အရောင်ရင့်မှတ်တမ်း စက်တင်ဘာ ၂၀၁၄

kaiSeptember 3, 20141min26550

ဒီလတော့.. မြန်မာ့လူဦးရေဇယားလေးနဲ့စဖွင့်ပါကြောင်း..

=

10653419_952250628122260_4232315143846057619_n

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Census

50 comments

  • kai

    September 3, 2014 at 4:19 pm

    ၂၀၀၈ မေလ မြန်မာ့လူဦးရေ = ၅၇၅၀၄၃၆၈ ဦး ( ၅ရသန်းငါးသိန်းကျော်)
    ၂၀၁၄ မတ်လ မြန်မာ့လူဦးရေ = ၅၁၄၁၉၄၂ဝ ဦး ( ၅၁သန်း၄သိန်းကျော်)

    ၆နှစ်အတွင်း လူဦးရေမတိုးလာတဲ့အပြင်.. လူ ၆သန်းကျော်ကျော် ပျောက်သွားတဲ့သဘောရှိကြောင်း…။ :k:

  • မင်း ခန့် ကျော်

    September 3, 2014 at 4:48 pm

    ပထမလူဦးရေစာရင်းမှာ ရွှီးထားသောစာရင်းဖြစ်ပြီး
    ဒုတိယစာရင်းမှာအမှန်နှင့်နီးစပ်သောစာရင်းဖြစ်ပါကြောင်း :mrgreen:

    ၅၁ သန်းဆိုတာ လက်ရှိမြန်မာ့စီးပွားရေးအခြေအနေအရ
    များနေသေးကြောင်း
    ဆိုက်ကားသမား ကလေးဆယ်ယောက်မွေးသည်နှင့်တူပါကြောင်း
    နောက်ထပ် ဆယ်သန်းကို နှစ် နှစ်ဆယ်အတွင်းလျော့ချရန်လိုအပ်
    သည်ဟုထင်ပါကြောင်းး
    အဲဒါလေးလာပြောတာပါ သူကြီးမင်း

    • ဝင့်ပြုံးမြင့်

      September 5, 2014 at 12:17 am

      @ ကိုခန့် —- ကျွန်းနိုင်ငံတွေမှာ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးအတွက် လူဦးရေထိန်းချုပ်တာမျိုးကတော့ ကောင်းပါတယ်။ ဒါပေမယ့် မြန်မာကျတော့ တစ်မျိုး။ မြန်မာက လူမျိုးရေးအင်အားကြီးတဲ့ ဧရာမတိုင်းပြည်ကြီးတွေ ကြားမှာ ညပ်နေတာဆိုတော့ လူဦးရေနည်းတာ အန္တရာယ်ရှိတယ်လို့ ယူဆလို့ရတယ်။ တမြန်နှစ်က ဂျာနယ်ထဲမှာ ဖတ်ရဖူးတယ်။ တရုတ်ပြည်ရဲ့ မိန်းမလိုအပ်ချက်က သန်း ၄ဝ လောက်ရှိသတဲ့။ တစ်တိုင်းပြည်လုံးက မြန်မာမတွေ ထိုးကျွေးရင်တောင် မလောက်ဘူး။ ကိုယ့်လူတွေ ဘုန်းကြီးဝတ်ပြီး ဧကစာရီကျင့်ကြပေါ့ကွာ။ ကုသိုလ်ရပါတယ်။
      ဆိုက်ကားသမား ကလေး၁ဝယောက်ယူသလိုဖြစ်နေတာက ဟန်ချက်ညီဖွံ့ဖြိုးမှု မဟုတ်လို့ပါ။ .ကလေးသတ်မှတ်ချက်မရှိတော့ မြန်မာစရိုက် ပေါ့ပေါ့နေ ပေါ့ပေါ့စား စရိုက်အတိုင်း ထင်သလိုလုပ်ကြတယ်။ ငွေရှိတဲ့လူတွေကလည်း အစဉ်းစားလွန်ပြီး တော်ရုံနဲ့ ကလေးမယူကြဘူး။ ကလေးတွေကလည်း တန်ဖိုးမရှိသလိုပဲ။ လမ်းဘေးမှာ အများကြီးပဲ။ ကန့်သတ်လိုက်ရင် ကလေးတွေ တန်ဖိုးရှိသွားမယ်။ ဆိုက်ကားသမားလင်မယား အားအားရှိ ကလေးမွေးရဲတော့မှာ မဟုတ်ဘူး။ ဥပဒေပါပဲ။ ပိုဆိုးတဲ့သတင်းက (ဂျာနယ်ထဲမှာ ပါတာပြောတာနော်) အခု လက်ရှိ အိမ်ထောင်ကျသင့်တဲ့ အသက်အရွယ်ရောက်နေတဲ့ လူတွေ ၅ဝ ရာခိုင်နှုန်းဟာ အိမ်ထောင်မပြု ကြဘူးတဲ့။ လူ ၂ယောက်မှာ ၁ယောက်ပေါ့။ အပျိုကြီး လူပျို ကြီး လုပ်ကြတာ။ ဒါဖြစ်နိုင်တယ်။ ပတ်ဝန်းကျင်မှာ အများကြီးပဲ။ အဲတော့ လာမယ့် နှစ် ၂ဝလောက်မှာ အဖိုးကြီး အဖွားကြီးတွေ အောတိုက်ပြီး မျိုးဆက်သစ်ခါးပျော့သွားမှာပေါ့။
      .လူဦးရေ တိုးနှုန်းနည်းတာ ကောင်းတာမဟုတ်ပါ။ ဟန်ချက်ညီတိုးဖို့သာ အရေးကြီးတယ်လို့ယူဆပါကြောင်း။

      ၅၁လို့ကြားတော့ တော်တော်အံ့ဩသွားတာ။ ၆ဝလောက်ဖြစ်မယ်ထင်တာ။

      • kai

        September 5, 2014 at 6:51 am

        ကဲ.. ကျုပ်အယူအဆဗျို့..
        လွတ်လပ်စွာကွဲလွဲပါ့မယ်..

        လူငယ်ထုရဲ့… စံပြ…တွေဖြစ်တဲ့.. ၈၈ အုပ်စုကိုက.. မိန်းမမယူ.. နောက်ကျယူ..လူပျိုကြီးတွေဖြစ်နဲ့.. ချီတက်ပြနေတာ…. ဒီတိုင်းပြည်.. မထိ.. ဘယ်တိုင်းပြည်ထိမလည်းပေါ့…
        ဗိုလ်ချုပ်ဦးအောင်ဆန်းများ.. “၂ရနှစ်ဆိုယူကြ”ဆိုပြီးပြောဖူးတာမှတ်မိတယ်…။
        သူကိုယ်တိုင်လည်း.. ဘယ်လောက်နိုင်ငံရေးထဲခြေစုံဝင်နေပစေ.. အချိန်နောက်မကျခင်… မိန်းမယူတယ်…

        တကယ်တော့…
        မြန်မာပြည်ကို ကယ်တင်နိုင်တာက.. လူဦးရေပါပဲ..။
        အရင်ကလည်းပြောခဲ့တယ်.. အခုလည်း… ဒါပဲ…
        ဒီမိုကရေစီဘေးချိပ်… အရင်ဆုံး.. (အလောတကြီး) လုပ်ရမှာက.. မြန်မာ့လူဦးရေတိုးတက်လာဖို့လို့…
        ဘယ်နိုင်ငံရေးသမားမှ.. မပြော.. အသံမထွက်…

        နောက်နောင်.. ဒုက္ခကောင်းကောင်းကြီးရောက်တော့မယ်… ဖြစ်ကြောင်း…။ :k:
        ( အတွေးအခေါ်တို့၏..အချုပ်သည်ဘာသာရေး…။ ထေရာတို့ဝါဒတွင်.. အိ်မ်ထောင်ပြု.. သားမွေး.. လောကီရေးနက်နဲပါဝင်လုပ်ကိုင်ခြင်းဟူသည်… သံသရာလည်စေသည်ဟူသော…အပြစ်…။ ဝဋ်…။ suffering)

        မှတ်ချက်။ ။ ၅၁က.. တော်တော်လေး.. တိုးထားတဲ့သဘောရှိတယ်..။ အမှန်က ဒီထက်နည်းပါသေးကြောင်း.. :a:

        • မင်း ခန့် ကျော်

          September 5, 2014 at 10:15 am

          ကျတော့်အမြင်ကတော့ သူကြီးရေ
          လူများပြီးပွဲမစည်။
          လူများ -ျီးများ။
          နောက်တခု
          ဘာသာရေးဝန်ပိတဲ့မြန်မာ့အကြောင်းကတော့
          ဘာသာရေးမို့ကျတော်မပြောချင်။
          ပြောနေသော ကိုဖုန်းကျော်ရဲ့ဖေ့ဘုတ်ထဲသာဝင်ကြည့်ကြပါ။
          တိုင်ပြည်မှာ ဝန်ထုပ်ဝန်ပိုးပိနေတဲ့အထုပ်ကြီး လေးထုပ်
          ရှိနေသည်ဟု ကျတော်မြင်ပါကြောင်း
          တခုက လူဦးရေ တခုက ဘာသာရေး
          တခုက ပါတီတွေ တခုက အာဏာရှင်အုပ်စု
          ဝန်ထုပ်ဝန်ပိုးတွေကိုလျော့ချနိုင်မှတိုးတတ်မည်။
          ကျန်တဲ့ဝန်ထုပ်ဝန်ပိုးအသေးစားလေးတွေတော့
          ထည့်မပြောတော့ပါဘူး သူကြီးရေ။

        • Yae Myae Tha Ninn

          September 5, 2014 at 4:28 pm

          ကဲ… လွတ်လပ်စွာ သဘောထားတူညီလို့… ပွိုင့်တိုးပေးဖို့ တောင်းဆိုပါတယ်… 😛
          လာမယ့်နှစ်မှာ ကလေးကို ယောကျာင်္းလေး အမွှာပူးမွေးဖို့ ဆုံးဖြတ်လိုက်ပါပြီ…
          ဒါဟာ တဂျီးတိုက်တွန်းချက်အရ ယူခြင်းပါ… ဒါကြောင့် ကလေးရပြီးနောက် ပို့စ်တင်တိုင်း ပွိုင့်ကို ၂ဆ အနည်းဆုံးထား တိုးပေးဖို့ တောင်းဆိုပါတယ်… 😀
          ယခု စာမူခမှာ လင်မယား ၂ ယောက် စားလောက်ရုံဖြစ်နေပါသဖြင့် ပါးစပ် ၂ ပေါက်တိုးပြီးလျှင် တဂျီးမှ ဂဇက်ဖူလုံရေး ထောက်ပံ့ကြေးလဲ ပေးသင့်ပါတယ်… 😛

