အကြံပေးခြင်း(သို့)မေတ္တာရပ်ခံခြင်း

yawhanAugust 16, 20101min853

သို့  Adminခင်ဗျ။

The Mandalay Gazette blog မှ post တွေကို အမြဲစောင့်ဖတ်နေသူတစ်ယောက်အနေနဲ့ သတိပြုမိတာလေးကို အကြံပြုပါရစေ။post တွေက တင်တာတွေများတော့ဖတ်ရသူတွေအတွက် တော်တော်အဆင်ပြေပါတယ်။(ကျနော့်လို အချိန်ရနေသူတွေအတွက်)။သတ်ိထားမိတာတစ်ခုကတော့ postတွေ ဘယ်လောက်ကောင်းကောင်း ခဏဘဲမြင်လိုက်ရတယ်။page2/3တွေရောက်ကုန်ရော၊စာဖတ်ဖို့အချိန်မရသူတွေအတွက် post အကြွေးတွေပြန်မလှန်နှိုင်တော့ဘူး၊အဲဒီထဲမှာမှ ဘာသာရေး၊လူမှုုရေးဆောင်းပါးကောင်းလေးတွေကို 1st post နေရာမှာ ထားရင်ပိုအဆင်ပြေမယ်ထင်လို့အကြံပြုတာပါ။အနည်းဆုံး ၁ရက်လောက်ပေါ့။ကျောက်ဆည်က ကိစ္စမျိုး၊ဗုဒ္ဒဘာသာနဲ့ပါတ်သက်တဲ့စာတွေ၊အထူးသဖြင့် လူငယ်တွေဖတ်ပြီးလေ့လာသင့်တာ၊စောင့်ထိမ်းသင့်တဲ့စာမျိုးတွေ ကိုနဲနဲအချိန်ပေးပြီးထားစေချင်ပါတယ်ခင်ဗျာ။အကြံပြုခြင်းမျှသာဖြစ်ပါတယ်၊

အားပေးနေတဲ့စာဖတ်သူ။

3 comments

  • kopauk mandalay

    August 16, 2010 at 3:31 pm

    သူ့သက်ဆိုင်ရာ အညွန်းတွေကို ကလစ်ခေါက်ဖတ်လိုက်ရင် စာမျက်နှာလှန်ဘို့မလိုပါဘူးထင်ပါတယ်။
    ဥပမာ ပညာရေးနဲ့ပါတ်သက်တာဖတ်ချင်ရင်Education ကို ဝင်လိုက်
    သတင်းဖတ်ချင်ရင် Newsကိုကလစ်ခေါက်လိုက်ရင် လိုချင်တာဖတ်ရမယ်ထင်ပါတယ်။
    ကျနော်ကတော့ ဒီအတိုင်းရှာပါတယ်။

  • kai

    August 16, 2010 at 5:46 pm

    ကိုပေါက်ပြောတဲ့အတိုင်းပါပဲ။
    ဝက်ဘ်ဆိုက်ဝင်ဝင်ချင်း Frontpage ဘယ်ဖက်ဘေးမှာ Category တွေခွဲထားတာတွေ့မှာပါ။ အဲဒါ စာမျက်နှာလှန်ဖို့မလိုပဲ တိုက်ရိုက်ကြည့်နိုင်ဖို့အတွက်ဖြစ်ပါတယ်။
    ဒါကြောင့် မန်ဘာတွေပိုစ့်တင်ရင် Category ခွဲဖို့၊ Tag အညွှန်းတွေတပ်ဖို့ပြောနေရတာပါ။ နောင်နှစ်တွေကြာလာတဲ့အခါမျိုးမှာ ဒီလိုလုပ်ထားတာဟာ အရမ်းအကျိုးရှိပါတယ်။ ဝက်ဘ်ဆိုက်အတွက်လည်း အရမ်းအရေးကြီးပါတယ်။
    အခု yawhan ရေးတဲ့ပို့စ်ကိုပဲကြည့်ပါ။ News အောက်မှာရောက်နေတော့ ဘယ်သူမှ နောက်ထပ်ဖတ်လို့မရဖြစ်ပါတယ်။
    အဲဒါမျိုးဆို Editor’s Notes > Letter to The Editor အောက်မှာထားရမှာဖြစိပါတယ်။ နောင် သတိထားပေးပါခင်ဗျား။

  • etone

    August 17, 2010 at 1:54 am

    categories တွေခွဲပေးတာလည်းဒီရည်ရွယ်ချက်ပဲလေ ။ ကိုပေါက်နဲ့ kai ပြောတာမှန်တယ် ။
    အခုလက်ရှိပုံစံလေးပဲကောင်းပါတယ် ။update ဖြစ်တဲ့ posts ကနောက်ဆုံးမှာရောက်နေတော့ သတင်းအသစ်ထပ်တင်ရင်မြင်လွယ်တာပေါ့။ တစ်ခုတော့ပြောစရာရှိတယ် …လွန်ခဲ့တဲ့အပတ်ကနေမှပြောင်းလိုက်တဲ့ homepage ပထမစာမျက်နှာအောက်မှာ စာမျက်နှာနံပါတ်လေးတွေထည့်ပေးလာတယ် ။ အရင်ကဆိုရင် အဲ့ဒါမျိုးမရှိပဲ စာမျက်နှာတစ်ခုချင်းစီလိုက် ကျော်ပြီးရှာနေရတယ် ။ …. သိုသော်လည်း စာမျက်နှာ 2 ကိုသွားမယ်ဆိုရင်တော့ စာမပေါ်တော့ပါဘူး ။ 3တွေ 4တွေလည်း ထိုနည်းလည်းကောင်းပါပဲ ။ အကောင့်မလုပ်ပဲ ဝင်ဖတ်တဲ့လူတွေအရင်ဆုံး မြင်ရတဲ့စာမျက်နှာကနေ နောက်စာမျက်နှာကိုအကူးမှာအခက်ခဲရှိနေပါတယ် ။ sign in လုပ်ပြီး ဝင်ဖတ်တဲ့ post စာမျက်နှာကတော့အဆင်ပြေပါတယ် ။
    ဒါနဲ့ …. ကျောက်ဆည်မှာဘာဖြစ်သွားတာလဲဟင် ။ သတင်းထူးရင် ပြောပါဦး ။

Leave a Reply