“ပြေနိုင်ခဲသည်……………………” (အပိုင်းနှစ်)

“ပြေနိုင်ခဲသည်……………………”

 (အပိုင်းနှစ်)

 

 

ကိုမင်းရေ  မိသူ က ကျနော်ကို ခါး ခါး သီးသီး မုန်းတီးနေတယ်ဆိုတာ

ပြောရင်ဘယ်သူမှ ယုံမယ်မထင်ဘူး။

မိသူ က ကျနော်အပေါ်အမြဲတမ်းဂရုစိုက်တာ ကြင်နာယုယ တာ ကိုအားလုံးက

မြင်တွေ့နေကြတော့ ကျနော်ကိုအတော်ကံကောင်းသူလို့ထင်ကြမယ်။

ကျနော်ကိုယ်တိုင်ကလဲ မိသူ ကျနော်ကိုမုန်းတီးနေတယ်ဆိုတာ

ယုံတောင်မယုံနိုင်ပါဘူး။

သူများကိုပြောပြရင်လဲယုံနို်င်မယ် မထင်ပါဘူး။

မိသူက ကျနော်ကို ဘယ်တော့မှ လက်မထပ်ဘူး

သူ့ ဘဝ ကို ဖျက်ဆီးခဲ့သူ မို့ ခါးခါးတူးတူး မုန်းတယ်လို့ပြောလိုက်တဲ့နေ့က

ကျနော်ကိုနောက်နေတယ်ထင်မိတာ။

ကျနော်က သူ့ ကိုလက်ထပ်ဘို့ပြောတဲ့အချိန်ရောက်မှ

သူ့ဆီက ဒီစကားကိုကြားလိုက်ရတာ။

သူဘဲရူးသလား ကျနော်ဘဲနားကြားလွဲသလားလို့တောင်ထင်မိတယ်။

 

ကိုမင်း ရေ ချောင်းသာကမီးပုံပွဲလုပ်တဲ့ညကိုမှတ်မိသေးလား။

အဲဒီနေ့ကကျနော်တို့အားလုံးအုန်းရည်တွေ တစ်ယောက်တစ်လှည့်သောက်ကြတယ်လေ။

ဒါပေမယ့် အဲဒီအုန်းရည် တွေထဲကို ဘယ်သူက ဘီယာတွေထည့် ထားလဲ ဆိုတာတော့

ကျနော်လဲမသိဘူး။

မိသူ လဲဘီယာသောက်မိတယ်ထင်ပါတယ်။

ဘီယာတစ်ခါမှ မသောက်ဘူးတာကြောင့်လဲဖြစ်မယ်ထင်ပါတယ်။

သူခေါင်းမူးလာပြီ ပြန်ကြ စို့လို့ကျနော်ကို တိုးတိုးလေးပြောပါတယ်။

သူ ကြည့်ရတာ နည်းနည်းလဲနွမ်းနေသလိုပါဘဲ။

 

အဲဒါနဲ့သူနဲ့ကျနော်နှစ်ယောက်ထဲအရင်ပြန်ခဲ့ကြတယ်လေ။

ကျနော်တို့ပြန်တဲ့အချိန်လမ်းပေါ်မှာလူမရှိသလောက်ပါဘဲ။

ကျနော် က သူ့ ကိုချစ်နေတာကြာပြီ။

စိတ်ဆိုးသွားမှာစိုးလို့ မပြောရဲတာရယ်

ကျနော်ဘက် က မိန်းကလေးတစ်ယောက်ကို

လက်ထပ်ဘို့ အဆင်သင့်မဖြစ်သေးတာရယ်ကြောင့်ဖွင့်မပြောဖြစ်တာပါ။

အစကတော့သူ့လက်ကလေးကို ကျနော်က ဆုပ်ကိုင်ရင်းလမ်းလျောက်လာတာပါ။

လက်ကလေးကို ကိုင်ထားတော့သူက မရုန်းပါဘူး။

ဒါနဲ့ဘဲရွာထဲအဝင်မှာတော့

ကျနော်က သူ့ ပုခုံးလေးကို ဖက်လိုက်မိပါတယ်။

သူက တစ်ချက်တော့ မော့ကြည့်ပြီးဘာမှ မပြောဘဲ

သူကကျနော့်ပုခုံးကိုမှီရင်းလမ်းလျောက်လာပါတယ်။

ဒါနဲ့ဘဲ တည်းတဲ့အိမ်ကိုရောက်လာပါတယ်။

ချောင်းသာရဲ့ထုံးစံအတိုင်းမီးမရှိတော့မှောင်မဲမဲ။

ကျနော်က အခန်းကိုပြန်ပြီး ဖယောင်းတိုင်နဲ့မီးခြစ်ယူလာခဲ့ပါတယ်။

သူ့က သူ့ အခန်းတံခါး ကို သော့ဖွင့်ပြီး မဝင်သေးဘဲအပြင်မှာရပ်နေပါတယ်။

သူ့အခန်းထဲကို ကျနော်မီးထွန်းပေးနေချိန်မှာသူကအခန်းထဲကိုဝင်လာပါတယ်။

အဲဒီအချိန်မှာကျနော်သူမျက်နှာလေးကြည့်ရင်းကနေ သူ့ကိုဖက်လိုက်မိပါတယ်။

သူကလဲ အလိုက်သင့်လေးပြန်ဖက်ထားပါတယ်။

ဒါပေမယ့်မရွှံ့မရဲလေးဖက်တယ်ဆိုရုံလေး။

သူ့ကို နမ်းမိပါတယ်။

အစကတော့ပါးကလေး နောက်တော့ နူပ်ခမ်း။

အဲဒီအချိန် ကျနော် စိတ်တွေက ဆူဝေလို့လာပါတယ်။

သူငြင်းဆန်ပေမယ့် သူရုန်းပေမယ့် သူ တားမြစ်ပေမယ့်

ကျနော်က စည်းတွေ အားလုံးကို ကျော် ခဲ့ မိပါတယ်။

အဲဒီအချိန်ကတော့ ကျနော်ကျေနပ်ပျော်ရွှင်ခဲ့မိတာအမှန်ပါဘဲ။

ဒါပေမယ့် သူငိုတယ်။

ပြင်းပြင်းထန်ထန်ငိုတယ်။

ကျနော်ကိုလဲ ပါးရိုက်တယ်။

သူ့ဘဝကိုဖျက်ဆီးတယ်လို့လဲ တတွတ်တွတ်ပြောပါတယ်။

သူအပေါစားမိန်းမမဟုတ်ဘူးလို့ ပြောတယ်။

ကျနော်က သူကို့ တကယ်လက်ထပ်မှာပါလို့ပြောတော့ ဘာမှထပ်မပြောဘဲ

အခန်းထဲကမောင်းထုတ်ပြီး တံခါးကိုပိတ်ထားလိုက်တယ်။

အားလုံးမပြန်ခင်မှာကိုယ့်အခန်း ကိုယ်ပြန်နေကြတော့ ခင်ဗျားတို့

ဘယ်သူမှ မရိပ်မိလိုက်မိဘူးလေ။

ကျနော့်မှာတော့ ဘာများထပ်ဖြစ်အုံးမလဲလို့ ရင်တထိတ်ထိတ်နဲ့။

တစ်ညလုံးအိပ်လို့မရ။

နောက်နေ့မနက်အရောက်မှာတော့ သူက ကျနော့်ကို

“တော်တော်ဆိုးတဲ့ ကိုလွင် “ လို့ တိုးတိုးလေးပြောပါတယ်။

သူရှက်နေပုံလဲရပါတယ်။

ဒါပေမယ့် မျက်နှာလေးက ပြုံးနေတော့ ကျနော်စိုးရွှံ့စိတ်တွေတော့ပြေသွားပါတယ်။

 

ချောင်းသာကအပြန်မှာတော့ ကျနော်တို့နှစ်ယောက်ချစ်သူဖြစ်သွားခဲ့တယ်ဆိုနိုင်ပါတယ်။

ဒါပေမယ့် ရန်ကုန်ရောက်မှ သူ့ကိုကျနော်ချစ်တယ်ဆိုတာဖွင့်ပြောဖြစ်ပါတယ်။

တကယ်လဲချစ်သူတွေဖြစ်သွားခဲ့တာခင်ဗျားတို့လဲအသိလေ။

သူကျနော်ကို အရိပ်တကြည့်ကြည့်နဲ့နေတယ်။

အမြဲတမ်းလိုလေသေးမရှိပြုစုတယ်။

ဂရုစိုက်တယ် ဆိုတာခင်ဗျားတို့အမြင်ဘဲလေ။

သင်တန်းပြီးတဲ့ အခါမှာလဲ သူနဲ့ ကျနော်က တစ်ဌာနထဲအတူတွဲလုပ်ရတာပါ။

အဲဒီအချိန် ရုံးမှာလဲ တရားဝင်သမီးရီးစားအဖြစ်ကြေငြာပြီးနေခဲ့ကြတာပါ။

သွားအတူ စားအတူအ လုပ်လုပ်အတူတူ

သူကလဲကျနော်ကိုအမြဲဂရုစိုက်နေ

ကြင်နာနေတော့ ကျနော်လဲကျေနပ်ပါတယ်။

ကျနော့်ညီအငယ်ကောင်ကျောင်းပြီးရင်ကျနော်တို့နှစ်ယောက်

လက်ထပ်ဘို့ ကျနော် တွေးပြီးသားပါ။

မသေချာသေးလို့ သူ့ ကိုဖွင့်မပြောသေးတာတစ်ခုပါဘဲ။

 