      • မင်း ခန့် ကျော်

        September 5, 2014 at 10:02 am

        တိုင်းပြည်စနစ်တခုကနေတခုအသွင်ပြောင်းတော့မယ်ဆိုရင်
        နံပါတ်တစ်အရေးပါတာက လူဦးရေ။ အသက်အရွယ်အချိုးအစား။
        စနစ်တခုကနေတခုပြောင်းတာက လက်ရှိအခြေအနေထက်ပိုကောင်းချင်လို့။
        တနည်းပိုချမ်းသာချင်လို့။
        ကျတော်တို့ဆီမှာက တိုင်းပြည်ရဲ့စီးပွားရေးအဆောက်အဦးနဲ့
        လုပ်သားထုမမျှတဲ့အနေအထား။
        နောက်လူဦးရေအလိုက် အစိုးရရဲ့တာဝန်ယူရတဲ့
        အတိုင်းအတာ အသုံးစရိတ်က လူတယောက်တိုးတိုင်း
        ပိုလာတယ်။
        အစကနေပြန်စရမယ့်ကျတော်တို့တိုင်းပြည်မှာ
        လူဦးရေကအရေးကြီးပါတယ်။ ဒါပေမဲ့ လူဦးရေ
        တိုးပွားစေတဲ့နည်းနဲ့တော့တိုင်းပြည်ထူထောင်လို့
        မရနိုင်ပါဘူး။ လူတွေပဲများပြီး တိုင်းပြည်က အနုတ်
        ပဲဆောင်မယ်လို့ယူဆပါတယ်။
        ရှေးအခါကတော့လူဦးရေများရင် စစ်သားများမယ်။
        စစ်သားများရင် နယ်ချဲ့ပြီးတိုင်းပြည်ချမ်းသာအောင်
        လုပ်နိုင်မယ်။ ခု ဒီလိုမရတော့ပါဘူး။
        ကျတော် အနီးစပ်ဆုံးဥပမာပြရ ရင်။
        ကျတော် စားသောက်ဆိုင်တဆိုင်လုပ်မယ်ဆိုရင်။
        အရင်းအနှီးကလည်းအကန့်အသတ်နဲ့ဆိုရင်။
        ပထမ လူနည်းနည်း ပညာတတ်တွေနဲ့စရမှာပါ။
        အောင်မြင်မူ့ရလာတာနဲ့အမျှ ကျတော်ဖြည်းဖြည်း
        ချင်းအင်အားချဲ့ချဲ့ပြီးလူတွေတိုးမယ်။ဆိုင်ခွဲတွေတိုး
        မယ်။ အဲဒီလိုသဘောပါ။
        လက်ရှိတိုင်းပြည်ရဲ့ ၅၁ သန်းကို လျော့ရမှာပါ။
        အလွယ်ကူဆုံးလျော့ရမဲ့နည်းကတော့ ပြည်နှင်တဲ့ပုံစံမျိုးပါ။
        ပြည်ပထွက်ပြီး တရားဝင် အလုပ်လုပ်ခွင့်မျိုးပါ။
        ပြည်ပထွက်မဲ့သူတွေကိုအခမဲ့သင်တန်းမျိုး။
        လိုအပ်တဲ့အကူအညီတွေပေးတာမျိုး။
        ရလာတဲ့ငွေကိုမြန်မာပြည်ပြန်ပို့ရင် အခွန်မဆောင်ခိုင်းတဲ့
        အပြင် အများဆုံးပို့နိုင်တဲ့သူ တရာလောက်ကို
        နှစ်စဉ်ဂုဏ်ပြုတာမျိုး လုပ်လိုက်မယ်ဆိုရင်။
        ပြည်ပက ငွေကြေးလဲရ။ တိုင်းပြည်ထဲလူဦးရေ အသင့်
        အတင့်နဲ့ တိုင်ပြည်ကို အမြန်ဆုံးနည်းနဲ့ရှေ့ကိုတွန်းပို့
        နိင်မှာပါ။ တိုင်ပြည်အတွက်လိုအပ်တဲ့ပညာရှင်တွေကိုလဲ
        နိုင်ငံတကာနည်းတူ တိုင်းပြည်အတွက်ခံစားခွင့်တွေပေးပြီး
        ချန်ထားနိင်မှာပါ။
        တရုတ်နဲ့အိနိယကိုနမူနာယူရင်မှားနိုင်ပါတယ်။
        အစွရေးကို နမူနာယူသင့်ပါတယ်။
        ပြောချင်သလောက်ရဲ့သုံးပုံတပုံနီးပါးလောက်ပဲ
        ကျတော်ရေးနိုင်(တတ်)တာမို့ ဆက်စပ်ပြီး ဖြည့်စွက် စဉ်းစား
        ပေးပါခင်ဗျာ။

  • Ko chogyi

    September 3, 2014 at 5:30 pm

    လူ ၆ သန်းမှာ
    နာဂစ်မုန်တိုင်း
    ဂီရိမုန်တိုင်း
    စစ်ကိုင်းငလျှင်
    လာရှိုးငလျှင်
    ကချင်စစ်ဘေးတို့ကြောင့်
    လျော့သွားကြောင်းပါ

  • ခင် ခ

    September 3, 2014 at 7:54 pm

    အရေးခင်းတွေမှာ အသတ်ခံရသူတွေ
    အကျဉ်းထောင်အသီးသီးကသူတွေ
    စစ်ဖြစ်နေစဲ မငြိမ်းချမ်းသောဒေသကသူတွေ
    နိုင်ငံခြားရောက်သူတွေ
    နယ်စပ်တောတွင်းကသူတွေ
    တစ်ချို့သန်းခေါင်စာရင်းပွားထားတာတွေ
    ဒါတွေ ဒါတွေ မပါလို့နေမှာကိုလည်း တွေးမိသလိုလို

  • alinsett

    September 4, 2014 at 12:42 am

    ပျောက်နေသော ၆ သန်းက ဘယ်မှ မရောက်ဘူး။
    လွှတ်တော်ထဲမှာ ငုတ်တုတ်။
    အမတ်တွေ ဗိုလ်ချုပ်တွေ ဘာတွေ ညာတွေ အားလုံး ရေကြည့်ပါလား။
    ၆ သန်းတောင် ကျော်ထွက်သွားဦးမယ်။

    :mrgreen:

  • မြစာကလေး (23122011)

    September 4, 2014 at 3:28 am

    ဘီဘီစီ မှာတော့ ၁၉၈၃ သန်းခေါင်စာရင်း ကနေ မှန်းထားတာ သန်း ၆ဝ လောက် တဲ့။
    ၉သန်း နဲသွားတာပေါ့။

    http://www.bbc.co.uk/schools/gcsebitesize/geography/population/population_change_structure_rev2.shtml

    Geography
    Population change and structure
    Causes and rates of change
    The three main causes of population change

    Births – usually measured using the birth rate (number of live births per 1,000 of the population per year).

    Deaths – usually measured using the death rate (number of deaths per 1,000 of the population per year).

    Migration – the movement of people in and out of an area.

    Rate of change
    Births and deaths are natural causes of population change. The difference between the birth rate and the death rate of a country or place is called the natural increase. The natural increase is calculated by subtracting the death rate from the birth rate.

    natural increase = birth rate – death rate

    The rate of natural increase is given as a percentage, calculated by dividing the natural increase by 10. For example, if the birth rate is 14 per 1,000 population, and the death rate is 8 per 1000 population, then the natural increase = 14 – 8 = 6. That is 6/1000, which is equal to 0.6 per cent.

    မြန်မာပြည်ဟာ ကျွန်မတို့ မျိုးဆက် တွေထဲ ကလေးမွေးနှုန်း နဲ နေတာ ဖြစ်နိုင်မလားဘဲ။
    သေနှုန်း ကတော့ မပြောတတ်။
    Migration ကတော့ ပြည်ပ ကို ထွက်တာလဲ များတာအပြင် တစ်ခြားက ပြည်ထဲ ကို ဝင်လာတဲ့ သူတွေ ကိုလဲ စာရင်း ထဲ ထည့်မယ် မထင်။

    ဒီတော့ မှန်နိုင်သပေါ့။

    သူကြီး သတင်း နှစ်ခု မှာ အပေါ်က ဟာက မဲလိမ်ဖို့ အင် ကြီး မို့ ပြောမနေတော့ပါဘူး။ lol:-))

  • မြစာကလေး (23122011)

    September 4, 2014 at 3:34 am

    . မဆီမဆိုင် ပေမဲ့ ဘယ်မှာ သွားပြောရမယ် မသိလို့ ပါ။
    . ခွေးလွှတ်။

    . Facebook ထဲ သူငယ်ချင်းတစ်ယောက် share ထားတာ တွေ့ လို့ တိုက်တိုက်ဆိုင်ဆိုင် မို့ သဘောကျလွန်း လို့ ပါ။
    . မနေ့က တင်ထားတာ။
    . ကျေးဇူးကြီး ပါ ဒီမိုဒေါသငှက် ရေ။ :-)))))

    ++++++++++++++++++++++++++++
    ဒီမို အန်းဂရီးဘတ်
    Yesterday · Edited

    ဒီစကား……. || အောင်ဆန်းစုကြည် ||

    တစ်ချိန်တစ်ခါက ရုပ်မြင်သံကြားမှာ ပြသသွားတဲ့ ကိုရီးယားဇာတ်လမ်းတွဲ တစ်ခု ဟာ မြန်မာနိုင်ငံမှာ သာမက ကမ္ဘာအနှံ့အတော်ကျော်ကြား သွားခဲ့ပါတယ်။ အဲ့ဒါ ကတော့ ကိုရီးယား နန်းတွင်းအချက်အပြုတ် တာဝန်ခံများ၊ တော်ဝင်မိသားစုရဲ ့ သမားတော်များနဲ့ ပတ်သက်တဲ့ နာမည်ကြီး “နန်းတွင်းရတာနာ” ဇာတ်ကား ပါပဲ။ မြန်မာ ပရိသတ်တွေ ကတော့ အဓိက ဇာတ်ကောင်ရဲ့အမည်ကို ယူပြီး ‘ဂျန်ဂင်း’ ဇာတ်ကားလို့ သိကြပါတယ်။

    ကျွန်မ ကိုရီးယားကိုရောက်ခဲ့စဉ်က သရုပ်ဆောင် မင်းသမီး လီယောင်အေးနဲ့ တွေ့ ခဲ့ပါတယ်။ အင်မတန် ချစ်စရာ ကောင်းတဲ့အမျိုးသမီးငယ်ပါ။ အသက်က ၄ဝရှိနေပြီ ဆိုပေမယ့် နုနု ပျိုပျိုပါပဲ ။

    အမြွှာပူးကလေးနှစ်ယောက်မွေးထားတာ မကြာသေးလို့ မိခင် တာဝန်တွေနဲ့ ပိနေပြီး အနုပညာ အလုပ်ကို ခဏရပ်ထားရတယ် လို့ ပြောပါ တယ်။ ကျွန်မကို လက်ဆောင် အဖြစ် “နန်းတွင်း ရတနာ” ဇာတ်လမ်း ဒီဗီဒီ တစ်စုံ ပေး လိုက်ပါတယ်။

    လက်ဆောင်ရပြီး တစ်နှစ်ခွဲနီးပါးဖြစ်တဲ့ မကြာခင်ကာလကမှပဲ ဇာတ်လမ်းကို ကြည့် ဖြစ် ပါတယ်။ အဲ့ဒီဇာတ်လမ်းအခွေတွေကို (၂၀၁၀-၂၀၁၂) ကိုရီးယား ခရီးသွားနှစ်အတွက် အထူးထုတ် ခဲ့တာပါ။

