“ မမေ့တတ်သူသာ………….“

“ မမေ့တတ်သူသာ………….“

 

ကျနော်မနေ့က အမှားတစ်ခုကျူးလွန်လို်က်မိပါတယ်။

ကျနော် အမှတ်တမဲ့မေးလိုက်တဲ့ မေးခွန်းလေးတစ်ခုက

လူငယ်တစ်ယောက်ရဲ့ဒဏ်ရာ ကို သွားဆွပေးသလိုဖြစ်စေခဲ့လို့ပါဘဲ။

မနေ့က ကျနော့်လက်ဖက်ရည်ဆိုင်မှာထိုင်နေတုန်း လေထဲကနေသိကျွမ်းကြတဲ့

လူငယ်လေးတစ်ယောက် ဆိုင်ထဲကိုဝင်လာတော့ ကျနော်ကလှမ်းခေါ်လိုက်ပါတယ်။

သူုနဲ့ စာအကြောင်းပေအကြောင်းတွေ

ဟိုအကြောင်း ဒီအကြောင်းတွေ

ပြောနေကြရင်းကနေ

“မင်း ကောင်မလေး ရော ပါမလာဘူးလား” လို့မေးလိုက်မိပါတယ်။

“ သူက ကျနော်ကို လမ်းခွဲ သွားပြီ လေးလေး “

“သူ က မင်းကို အရမ်းချစ်တယ် ဆို  “

“အခုတော့ သူ တစ်ကယ် ချစ်တဲ့ လူ ကို တွေ့ ပြီ တဲ့၊

ကျနော်ကို ချစ်တယ် လို့ ထင်ခဲ့ မိတာ တကယ် တော့ မချစ်ဘူး တဲ့ လေးလေးရေ “

“မင်းတို့လက်ထပ်ဘို့ တောင် ရည်ရွယ်ထားတာဆို  “

“ဟုတ်လေးလေး သူ နဲ့ ရှေ့ရေး အတွက် တိုင်ပင်ခဲ့ ကြဘူးပါတယ်။

ဘယ်လိုနေမယ် ဘယ်လိုထိုင်မယ် ဆိုပြီး အနာဂါတ်အတွက်

စီမံကိန်းတွေ ချပြီး စိတ်ကူးတွေနဲ့ ပျော်ခဲ့ ဘူး ပါတယ် လေးလေး ရေ “

“ ဒါနဲ့များ လမ်းခွဲရတယ်လို့ ကွာ“

“ အော် သူက  ကျနော်ကို မချစ်ဘူး သူ တစ်ကယ် ချစ်သူ ကို တွေ့ ပြီ ဆို မှတော့

ကျနော်ဘာတတ်နို်င်မှာလဲ လေးလေးရာ “

လို့ပြောရင်းသူမျက်နှာလေးက ညိုးကျသွားပါတယ်။

ခဏနေတော့ သူက သွားတော့မယ်လို့ နုတ်ဆက်ရင်း စကားတစ်ခွန်းပြောသွားပါတယ်။

“လေးလေးရေ ကတိတွေ လွယ်လွယ်ပေး

လွယ်လွယ်ပြောပြီး လွယ်လွယ်မေ့နိုင်သူက မေ့ နိုင်ပေမယ့်

မမေ့ နိုင်သူကတော့ အမှတ်တရ ဒဏ်ရာတွေနဲ့ကျန်ခဲ့တာပေါ့။

ပြန်တွေးမိတိုင်း အကြောင်းတိုက်ဆိုင်တိုင်း သတိတွေ ရနေတာပေါ့။

ဒါပေမယ့် မှ ဘာမှ မတတ်နို်င်ဘူလေ

သူက မှ တကယ်မချစ်တော့တာကိုး  “

ဟုတ်တော့လဲ ဟုတ်ပါတယ် လူ စိတ် ဆိုတာ အပြောင်းအလဲမြန်တာကိုး။

အရင်ကချစ်ပေမယ့် အခု ချစ် ချင်မှ  ချစ်မယ်လေ။

အချစ်ဆိုတာကလဲ အမြဲတမ်း အမျိုးမျိုး ပြောင်းလဲ နေတဲ့ တိမ်လိုပါဘဲ။

သူကတော့ ခေါင်းငိုက်စိုက်ချပြီး  ပြန်သွားတာတွေ့ တော့

ကျနော် တကယ်စိတ်မကောင်းပါဘူး။

 

သူပြောခဲ့တာလေးကတော့ ကျနော့်ရင်ထဲမှာ ပဲ့တင်ထပ်နေသလိုပါဘဲ။

“လွယ်လွယ်ပြောပြီး လွယ်လွယ်မေ့နိုင်သူက မေ့ နိုင်ပေမယ့်

မမေ့ နိုင်သူကတော့ အမှတ်တရ ဒဏ်ရာတွေနဲ့ကျန်ခဲ့တာပေါ့”

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

၄-၉-၂၀၁၄

 

 

 

 

 

10 comments

  • ခင် ခ

    September 4, 2014 at 9:39 am

    ဒီကောင်လေး ဒီတစ်ယောက်က ပထမဆုံး ရည်းစားမို့ထင်တယ်။
    နောက်ပိုင်း ရည်းစားတွေမှာတော့ ဒီလိုသိပ်ခံစားရမယ်မထင်တော့ဘူးဗျာ။
    အချစ်အတွက် တဖန်မွေးဖွားဖို့ အဲဒီကောင်လေးနဲ့ ထပ်ဆုံရင် အားပေးလိုက်ပါအုံး ကိုပေါက်ရေ။

    • ပြောလိုက်မယ် ကို ခ ရေ

      အချစ်ဆိုတာ ပြန်လည်မွေးဖွား နိုင်တယ်ဆိုတာလေးကိုပါပြောပြလိုက်ပါမယ်

  • alinsett

    September 4, 2014 at 10:40 am

    ကောင်လေး ကောင်မလေးတချို့ဟာ…
    အခုမှ အချစ်စစ်ကိုတွေ့တာပါ..ဆိုပြီ… အချစ်သစ်ကို မကြာခဏ ရှာတွေ့ တတ်တာမျိုးလား….

    ကျနော်တော့… အချစ်စစ် ကိုရော…
    အချစ်သစ်ကိုရော.. ရှာမတွေ့သေးဘူး ။

  • Myo Thant

    September 4, 2014 at 2:00 pm

    အချစ်ဆိုတာ ကိုယ်က လိုက်ရှာလေ ဝေးလေပဲ ၊

    အချစ်စစ်ဆိုတာလည်း တကယ့်ဘဝထဲရောက်ရင်

    ညစ်တစ်တစ်ဖြစ်တတ်သေး ၊

    အားလုံး မဟုတ်ပါ ၊ 🙂

    ပြီးတော့ အချစ်ဦးနဲ့ ညားတာမျိုးကတော့ ဆုတစ်ပါးပေါ့ ၊

  • ဇီဇီ ခင်ဇော် (15102012)

    September 4, 2014 at 2:16 pm

    မမေ့တတ်သူသာ
    ချစ်သူကို ရင်ထဲထည့်ထားပြီး ဘဝကို ဆက်ရတာ။
    လွမ်းမောစရာ။

    :a:

  • JackSkellington

    September 4, 2014 at 3:11 pm

    ခက်တာက ခုတစ်ယောက်လဲ မမေ့
    အရင်တစ်ယောက်လဲ မမေ့
    ဟိုးတုန်းက တစ်ယောက်လဲ မမေ့ နဲ့ ဖြစ်နေတာ….. 😛 😛 😛
    (လဂါး စ တာ နော်…..)

Leave a Reply