ရုံးပိတ်ရက်တွေမှာဆိုရင်ကျနော်နဲ့သူ ချစ်သူဘာဝလျောက်လည်ကြပြုကြတာ

မျုးိရှိပါတယ်။

တစ်ခါတစ်ရံမှာသူ့ကိုချစ်သူတွေသဘာဝအတိုင်း အတူနေမိတယ်ဆိုရင်

ကောင်းနေရာကနေ ရုတ်တရက်စိတ်တွေပြောင်းသွားတတ်ပြန်ပါတယ်။

ကျနော်ကို ထု တယ် ရိုက်တယ် ။

ဆွဲဆိတ်တယ်။

သူ့ကိုအရှက်ရအောင်လုပ်သူ။

ချောင်းသာမှာ သူ့ကိုဘီယာတွေ တိုက်ပြီး သူမူးနေတဲ့အချိန်

သူ့ ဘဝ ကိုဖျက်ဆီးသူ။

မိန်းကလေးတစ်ယောက်ကိုချစ်တယ်မပြောဘဲနဲ့သိမ်းပိုက်သူ။

ဘာညာနဲ့စုံနေတာပါဘဲ။

အဲလုိုရက်မျုုးိမှာအပျော်ကနေ စိတ်ညစ်စွာလမ်းခွဲခဲ့ရပါတယ်။

 

ခက်တာက သူ့ကို ကျနော်စည်းကျော်ခဲ့ မိတာမှန်ပေမယ့်

တမင်ကြံရွယ်ချက်နဲ့ အကွက်ကျကျဖန်တီးခဲ့တာတော့မဟုတ်ဘူး။

အုန်းရည်ထဲ ဘီယာထည့်တာလဲကျနော်မဟုတ်ဘူး။

လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာတို့ ဘာတို့ကျနော်မပြောပါဘူး။

ယောက်ျားဖြစ်တဲ့ကျနော်က စတင်လို့ ဘဲ ဒီဇာတ်လမ်းဖြစ်သွားတာပါ။

သေချာတာတစ်ခုကတော့ ကျနော်သူ့ကို ချစ်လို့လဲဖြစ်သွားတာပါ။

တပ်မက်မူ့မပါဘူးလို့တော့လဲကျနော်ဇွတ်မငြင်းပါဘူး။

ကျနော်မှာအပြစ်ရှိတာကိုလည်း ဝန်ခံပါတယ်။

ချစ်သူတွေဖြစ်သွားခဲ့ပြီဆိုတော့ပြီးခဲ့တာတွေကိုသူခွင့်လွှတ်မယ်လို့

ထင်ခဲ့မိတယ်လေ။

ဒါပေမယ့် ကျနော် အတွက်မှားခဲ့တယ်လို့ဘဲပြောနိုင်ပါတယ်။

သာမန်အချိန်သူ့ သိစိတ်က ကျနော်ကိုချစ်တယ်။

ကျနော်ကိုအလိုလို်က်တယ်။

ကျနော်နဲ့ နေရတာကိုကြည်နူးတယ်။

ဒါပေမယ့် မသိစိတ်က ကျနော့်ကို မုန်းတီးနေတယ်။

သူ့ဘဝကို အနိုင်အထက်နဲ့ဖျက်ဆီးသူ။

အညစ်အကြေးနွံထဲကိုအကြိမ်ကြိမ်ဆွဲနှစ်သူအဖြစ်မုန်းတီးနေတာအမှန်ပါဘဲ။

နောက်တော့ သူနဲ့ကျနော်ချစ်သူတွေဖြစ်နေပေမယ့်ကျနော်စိတ်ထဲမှာမပျော်တော့

တာအမှန်ပါဘဲ။

တစ်နှစ်လောက်နေတော့ ကျနော်က တောင်ကြီး ဘက်ကိုပြောင်းရပါတယ်။

သူကတော့ ရန်ကုန်မှာကျန်ခဲ့ရပါတယ်။

အဲတော့ခေတ်သစ်ချစ်သူတွေဆိုတော့ ဖုန်းနဲ့ပြောတဲ့အခါပြော

ဖေစ်ဘုတ်က ပြောတဲ့ အခါ ပြေ ာ ဝေးနေတော့လဲလွမ်းကြရပြန်ပါတယ်။

စာလုံးလေးတွေနဲ့ အသံလှိူင်းတွေနဲ့ဘဲအလွမ်းသယ်ကြရတယ်ပေါ့။

အဲလို ကြည်ကြည်နူးနူးပြောနေကြရင်းကနေ

ကျနော်သူ့ဘဝကို ဖျက်ဆီးတယ်ဆိုတဲ့အကြောင်းကိုစပြီး

စကားလုံးတွေနဲ့ ကျနော့်ကိုထိုးနှက်ခဲ့ရင် ကျနော်မှာစိတ်ဆင်းရဲ

ရပြန်ပါတယ်။

ဒီလုိုနဲ့ဘဲစခန်းသွားနေရင်းကနေ ကျနော် ညီလဲကျောင်းပြီးသွားလို့

တာဝန်တွေပေါ့သွားချိန်မှာ လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။

တကယ်လက်ထပ်ခွင့်တောင်းချိန်မှာတော့သူခါးခါးသီးသီးငြင်းတော့တာပါဘဲ။

ကျနော်အကြိမ်ကြိမ် ခွင့်တောင်းပါတယ်။

ခွင့်တောင်းတိုင်း ရန်ဖြစ်ရ စကားများရတော့ကျနော်လဲ

သူနဲ့လမ်းခွဲဘို့ဆုံးဖြတ်လိုက်တယ်လေ။

မနှစ်ကတော့သူလက်ထပ်သွားတယ်လို့ကြားတယ်။

ချစ်တယ်လို့ ယုံမှတ်မိသူက အငြိုးတကြီးနဲ့

ခါးခါးသီးသီးမုန်းတီးနေတာကိုကျနော်တကယ်အံ့ဩမိတယ်။

ကျနော် ကြောက်လဲ ကြောက်သွားတယ်။

ဒါနဲ့ကျနော်လဲအလုပ်ထွက်ပြီး  ဆိုင်လေးတစ်ဆိုင်ဖွင့်လို်က်တယ်။

မိန်းမလဲမယူတော့ပါဘူး။

ကျနော်ကိုချစ်တဲ့ မိသားစုအသိုင်းအဝို်င်းမှာဘဲအေးဆေးနေတော့မယ်လေ။

ဒါပေမယ့် ကျနော်သူ့ ကိုအခုထိ မေ့ မရ ပါဘူး။

သူ့ကိုမမုန်းပါဘူူး။

ကျနော်ချစ်နေတုန်းပါဘဲ “ကိုမင်း “ရေ။

 

 

(ပြီးပါပြီ)

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

4-9-2014

34 comments

  • ခင် ခ

    September 5, 2014 at 10:52 am

    ချစ်တိုင်းလည်း မညား စကားကိုတာ တီးတိုးရေမိကာ……….. ( ထူးအိမ်သင် သီချင်းဘဲဆိုလိုက်မယ်)

  • ဇီဇီ ခင်ဇော် (15102012)

    September 5, 2014 at 12:25 pm

    ကောင်မလေး စိတ်က နားလည်ရခက်တယ်ဗျ။

    :a:

    • ဖ ဘ မှာတော့ တစ်ယာက် က ကော်မင်းပေးသွားပါတယ်။

      (မိန်းကလေးတွေဘဝ နူးညံ့လွန်းလှလို့ စိတ်ဒဏ်ရာတစ်ခုကို ကုစားဖို့ ခက်လှပါသည်။ ဆင်ခြင်နိုင်မှ တော်ကာကျမည်လို့။ အတွေးတွေပေးသွားသော စာတစ်ပုဒ်ပါ။)

  • kyeemite

    September 5, 2014 at 1:07 pm

    :p: အလွမ်းနဲ့သိမ်းတဲ့ဇတ်လမ်းလေးပေါ့….

  • weiwei

    September 5, 2014 at 2:50 pm

    ဝတ္ထုတိုရေးထားတာလား .. တကယ့်အဖြစ်အပျက်လား ..