    အခွေတွေနဲ့အတူ ပါလာတဲ့ ဇာတ်ကားအကြောင်း ရှင်းပြချက်မှာ အနှစ် ၅၀ဝ လောက် က အဖြစ်အပျက်တွေကို အခြေခံ ခဲ့တယ်လို့ ဆိုပါတယ်။ ထိုအချိန်အခါက လူတန်းစား ခွဲခြားမှု ၊အမျိုးသမီးများ အနှိမ်ခံ ရမှုတွေရဲ ့ လူမှုရေး အကျိုးဆက်တွေ ကို ဝေဖန် သုံးသပ် ထားခြင်းတွေ ကို တွေ့ရ ပါတယ်။

    ကိုရီးယား တော်ဝင်ချက်ပြုတ်နည်း ၊ ဆေးကုသနည်းတွေဟာ ကြည့်ရလည်း ကောင်း၊ စိတ်ဝင်စားစရာလည်း ကောင်းပါတယ်။ ဒါပေမဲ့ တကယ့်ကို စိတ်ဝင်စားစရာ၊ အားကျ စရာ၊ အတုယူစရာကတော့ ‘ ဂျန်ဂင်း’ ရဲ ့ စိတ်ဓာတ်ပါပဲ။

    ငယ်စဉ် ကလေးဘဝကတည်းက မိဘမဲ့လေးတစ်ယောက်အနေနဲ့ မိခင်ရဲ ့ဆန္ဒကို အကောင်ထည်ဖော်ဖို့ မလျှော့တဲ့ ဇွဲ၊ လုံ ့လနဲ့ ရုန်းကန်ခဲ့ပုံတွေဟာ ချစ်စရာ၊ သနား စရာ၊ လေးစားစရာကောင်းလှပါတယ်။ မိန်းကလေးတစ်ယောက်ရင်ဆိုင်ရတဲ့ ဒုက္ခတွေ ကို လေ့လာရင်းနဲ့ လူတန်းစားခွဲခြားတဲ့ စနစ်ဆိုးရဲ ့ အနိဠာရုံတွေကို သဘောပေါက် ရပါတယ်။

    နန်းတွင်း အာဏာလုပွဲတွေ အကြားမှာ လမ်းလွဲပြီး မေတ္တာ၊ ကရုဏာတွေ ပျောက် ကွယ်ကာ လူသားချင်းမညှာမတာ ဆက်ဆံပြုကျင့်တာတွေဟာ ဘဝ သင်ခန်းစာတွေ ပဲလို့ မှတ်ယူနိုင်ပါတယ်။

    ဘယ်ခေတ် ဘယ်အခါမှာမဆို ပစ္စည်းဥစ္စာ၊ ရာထူးအာဏာတို့ကြောင့်၊ လူ့နှလုံးသား၊ လူ့သိက္ခာတွေ ပျောက်ဆုံးရပုံတွေကို သတိရစေပါတယ်။ တကယ့်ကို တရားရစေတဲ့ ကိစ္စကတော့ ဒီလိုဩဇာ၊ အာဏာ မရမက ဘယ်နည်းမဆိုသုံးပြီး ရယူတဲ့သူတွေ ကြည့်ရတာလည်း ဘယ်သူမှ စိတ်ချမ်းသာပုံမရပါဘူး။

    အများစုက အမှန်တရားကို ဂရုမထားတဲ့ ပတ်ဝန်ကျင်မှာ ကြီးပြင်းလာရတဲ့ ‘ဂျန်ဂင်း’ ၊ ဖြူစင်တဲ့နှလုံးသား၊ ခိုင်မာတည်ကြည်တဲ့ စိတ်ဓာတ်တို့ နဲ့ ကြီးပြင်းလာနိုင်ခဲ့တာက ငယ်စဉ်က မိဘတွေရဲ ့ ကောင်းမွန်တဲ့ ဆုံးမသွင်သင်မှုနဲ့ နန်းတွင်းရောက်တဲ့ အစဆုံးတွေ့ခဲ့ရတဲ့ ဆရာ၊ ဆရာမကောင်းတွေကြောင့်ပဲဖြစ်ပါတယ်။

    ဒီ မိဘမဲ့ မိန်းကလေးရဲ့ ဘဝမှာ ကံကောင်းခြင်း များစွာ၊ ဒုက္ခကြီးများစွာ ကြုံတွေ့ခဲ့ ရပေမယ့် ဆရာကောင်းများနဲ့ အကြိမ်ကြိမ် တွေ့ဆုံခဲ့ရတဲ့ မဟာကံကောင်းခြင်းကြီး ကတော့ ဘယ်လိုမှ တန်ဖိုး မဖြတ်နိုင်ပါဘူး။

    ဒီအပြင်လည်း လောကဓံရဲ ့ ရိုက်နှက်မှုပေါင်းများစွာ အတွင်းက မယိမ်းမယိုင် မေတ္တာ တိုင်ခဲ့တဲ့ သူရဲကောင်းဇာတ်လိုက်ကြီး ကလည်း ရှိသေးတယ်လေ။

    ‘နန်းတွင်းရတနာ’ ဆိုတော့လည်း နန်းတွင်းအဖြစ်အပျက်၊ အမှုအကျင့်တွေ အများကြီး ပြထားတာပေါ့။ ဒီဇာတ်လမ်းထဲက ရှင်ဘုရင်ကတော့ သဘောထား မဆိုး ပါဘူး။ ဒါပေမဲ့ စိတ်ခိုင်မာသင့်သလောက်မခိုင်မာပါဘူး ။

    အထူးသဖြင့် မယ်တော်ကြီးရဲ့ ဩဇာကို မလွန်ဆန်နိုင်တာကတော့ စိတ်ပျက် စရာ ကောင်းပါတယ်။ မယ်တော်ကြီး လုပ်ပုံ ကိုင်ပုံတွေကလည်း စဉ်းစားစာရပါပဲ။ သားအပေါ်မှာ တကယ် မေတ္တာထားရင် မလုပ်သင့် တာတွေလည်းပါပါရဲ့ ။ မေတ္တာတော့ရှိပါရဲ ့၊ ပညာမရှိ လို့လားလို့ စဉ်းစားစရာ ဖြစ်ပါတယ် ။

    နောက်ဆုံးနား မှာတော့ ‘ဂျန်ဂင်း’ က မင်းကြီးသမားတော် ဖြစ် လာတဲ့ တခါ ဘုရင့်ကို ခန္ဓာကိုယ်ပိုင်းဆိုင်ရာတင်မက စိတ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာ ခိုင်ခံ့ပေးဖို့ လုပ်ဆောင် ခဲ့ပါတယ်။ နောက်ဆုံးဘဝမကူးမီ အချိန်မှာ ရေးခဲ့တဲ့စာထဲမှာ မိမိကို အားရှိတဲ့သူ တစ်ဦးဖြစ်အောင် လုပ်ပေးခဲ့တာကို ကျေးဇူးတင်ကြောင်း ဘုရင် က ရေးသားခဲ့ ပါတယ် ။

    ‘နန်းတွင်းရတနာ’ ဇာတ်လမ်းဟာ ဘာအကြောင်းလဲလို့မေးရင် ပထမဦးဆုံး လွယ် လွယ်ဖြေမယ်ဆိုရင် နန်းတွင်းအကြောင်းလို့ ဆိုနိုင်ပါတယ် ။ နောက်တော့ ကိုရီးယား ချက်နည်း ပြုတ်နည်းတွေ အကြောင်း၊ ဆေးပညာ အကြောင်းလို့ လည်း ပြောလို့ ရပါတယ်။ နောက်တစ်ဆင့် တက်မယ်ဆိုရင်တော့ လူတန်းစားခွဲခြား တဲ့၊ အမျိုးသမီး များကို နှိမ်တဲ့ လူမှုရေးပြသနာတွေအကြောင်းလို့ ပြောနိုင်ပါတယ်။

    ဒါပေမဲ့ အတိုဆုံး၊ အထိရောက်ဆုံး အဖြေကတော့ ‘ဇွဲ-သတိ္တ’ အကြောင်းပဲ ဖြစ်ပါ တယ်။

    ဒီတစ်ပတ်တော့ ဒီမျှ သာ။ ။
    . အောင်ဆန်းစုကြည်
    +++++++++++++++++

    (သိပ်ချစ်ဖို့ ကောင်းတာဘဲ) :-)))))

  • kyeemite

    September 4, 2014 at 9:14 am

    .အလိမ်ပေါ်တာပေါ့ :k:
    .တစ်သက်လုံးလိမ်လာသူတွေဆိုတော့ ရှက်တတ်မယ်လည်းမဟုတ်ပါဘူး :k:
    .

  • Crystalline

    September 4, 2014 at 1:00 pm

    လူဦးရေက ၈၃နောက်ပိုင်း… သများတို့လိုလူမျိုးတွေများလာတော့ မတိုးတော့ဘူးရယ်… မိဂီတို့လိုလူတွေတိုးလာတော့လည်း လျော့သွားကြတာရယ်.. :mrgreenn:

    • kai

      September 4, 2014 at 4:18 pm

      အလုပ်လုပ်နိုင်ရက်နဲ့.. မလုပ်ကြတဲ့.. လုပ်အားထုတ်နိုင်သူတွေကနေ.. ထိုင်စားသူဘဝရောက်သွားတဲ့.. အဝါဂိုဏ်းဝင်.. လူ၁သန်းလောက်ကို.. ညွှန်ရမှာပါပဲ..။
      သူတို့ကြောင့်.. မြန်မာအမျိုးသမီးကောင်းတွေခမြာ..လင်ယောက်ျားရှား…။
      သိပ်တော်တဲ့သူကြပြန်တော့လည်း.. မိန်းမယူပြီး..ဂျာမဏီသွားနေ..။

      ဆိုတော့..
      စကားအတင်းစပ်…
      အခု. ၅၁သန်းစာရင်းက..အပြည့်… အမှန်လို့.. ယူဆထားကြတယ်ပေါ့…။ :k:

  • ဇီဇီ ခင်ဇော် (15102012)

    September 4, 2014 at 3:14 pm

    ကိုယ်တွေကို အမြဲညာနေတဲ့ အစိုးရနဲ့ နေချင်နေတုန်းလားလို့ အဘချစ်တွေကို မေးချင်လိုက်တာ။

    :mrgreenn:

  • kai

    September 4, 2014 at 4:12 pm

    ယူအက်စ်က… ရီပါ့ဗလစ်ကင်န်တွေ. မြန်မာပြည်ကို…ဆန်ရှင်အသစ်လုပ်ဦးမဟေ့…။
    ဥပဒေကြမ်းကနေ.. ဥပဒေပြုဖြစ်မဖြစ်.. ဒီရက်ထဲ..အဖြေပေါ်မယ်..။ :k:
    =
    Summary: H.R.4377 — 113th Congress (2013-2014)

    There is one summary for this bill. Bill summaries are authored by CRS.
    Shown Here:
    Introduced in House (04/02/2014)

    Burma Human Rights and Democracy Act of 2014 – Prohibits FY2014 or FY2015 funds from being made available for security assistance to the government of Burma unless the Secretary of State certifies to Congress that: (1) Burma has taken steps toward establishing civilian oversight of the armed forces, addressing human rights abuses by the military, and terminating military relations with North Korea; (2) Burma has taken steps to establish a fair and inclusive process to amend the Constitution of Burma, including the full participation of the political opposition and ethnic minority groups; (3) Burma has amended its constitution and laws to ensure civilian control of the military; (4) Burma is promoting peace agreements or political reconciliation and is addressing the resettlement and humanitarian situation of displaced persons; and (5) the Burmese military is improving its human rights record, taking steps to withdraw forces from conflict zones, and implementing a code of conduct.

