မဟာအောင်မြေ

zaw winSeptember 3, 20141min1313

– အသင်လူသား
ရိုးသားကြိုးစားခဲ့ပါသော်လည်း
အခါခါ ရှုံးနိမ့်ခဲ့ဖူးပြီ၊
– အသင်လူသား
မျှော်လင့်ထား
ရည်မှန်းချက်များလည်း
အခါခါပြိုလဲခဲ့ဖူးပြီ၊
– ကံတရားရယ် အကြိမ်ကြိမ်
ငါ့အားထိုးနှက်ပါသော်လည်း
အရှုံးမပေး အခါခါ ကြိုးစားပါဦးမည်။
– နာကျည်းချက်တို့
ပြည့်နှက်နေရာသည်
ငါ၏မဟာအောင်မြေဖြစ်သည်။

မင်းသုတ
17း10 P.M
3.9.2014

3 comments

  • ခင် ခ

    September 3, 2014 at 8:13 pm

    ချော်လဲသွားခြင်းသည်ရှက်စရာဟုမယူစနှင့် နောင်ဘယ်လိုသွားရမလဲ ဆိုတဲ့ အတွေးကိုရခြင်းသည်က အမြတ်ဖြစ်သည်ဟုဆိုသလိုပါဘဲ
    အရှုံးများထဲကရသော သင်ခန်းစာအမြတ်ကို ရှာတတ်ဖို့လိုပေ၏

  • အော် မဟာအောင်မြေ ဆို လို့ ကျုပ်နေတဲ့ မြို့ နယ်အကြောင်းရေးထားတယ်မှတ်သွားတာ

    နောက်တော့ ကဗျာ ကောင်းလေး ဖြစ် နေတယ်

    လဲရင် ပြန် ထ

    အမှတ်စဉ် တစ်ဆယ် မရောက်ခင်ပြန်ထနော်

  • alinsett

    September 4, 2014 at 12:34 am

    နာကျည်းချက်တို့ ပြည့်နှက်နေရာကို မဟာအောင်မြေဖြစ်အောင် မှတ်နိုင်တာ နည်းသလားလို့။

    စကားစပ်လို့ ပြောရင်
    ဟောဒီ ဂဇက်ဟာ
    ကျနော့် မဟာအောင်မြေပဲ
    :mrgreen:
    ——
    ဆိုတော့ ကိုယ်ရပ်တည်ရာဤနေရာကို ရေကြည်ရာဖြစ်အောင် မြက်နုရာဖြစ်အောင်(တနည်းအားဖြင့် မဟာအောင်မြေဖြစ်အောင်ပေါ့။)
    ကိုယ်တိုင်ပဲ ပျိုးးယူရမယ်လို့ ယူဆပါကြောင်း

    :kwi:

Leave a Reply