  • မဝေ ရေ ကျနော်ထုံးစံ အတိုင်း
    အဖြစ်မှန် သက်သက်လဲ မဟုတ်
    စိတ်ကူးယဉ် သက်သက်လဲ မဟုတ်

    ရောသမမွှေထားပါကြောင်း

  • kai

    September 5, 2014 at 3:33 pm

    LT ယဉ်ကျေးမှုထွန်းကားလာရင်တော့.. ဒီလိုကိစ္စမျိုးကို.. မိန်းကလေးဖက်က.. ပေါ့ပေါ့တွေးပြီး.. စိတ်ဒဏ်ရာမဖြစ်ခဲ့မှာသေချာပါတယ်..။
    နောက်တခုက…
    အနောက်နိုင်ငံတွေမှာလို.. အလယ်တန်း..အထက်တန်းကျောင်းသားဘဝမှာကတည်းက.. လူ့သဘာဝအတိုင်း.. အတွေ့အကြုံရှိကြရင်… ဒီလိုဇတ်သိမ်းမဖြစ်သွားဖို့လည်း.. သေချာပါတယ်..။

    “ဇတ်သိမ်းလေးတွေ.. လှစေဖို့.. ယဉ်ကျေးမှုမျက်နှာဖုံးတွေချွတ်ကြစို့..။ ” :k:

    • နောင် ရိုး

      September 6, 2014 at 6:24 pm

      သဂျီးက LT ကို ပြောတယ်….
      ဒါဆို ပြန်မေးချင်တယ်…။ ဒီ Asian ပိုင်းက ယောကျာင်္းလေးတွေဟာ သူတို့သာ LT ချင်ကြတယ်…။ သူတို့ယူတဲ့မိန်းမကိုရော LT ပြီးသားဆိုရင်…လက်ခံနိုင်တဲ့စိတ်များ ရှိကြပါသလား…လို့…။
      ဒါ ကျနော့် သဘောမဟုတ်ပါဘူး…။ လူအများစုမှာ တချို့ လက်မခံနိုင်တဲ့သဘောကို ပြောလိုရင်းသာ ဖြစ်ပါတယ်…။
      ကျနော့်သဘောဆိုရင်ဖြင့်…အချစ်မှာ….ဒီအရာဟာ…အရေးမကြီးပါ…။ သို့သော်…တချို့ယောကျာင်္းလေးတွေကတော့ ဒီလိုမဟုတ်သေးကြောင်းပါ…ဆိုတာ….

      • ဇီဇီ ခင်ဇော် (15102012)

        September 6, 2014 at 7:31 pm

        ဒီမယ် မောင်ရင်
        အဲ့ ကိတ်စနတွေက ဆွေးနွေးလို့ ဖန်တထောင်တေ အဖြေမထွက် ကိစ္စနတွေကွဲ့။
        :kwi:
        အဲလော့ ကိုယ့် ခံယူချက်နဲ့ သာ ကိုယ်သွားပါလေ။
        :mrgreen:
        ပြောသာပြောရတာ။

        စွံ မှာလည်း မဟုတ်တဲ့သူပါလေ။
        :kwi:
        နာမည်ကိုက။
        ဟိ။

        • (စွံ မှာလည်း မဟုတ်တဲ့သူပါလေ။
          နာမည်ကိုက။
          ဟိ။)

          အရေးထဲမှ လူမိုက်သွား လုပ်နေပြန်ပါပြီ

        • နောင် ရိုး

          September 7, 2014 at 2:45 pm

          လုပ်ပြီ….
          ခင်ညားလုပ်ပြီ…
          ခင်ညား ပြောသမျှ မခံချင်တာနဲ့…ကားတင်ပြေးမိတော့မယ်….
          ခု….
          ဖမ်းမရနေတာပဲ ခက်တာ…
          :byee:
          :byee:
          :byee:

      • မြစာကလေး (23122011)

        September 7, 2014 at 11:45 pm

        LT (Living Together) ကို အဓိပ္ပါယ် အထပ်ထပ် ပြော နေလဲ လမ်းလွဲ ကြပြန်ပါပြီ။
        LT ဆိုတာ ပိုက်ပိုက် မရှိ လို့ အခမ်းအနားမလုပ် ဘဲ နှစ်ဦးသဘောတူ အတူတကွ ဘဝ တစ်ခု ကို အိုးအိမ် အတည်တကျ နဲ့ ထူထောင် တာ။
        နောက်တစ်ချက် က အချိန်အတိုင်းအတာ တစ်ခု မှာ စိတ်ချင်းမတိုက်ဆိုင် ရင် ရှေ့နေခ ပေးစရာမလို ပစ္စည်း အရှုပ်အရှင်း ခွဲစရာမလိုဘဲ အလွယ် ကွဲ လို့ ရအောင် တရားဝင် စာချုပ် မချုပ် ဘဲ အတူပေါင်းသင်း နေတာ။
        ဒီအတိုင်း လဲ ရိုးမြေကျ ပေါင်းသူတွေ လဲ ရှိပါတယ်။
        မိန်းကလေးများ ပိုက်ဆံ မက်တတ်ရင်တော့ LT လုပ်မနေနဲ့။
        ဟိုက ဒီအတိုင်း စားပြီး ထားသွားလဲ ဘာမှ ရဖို့ ပြောလို့ မရဘူး။
        ဒီတစ်ချက်ဘဲ။
        တစ်ခါတစ်လေ ကြုံရာ Sex လုပ်ပြီး မိဘ အိမ်ပြန်တာ မဟုတ်ဘူး။

        သို့ပေသည့်
        ဘားမိနည်း ဘားမိဟန် LT ဆိုရင်တော့ သိဘူး။ lol:-)))

        • kai

          September 8, 2014 at 6:24 am

          အရီးမြစပဲရိုးပြောတာ.. အလွန်လက်ခံသဗျ..
          ==========
          …. မြန်မာမိန်းကလေးတွေ.. ရဲရင့်သင့်ပြီ…။
          ဆိုတော့..
          အဝါလူတန်းစားသွားလုပ်.. အချောင်ခိုနေသူတွေကို.. လူ့ဘဝထဲပြန်ဝင်နိုင်အောင်… ဆွဲထုတ်ခဲ့ကြ..
          ကုသိုလ် ၁သိန်းရမယ် အာမခံသဗျ..။

          မှတ်ချက်။ ။ မေတ္တာရှင်ကိုကြည့်.. :k:

  • သူကြီးရေ နိုင်ငံ လူ မျုုးိ ကွာ နေ ရင် ယဉ်ကျေးမှု့လဲ ကွာမယ်။
    အဲတော့ အတွေးခံစားချက်ခြင်းလဲ ကွာမယ်။
    ဘယ်ဟာက မှန် တယ်ဆို တာကတော့ ကိုယ့်စံနူန်းနဲ့ ကိုယ် ဘဲ ဖြစ် နေ ကြမှာပါဘ။

    ရီစရာပြောတော့ မယ်

    ဟိုဟာလုပ်စားတဲ့အိမ်မှာ အမေ က သမီး ကို တံမျက်စည်း နဲ့ ရိုက်နေသပါသတဲ့။
    (US မှာ ဆိုရင် ရဲ တိုင်လို့ ရတယ် လို့ လာ မပြော နဲ့ နော်)
    “မိုက်လုံးကြီးတဲ့ကောင်မ ပိုက်ဆံ ငါး သိန်း ရ မယ့် ဟာ ကို အလဟဿ ဖြစ်အောင် လုပ် တယ်။
    နောက်မှ နင်ကောင့် ကိုကျွေးတော့ ဘာဖြစ်သွားမှာတုံး” လို့လဲ ပါးစပ်က တဖွဖွ ရွတ်နေပါတယ်။
    ဇာတ်လမ်း အစုံမေးကြည့် တော့ သမီးအပျိုမ က သူ ့ရီးစား နဲ့ ပ ထမ ဆုံး အကြိမ် အတူ အိပ်တာ သူ့ အမေ သိ သွားလို့ပါတဲ့။
    ကဲ ………….အခု ဘယ်လိုလုပ်မလဲ။

  • Nyein Nyein

    September 5, 2014 at 6:16 pm

    ဇာတ်လမ်းထဲမှာမျောပြီး ဇာတ်လမ်းအဆုံးမှာတော့ ရင်ထဲမှာ ဟာတာတာဖြစ်သွားတယ်။ ဘာပြောရမှန်းတောင် မသိတော့ပါဘူး လေးပေါက်ရေ……. 🙁

  • Mr. MarGa

    September 5, 2014 at 6:25 pm

    ဘယ်ကို
    လက်ညိုးးး ထိုးရမလဲ ဟင် 🙄

  • မြစာကလေး (23122011)