    States that nothing in this Act should be construed to prevent participation by Burmese authorities in training on civil-military relations and human rights, as carried out by the Defense Institute of International Legal Studies, or to prevent U.S. disaster assistance in Burma.

    Directs the Secretary of State to report annually to Congress on the status of military-to-military engagement between the U.S. Armed Forces and the Burmese military.

  • Ko chogyi

    September 4, 2014 at 5:03 pm

    ဪ မေ့သွားလို့ လစာကောင်းကောင်းနဲ့စေတနာထားပြီး စီစဉ်ပေးလို့
    အပြင်ထွက်သွားတဲ့ အမျိုးသမီးထုကြီးကျန်သေး
    ထပ်ပေါင်းပေးဦး

  • kai

    September 5, 2014 at 7:13 am

    ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်တွေ မေ့ပြီလား
    ကျော်စွာမိုး| September 4, 2014 |
    အရင်​က ဒေါ်​အောင်​ဆန်​းစုကြည်​ ​ပြောတာကို ကမ္ဘာ့​ခေါင်​း​ဆောင်​​တွေက နား​ထောင် ကြရပါတယ်​။ သူပြောတာအ​ပေါ် မူတည်​ပြီး သူတို့ရဲ့ ​မြန်မာပေါ်လစီ​တွေကို ချမှတ်​ခဲ့ကြတာပါ။ အခုအခါမှာ​​တော့ ဒီအခြေအ​​နေ​​တွေက ​ပြောင်​းလဲခဲ့ပါပြီ။ ဒီ​နေ့​တွေမှာ​တော့ အ​မေရိကန်​နဲ့ အခြားအ​နောက်​နိုင်​ငံ အစိုးရ ​တွေက ဦးသိန်​းစိန်​ကို ပိုပြီးလိုအပ်​တဲ့ပုံ​ပေါ်လာပါတယ်​။ တခြားတဖက်​မှာ​တော့ ​ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်​ငံတကာအသု​ိင်​းအဝန်း​အတွက်​​ သ​င်္ကေတ တခု​လောက်​အဖြစ်​်​သာကျန်​ရှိ​တော့တဲ့ အဖြစ်​ကု်ိ​ လျော့ကျလာ​နေပါတယ်​။ နိုင်​ငံခြား သံတမန်​တွေက ​ဒီ နိုဗယ်​ဆုရှင်​နဲ့ မပျက်​မကွက်​​ တွေ့​နေဆဲပါ။ ဒါ​ပေမယ့် သူတို့ရဲ့​တွေ့ဆုံမှုက​ ဂါဝရပြု ​တွေ့ဆုံမှုသက်​သက်​ ပုံစံ ပိုပို​ပေါက်​လာ​နေသလိုပါပဲ။

    ဂျွန်​ကယ်​ရီ မြန်​မာနိုင်​ငံ ကို အလည်​လာစဉ်​တုံးက ​နေပြည်​​တော်​မှာ သမ္မတ နဲ့ အစိုးရ အရာရှိ​တွေနဲ့ ​တ​နေကုန် အစည်​းအ​ဝေးထိုင်​ အလုပ်​များ​နေခဲ့တာမို့လို့ ​ဒေါ်​အောင်​ဆန်​းစုကြည်​မှာ ဂျွန်​ကယ်​ရီနဲ့ ​တွေ့ရဖို့အ​ရေး ရန်​ကုန်​က သူမအိမ်​မှာ ညအထိ​စောင်​့ခဲ့ ရတာပါ။ ​ဒေါ်​အောင်​ဆန်​းစုကြည်​နဲ့​တွေ့ဖို့ ဂျွန်​ကယ်​ရီရဲ့ သက်​ဆိုင်​ရာ သံတမန်​​တွေက စီစဉ်​တဲ့အခါမှာ ကယ်​ရီအ​နေနဲ့ ည ၈ နာရီ​နောက်​ပိုင်​းမှာမှ အားမယ်​့အ​ကြောင်​း ​ပြောခဲ့ပါတယ်​။ ​ဒေါ်​အောင်​ဆန်​းစုကြည်​က အဲဒီ​လောက်​​နောက်​ကျ​နေရင်​ မ​တွေ့​တော့ဘူးလို့ ဆုံးဖြတ်​ခဲ့ပါတယ်​။ သံတမန်​​တွေက ပြန်​စဉ်​းစားဖို့​တောင်​းပန်​ခဲ့ပြီး ​ဒေါ်​အောင်​ဆန်​းစုကြည်​က လက်​ခံလိုက်​​တော့မှသာ စိတ်​သက်​သာရာရခဲ့ပါ​တော့တယ်​။ ​ဒေါ်​အောင်​ဆန်​းစုကြည်​ရဲ့ သ​ဘောထားကို မတီး​ခေါက်​ကြည်​့ဘဲ မြန်​မာနိုင်​ငံက​နေပြန်​သွားမယ်​ဆိုရင်​​တော့ ဂျွန်​ကယ်​ရီ ပြဿနာတက်​သွားနိုင်​ပါတယ်​။ အစိုးရတဖက်တည်း​​နဲ့ သာဆက်​ဆံတဲ့ ​ပေါ်လစီကို ကျင်​့သုံးတဲ့အတွက်​ ​ဝေဖန်​ခံရမှာပါ။
    http://burma.irrawaddy.org/opinion/viewpoint/2014/09/04/64137.html

  • manawphyulay

    September 5, 2014 at 12:22 pm

    အရင်က လူ ၆ သန်းကျော်ဆို… ခုတော့ ဘိုလိုဖစ်ပြီး ၅၁ သန်း ၄ သိန်းကျော်ပဲ ရှိတော့တာလဲ
    စစ်တမ်းကောက်တာ ရွာ့တောင်ပိုင်းလည်း ရောက်မလာပါလား…

  • ဇီဇီ ခင်ဇော် (15102012)

    September 5, 2014 at 7:24 pm

    Happy Birthday ပါ တဂျီးးး
    ကန်ရာသီဖွားမို့ များများ အကန်ခံရပါစေ။ (အဲလေ ဟုတ်ပေါင်) များများ ကန် ရပါစေ။
    :s:

  • Mr. MarGa

    September 5, 2014 at 7:31 pm

    ဂျီးဒေါ်နောက်ကလိုက်ပါမယ်
    ဟက်ပီးဘက်ဒေးပါ သဂျီးရေ့
    ပုံနှိပ်မီဒီယာ၊ရုပ်သံ/သတင်းမီဒီယာ၊ဒစ်ဂျစ်တယ်မီဒီယာ အင်ပါယာကို စိတ်ရှိတိုင်း ချဲ့နိုင်ပါစေသော်ဝ်

  • မြစာကလေး (23122011)

    September 6, 2014 at 5:30 am

    ဟိုတစ်လော ကလဲ သူကြီးမင်း မွေးနေ့ ဆို။
    မနေ့ က Beyonce မွေးနေ့ အကြောင်းကို သတင်းထဲ တွေ့လိုက်သေးတယ်။
    ဇီဇီ နဲ့ သူကြီး တို့ ပြိုင် ကန် လို့ ရပြီ။

    . ပျော်ရွှင်သော မွေးနေ့ပါ။
    . စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း နဲ့ လိုရာဆန္ဒများ တစ်လုံးတစ်ဝ ပြည့်ပါစေ။

    သူကြီး ကိုတော့ ဒီ အထဲ က ကြိုက်တာ ရွေး ပြောမယ်။
    – Skeptical
    – Fussy
    – Inflexible
    – Cold
    – Interfering

  • pooch

    September 6, 2014 at 11:17 am

    တကယ်ကြီးမွေးနေ့လား
    Happy Happy Birthday ပါ သူကြီး …..

    ကန်ရာသီကို ကြိုက်တာရွေးဆိုတော့
    – Big Skekptical……………
    -Super Fussy……………….
    -Mega Inflexible habits….
    -Extremely Cold……
    -Addicted to Interfering……..

    :mrgreen:

  • kai

    September 9, 2014 at 11:23 am

    Diversity Visa Program: DV-2015 Entry Instructions
    DV-2015 Program: Online Registration

    DV 2015 Program: Online registration for the DV 2015 Program began on Tuesday, October 1, 2013 at 12:00 noon, Eastern Daylight Time (EDT) (GMT-4), and concluded on Saturday, November 2, 2013 at 12:00 noon, Eastern Daylight Time (EDT) (GMT-4).
    DV-2015 Program Instructions

    Select the English version of the DV-2015 Program Instructions in PDF format for your convenience and required use. The English language version of the DV-2015 Program Instructions is the only official version.
    https://www.dvlottery.state.gov/

  • kai

    September 10, 2014 at 11:07 am

    http://youtu.be/oIyod-r0qLA

    Steve Chabot (R-OH), Chairman of the Subcommittee on Asia and the Pacific, delivers an opening statement at a subcommittee markup of H.R. 4347, To place conditions on assistance to the Government of Burma.

    Subcommittee Markup: H.R. 4347

    2172 Rayburn House Office Building Washington, DC 20515 | Sep 9, 2014 2:00pm

    • kai

      September 10, 2014 at 11:10 am

      မြန်မာပြည် အိုဘားမားသွားတာကို.. ကြိုဆိုတဲ့အနေနဲ့.. ယူအက်စ်ကွန်ဂရက်က.. မြန်မာပြည်အတွက်ဆန်ရှင်အသစ်(၂၀၁၄)တခု.. လုပ်တာ… ဆပ်ကော်မတီက… PASSED!

      • pooch

        September 11, 2014 at 2:47 pm

        ဒီအချက်နဲ့ ပတ်သက်ပြီး မြန်မာအစိုးရ သမ္မတရုံး အကြီးတန်းအရာရှိတဦးကတော့ အမေရိကန် လွှတ်တော်အမတ်တွေရဲ့ ပြောဆိုချက်ကို ပယ်ချလိုက်ပါတယ်။ အခုလို ဆောင်ရွက်ချက်ဟာ အမေရိကန်အစိုးရနဲ့ လွှတ်တော်အတွင်းက နိုင်ငံရေးအားပြိုင်မှုဖြစ်ပြီးတော့ မြန်မာနိုင်ငံအနေနဲ့ အခုလို လုံခြုံရေးအရ အရေးတကြီး လိုအပ်နေတဲ့အချိန်မှာ လျစ်လျူရှုဖို့ တိုက်တွန်းတာတော့ မေးခွန်းထုတ်စရာ ကောင်းတယ်လို့ ပြောပါတယ်။

