် ဝမ်းသာပါကြောင်း

  • Crystalline

    September 4, 2014 at 1:42 pm

    ရန်ကုန်မှာဆူတာလောက်တော့ ရွာကလူတွေက ရယ်တာပေါ့..ရယ်တာပေါ့.. :mrgreenn:

  • ကြောင်ဝတုတ်

    September 5, 2014 at 9:20 am

    ပြောရမယ်ဆိုရင်… ဒီလိုဗျ…
    ဂဇက်သမိုင်းမှာ သူရဆိုတဲ့ အသားမဲမဲ အရပ်ခပ်ပြတ်ပြတ်နဲ့လူတစ်ယောက်က
    အတော်လေးနေရာယူသဗျ…
    သူနဲ့အတူတူ… ဟိုကလေးအရွယ်က မတက်တဲ့… သူခိုးနာမည်နဲ့တစ်ယောက်ရှိသေး…
    နာမည်က ရွှေတိုက်ဆိုးတဲ့…

    သူတို့ (၂)ယောက်ဟာ မိုးသက်လေပြင်းကျလို့ကွဲသွားပြီးတဲ့အချိန်…
    မောင်သူရလေးကတော့… အရက်သမားလက်ထဲရောက်လို့ အရက်သမားဖြစ်ပြီး…
    လိမ္မာယဉ်ကျေးသွားပေမယ့်….
    ဟိုကလေးအရွယ်က မတက်တဲ့တစ်ယောက်ကတော့ အုပ်ထိန်းတတ်သူတစ်ယောက်လက်ထဲရောက်လို့…
    ကလေးတစ်ယောက်အဖတ်တင်သွားရှာပါပြီ…

    အော်…
    အချိန်တွေကြာခဲ့ပါပြီလေ…
    မှတ်မှတ်ရရပေါ့… သယ်ရင်းရေ…

    သူငယ်ချင်းကြီး သူရဇော် (ခ) မဲတူမ (ခ) ၁ရလမ်းမဲတူမ (ခ) အညာသားရေ…
    မင်းရောက်ရာဘဝမှာ ရွက်ကျပင်ပေါက်လေးလို…
    တွေ့ရာ အိပ်ယာမှာပျော်နိုင်ပါစေကြောင်း ဆုတောင်းရင်း…
    ရွာထဲကနေ ပြန်လည်ကြိုဆိုပါကြောင်း….

    ခင်မင်လျက်-
    ဦးလေးဖက်ကက်

  • manawphyulay

    September 5, 2014 at 12:20 pm

    နာ့ကျတော့ တတိရဘူးပေါ့ဟုတ်လား…
    တော်ပြီ ထော်တော့ဘူး ရွာ့တောင်ပိုင်းကို လာနဲ့
    ဒါဗြဲ..

  • နောင် ရိုး

    September 6, 2014 at 5:47 pm

    သူငယ်လေးးး
    ဒီမှာ အရီးတစ်ယောက်ကျန်သေးတယ်လေ….
    အရီးနာမည်မှတ်ထားနော်…..အရီးနောင်တဲ့…
    သူငယ် ဆင် ရင်..အရီးက အရမ်းအရမ်းကို မ,စ…တာ သိလား…
    နောက်ဆို အရီးနာမည်ကိုပါ ထည့်ထည့်ပြောနော်…..
    မဟုတ်ရင်…ဒီက …. နှုတ်သီးနဲ့ ထိုးမှာ သိလား….
    (အိမ်မှာ အားရင်…နှုတ်သီးပဲ…ထိုင်သွေးနေတာ…..ဒီမှာ..မြိ…နေတာပဲ…)
    :k:

    • မြစာကလေး (23122011)

      September 6, 2014 at 6:04 pm

      ပြိုင်မား။ :-))))

  • CharTooLan

    January 31, 2015 at 11:23 am

    အဲ…. မယ်မယ်သွ အိမ်မက်ယောင်တာလားဟမ် 😛

  • naywoon ni

    February 2, 2015 at 8:33 am

    ငင်​ အိုက်​တချင်​း နာကြာဖူး သလိုပဲ မူရင်​းဘယ်​သူ့လက်​ထဲမှာလဲ မွားလို့ မူရင်​းက အဲဇစ်​မြစ်​က အာ ရှုပ်​ပါတယ်​ ဘူ့ တချင်​းဂို ပြင်​ဆို​တေးလုပ်​ထားတာလဲ ¿¿¿

Leave a Reply