    September 6, 2014 at 4:48 am

    Well … Well… Well…
    ဇာတ်သိမ်း က ဒီလို ဖြစ်သွား မယ်လို့ လုံးဝ မမှန်းမိဘူး။
    တစ်ချို့ လူ (“ကျား” ရော “မ”ပါ) မှာ စိတ် ၂ခွ ဖြစ်တဲ့ သဘော နဲ့ “စံ” ထားတတ်တဲ့ သဘော ပေါင်းမိ သွားတာထင်ရဲ့။
    အဓိက ကတော့ မိသူ ကို သနား မိပါတယ်။
    မိသူ က “စောင့်ထိန်းတတ်တဲ့ သူ” ကို သူ့ ဘဝဖော် အတွက် “စံ” ရှိပုံရတယ်။
    “ချစ်သူ ကို လက်ဖျားနဲ့ တောင် မထိရက်” နိုင်ဘဲ အလှကြည့်နေမဲ့သူ ကို မျှော်ရင်း စိတ်လွတ် တတ် သူ လက်ထဲ သူ့ “စံ” ပျောက်သွားရတာ ကို ယူကြုံးမရဖြစ်နေပုံဘဲ။
    ဒီလူ ကို ချစ်တာ ကတစ်ဘက် အထင်သေးသွားတာက တစ်ဘက် ကြား မှာ သူ ဇဝေဇဝါစိတ်ရှုပ်နေခဲ့တာ လို့ မှတ်လိုက်မိတယ်။
    မုဒိမ်းမှု ကျူးလွန် ခဲ့တဲ့ ဟိုမင်းသား ကတော့ ကိုယ့် အပစ်ဒါဏ် ကိုယ်ခံပေါ့။
    မိသူ လောက် မသနားမိ။

    အသိ မောင်လေး တစ်ယောက် ကတော့ ပြောင်းပြန်။
    သူ့ကို လာစအီ လို့ ပြန်ကြိုက်ခဲ့တဲ့ မိန်းကလေး က ဖြတ်သွားတာ မို့ ခံစားနေခဲ့ရတာ။
    အဲဒီ ကောင်မလေး ကို လက်ဖျားနဲ့ မထိ အလှကြည့်နေခဲ့မိလို့ တဲ့။
    lol:-)))

  • (မုဒိမ်းမှု ကျူးလွန် ခဲ့တဲ့ ဟိုမင်းသား ကတော့ ကိုယ့် အပစ်ဒါဏ် ကိုယ်ခံပေါ့။) ဆိုတာကတော့ ပြင်းထန်လွန်းတယ် ထင်ပါတယ်။

    မိန်းကလေးက သာလုံး ဝအလို မတူ ခဲ့ ရင် ကိုလွင်ထောင်ကျ ပြီပေါ့။

    မိသူ ရဲ့ စိတ်က အာရှ က အမျုး ိသမီးတွေ လို့ နောက်ဆုံးအချိန်မှ ပေးအပ်မယ်ဆိုတဲ့ စိတ်ကြောင့် အခုလို ပြင်းထန်သွားတာလဲ
    ဖြစ်နိုင်ပါတယ်။

    တကယ်ဖြစ်ခဲ့တာနော်

    စိတ်ကူးယဉ်သက်သက် မဟုတ်

  • twitty

    September 6, 2014 at 3:08 pm

    ဇာတ်လမ်းကို ဖတ်ပြီး တခြားသူတွေနဲ့ မတူတဲ့ ခံစားချက်မျိုး ရလိုက်ပါတယ်…။

    အမျိုးသမီးရဲ့စိတ်ဟာ နားလည်ရခက်တဲ့ အနေအထားမျိုး မဟုတ်ပါဘူး..။

    သူက သူ့ချစ်သူ အမျိုးသားဆီက sex ထက် အချစ်ကို လိုချင်တာဖြစ်ပါလိမ့်မယ်..။

    မှားသွားပြီးတဲ့အချိန်… သူက အမျိုးသားအပေါ်မှာ ချစ်စိတ်ဝင်သွားပြီး… ချစ်သူအပေါ်မှာ ချစ်ခင်မှုတွေ ကြင်နာမှုတွေ ယုယမှုတွေ ဂရုစိုက်မှုတွေနဲ့ သူ့ရဲ့ ချစ်ခြင်းကို ပြသနေပေမယ့် အမျိုးသားဘက်က သူမျှော်လင့်ထားသလို တန်ပြန်တဲ့ ယုယမှု … ကြင်နာမှု..တွေ မရခဲ့ဘူးလို့ထင်ပါတယ်..။

    ချစ်သူ အမျိုးသားက အမျိုးသမီးရဲ့ ဂရုစိုက်မှုတွေ ကြင်နာမှုတွေမှာ ကျေနပ်နေပြီး ကိုယ်တိုင်ကတော့ အဲဒီ အမျိုးသမီး အပေါ်မှာ ကိုယ့်ရဲ့ ချစ်ကြင်နာမှုတွေကို မပြနိုင်ခဲ့တာ ဖြစ်နိုင်ပါတယ်..။

    ဒီတော့ အမျိုးသမီး အနေနဲ့.. သူ့ချစ်သူက… သူ့ကို… သူ့လိုမျိုး … တကယ်ချစ်တာ မဟုတ်ဘူးလို့ စိတ်ထဲမှာ ရှိပါလိမ့်မယ်..။
    အဲဒီလို အနေအထားမျိုးမှုာ အတူနေတဲ့အခါ… အမျိုးသားက ချစ်ခြင်းမေတ္တာထက် sex ကိစ္စကို ရှေ့တန်းတင်မယ် ဆိုရင် အမျိုးသမီးရဲ့ ရင်ထဲမှာ အရမ်းကို နာကျင် ရပါလိမ့်မယ်..။
    ဘာလို့လဲ ဆိုတော့ သူတို့ ဇာတ်လမ်းက စကတည်းက ချစ်ခြင်း မေတ္တာနဲ့ အစပျိုးခဲ့တာ မဟုတ်လို့ပါ..။

    ပြောရရင်… နဖူးက အမာရွတ်ကို မြင်တိုင်း မဟော်သဓာ ကို ဒေါသထွက်တဲ့ ကေဝဋ္ဋ် ပုဏ္ဏားလိုပဲ…… ဒီကိစ္စကြုံလာတိုင်း…၊ အချစ် မပါဘူးလို့ အမျိုးသမီးရဲ့ စိတ်ထဲမှာ ခံစားရတဲ့ အခါတိုင်း သူ့ရင်ထဲမှာ နာကျင်ပြီး အဲဒီ အမျိုးသား အပေါ်မှာ မုန်းတီးမိမှာပါ…။ ရင်ခုန်တာ..၊ စိတ်လှုပ်ရှားတာတွေက သပ်သပ်ပါ..။

    တချို့ အမျိုးသမီးတွေဆို ချစ်သူက ကိုယ့်ကိုု ပိုင်စိုး ပိုင်နင်း နမ်းရင်တောင်မှ သိပ်သဘောမကျတတ်ပါဘူး..။ သူတို့စိတ်ထဲမှာ အနိုင်ကျင့်တယ်..၊ အချစ်မပါဘူး..၊ သွေးသား ဆန္ဒ ကို ရှေ့တန်းတင်တယ်.. စသည်ဖြင့် တွေးထင်တတ်ကြပါတယ်..။

    အချစ်ဆိုတာ နူးညံ့တယ်..၊ သိမ်မွေ့တယ်..၊ အကြမ်းဖက်မှု … မပါရဘူး…။ တချို့က ဒီလို ခံစားတာလေ….။

    ဒီတော့ ချစ်တယ် မပြောခင် သိမ်းပိုက်ခံလိုက်ရတဲ့ အမျိုးသမီး အနေနဲ့ အမျိုးသားရဲ့ အပြောအဆို၊ အပြုအမှု၊ အနေအထိုင်အပေါ်မှာ တိုက်ဆိုင်မှုရှိတိုင်း အလိုမကျတာ..၊ မကျေနပ်တာမျိုး ရှိနိုင်ပါတယ်..။

    အမျိုးသားက အမျိုးသမီးရဲ့ စိတ်ကို နားလည် မပေးနိုင်ခဲ့ဘူးလို့ထင်ပါတယ်…။

    တကယ်တော့ အမျိုးသားဘက်က အမျိုးသမီးအပေါ် သူ့ရဲ့ ချစ်ကြင်နာမှုတွေ၊ မြတ်နိုးမှုတွေ ကို ပြသနိုင်ခဲ့ရင် ဒီကိစ္စက ဘာမျှ မဖြစ်လောက်ပါဘူး..။ အမျိုးသမီးက သူ့ရဲ့ လက်ထပ်ခွင့်ကို ကြည်နှုး ပျော်ရွှင်စွာ လက်ခံမှာပါ…။

    • ဇီဇီ ခင်ဇော် (15102012)

      September 6, 2014 at 7:24 pm

      ကောင်းလိုက်တဲ့ ကော်မန့်။
      :s:

  • twitty ရဲံအမြင်ကို လေး စား ပါ တယ်

    တကယ် တော့ အချစ် ကို အရင် မပြခဲ့လို့ အခု လို ဖြစ်တာ ပါ

    အစောက သာ ချစ် တယ် လို့ သာ ပြော ခဲ့ ရင်….