        “နံပါတ်တစ်အချက်ကတော့ သူတို့ရဲ့ internal politics ပေ့ါနော် အမေရိကန်က နိုဝင်ဘာမှာ လွှတ်တော်ရွေးကောက်ပွဲတွေ ကျင်းပတော့မယ့်ကာလအတွက် ဒီမိုကရက်နဲ့ ရီပတ်ပလစ်ကန် Joseph Crowley တို့ ဘာတို့ဆိုတာက အစဉ်တစိုက်ပေါ့နော် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ negative ရှုထောင့်ကနေ လုပ်လာတဲ့သူတွေပေါ့နော်။ ဒီအိုဘားမားရဲ့ foreign policy မအောင်မြင်ဘူးဆိုတာ ပြသချင်တဲ့ သဘောနဲ့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ တိုးတက်မှုကို သူတို့က ပိုပြီးတော့ ယုတ်လျော့အောင် အဲ့လိုလုပ်တယ်လို့ မြင်ပါတယ်။ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ မလုပ်သင့်ဘူးဆိုပြီးတော့ ပြောတဲ့စကားက ချမှတ်ထားတဲ့ နိုင်ငံခြားရေးမူဝါဒ အထူးသဖြင့် အကြမ်းဖက် တိုက်ဖျက်ရေးနဲ့ ပတ်သက်တဲ့ အမေရိကန်ရဲ့ strategy နောက်တခုက policy ဒါတွေက မကိုက်ညီဘူး။ ဖွံ့ဖြိုးဆဲနိုင်ငံကို လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ကူညီပေးဖို့၊ လုပ်ပေးဖို့ ကန့်ကွက်တယ်ဆိုတော့ ဒီပြောသွားတဲ့ပေါ့နော် ကန့်ကွက်တယ်ဆိုတော့ ပြောသွားတဲ့၊ ကန့်ကွက်တဲ့ congress က အမတ်တွေပေါ့နော် နောက် သူတို့ကို ကိုယ်စားပြုတဲ့ ပါတီတွေ၊ နောက် သူတို့ကို ကိုယ်စားပြုတဲ့ institution တွေရဲ့ အကြမ်းဖက် တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ ရပ်တည်ချက် မေးခွန်းထုတ်စရာ ဖြစ်နေတယ်။”

        http://burmese.voanews.com/content/react-on-us-house-hearing-on-burma/2445019.html

        • kai

          September 11, 2014 at 3:05 pm

          ဟုတ်ပါ့..။
          ယူအက်စ်မှာ.. အတိုက်အခံဆိုတာက.. သာမန်အားဖြင့်.. ဟိုမှာဖက်အာဏာရ အစိုးရ(အိမ်ဖြူတော်) ကဘာလုပ်လုပ်.. No ရတာ..။
          ဒါက နိုင်ငံရေးကစားတာလေ…။

          ဒါပေမယ့်… ဒီအုပ်စုက.. လာမယ့်နိုဝင်ဘာမှာ.. Supermajority အနိုင်ရပြီး.. ၂၀၁၆မှာ သမ္မတရာထူးကိုပါ ရီပါ့ဗလစ်ကန်င်ကသိမ်းရင်တော့.. မြန်မာပြည်အတွက် အိုဘားမားရဲ့ပေါ်လစီတွေ.. ပြောင်းပြန်လှန်မယ်လို့.. မီးစိမ်းပြလိုက်တာလည်း.. ဖြစ်ပါတယ်..
          သတိထားစရာပေါ့…။

  • kai

    September 11, 2014 at 2:28 pm

    Internet Journal

    Gmail username နဲ့ password ၄.၉ သန်းဟာ ရုရှား Bitcoin ဖိုရမ်တစ်ခုပေါ်မှာ ပေါက်ကြား ပေါ်ထွက်လာခဲ့ပါတယ်။ Google ကတော့ သူတို့ရဲ့ system တွေ ထိန်းချုပ်ခံထားရခြင်း မရှိဘူးလို့ ပြောကြားထားပါတယ်။ ဒါပေမဲ့ သုံးစွဲသူတွေရဲ့ Gmail account တွေ လုံခြုံမှုအတွက် password ကို အမြန်ဆုံး ပြောင်းလဲသင့်တယ်လို့ Google က အကြံပြုထားပါတယ်။ ပေါက်ကြားထွက်ပေါ်လာတဲ့ စာရင်းမှာ သုံးစွဲသူရဲ့ Gmail account ပါဝင်ခြင်း ရှိ၊ မရှိကို https://isleaked.com/en မှာ Gmail လိပ်စာ ထည့်သွင်းပြီး စစ်ဆေးနိုင်ပါတယ်။
    =
    http://en.ria.ru/world/20140910/192810241/Nearly-5-Million-Gmail-Passwords-Leaked.html

    MOSCOW, September 10 (RIA Novosi) – Hackers have stolen and published a database containing the logins and passwords of nearly 5 million Google accounts, Russian technology news source CNews.ru reported.

    According to information provided by a user of the Bitcoin Security online forum, where the database was published, over 60% of the accounts corresponding to these logins can be accessed successfully.

    The database contains 4.93 million Google accounts from English, Russian and Spanish users.
    ..

    With nearly 11 million email logins and passwords now floating around the web, email providers have suggested that their users choose strong passwords and enable two-step verification.

    • pooch

      September 11, 2014 at 2:40 pm

      မြတ်စွာဘုရား
      အလန့်ထညက်နဲ့
      စစ်ပြီးပြီ
      No! Your account probably is not in public access! However, we are strongly recommend to change your password periodically. – See more at: https://isleaked.com/results/en#sthash.BQVO2FqC.dpuf

      တော်ပါသေးရဲ့

  • kai

    September 12, 2014 at 8:40 am

  • kai

    September 15, 2014 at 11:15 pm

    Gilead licenses hepatitis therapy in India
    By Ketaki Gokhale, Bloomberg News, Bloomberg

    MUMBAI, India — Gilead Sciences has licensed seven India-based generic drugmakers to bring cheaper versions of Sovaldi to 91 countries, expanding the reach of a hepatitis C drug that is sold for $84,000 in the United States.

    The agreements allow Cadila Healthcare, Cipla, Hetero Labs, Mylan Laboratories, Ranbaxy Laboratories, Sequent Scientific and Strides Arcolab to make Sovaldi, Gilead said in a statement.

    The drug’s pricing has drawn criticism from pharmacy benefit managers, as well as questions from Sens. Charles Grassley, R-Iowa, and Ron Wyden, D-Ore., who have demanded to know how Gilead came up with the figure. The agreements in India were announced amid protests from activist groups that said the licenses failed to cover key high-burden nations like China, Brazil, Mexico and Thailand.

    “Our view is that the competition and the capabilities of these partners will bring down the price,” Gregg Alton, an executive vice president at Foster City, California-based Gilead, said at a news conference in New Delhi.

    Gilead chose Indian partners with “the capability of large-scale manufacturing, high-quality manufacturing, and low- cost manufacturing,” Alton said. They have “the ability to supply the markets we’re talking about.”

    The U.S. drugmaker plans to sell its branded version of Sovaldi in India at a cost of $900 for 12 weeks of therapy, Alton said. The drug will probably reach that market by the end of next year if clinical trials are run, and Gilead is in talks with the Indian regulator to waive the trial requirement.

    As many as 150 million people in the world live with chronic hepatitis C infection, according to the World Health Organization. The most common modes of infection from the blood- borne virus are unsafe injection practices, inadequate sterilization of medical equipment, and unscreened blood and blood products.
    ………….

    The group has criticized the agreements for not bringing coverage to middle-income countries such as Ukraine, Thailand, Mexico and Brazil. More than 70 percent of patients with hepatitis C live in middle-income countries, according to the Geneva-based organization.

    “Gilead wants these profitable emerging markets for itself,” Menghaney said.

    Alton said that 54 countries, or more than half of the 91 countries covered by the licenses, are middle-income markets.
    ..

    Gilead’s application for a patent for Sovaldi in India is being challenged by Hyderabad-based Natco Pharma on the grounds that the therapy “lacks novelty” and isn’t an “inventive step,” according to a filing with the patent office.

    The Initiative for Medicines, Access & Knowledge, a group of scientists and lawyers, has opposed the patent on similar grounds, saying that Sovaldi is based on “old science, existing compound,” according to a statement last year.

    • kai

      September 15, 2014 at 11:19 pm

      Gilead ကရှာတွေ့ထားတဲ့.. ၈သောင်းကျော်တန် အသည်းရောဂါ စီ ပျောက်ဆေးကို.. ၉၀ဝနဲ့ရနိုင်တေ့ာမယ်ဖြစ်ကြောင်း…

    • ဇီဇီ

      September 18, 2014 at 8:54 am

      ဟီးးး
      ထမင်းဆိုင်က ယူစရာ ကျန်သေးလားဟမ်?
      သများ အပျင်းထူနေတာရော စားဖိုမှူးတွေမအားလို့ရော ဆိုင်မဖွင့်ဖြစ်။
      မကျန်တော့ရင်/ လိုချင်ရင် ၂ ပတ်လောက် ကြိုပြောနော်။

      :k:

      • kai

        September 18, 2014 at 9:01 am

        အခုကျောက်စ်တို့မောင်နှံစာက.. ၂ရက်စာ(စနေ၊တနင်္ဂနွေ) ကျန်ခဲ့တယ်..။
        နောက်လအတွက်ဆက်ထည့်မလားလို့..။
        နောက်လလောက်ဆိုရင်.. လိုပြီထင်တာပဲ..။

        ယူအက်စ်ကလူတွေတော်တော်များများက.. ဟင်းချက်တတ်ပေမယ့်.. ထမင်းဟင်းကိုအစပ်အဟပ်လိုက်အောင်.. နေ့စဉ်ကျ.. မစီစဉ်တတ်ကြဘူးဗျ..။ အဲဒါကြောင့်.. ဒီကဏ္ဍက..လူစိတ်ဝင်စားနေတာလို့.. ထင်တာပဲ..။ :k:

        • ဇီဇီ

          September 18, 2014 at 9:12 am

          ဟိ။
          ရှိတဲ့ထဲက မထည့်ရသေးတာကို တည်းဖြတ်ပြီး ပို့ လိုက်ပါ့မယ်ချင့်!!

          :mrgreenn:

  • kai

    September 19, 2014 at 10:38 pm

    Scotland referendum: Voters say No to independence from U.K.
    Scottish Nationalist Party Leader Alex Salmond to step down as leader and 1st minister of Scotland

    CBC News Posted: Sep 19, 2014 12:21 AM ET Last Updated: Sep 19, 2014 12:01 PM ET

    55.3 per cent vote No, to 44.7 per cent Yes
    British PM appoints official to oversee Scotland negotiations
    Yes Scotland’s Salmond calls vote ‘triumph for democratic process’

    Voters in Scotland have sent a clear signal to continue as part of the United Kingdom in a historic referendum vote, although there promises to be a substantial change in the 307-year union in the coming months.

    A couple sits outside the Parliament buildings in Edinburgh in the wee hours of Sept. 19, 2014, after news that Scotland would remain part of the U.K. broke following a vote on independence. that threatened to rip the 307-year-old union apart.

    1 of 19

    Just over two million people, or 55.3 per cent of registered voters, said No to independence, with over 1.6 million, or 44.7 per cent, in the Yes camp.

