လေ့လာရဦးမည့် ဆိုရိုးစကားများ…

ကုိ ထြဋ္September 4, 20141min30822

A Fool

1.  He Who Has Never Loved Has Never Lived…

– မည်သည့်အခါကမှ မချစ်ခဲ့ဘူး သူသည် အသက်ရှင်နေထိုင်သူတစ်ယောက်မဟုတ်… ( တသက်မှာ တခါတော့ ချစ်ခဲ့ဖူးမှာပါ… )

 

2.  It Is Not The Most Beautiful Women That Inspire The Greatest Passion…

– အမျက်ဒေါသကြီးသည့် မိန်းကလေးသည် မိန်းမချော မိန်းမလှ မဖြစ်ပါ…

 

3.  A Good Wife Is A Good Prize…

– ဇနီးကောင်းတယောက်သည် ကောင်းသောဆုတခုဖြစ်သည်…

 

4.  Hearts Are Stronger Than Swords…

– အသည်းနှလုံးများသည် ဓားများထက် တောင့်တင်းခိုင်မာသည်…

 

5.  To A Valiant Heart Nothing Is Impossible…

– သတ္တိကောင်းသော အသည်းနှလုံးအတွက် မဖြစ်နို်င်သောအရာမရှိ…

 

6.  A Woman  Who Is Beautiful, Good, Rich And Wise Is Four Storeys High…

– မိန်းမတယောက်အတွက် လှပခြင်း၊ ကောင်းခြင်း၊ ချမ်းသာခြင်း နှင့် ဉာဏ်ပညာ်ရှိခြင်းသည် အမြင့်သို့ ရောက်စေသောအကြောင်းလေးခုဖြစ်၏…

 

7.  The Ear Is The Road To The Heart…

– နားသည် နှလုံးသားဆီသို့ သွားရာလမ်းဖြစ်သည်…

 

8.  Faults Are Thick Where Love Is Thin…

– အချစ်နည်းတော့ အပြစ်များလာသည်…

 

9.  Pity Is A Kin To Love…

– သနားခြင်းသည် ချစ်ခြင်းနှင့်  နီးသည်… ( ချစ်ခြင်းအစ သနားခြင်းကလို့ ဆိုရမှာပေါ့… )

 

ကဲ… မရောက်တာ မတင်တာကြာတဲ့ ကျွန်တော့်ကို အားပေးကြပါဦး…  ဒါပေမဲ့ စိတ်ညစ်တာတခုက ကော်မန့်ပေးမရဖြစ်နေပါတယ်ဗျိုး….  🙁

22 comments

  • Lucifer

    September 4, 2014 at 3:45 pm

    2 ကနဲနဲလွဲနေသလားလို့

    • Yae Myae Tha Ninn

      September 4, 2014 at 3:54 pm

      Lucifer က ဒေါသကြီးတဲ့ မိန်းကလေးမို့လား… 🙂

      • ဇီဇီ ခင်ဇော် (15102012)

        September 4, 2014 at 3:56 pm

        ဟုတ်ဘူးလေ။
        လူစီဖာပြောတာ Passion ကို ဘာသာပြန်တာကို ပြောတာလားမသိဝူးး
        နောက်ပြီး လူစီဖာက မိန်းခေးဟုတ်ဘူးး
        ဟီးဟီးး

        :k:

        • Yae Myae Tha Ninn

          September 4, 2014 at 4:00 pm

          ကျွန်တော်လဲ ဆရာသင်ထားတာတွေ ပြန်မျှဝေတာ.. 🙂

      • Lucifer

        September 4, 2014 at 4:17 pm

        ဘာသာပြန်လွဲခြင်းကိုဆိုလိုခြင်းဖြစ်ပါကြောင်း
        ဒေါသကြီးသည်မှာအမှန်ဖြစ်ပါကြောင်း
        ဆရာသင်ကြားသည်များကို ချင့်ချိန်၍ယုံစေလိုကြောင်း
        Lucifer မှပြောကြားသွားပါသည်…
        အာဟိ သတင်းကြေညာသူလုပ်စားလို့ရပြီ.. :k:

        • Yae Myae Tha Ninn

          September 4, 2014 at 4:24 pm

          Passion ကို ပြောတာမလား… အင်း… အင်း… အဲ… 🙂

  • ဇီဇီ ခင်ဇော် (15102012)

    September 4, 2014 at 3:49 pm

    ကျုပ်အတွက်တော့ နှလုံးသားဆီ သွားရာလမ်းက အစာအိမ်ကို ဖြတ်တယ်တော့။

    :mrgreenn:

    • Yae Myae Tha Ninn

      September 4, 2014 at 4:04 pm

      ဒါဆို လွမ်းလို့ ဖြစ်ဖြစ်… အသည်းကွဲလို့ ဖြစ်ဖြစ်… ပိုစားတယ် ဆိုပါတော့… 😛

  • kai

    September 4, 2014 at 4:24 pm

    ၁) ငယ်ဖြူဘုန်းဘုန်းတွေကို.. . ထည့်မတွက်တာလား.. ယိုးစွပ်တာလား..
    ၃) ဆုကြီးပြန်အပ်ရသူတွေလည်း… ရှိပါ့.. :k:

    • Yae Myae Tha Ninn

      September 4, 2014 at 4:26 pm

      အင်း… တဂျီးပြောတာ ဟုတ်သလိုလိုပဲနော်… ဟီး… ကတော့.. ကတော့…. 🙂

    • ကြောင်ဝတုတ်

      September 5, 2014 at 9:26 am

      (၁) ငယ်ဖြူဘုန်းဘုန်းတွေလဲ ရင်ထဲက ကျိတ်ပြီး ချစ်ဖူးကြမှာပါ…
      ယူနီဖောင်းကြီးအားနာလို့ ကျိတ်ခံရတာလဲ ရှိရင်ရှိမှာပေါ့…

      (၃) ဆုကြီးလဲလေ… အနိစ္စအမြဲမရှိ….

      • Yae Myae Tha Ninn

        September 5, 2014 at 10:54 am

        ကဲ…ကဲ… မဟုတ်တာတွေ ပြောတော့မယ်… 🙂

  • ခင် ခ

    September 4, 2014 at 4:39 pm

    ( The Ear Is The Road To The Heart…
    – နားသည် နှလုံးသားဆီသို့ သွားရာလမ်းဖြစ်သည်…)
    ဥမင်လိုဏ်ခေါင်းလို ဖေါက်ထားတာများလားကွယ်

    • JackSkellington

      September 4, 2014 at 8:13 pm

      တော့ကီ ကောင်းတဲ့ ကောင်လေးတွေကိုတော့ လုံမငယ် တွေ စွတ် ကြွေ ဆိုပဲဗျ… 🙂

      • Yae Myae Tha Ninn

        September 5, 2014 at 9:01 am

        မာတုဂါမငယ်တွေပေါ့… ဟီး… 🙂

  • Yae Myae Tha Ninn

    September 4, 2014 at 4:50 pm

    နားတော့ သိဘူး.. ဦးနှောက်ထဲက ဘာဆိုလား အရည်တမျိုးကတော့ နှလုံးသားကို စီးဆင်းရင် ပိုချစ်တတ်တယ်ဆိုပဲ… အဲအတွက် ဓာတ်ဆားလဲ သောက်ရတယ်.. ကြားဖူးတယ်… ရှာဖတ်ကြည့်… ဟိ… 🙂

  • kyeemite

    September 5, 2014 at 11:54 am

    .မြိတ်သား၊ စာရေးဆရာ၊ အိုင်တီ၊ မြေပွဲစား… အရက်သမား…ရေမြေ့သနင်း…ကိုအားပေးသွားပါတယ် :k:

  • Yae Myae Tha Ninn

    September 5, 2014 at 2:39 pm

    ဟီး.. ကျေးကျေး ဦးကြီးမိုက်… မတွေ့တောင်ကြာပေါ့… ကျွန်တော်လဲ မရေးဖြစ်တာ ကြာပေါ့… 🙂

  • Yae Myae Tha Ninn

    September 5, 2014 at 4:18 pm

    ဘာတွေ သင်ခန်းစာ ရလိုက်တုန်း… 😀

    • alinsett

      September 6, 2014 at 5:05 pm

      3. A Good Wife Is A Good Prize…

      – ဇနီးကောင်းတယောက်သည် ကောင်းသောဆုတခုဖြစ်သည်…

      ———–

      အဲဒီဆု…မရဖူးသေးတော့… ဟုတ်မဟုတ် သေချာမသိ… ။

      ကြားဖူးတာတစ်ခုကတော့..

      ယောကျာ်းတစ်ယာက်ဟာ…ကံအဆိုးဆုံးအချိန်မှာ…အိမ်ထောင်ကျတတ်တယ်..တဲ့.. ။

      :mrgreen:

  • Yae Myae Tha Ninn

    September 8, 2014 at 8:57 am

    ဒါတွေက လူပျိုကြီးတွေ ဆင်ခြေပါ… 😛

Leave a Reply