    အခုလို ဝမ်းနည်းစ ရာတွေဖြစ်လာမှာ မဟုတ်ပါဘူး

  • မြစာကလေး (23122011)

    September 7, 2014 at 11:34 pm

    ကပေါက်ကြီး
    သများ ကို ပြင်းထန် သတဲ့။
    သူ့မင်းသားက လွန်တာ တော့ မပြောဘူး။
    မိန်းကလေး ကို ကျူးလွန်မိရင် တာဝန်ဆိုတာချက်ချင်း ယူသင့် တာလေ။
    မတော် ကိုယ်ဝန်ရ သွားရင် ဘဲ့နှဲ့ လုပ်မလဲ။
    တာဝန်ဆိုတာ ကို မယူနိုင်ရင် မယူရဲ ရင် အစ ကထဲ က အသိ၊ သတိ နဲ့ မထိန်းသင့်ပေဘူးလား။
    နောက်နေ့ မှာဘဲ “မိသူ” ကို လက်ထပ်ခွင့် တောင်းသင့်တယ်။
    အဲဒီမှာ မိသူက ငြင်းရင် အကြောင်းမဟုတ်။
    လုပ်သင့်တဲ့ တာဝန် တစ်ခု ကို ယူရမှာက ကိုလွင့် တာဝန်ဘဲ။
    ဘဝ ဆိုတာ ချစ် တာနဲ့ မပြီး ဘူးလေ။
    မဟုတ်လား ကပေါက်ကြီး။ :-)))

    • မတွေးတတ်တော့ ဘူး းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

      မတွေးတတ်တော့ဘူးးးးးးးးးးးးးးးးးးးးးးးးးးးး

      မပြောအပ်တော့ဘူးးးးးးးးးးးးးးးးးးးးးးးးးးးးး

  • ဇီဇီ ခင်ဇော် (15102012)

    September 8, 2014 at 6:51 am

    @ Kai
    ပဂိုးးးးဒါးးးးး
    အဲလို လုပ်တာ ကျောင်းးးကြီးးးဖျက် မ ဆို???
    တဂျီးးး
    တရားးးစခန်းးးကနေ ဇွတ် ပြန်ခေါ် နိုင်ရင်ကော
    ကုသိုလ် ဘယ်လောက်ရ မတုန်းးးးး???
    :a:

    • kai

      September 8, 2014 at 6:59 am

      အဲဒါ.. မနာလိုသူတွေပြောတာပါ..
      ဦးအံ့မောင်တို့…။ ဓမ္မစရိယဦးဌေးလှိုင်တို့.. ၊အခုမေတ္တာရှင်ဆရာတော်တို့ကြည့်ပါလား..
      တာဝန်ယူဆွဲထုတ်ပေးတဲ့ အမျိုးကောင်းသမီးက.. ဒေါ်လှ ၁သိန်း(အနည်းဆုံး)စာ ကုသိုလ်ရသဗျ…။ :k:

      ဆိုတော့…
      ကျုပ်အနေနဲ့ကတော့..
      ဘုရားလိမ်( ဝိနည်းခိုးဖောက်) နေတာထက်စာရင်.. ပွင့်လင်းမြင်သာဝန်ခံ/ယူ သမားက.. ကုသိုလ်အထူးလိုက်ရတယ်ထင်..။
      တိုင်းပြည်အတွက်တော့ ..လုပ်အားတခု.. ကံကောင်းရင်.. သားသမီးတွေနဲ့.. လုပ်အား ၃လေးခု.. တိုးတယ်ထင်..။

      မှတ်ချက်။ ။ “ဗောဓိ ကုက္ကို ညောင်ထိုထို လူပျိုဘုရား မရှိငြား” တဲ့..
      အိမ်ထောင်ကျပြီး.. တာဝန်ယူပြီး..ယူဖူးသူများမှ.. လူသားနဲ့..သဘာဝလောက.. ယဉ်ကျေးမှုတွေရဲ့ အညမညသဘော တကယ်သိတယ်.. ထင်..။

  • မြစာကလေး (23122011)

    September 9, 2014 at 3:56 am

    သူကြီးမင်း
    နားကောင်း လို့ ပွဲတောင်းလေရော့သလား။ lol:-))

    ကျွန်မ ပြောတာက LT အကြောင်း ရှင်းရုံရှင့်။
    LT ယဉ်ကျေးမှု အတွက် တိုက်တွန်းတာ မဟုတ်ဘူး။
    မိန်းကလေးတွေ (မြန်မာလူမျိုး မှမဟုတ်) အားလုံး ကို LT လုံးဝ(လုံးဝ) မလုပ်စေချင်ပါဘူး။
    ဒါ မြန်မာ ကွန်းဆားဗေးတစ် မိန်းမကြီး တစ်ယောက် က မြန်မာ့ယဉ်ကျေးမှု ရဲ့ အဆိပ်အတောက် တွေ မို့ တားနေတာ မဟုတ်ပါဘူး။
    ယူကေ မှာ ရှိတဲ့ ဆယ်ကျော်သက်ကလေး တွေ အတွက် Sex ပညာပေးတွေ၊ လူလွတ် တွေ အတွက် “Living together” ထက် လက်ထပ်ပြီး ပျော်ရွှင်အောင်မြင်တဲ့ မိသားစု ဘဝ အတွက် ပညာပေးတွေ၊ ကွာရှင်းဖို့ ရည်ရွယ်နေတဲ့ အိမ်ထောင်ရှင် တွေ အတွက် ပညာပေး တွေ လုပ်နေတဲ့ အဖွဲ့အစည်း တွေ ရှိပါတယ်။
    သူတို့ ဆီမှာ Research Paper တွေလဲ ရှိတယ်။
    အဲဒီက ရတဲ့ အချက်အလက် တွေ အရ “Living together” ဟာ အတည်တကျလက်ထပ် ပြီးနေတဲ့ သူတွေလောက် မကောင်းပါဘူး တဲ့။
    သူကြီး ထောက်ပြတဲ့ sex life က LT မှာ ပိုကောင်းတယ် ဆိုတာကလဲ Myth ပါ မှားပါတယ် လို့ အဲဒီမှာ ပြောပါတယ်။
    အကြောင်းကတော့ LT မှာ တစ်ယောက် ကိုတစ်ယောက် ယုံကြည်မှု အားနည်းကြ လို့ပါတဲ့။
    စိတ်ဝင်စားရင် ဖတ်ကြည့်ပါ။
    သူတို့ကတော့ % တွေ နဲ့ အချက်အလက် ထုတ်ပြထားတာပါ။
    ကျွန်မ ပြောတာလဲ ယုံစရာမလိုပါဘူး။
    ကိုယ့်ပါတ်ဝန်းကျင်က sex life ကို အလွယ်လိုက်နေတဲ့ သူတွေ ရဲ့ ဘဝ နဲ့ sex life ကို အသေအချာစဉ်းစား တတ်သူ တွေ ရဲ့ ဘဝ ကို နှိုင်းကြည့်ရင် မြင်နိုင်သားဘဲ နော။
    ကိုယ့်နားက လက်လှမ်းမှီရာ လူ့အသိုင်းအဝိုင်း ကိုသာ ကြည့်လိုက်ပါ။
    ပြီးတော့ ကိုယ့်ဝေဖန် ဆင်ခြင်မှု ကိုယ့်ဟာကိုသာ ဆုံးဖြတ်လိုက်ပါ။
    မဟုတ်လား။
    +++++++++++++++++++++++