    • မြစပဲရိုး

      September 20, 2014 at 1:29 am

      ဟား
      ဒီမှာ တွေ့ပါပြီကော။
      ဒီ အရေးမတော့ ဘုရင်မကြီး ကို သနား နေမိတာ၊
      သူ့ခမျာ ဒီအရေးမှာ ဝင်မစွက် ဘူး လို့ ပြောပြီး မီဒီယာ တွေ နောက်မှာ တော့ မဲမပေးခင် အသေအချာစဉ်းစားကြဖို့ သင့်တယ် ပြောသတဲ့။
      J.K. Rowling ဆို ပေါင် တစ်သန်း အကုန်ခံပြီး “No Vote” Campaign အတွက် ပါခဲ့တာ။
      ကွဲ ရင် ဇာတ်လမ်းတွေ အတော်ရှုပ် ကုန်မှာ။ ဘဏ် တွေ ကရှေ့ဆုံး ကပေါ့။

      အခုတော့ Scottish first minister Mr Alex Salmond တော့ ထွက်သွားပြီ။
      ဒီမှာ တွေ က ဒီလို ပြတ်တာ။
      မအောင်မြင်ရင်ထွက်လိုက်မယ် ဘဲ။
      တို့ ရွှေပြည်ကြီး လိုတော့ အရှက်မရှိ ခပ်ပြောင်ပြောင် တွယ်မနေဘူး။
      🙄

      • kai

        September 28, 2014 at 3:22 am

        ကမ္ဘာ့မျက်မှောက်ခေတ်အခြေအနေ.. အတွေးအခေါ်တွေကို.. တဆစ်ကွေ့သွားစေတယ်ထင်မိတယ်..
        သူတို့သာခွဲထွက်အောင်မြင်သွားရင်.. ကမ္ဘာ့နိုင်ငံတွေတော်တော်များများ.. ခွဲထွက်ကန်င်ပိန်းတွေဖြစ်ကုန်မှာပဲ..။

        အထင်မမှားဘူးဆို.. မြန်မာပြည်ကအရင်ဆုံးစ,မယ်.. ထင်..။ :k:

  • kai

    September 24, 2014 at 2:51 pm

    ငါးလောင်းပြိုင် လူသတ်မှုမှ ထပ်မံထွက်ပေါ်လာသည့် မြှုပ်ကွက်များ (၂)
    ငါးလောင်းပြိုင် လူသတ်မှုမှ ထပ်မံထွက်ပေါ်လာသည့် မြှုပ်ကွက်များ (၂)
    23 September 2014

    စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ပြီး ပထမဆုံး ရောက်လာသည့် အဖွဲ့မှာ စိမ်းလဲ့ကန်သာ နိုင်ငံတော် ဧည့်ဂေဟာကို လုံခြုံရေးယူထားသည့် စစ်တပ်ဖြစ်သည်။ ဒုတိယ ရောက်လာသည်မှ…ာ ရန်ကုန်တိုင်း အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့ဖြစ်သည်။ တတိယ ရောက်လာသည့် အဖွဲ့မှာ ၁၉၉သို့ ဖုန်းဆက်သဖြင့် အနောက်ပိုင်း ခရိုင် ရဲအထူးတပ်ဖွဲ့ ဖြစ်သည်။ သို့သော် တကယ် စစ်ဆေးရမည့် ရဲအဖွဲ့ ရောက်ရှိလာချိန်တွင် လူအများ ဝင်ထွက်ပြီး ဖြစ်သဖြင့် အခင်းဖြစ်သည့် နေရာမှ ခြေရာလက်ရာများ ပျက်နေပြီး စစ်ဆေးရန် ခက်ခဲနေပြီ ဖြစ်သည်။

    ထိုမှုခင်းကို စုံစမ်းစစ်ဆေးခဲ့ရသူ တစ်ဦးက အမှုမှာ မပေါ်တဲ့ အမှုနဲ့ မဖော်တဲ့အမှုဆိုပြီး ရှိတယ်။ ဒီအမှုက မပေါ်တဲ့အမှု မဟုတ်ဘူး။ အထက်က လူကြီးတွေ မဖော်တဲ့အမှုဟု ပြောပြခဲ့သည်။ Tomorrow ဂျာနယ် ယခင်အပတ်က ဖော်ထုတ်စုံစမ်းရေးသားသည့် အချက်များနှင့် သူ့မျက်မြင် ဖြစ်ရပ်များ ကွဲလွဲမှုရှိကြောင်းလည်း အဆိုပါ အမည်မဖော်လိုသူ ရဲအရာရှိက ပြောပြခဲ့သည်။ သူက ပြောပြရာတွင် လိမ္မော်သီးရောင်းသူ ယောင်ဆောင်ပြီး သတ်သည်ဟု ယူဆချက်မှာ အခြာ းစစ်ဆေးသည့် နယ်မြေခံ ရဲအဖွဲ့၏ ယူဆချက်ဖြစ်သည်။

    အမှန်မှာ အိမ်ရှင်နှင့် အကျွမ်းဝင်သူများက အိမ်သို့အလည်လာပြီး သတ်သွားခြင်းသာ ဖြစ်သည်။ လာရောက်သွားသူ ဧည့်သည်များမှာ ငါးဦးရှိကြောင်းကို ဧည့်ခန်းအတွင်း မသောက်ရသေးသည့် ကော်ဖီငါးခွက်နှင့် နေကြာစေ့ ပန်းကန်များက သက်သေခံနေကြောင်း၊ ဦးချာလီကို ဧည့်ခန်းတွင်းတွင် ပစ်ခတ်ပြီး အပေါ်ထပ်သို့ ဒရွတ်ဆွဲခေါ်လာခဲ့ခြင်း ဖြစ်ကြောင်း၊ ဦးချာလီမှ အနီးရှိ တုတ်ဖြင့် ပြန်လည် ခုခံခဲ့သော်လည်း သေနတ်မှန်သွားသဖြင့် လူသတ်သမားတို့ ပြုသမျှ ခံလိုက်ရကြောင်း၊ ဧည့်ခန်းအတွင်း ပြုတ်ကျနေသော လိုက်ကာနှင့် သွေးများက ဧည့်ခန်းအတွင်း ပစ်ခတ်ခံရသည်ကို ပြနေကြောင်း၊ အပေါ်ထပ်တွင် သူတို့လိုချင်သည်များကို ယူပြီးမှ ပစ်သတ်ခြင်း ဖြစ်ကြောင်း၊ ထွက်ပြေးသည့် အိမ်ဖော်၏ နောက်စေ့ကို သေနတ်ဖြင့် ထိမှန်အောင် ပစ်နိုင်သည့်အတွက် ကြေးစား လူသတ်သမား ပါဝင်ကြောင်း၊ အသံတိတ် သေနတ်ဖြင့် ပစ်ခတ်သော်လည်း အချက်များစွာ ပစ်ခတ်သော်လည်း အချက်များစွာ ပစ်ခတ်သည့်အတွက် ဒုတ်ဒုတ် ဒုတ်ဒုတ်ဟူသော အသံများကို အိမ်နီးချင်းများမှ ကြားနိုင်သော်လည်း အိမ်နီးချင်းများကို မေးမြန်းမရခဲ့သည့်အပြင် မောင်းထုတ်ခြင်းပင် ခံခဲ့ရကြောင်းလည်း သိခဲ့ရသည်။ လူသတ်သမားများထဲတွင် ကွမ်းအဆက်မပြတ် စားသူတစ်ဦး အနည်းဆုံးပါကြောင်း၊ လှေကားအတက် နံရံတွင် ကွမ်းတံတွေးများ ထွေးသွားခဲ့ကြောင်း စစ်ဆေးခဲ့သူ အရာရှိက ပြောပြသည်။

    ထို့ပြင် ကျန်ရှိနေသော အိမ်မှ အတွင်းပစ္စည်းများကို တရားသူကြီးများရှေ့တွင် စစ်ဆေး သိမ်းဆည်းရာတွင် စိန်များ၊ လက်ဝတ်ရတနာများ အစုလိုက်အပြုံလိုက် ကျန်သေးသည်ကို တွေ့ရသဖြင့် လူသတ်သမားများသည် စိန်ရွှေရတနာများမှ တန်ဖိုး အကြီးဆုံးများကိုသာ ရွေးနုတ်ယူသွားခဲ့ကြောင်း ထင်ရှားသလို အိမ်ရှင်၏ ငွေရေးကြေးရေးဆိုင်ရာ အားလုံး ထည့်သွင်း မှတ်တမ်းတင်သည့် ကွန်ပျူတာ လက်ပ်တော့နှင့် တယ်လီဖုန်းမှာလည်း ပျောက်ဆုံးသွားခဲ့ကြောင်း၊ ထို့အပြင် အိမ်ဘေးရှိ လျှပ်စစ်မီးမိန်းခလုတ်ကို လူသတ်သမားများက ပိတ်သွားသဖြင့် CCTV ကင်မရာများလည်း အလုပ်မလုပ်နိုင်ဖြစ်ခဲ့ကြောင်းလည်း အဆိုပါ ရဲအရာရှိက ဆက်လက် ပြောပြခဲ့သည်။ လူသတ်သမား အဖွဲ့သည် လုံးဝလက်ဗွေရာ မကျန်အောင် ဆောင်ရွက် သွားနိုင်ခဲ့သဖြင့် အတွေ့အကြုံရှိ ကြေးစားတစ်ဦးက ဦးဆောင်ခြင်း ဖြစ်နိုင်သည်ဟု သူက ယူဆသည်။
    ရဲတပ်ဖွဲ့ အနေဖြင့် ဦးချာလီ၏ သားမက်ဖြစ်သူနှင့် ဝန်ထမ်းများကို ရန်ကုန်ဆေးရုံကြီးတွင် မေ့ဆေးထိုးသွင်းပြီး အိပ်မွေ့ချ စစ်ဆေးမှုကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ အလားတူ သံသယရှိသူ တစ်ဦးကို စစ်ဆေးစဉ် လက်လွန်ပြီး အဆိုပါ သံသယရှိသူ နံရိုးများ ကျိုးကာ သေဆုံးသွားသဖြင့် စစ်ဆေးသူ အားလုံးကို ရာထူးချပြီး နယ်စွန်နယ်ဖျား အသီးသီးသို့ အပို့ခံလိုက်ရကြောင်းလည်း သိရသည်။

    ရဲတပ်ဖွဲ့ဝင်က ဆက်လက် ပြောပြရာတွင် အသတ်ခံရသူများသည် အားမတန်သဖြင့် အသတ်ခံ ရသော်လည်း အသတ်ခံရသည့် ဝိညာဉ်က လူသတ်သမားနောက်သို့ တောက်လျှောက် လိုက်နေကြောင်း၊ ထိုအချက်ကို သီလ၊ သမာဓိရှိသည့် ရဲတပ်ဖွဲ့ဝင်တိုင်း ယုံကြည်ကြကြောင်း၊ ထိုသို့ ယုံကြည်သဖြင့် ဝိညာဉ်က ဖော်ထုတ်ပေးခဲ့သည့် အမှုများလည်း ရှိကြောင်း၊ လူသတ်မှု ဖြစ်လျှင်ဖြစ်ချင်း အချို့ရဲများက အလောင်း အနီးကပ်ပြီး လူသတ်သမားကို ဖော်ထုတ်ပေးရန် ပြောသည်ကို မိမိလည်း ယုံကြည်လက်ခံကြောင်း သူက ဆက်လက်ပြောပြသွားသည်။ ယခုဖြစ်ပွားခဲ့သည့် အမှုတွင် သေဆုံးသူများ အတွက် သက်ပျောက် ဆွမ်းမကျွေးခဲ့သည်ကိုလည်း မိမိ သတိတရရှိနေကြောင်း သူက ဆက်လက်ပြောပြသည်။