    ဆက်ပြီး မပြောမဖြစ်တာက “အဝါလူတန်းစား”။
    ကိုယ်တွေ့ဘူး၊ ကြုံဘူး တဲ့ လူတန်းစား ကွက်ကွက် လေးပေါ်မှာဘဲ အခြေပြု ကောက်ချက်ဆွဲ လို့ မရပါဘူး သူကြီးမင်းရှင့်။
    ကျွန်မ ရဲ့ မိရိုးဖလာဘာသာ က ဗုဒ္ဓဘာသာပါ။
    ကျွန်မ အဖွား ရဲ့ အမေ လက်ထက်မှာ ရှေးက ယူ ခဲ့တဲ့ အယူသည်းမှု အားလုံး ကို ဖြုတ်ထားခဲ့တယ်။
    တရားစစ် ကို လမ်းညွှန်ပြခဲ့တဲ့ ဆရာကောင်း သံဃာကောင်း နဲ့ တွေ့ခဲ့ကြလို့ပါ။
    ရိုးသားစွာ ဝန်ခံပါတယ်။
    အဖွားတို့က ကျွန်မ ကို ငယ်ငယ်ထဲက Brain Wash လုပ်ခဲ့သလား ပါဘဲ။
    စွန်းလွန်းဂူ၊ သဲအင်းဂူ၊ မိုးကုတ် ဆရာတော်ကြီး တွေ ရဲ့ တရားအနှစ် တွေ နဲ့ပါ။
    အဲတာတွေ နာကြားပြီး အပေါ်ယံလျှပ်ပြီး ပရိတ်သတ် သဘောကျ ဟောတဲ့ ဇာတ်ကသလို တရားတွေ ကို ကြားရင် ပေါ့ရွှတ်ရွှတ်နဲ့ နာယူလို့ မရတော့ပါ။
    သံသရာပြတ် တရား မဟောဘဲ သံသရာပြတ် အလုပ်မလုပ်ဘဲ လောကီကိစ္စတွေ အလိုကျ လိုက်ဟော နေတဲ့ တရား တွေ ကို နာယူလို့ မရတော့ပါ။
    ဒါပေမဲ့ ဒီလို ဟောသူတွေ ကို မဝေဖန် လိုပါ။
    ကိုယ်အကြိုက်မတူ ရန်သူ လုပ်မရဘူးလေ သူကြီး ရဲ့။
    မဟုတ်လား။ 🙂

    သင်္ကန်းခြုံ တိုင်း ကိုတော့ သံဃာလို့ မသတ်မှတ် နိုင်သလို
    သံဃာတိုင်း ဟာလဲ အရေခြုံ မဟုတ်တာလဲ အသိဝင်စေလို့ ချင်လို့ ရေးပါတယ်။

    ဗုဒ္ဓဘာသာ မှာ သံဃာ တွေ ဟာ အစစ်အမှန် ဆိုရင် တကယ်ဘဲ ဦးညွှတ်ရိုးကျိုးဖို့ ကောင်းအောင် အကျင့်သီလ စိတ်ဓာတ် မြင့်မြတ်ပါတယ်။
    လောဘ၊ ဒေါသ၊ မောဟ အလွန့်အလွန် နည်းပါတယ်။
    မာန ဝင့်ကြွားခြင်း အလျှင်း မရှိပါဘူး။
    အကောင်းမြင်စိတ် ကိုရအောင် သင်ကြားပေးနိုင်ပါတယ်။
    သာမာန်လူတို့ရဲ့ စိတ်အညစ်အထေး တွေ ထက် ပိုပြီး စိတ်ဓာတ် သန့်စင်တဲ့ သူတော်စင် များ လို့ အမှန်တကယ် သတ်မှတ် လို့ ရတဲ့ လူတန်းစား ရှိနေပါတယ်။

    ဒီလို မဟုတ်ဘဲ သူလိုငါလို စိတ်ဖြစ်နေရင်တော့ သူ့ဆီ ကို ဆည်းကပ်စရာအကြောင်း မရှိပါဘူး။
    တွေ့ဘူးပါတယ်။
    သာမာန်လူ ထက်တောင်ပိုပြီး လောဘ၊ မောဟ၊ ဒေါသများ တဲ့ အဝါရောင် လူတန်းစားတွေ ကို။

    သူကြီးမင်း မှာ ဒီလို သံဃာ အတုအယောင်များ နဲ့ ကြုံ ပြီးရင်းများ ကြုံနေရော့သလား။
    ဒါကြောင့်သာ ဒီလို စိတ်ထဲ မချိမဆန့် ခံစား နေရတာထင်ရဲ့။

    သူကြီးမင်း ရဲ့ ခံစားချက် ကိုလဲ နားလည်ပေးနိုင်ပါတယ်။
    ဒီလိုဘဲ တရားစစ် ကို ကိုယ်တိုင် သန့်စင်အောင် ကျင့်ကြံပြီး အများကိုလဲ လမ်းပြနေတဲ့ ဗုဒ္ဓသားတော် အစစ် တွေ ကိုတော့ ဝါးလုံးရှည် ကြီး နဲ့ မထိအောင် ဆင်ခြင်ပေးပါ ရှင့်။
    လူပျိုဘုရား ရှိတာ မရှိတာ ထက် ဘုရားချပေးသွားတဲ့ တရား တွေ ကို အစ က ပြန်စ စရာမလို လက်တွေ့နှလုံးသွင်း ဖို့ ငယ်ဖြူ ဆို ပိုပြီး ကောင်းတာပါ့ သူကြီးရယ်။
    ဒီခေတ်ကြီး ထဲ ကိုယ့်ပစ်သွားလို့ ကိုယ့်မိန်းမ နဲ့ ကလေး တွေ ဘယ်သူက ရှာကျွေး မှာလဲ။
    ဘုရား ဆိုတာ ဘုရင့်သား သူကြီးရဲ့။
    ကျန်ခဲ့လဲ မိသားစု အတွက် ပူစရာမလို။

    နောက်တစ်ခုကျန်သေး။
    သူများ ကို မဝေဖန်လိုပေမဲ့ အစာမကျေ တာလေးတော့ ကြုံ တုန်း ချခဲ့ပါရစေ။

    သူကြီးမင်းပြောတဲ့ မေတ္တာရှင် ဦးစိုးမြင့် ကို ကျွန်မ အရင်က မသိပါ။
    ဒါပေမဲ့ သူ လူထွက် ပြီး အင်တာဗျူးး တစ်ခု မှာ ဖတ်လိုက် မိတာ လေး။
    မှတ်မှတ်ထင်ထင် စိတ်ပျက်မိလို့ မှတ်ထားတဲ့ အဲဒီ အင်တာဗျူးး ကို မျှပါတယ်။
    အင်တာဗျူး အစ အဆုံး အားလုံးတော့ မျှ မနေတော့ ပါ။
    စာပေ နဲ့ ဆိုင်တဲ့ အပိုဒ် ၂ခု ကိုဘဲ မျှပါတယ်။
    ကျန်တာ ငွေရေးကြေးရေး တွေ ပါ။
    ဖတ်ကြည့်ပါ။
    ပြီး တော့ စဉ်းစားပါ။
    ကျွန်မ ကတော့ လူထွက်လိုက်တာ အသင့်တော်ဆုံးဘဲ မှတ်ပါတယ်။
    စိတ်ညစ်စိတ်ကြေး ကင်းရှင်း စင်ကြယ်ရမဲ့ နေရာ အတွက် စံပြ အဖြစ်နေဖို့ ready မဖြစ်နိုင်သေးဘူး ထင်ပါတယ်။

    နိုင်ငံတကာ စာရေးဆရာလုပ်မဲ့ စာအလွန်ဖတ်သူ ဆိုရင်
    ဒီခေတ်ကြီးမှာ “အာဖရိကနွယ် လူမဲ” များကို “နီဂရိုး” ခေါ်လို့ မရတော့တဲ့ အကြောင်း။
    ခေါ်ရင်လဲ တရားစွဲခံရမယ်၊ အင်မတန်ရိုင်းစိုင်း သူလို့ သတ်မှတ်ခံရမယ် ဆိုတဲ့ ခေတ်ရောက်နေတဲ့ အကြောင်း သူမသိသေး တာ။
    သူပြောတဲ့ စာအုပ်မူရင်းက Alex Haley ရဲ့ Roots: The Saga of an American Family ပါ။

    ကျန်အကြောင်းတွေ က သူကြီး ရေ။
    ကိုယ်လဲ မပြည့်အိုး ဘဝ မှာ မပြည့်အိုးချင်း မဝေဖန်လိုတော့ ပါဘူး။
    ဒီလို မပြည့်အိုး ယောကျာင်္း များ အတွက် ကျွန်မတို့ မိန်းမ များ ကို ကြားဝင် တရားခံ ဗီလိန် မလုပ်ခိုင်းပါ နဲ့။
    သူတို့ဟာသူတို့ သာ အတ္တ၊ လောဘ တွေ ရှေ့ဆောင်မှုနဲ့ ထွက်ပါစေတော့။

    မြစပဲရိုး နာမည်လေး ပေးလိုက်တာကို ကြိုက်လို့ မို့ ဒီလောက်ဘဲ ရပ်ပြီ။
    မဟုတ်လို့ ကတော့ …. ဟင်း … ဟင်း ….
    တော်တော်နဲ့ ပွဲသိမ်း မည်မဟုတ်။

    ကပေါက်ကြီး ပြေနိုင်ခဲ မှာ မပြေနိုင် ဖြစ်သွားတာ စောဒီး အကြီးကြီးပါဗျ။ :-))))

    • kai

      September 9, 2014 at 9:20 am

      အရီးမြစပဲရိုးရေ…
      ဒီခေတ်..ဒီအချိန်… ဒီအခါမှာ.. ကျုပ်နေရာမှာရှိတဲ့သူသာ(သာ).. ဒီလိုပြောထွက်.. ပြောရဲတာဗျ..
      ပြောသင့်တာဗျ..။
      ပြည်တွင်းနေသူများ.. မပြောသင့်.. မပြောရဲပါ… လို့..

      ဆိုတော့..
      အနာဂါတ် ၂-၃ မျိုးဆက်တွေအတွက်…
      လူမိုက်လုပ်နေရတယ်လို့…. ပဲ.. တွေး..သိစေချင်…။
      သမိုင်းကျန်ရစ်စေသတည်း…။ :k:

  • မြစာကလေး (23122011)

    September 9, 2014 at 3:58 am

    What You Should Know About Living Together

    MYTH: Living together is an easy way to “try out” the relationship before committing to marriage.
    Truth: While the idea of “test driving” a car before you buy it is a good idea; it doesn’t apply to marriage. Living together is basically a “pretend marriage” and nothing like the real thing. Couples who live together often have attitudes like: “I can leave any time,” and “my money vs. your money” that married couples don’t typically have. Married couples often have a stronger bond to each other because of their vow of permanence. Married couples also tend to have less volatile relationships.

    MYTH: Living together will give us a stronger marriage.
    Truth: Although many couples think that moving in together can give them a great head start in their marriage, living together can actually harm your marriage. Couples who live together before they marry have a divorce rate that is 50 percent higher than those who don’t.

    MYTH: Sharing finances and expenses will make things easier on our relationship.
    Truth: While sharing finances and expenses seems like the easy thing to do in the beginning, problems do arise. Just like any couple, disputes often center around money. Couples who live together have more financial issues to resolve. Conflicts arise over, who is responsible for which bill, and the rights that one partner has to tell the other how to spend “their” money.

    MYTH: Your sex life goes downhill when you get married.
    Truth: The level of sexual satisfaction is higher among married couples than for couples who live together. Couples who live together tend to be less faithful to their partners than married couples.

    MYTH: Marriage is just a piece of paper.
    Truth: Emotionally, physically and spiritually, marriage is so much more than a piece of paper. It is a commitment. Viewing marriage as only a legal arrangement strips it of its meaning and sets the relationship up for failure. If couples do not view marriage as a loving, committed relationship, divorce is almost inevitable.

    MYTH: It’s only temporary
    Truth: Many people enter a cohabiting relationship hoping they will be married soon. However, living together isn’t always a stepping-stone to marriage. Statistics report that 60 percent of couples who live together will not go on to get married either because they break up (39 percent) or just continue to live together (21 percent).

    MYTH: Living together is best if there are children involved.
    Truth: The effects of cohabitation on children is significant. Children in these situations are at risk of emotional and social difficulties, performing poorly in school, having early premarital sex and having difficulty forming permanent emotional attachments in adulthood. If the man in the household is not the biological father, children are at greater risk of experiencing physical and sexual abuse.

  • မြစာကလေး (23122011)

    September 9, 2014 at 3:59 am

    စာရေးဆရာ မေတ္တာရှင်-ရွှေပြည်သာ၏ ရဟန်းဘဝမှ စွန့်လွှတ်ခင်းဆိုင်ရာ ဖြေရှင်းချက်များအား တွေ့ဆုံမေးမြန်းခြင်း
    ဦးစိုးမြင့်(မေတ္တာရှင်-ရွှေပြည်သာ)၏
    ရဟန်းဘဝမှစွန့်လွှတ်ရခြင်းဆိုင်ရာရှင်းပြချက်များကို
    24-7-2014 စံတော်ချိန်သတင်းစာတွင် ဖေါ်ပြပြီးဖြစ်ပါသည်။

    မေး။ ဂျာနယ်တစ်စောင်မှာ ဖတ်လိုက်ရတယ်၊ အင်္ဂလိပ်စာသင်မယ်။ သင်ပြီးရင် ကမ္ဘာကို
    ကိုယ့်ရဲ့စာပေတွေကို ဖြန့်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကို ပရိသတ်တွေအနေနဲ့ ကြားရတဲ့အချိန်မှာ
    မြန်မာစာပေနဲ့ သမိုင်းအတွက် ကြိုဆိုစရာပါ။ ဒါပေမယ့် ရဟန်းဘဝနဲ့ရော
    အင်္ဂလိပ်စာသင်မယ်ဆိုရင်ရော
    မရနိုင်ဘူးလားခင်ဗျား။
    ဖြေ။ ဗုဒ္ဓစာပေသက်သက်ကို ရေးဖို့ဆိုရင်တော့ ရဟန်းဘဝနဲ့အင်္ဂလိပ်စာသင်လည်း ရပါတယ်။
    အခုဟာက ဗုဒ္ဓစာပေသက်သက်အတွက် မဟုတ်ပါဘူး။ လူ့ဘဝကို ဂန္ထဝင်ရသမြောက်အောင်
    ရေးဖို့အတွက်ပါ။
    နီဂရိုးတွေ အမေရိကန်မှာ ကျွန်ဖြစ်ရခြင်းရဲ့ အကြောင်းကို ရသ၊ ဝတ္ထုပုံစံနဲ့ ရေးနိုင်ဖို့အတွက်
    နီဂရိုးစာရေးဆရာလေးဟာ ကမ္ဘာအနှံ့ ခရီးသွားပြီး ကိုယ်တွေ့လေ့လာရပါတယ်။ မှတ်တမ်းစာအုပ်တွေ
    ရာနဲ့ချီ ဖတ်မှတ်ခဲ့ရပါတယ်။
    ဒီစာအုပ်တစ်အုပ်တည်းနဲ့ ကမ္ဘာကျော်စာရေးဆရာ ဖြစ်သွားပါတယ်။ ဒါပေမယ့်
    အဲဒီစာအုပ်ရေးချိန်ဟာ (၁၂)နှစ်ခန့် ကြာမြင့်ပါတယ်။ အဲဒီလို ကမ္ဘာတခွင် လှည့်လည်သွားလာနေထိုင်ရာမှာ
    သင်္ကန်းဝတ်နဲ့ မသင့်တော်ပါဘူး။ ဒါကြောင့် လူဝတ်လဲရတာပါ။ စာအုပ်နာမည်က “ဇစ်မြစ်”ပါ။
    မောင်ထွန်းသူ ဘာသာပြန်ပါတယ်။