    အဆိုပါ ရဲတပ်ဖွဲ့ဝင်က သူ့အနေဖြင့် အမှုကို ဆက်လက် စစ်ဆေးခွင့် မရသော်လည်း ထိုအမှုသည် ရင်းနှီးအကျွမ်းဝင်သူများက အိမ်သို့ အလည်လာပြီး သတ်ဖြတ်ခဲ့သည့် ကြိုတင်ကြံစည်သော လူသတ်မှု ဖြစ်ကြောင်း၊ စုစုပေါင်း ထိုနေ့က အိမ်အတွင်းသို့ လူသတ်သမား အပါအဝင် ငါးဦး ရောက်ရှိခဲ့ကြောင်း၊ ပစ္စည်းယူရန်ထက် မှတ်တမ်းမှတ်ရာများကို ဖျောက်ဖျက်လိုသဖြင့် သတ်ဖြတ်ခြင်း ဖြစ်နိုင်ကြောင်း၊ အဓိက ပျောက်ဆုံးသွားသည်မှာ ဓမ္မစေတီမင်းကြီး၏ မိဖုရား ပန်ခဲ့သည်ဆိုသော သမိုင်းဝင် နားဋောင်းနှင့် ပြည်တန် ပတ္တမြားကြီး တစ်လုံးပင်ဖြစ်ကြောင်း၊ ထိုအမှုနှင့် ပတ်သက်ပြီး အသတ်ခံရသူ မိသားစုနှင့် အဆက်အသွယ်ရှိသော နာမည်ကျော် စီးပွားရေးသမားများနှင့် ရုပ်ရှင် ဒါရိုက်တာ တစ်ဦးကိုပါ ခေါ်ယူစစ်ဆေးခဲ့ကြောင်းလည်း ထပ်မံသိရှိရသည်။

    ရန်ကုန်တွင် ဖြစ်ပွားခဲ့သော လူသတ်မှုများအနက် မပေါ်သည့် အမှု နှစ်မှုသာရှိကြောင်း၊ တစ်မှုမှာ သင်္ဃန်းကျွန်းတွင် ဖြစ်ပွားခဲ့သော ဆရာဝန် မိသားစု ငါးဦးကို သတ်ဖြတ်ခဲ့သည့် အမှုနှင့် စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင် လူသတ်မှု နှစ်ခုသာ ဖြစ်ကြောင်း အဆိုပါ ရဲအရာရှိက ဆက်လက် ပြောကြားသွားသည်။

    အချို့အမှုများတွင် တရားခံ သို့မဟုတ် တရားခံနှင့် ဆက်စပ် ပတ်သက်နေသူများသည် အာဏာရှိ အသိုင်းအဝိုင်းက ဖြစ်စေ၊ အာဏာရှိ အသိုင်းအဝိုင်းနှင့် ပတ်သက်နေသူများ ဖြစ်စေ ဖြစ်နေပါက ရဲတပ်ဖွဲ့ အနေဖြင့် စုံစမ်းဖော်ထုတ်ရသည်မှာ ခက်ခဲကြောင်း၊ အဘယ်ကြောင့်ဆိုသော် အဆိုပါ သူများကို ဖမ်းဆီးစစ်ဆေးခွင့် မရနိုင်သောကြောင့် ဖြစ်ကြောင်း သူက ဆက်လက်ရှင်းပြသည်။

    ယခုအခါ ထိုအမှုကို ပိတ်သိမ်းခြင်း မပြုသေးဘဲ ရဲမှုခင်းတပ်ဖွဲ့(CID)က ဆက်လက် ကိုင်တွယ်နေသော်လည်း မူလစစ်ဆေးခဲ့သည့် လူဟောင်းများ တစ်ယောက်မှ မရှိတော့သည့် အတွက် လူသတ်သမားအဖွဲ့ အတွင်းမှ တစ်ဦးဦးက သစ္စာဖောက် ဖော်ထုတ်ခြင်းမှလွဲပြီး အမှုပေါ်ရန်မှာ မှေးမှိန်နေပြီ ဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့ဝင်က သူ၏အတွေ့အကြုံနှင့်ယှဉ်ပြီး ပြောပြသွားခဲ့သည်။

    Tomorrow သတင်းအဖွဲ့
    http://8888newgenerations.blogspot.ca/2014/09/blog-post_581.html#.VCG33N0cX3Y.facebook

  • kai

    September 24, 2014 at 3:04 pm

    • kai

      September 28, 2014 at 3:09 am

      အဲဒီထဲကဗီဒီယိုမှာ.. ကျားရဲတွင်းထဲပြုတ်ကျတဲ့.. အိနိ္ဒယသားက.. ကျားကိုထိုင်ကန်တော့နေတာတွေ့ရတယ်..
      အဲဒါကြည့်ပြီး.. ဟိန္ဒူဓလေ့အကျင့်တွေ ထင်ဟတ်တယ်ထင်မိတယ်…။
      တိရိစ္တာန်ကို.. တိရိစ္တာန်လို့မမြင်.. လူလိုအသိဉာဏ်ရှိတဲ့ သတ္တဝါသဖွယ်သဘောထား… သူ့အသားမစားတာ.. ရှောင်တာ.. ရှိခိုးတာ.. စတာတွေကို.. ဘာသာတရားတွေနဲ့ဆက်စပ်တွေးနေမိ…။

      ဆိုတော့…
      အဲဒီသူသာ.. မတ်တပ်ထရပ်.. အပေါ်ကအော်ဟစ်ခြောက်လှန့်နေသူတွေဆီက.. လက်နက်တခုခုတောင်း…။
      ခုခံတာမျိုး..
      အပေါ်ကလူတွေကလည်း.. ဖိနပ်ဖြစ်ဖြစ်နဲ့.. အုပ်နံရံရိုက်ပြီး.. သံပြိုင်ဝိုင်းအော်တာမျိုး..။
      ရတဲ့အချိန်မိနစ်၂ဝလောက်မှာလုပ်ရင်.. အသက်ချမ်းသာနိုင်မလား..။
      .. တွေးနေမိတယ်..။
      သိသလောက်တော့.. ကျားဆိုတဲ့ကောင်(ကြောင်မျိုးနွယ်)က.. မထိတထိလောက်နဲ့တော့.. သားကောင်ကိုလက်လွှတ်မခံတတ်ဖူးဆိုတာပဲ..။
      ဆက်စပ်ပြီး.. အောက်က အီရန်မှာဖြစ်ခဲ့တဲ့.. ယူတုဗီဒီယိုကို ကြည့်နေမိ..
      အဲဒီထဲ.. ခြင်္သေ့က.. သူနာတာနဲ့..လူကိုဂုတ်ကိုကိုက်ပြီး.. လွတ်မယ်ထင်တဲ့နေရာဆွဲယူတယ်..။
      သေခါနီးသေနတ်ကျည်ဆံထိတာတောင်.. လူကိုထပ်ဆွဲနေသေးတယ်..။
      သေနတ်ထိပြီးသေမှ ကိုက်တာကိုလွှတ်တယ်..။

      နိုင်ငံ၂ခု( အိနိ္ဒယနဲ့အီရန်) လူတွေကို ဆက်ဆံပုံ.. တာဝန်ယူပုံလည်း.. နှိုင်းယှဉ်ကြည့်မိ..။

      http://youtu.be/BrKHKIawdzw

  • ဇီဇီ

    September 24, 2014 at 4:27 pm

    မြန်မာနိုင်ငံထဲက ၁၄ ခုသော တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်နဲ့ အစိုးရ အဖွဲ့တွေကို ဒီနေရာကနေ အထူး မေတ္တာရပ်ခံ သတိပေးချင်တာကတော့ အဲဒီ အဖွဲ့ရဲ့ စီမံကိန်း လုပ်ခွင့် တောင်းခံလာရင် အသေအခြာ စိစစ်ပါ။ ခိုင်မာမှု မရှိပဲ ခွင့်ပြုခဲ့မိရင်၊ ပြည်သူတွေ ငွေကြေး တစ်စုံတစ်ရာ ဆုံးရှုံးမှု ရှိခဲ့ရင်၊ ပြသနာ ပေါ်ခဲ့ရင် သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် အစိုးရ အဖွဲ့တွေ တာဝန်ခံရမှာမို့ ဖြစ်ပါတယ်။

    “ သတိထား၊ အိမ်ယာစီမံကိန်း ခြေလှမ်းစနေပြီ ”
    စည်သူအောင်မြင့်
    မဇ္ဈိမ သတင်းစာ၊ ၂၃-၉-၁၄။ စာ-၉။

    ရင်းနှီးမြှုပ်နှံမှု တစ်ပြားတစ်ချပ်မှ စိုက်ထုတ်မှာ မဟုတ်ပဲ မြန်မာနိုင်ငံ တစ်ဝှမ်း ၂ သန်းလောက် အရည်အတွက်ရှိတဲ့ အိမ်ယာတွေ ဖော်ထုတ်မယ် ဆိုတဲ့ The Infrastructure of Myanmar ကုမ္ပဏီဟာ ခြေလှမ်းသစ် တစ်လှမ်း ထပ် လှမ်းလိုက်ပြန်ပါပြီ။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ကုမ္ပဏီ တာဝန်ရှိသူတွေဖြစ်တဲ့ ဦးသန်းဦးနဲ့ ဦးခင်မောင်တိုး တို့ အဖွဲ့ဟာ ဂျာနယ်တွေကနေ တဆင့် မျက်နှာပြည့် ကြော်ငြာတွေထည့်ပြီး အိမ်ယာစီမံကိန်းအတွက် ဝယ်ယူသူ အဆိုပြုလွှာ ခေါ်ယူလိုက်တာပါ။ အဆိုပြုလွှာမှာ ဘာတွေ ဖော်ပြထားသလဲ၊ ဘာအဓိပ္ပါယ် ဆောင်သလဲ၊ ဒါကို ဘယ်လို သဘောထားရမလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။
    အဆိုပြုလွှာမှာ ပါတာတွေကတော့ အရင် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားတာတွေ အတိုင်းပါပဲ။ ဘာမှတော့ ထူးထူးခြားခြား မပါပါဘူး။ ဒါပေမယ့် ဆွေးနွေးလို့ ပိုကောင်းရအောင် သူတို့ ရေးထားတဲ့ စာသားတွေအတိုင်း ပြန်ဖော်ပြပါ့မယ်။
    “The Infrastructure of Myanmar လုပ်ငန်းစုမှ မြန်မာနိုင်ငံရှိ ပြည်သူများအတွက် ၆၀ဝ စတုရန်းပေ အကျယ်အဝန်းရှိသော လူနေတိုက်ခန်းများအား တစ်လလျင် ငွေကျပ် ၃ သောင်းနှုန်းဖြင့် နှစ် သုံးဆယ် အရစ်ကျ ပေးချေ စနစ်ဖြင့် ရောင်းချလိုပါသည်။ အဆိုပါ တိုက်ခန်းများအား မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အခန်းပေါင်း ၂ သန်း တည်ဆောက်ရန် လျာထားပြီး အများပြည်သူများ အနေနှင့် မြန်မာနိုင်ငံဇ။် မည်သည့် တိုင်းဒေသကြီး၊ မည်သည့် ခရိုင်အတွင်း တိုက်ခန်းများ ရယူနေထိုင်ကြသည်ကို ယခု အဆိုပြုလွှာ ပုံစံတွင် ဖြည့်သွင်း၍ အဆိုပြုကြရန် ဖြစ်ပါသည်။
    The Infrastructure of Myanmar ဇ။် အခြေခံ လူတန်းစားတို့အတွက် ဖြစ်နိုင်ချေရှိသော အိမ်ယာစီမံကိန်းမှ အများပြည်သူတို့ဇ။် အဆိုပြုလွှာများအရ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများဇ။် ခွင့်ပြုချက်များကို တောင်းခံ ရရှိပြီးမှသာ အဆိုပြုလွှာ တင်ပြသူများထံသို့ တိုက်ခန်းများ ရောင်းချပေးမည့် လျောက်လွှာပုံစံများကို ထပ်မံပေးပို့သွားမည် ဖြစ်ပါသည်။ ပထမ အဆိုပြုလွှာ တင်ပြသူများထံမှ အရောင်းလျောက်လွှာများ ထပ်မံပေးပို့ချိန်မှသာ ဝယ်ယူလိုသူများ အနေနှင့် အစိုးရဘဏ်တွင် တစ်လလျင် ငွေကျပ် ၃ သောင်း၊ နှုန်းဖြင့် ငွေစတင် ပေးသွင်းသည့် ကာလမှ စတင်ကာ ၂ နှစ်အတွင်း တိုက်ခန်းများ အပ်နှံသွားမည် ဖြစ်ပါသည်။ တစ်လ ငွေကျပ် ၃ သောင်းနှုန်းဖြင့် နှစ် ၃ဝ စုစုပေါင်း ငွေကျပ် ၁၀၈ သိန်းပေးသွင်းရမည် ဖြစ်ပြီး တဆင့် အမည်ပြောင်းလိုလျင် ကြွေးကျန်ထား၍ မရဘဲ လက်ကျန်ငွေအား အကြေ ပေးသွင်းရမည် ဖြစ်ပါသည်။ သို့ဖြစ်၍ မြန်မာနိုင်ငံ အဝှမ်းရှိ အခြေခံ လူတန်းစားများ အတွက် ဖြစ်နိုင်ခြေ ရှိသော အိမ်ယာစီမံကိန်းသို့ မိမိတို့ ရယူနေထိုင်လိုရာ တိုင်းဒေသကြီး ခရိုင်အလိုက် အဆိုပြုလွှာများအား ယခုဂျာနယ်ပါ ပုံစံကို ဖြည့်သွင်းပြီး ၎င်း ဂျာနယ် စာမျက်နှာအား ဖြတ်၍ လိုအပ်သော စာရွက်စာတမ်း အထောက်အထား မိတ္တူများ ပူးတွဲ၍ အောက်ဖော်ပြပါ လိပ်စာများကို ၃၀-၁၀-၂၀၁၄ နောက်ဆုံးထား ပေးပို့ကြရန် ဖြစ်ပါသည်။ ( မှတ်ချက်- လူတစ်ဦးလျင် အဆိုပြုလွှာ တစ်စောင်သာ ဖြည့်သွင်းပေးပို့ရမည် ဖြစ်ပြီး ဂျာနယ်စာမျက်နှာအား မိတ္တူကူး၍ ပုံစံ ဖြည့်သွင်းခြင်း ပေးပို့ခြင်းအား လက်ခံမည် မဟုတ်ပါ။ ) ဆိုပြီး ဖော်ပြထားပါတယ်။ ဒါက အပြည့်အစုံပါ။
    တကယ်တော့ ဒီ စီမံကိန်း မဖြစ်နိုင်တဲ့အကြောင်း၊ အလိမ်မခံရအောင် သတိပြုဖို့ လိုတဲ့အကြောင်း စက်တင်ဘာ ၁၅ ရက်နေ့ထုတ် မဇ္ဈိမ သတင်းစာမှာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် ကုမ္ပဏီက ရပ်မသွားပဲ ရှေ့ဆက်လှမ်းနေတဲ့အတွက် ခုတစ်ကြိမ် ထပ်မံ ဝေဖန်သုံးသပ်ရတာ ဖြစ်ပါတယ်။
    ပထမ တစ်ချက်က အရင် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ချက်အရဆို အခု ဒီ စီမံကိန်းကြီးကို အကောင်အထည် ဖော်မယ့် The Infrastructure of Myanmar လုပ်ငန်းစု ဆိုတာဟာ တရားဝင် မှတ်ပုံတင် မရှိသေးပါဘူး။ နောက်တစ်ချက်က ကြော်ငြာချက်တွေမှာ ကုမ္ပဏီ ရုံးခန်း တည်ရှိရာနေရာတွေ၊ ဆက်သွယ်လို့ ရမယ့်သူတွေ၊ ဆက်သွယ်ရမယ့် တယ်လီဖုန်း နံပါတ်တွေ လုံးဝ မပါပါဘူး။ ပြည်သူတွေ သိလိုတာရှိရင် ဘယ်မေးလို့ မေးရမှန်း သိနိုင်မှာ မဟုတ်ပါဘူး။
    သူတို့ လုပ်မယ့် လုပ်ငန်း အစီအစဉ်ကတော့ ဂျာနယ်ကနေ ခုလို ဝယ်ယူသူ အဆိုပြုလွှာတွေ ဖြန့်ပေးလိုက်မယ်။ တကယ် ဝယ်လိုသူတွေက သူတို့ဆီ အဆိုပြုလွှာတွေ ပို့ပေးမယ် ဆိုရင် ဒီအဆိုပြုလွှာတွေကို ပြပြီး တိုင်းနဲ့ ပြည်နယ် အစိုးရတွေ ထံမှာ စီမံကိန်း အကောင်အထည် ဖော်ခွင့်ပြုဖို့ ခွင့်တောင်းမယ် လို့ ယူဆ ရပါတယ်။ သူတို့ စာပါ ဖော်ပြချက်အရ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် အစိုးရ အဖွဲ့က လုပ်ခွင့်ပြုလိုက်ပြီ ဆိုတာနဲ့ ပြည်သူတွေဆီ တိုက်ခန်းရောင်းမယ့် လျောက်လွှာတွေ ပို့၊ တဆက်တည်း ဘဏ်ထဲ ငွေသွင်းခိုင်းတော့မှာပါ။ ဒီအတွက် မြန်မာနိုင်ငံထဲက ၁၄ ခုသော တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်နဲ့ အစိုးရ အဖွဲ့တွေကို ဒီနေရာကနေ အထူး မေတ္တာရပ်ခံ သတိပေးချင်တာကတော့ အဲဒီ အဖွဲ့ရဲ့ စီမံကိန်း လုပ်ခွင့် တောင်းခံလာရင် အသေအခြာ စိစစ်ပါ။ ခိုင်မာမှု မရှိပဲ ခွင့်ပြုခဲ့မိရင်၊ ပြည်သူတွေ ငွေကြေး တစ်စုံတစ်ရာ ဆုံးရှုံးမှု ရှိခဲ့ရင်၊ ပြသနာ ပေါ်ခဲ့ရင် သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် အစိုးရ အဖွဲ့တွေ တာဝန်ခံရမှာမို့ ဖြစ်ပါတယ်။
    အခု ဂျာနယ်တွေမှာ ကြော်ငြာသဘော ငွေပေးပြီး ဖော်ပြတဲ့ အဆိုပြုလွှာပုံစံတွေကို မိတ္တူကူးပြီး ပို့လို့ မရဘူးလို့ ဆိုထားပါတယ်။ ဒါဟာ ဂျာနယ်တွေကို စည်းရုံးလိုက်တဲ့ သဘော ဖြစ်ပါတယ်။ အိမ်ယာ ဝယ်ယူဖို့ အဆိုပြုချင်သူဟာ အဲဒီ ဂျာနယ် ဝယ်မှ ဖြစ်မှာ ဖြစ်လို့၊ ဝယ်သူများလေ ဂျာနယ် စောင်ရေ ပိုတက်လေဖြစ်ပြီး သူတို့နဲ့ ပို ချိတ်မိစေမှာ ဖြစ်ပါတယ်။ ပြသနာ တက်ရင် ဂျာနယ်တွေလည်း အမှုတွဲ ဖြစ်ကောင်း ဖြစ်သွားနိုင်ပါတယ်။
    ဘယ်လိုပဲဖြစ်ဖြစ် The Infrastructure of Myanmar လုပ်ငန်းစုဟာ ခုချိန်ထိ ဥပဒေ ချိုးဖေါက်တာတော့ မရှိသေးပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံ အိမ်ထောင်စုပေါင်း ၄ ပုံတစ်ပုံလောက်နဲ့ ညီမျှတဲ့ အိမ်ယာ ၂ သန်းကို ဘာရင်းနှီးမြှုပ်နှံမှုမှ မပါပဲ အကောင်အထည် ဖော်မယ်၊ ငွေသွင်းတာ ၂ နှစ်အတွင်း တိုက်ခန်းလက်ဝယ် အပ်မယ် ဆိုတာတွေဟာ လုံးဝ မဖြစ်နိုင်ပါဘူး။ ဒီအတွက် ဒီ လုပ်ငန်းစုက စီမံကိန်း အကောင်အထည် ဖော်ခွင့်တောင်းလာရင် သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် အစိုးရ အဖွဲ့တွေ အသေအခြာ စိစစ်ပေးပါ၊ ပွင့်လင်းမြင်သာမှု ရှိရှိ သတင်းထုတ်ပြန်ပါ၊ ပြည်သူတွေ အနေနဲ့လည်း ဘယ်လို ခိုင်မာတဲ့ အခြေအနေ တစ်စုံတစ်ရာ မရှိပဲ ငွေကြေး တစ်ပြားတစ်ချပ်မှ ဘဏ်တွေမှာ သွင်းဖို့ စိတ်မကူးကြပါနဲ့လို့ ထပ်မံ သတိပေး နှိုးဆော်လိုက်ရပါတယ်။
    စည်သူအောင်မြင့်။

    • kai

      September 25, 2014 at 9:22 am

      ယူအက်စ်မှာဆိုရင်တော့.. အဲဒီလိုမျိုးဆို.. ကွန်ဂရက်က.. ဆင့်ခေါ်ကြားနာတယ်..။
      ငွေလုံးပမာဏကြီးတာကိုး…

      ဆိုတော့…
      တခါကပြောခဲ့ဖူးတယ်.
      မြန်မာပြည်ကို.. ကယ်တင်ထားတာ.. မူးယစ်ဆေးကရတဲ့ငွေတွေပါလို့…
      အဲဒါက.. တိုင်းပြည်ဂျီဒီပီထက်တောင်များမလားပဲ…

      အဲဒါတွေကနေလှိမ့်ဝင်လာမယ်ဆို.. အမျိုးသားအကျိုးစီးပွားမို့… သေသေချာချာ.. အမြစ်တူး.. အမြင်ကျယ်ကျယ်..ဆုံး.. ဖြတ်…သင့်တယ်.. ထင်…… :k:

  • kai

    September 30, 2014 at 4:32 pm

    Shellshock: ‘Larger scale attack’ on its way, warn securo-bods

    The Shellshock vulnerability has already become the focus for malicious scanning and at least one botnet but crooks are still testing the waters …
    ==

    https://support.godaddy.com/help/article/12120/patching-bash-on-your-server-shellshock-patch
    CentOS 6 64bit
    rpm -Uvh http://mirror.centos.org/centos/6/updates/x86_64/Packages/bash-4.1.2-15.el6_5.2.x86_64.rpm
    Test your server by running the following command:
    cd /tmp; rm -f /tmp/echo; env ‘x=() { (a)=>\’ bash -c “echo date”; cat /tmp/echo
    A correctly-patched server will return:
    date cat: /tmp/echo: No such file or directory
    =====

Leave a Reply