    ကမ္ဘာဂန္ထဝင်ရသစာပေတွေ များစွာဖတ်ဖူးတဲ့ အမျိုးတစ်ယောက်ဟာ အမေရိကန်ကနေ
    မြန်မာပြည်ကို ရောက်လာပါတယ်။ အကြောင်းကတော့ မြန်မာပြည်ကို သိပ်ချစ်တဲ့ သူ့ဖခင်ဟာ
    အမေရိကန်မှာ ကွယ်လွန်ခဲ့ပေမယ့် သူ့ရဲ့အရိုးပြာကို မြန်မာပြည်မှာပဲ အုတ်ဂူသွင်းဖို့ မှာထားတာကို လုပ်ဆောင်ပေးဖို့ပါပဲ။
    တစ်ရက်မှာ ရွှေတိဂုံဘုရားသွားဖူးရင်း ဆရာရေးတဲ့ အရှုံးမရှိသော ဒဿ န စာအုပ်ရယ်၊
    မေတ္တာဖြင့်စီပွားရှာခြင်းစာအုပ်ဖတ်ပြီး ဆရာ့ကို ကြည်ညိုလေးစားသွားတယ်။ သူ့ဖခင်အတွက်
    လပတ်ဆွမ်းကျွေးလုပ်ဖို့လာပင့်ရင်း စတင်သိကျွမ်းခဲ့ကြတယ်။
    ဆရာ့ရဲ့စာအုပ်တွေကိုဖတ်ပြီး ဖတ်သူရဲ့နှလုံးသားကို ထွင်းဖောက်နိုင်အောင် ရေးနိုင်တဲ့
    ဒီလိုစာရေးဆရာတစ်ယောက်ဟာ မြန်မာပြည်တစ်ခုထဲအတွက် မဖြစ်သင့်ဘူး။ အင်္ဂလိပ်စာတတ်တဲ့ တစ်ကမ္ဘာလုံးက လူတွေအတွက်ပါ ဖြစ်သင့်တယ်။ ဆရာသာ ဂန္ထဝင်ဝတ္ထုကြီးတွေကို အင်္ဂလိပ်လို ကောင်းကောင်းရေးနိုင်ရင် အင်္ဂလိပ်စာတတ်တဲ့
    ဘာသာမျိုးစုံ၊ လူမျိုးစုံကလူတွေဟာ ဗုဒ္ဓဘာသာဝင်တွေ
    ဖြစ်လာနိုင်တယ်။ ဗုဒ္ဓဘာသာရဲ့အနှစ်ကို အကြောင်းတိုက်ဆိုင်တိုင်း ထည့်သွားမှာကိုး။
    အနောက်နိုင်ငံတွေမှာက စာပေပြိုင်ပွဲတစ်ခုဝင်လို့ ဆုရရင်လည်း ပရဟိတအတွက် အများကြီး
    ထောက်ပံ့လှူ ဒါန်းနိုင်တယ်။ စာပေဆု တစ်ခုခုလောက် ဆွတ်ခူးနိုင်ရင် ဆုကြေးက အနည်းဆုံး
    ဒေါ်လာတစ်သန်းပဲ။ ဒါရိုက်တာတွေကကြိုက်လို့ ရုပ်ရှင်ရိုက်ပြီးဆိုရင်တော့ ဒေါ်လာသန်းနဲ့ချီပြီရတာ။
    ဒီလိုဆိုရင် မြန်မာပြည်က ပရဟိတတွေအတွက် ကြိုက်သလောက်လှူပေးတော့ပေါ့။
    ပြီးခဲ့တဲ့(၂)နှစ်လောက်ကတည်းက အနောက်နိုင်ငံတစ်ခုမှာနေပြီး အင်္ဂလိပ်လိုစာရေးနိုင်ဖို့
    ကြိုးစားမယ်လို့ စိတ်ကူးဖူးတယ်။ ဒါပေမယ့် အကောင်အထည် မပေါ်ခဲ့ဘူး။ အခုတော့
    အနောက်နိုင်ငံတစ်ခုမှာနေရင် မိမိရဲ့ စားဝတ်နေရေးတစ်ခုကိုသာမက စာပေအတွက်ပါ
    ပါရမီဖြည့်ပေးမဲ့သူကို တွေ့ရတော့ အားလည်းတက်ခဲ့မိတယ်။
    ဒီလိုနဲ့ ဦးကလိမ်ကို တိုင်ပင်ကြည့်တော့ ဦးကလိမ်က အားပေးတယ်၊ ကူညီတယ်။ ပထမ
    နိုင်ငံခြားတရားပွဲတွေဟော၊ နောက် ဥရောပမှာလည်၊ ပြီးမှ တိတ်တိတ်လေး လက်ထပ်ဖို့ အကြံပေးခဲ့တာ။
    ဒီအချိန်မှာပဲ ဖြစ်ချင်တော့ (၂၀၁၃)ခုနှစ်တုန်းက လည်ချောင်းနာရောဂါ ပြန်ပေါ်လာခဲ့တယ်။ ဒါကြောင့်ဦးကလိမ်ရဲ့ အစီစဉ်တိုင်းမလုပ်ဘဲ ပြည်ပထွက်ပြီး လူဝတ်လဲ လက်ထပ်ဖြစ်ခဲ့တယ်။ ပြည်ပနိုင်ငံမှာ
    ချော်လဲရင်း ခါးရိုးထိတဲ့ဒဏ်ရာကလည်း ဖြစ်လာပြန်တော့ လူ့ဘဝမှာ ရေရှည်လက်တွဲဖို့အတွက်
    ပါရမီဖြည့်ဖက် ရွေးခဲ့ရတော့တာပေါ့။
    မိန်းကလေးနဲ့ယောက်ျားလေး ရေစက်ဆုံရခြင်း အကြောင်းနှစ်ချက်ကို ဓမ္မပဒမှာ ဘုရားရှင်
    ဟောကြားထားပါတယ်။ အရင်ဘဝတွေက အတူကုသိုလ်ပြုခဲ့ဖူးခြင်း၊ ယခုဘဝမှာလည်း
    တစ်ယောက်ကောင်းကျိုးတစ်ယောက် သယ်ပိုးခြင်းတို့ဟာ ရေစက်ဆုံမိခြင်းရဲ့ အကြောင်းတရားတွေပါပဲ။

  • သူကြီး ရေ

    သာ သာန ပြု ပုဂ္ဂိုလ် ( ရဟန်း သံဃာ) ဆိုရတာ ဘာသာတစ်ခု အတွက် မရှိမဖြစ်ရှိရမယ် ရှိဘို့ လိုအပ်တယ်။

    အတုအယောင်ဆိုတာကလဲ ရှိနေမှာပါဘဲ.

    ဆည်းကပ်ကိုးကွယ်သူ က သာ ဝေဖန် ပိုင်းဖြတ်ရမှာပါ။

    ကိုယ်ဘယ်လို လူ ကို ကိုးကွယ်မလဲပေါ့။

    • kai

      September 9, 2014 at 12:16 pm

      မှန်ပါတယ်..
      ဒါပေမယ့်.. ဥပဒေ(လိုက်နာဖို့ပြဌာန်းထားတဲ့စည်းကမ်း)ရဲ့အထက်မှာဘယ်သူမှမရှိစကောင်း..
      ဆိုတော့..
      သူတို့ကို.. ထောက်ပြဝေဖန်ခွင့်အမြဲ(အမြဲ) ရှိနေရ.. လမ်းဖွင့်ထားရတာပါ.။
      ဒါမှသာ.. တိုးတက်အောင်မြင်တဲ့ ဘာသာ၊ သာသနာဖြစ်မယ်လေ..။
      ဗုဒ္ဓဝါဒဆို.. ပိုလို့..
      ဝိဘဇ္ဇ(ဝေဖန်ပိုင်းခြားယုံကြည်ရေး)ဝါဒ…တဲ့…။

      ဆိုတော့..
      လူတယောက်ကို.. အသားအရေ..။ အရပ်အမောင်း..စတဲ့ ခန္တာအခြေအနေအရမဆုံးဖြတ်ကြဖို့..
      ယူနီဖောင်း(ယူနီဖောင်း)ကို.. မကိုးကွယ်ကြဖို့..
      အဲဒါလေး…။ :k:
      ===
      စကားအတင်းစပ်…
      အောက်ကဆောင်းပါးနဲ့ရည်ရွယ်ချက်ကို အထူးထောက်ခံကြောင်း…။
      တလက်စတည်း.. ဘုရားမကြိုက်တဲ့.. သံဃာဂိုဏ်းကွဲ/ဂိုဏ်းဖွဲ့မှုရဲ့အမြုတေ.. မဟနကိုပါဖျက်သိမ်းပစ်ဖို့.. တောင်းဆိုကြောင်း..။ :k:

      သာသနာရေးဝန်ကြီးဌာနကို ဖျက်သိမ်းသင့်ပါတယ် တဲ့

      သာသနာရေးဝန်ကြီးဌာနကို ဖျက်သိမ်းဖို့ ဝိုင်းဝန်းတောင်းဆိုသင့်ကြောင်း ဒီတပတ်ထုတ် The Messenger ဂျာနယ် ဆောင်းပါးတပုဒ်မှာ ရေးပါတယ်။
      ဆောင်းပါးရှင်က ရဲမြင့်ကျော်၊ ဆောင်းပါးခေါင်းစဉ်က – အနာဂတ်သာသနာမှာ မရှိအပ်တဲ့ သာသနာရေးဝန် ကြီးဌာန။
      ဒီမိုကရေစီစနစ်ဖော်ဆောင်မယ်ဆိုရင် ဒီဌာနဟာ မရှိအပ်ဘူး၊ အပိုဖြစ်နေတယ်လို့ ဆောင်းပါးရှင်က ဆိုပါ တယ်။
      “မြန်မာနိုင်ငံ ဗုဒ္ဓဘာသာ တိုးတက်ဖို့နဲ့ အခြားဘာသာများနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ သာသနာပြုနိုင်ဖို့အ တွက် အရာရာ ချုပ်ကိုင်ထားတဲ့ သာသနာရေး ဝန်ကြီးဌာနကို ဖျက်ပစ်ရပါမယ်” လို့ သူက ရေးပါတယ်။
      ဒီမိုကရေစီနိုင်ငံဆိုရင် ဒီဌာန မရှိသင့်၊ အီရန် ဆော်ဒီ ပါကစ္စတန်တို့မှာတော့ အစ္စလာမ်ကို နိုင်ငံတော်ဘာ သာ ပြဋ္ဌာန်းပြီး အစိုးရက ဘာသာရေးအကြောင်းပြ လူထုကို ထိန်းချုပ်ဖို့ ဒီလို ဝန်ကြီးဌာန ထားခြင်းဖြစ် တယ်လို့ ဆိုတယ်။
      ရှေးဘုရင်တွေက သူတို့ တရားဝင်မှုအတွက် သာသနာ လွန်စွာ ပြုကြတယ်၊ လွတ်လပ်ရေးရပြီးနောက်ပိုင်း အစိုးရခေါင်းဆောင် ဦးနုက ဒီမိုကရေစီထွန်းကားတည်မြဲရေးကို အားမစိုက်ဘဲ ဆဋ္ဌသင်္ဂါယနာတင်ဖိုပဲ အာရုံကျ လုံ့လပြုနေတာကြောင့် စစ်အုပ်ချုပ်ရေးအောက် တိုင်းပြည်ရောက်ပြီး ငါးပါးမှောက်ခဲ့ရပါတယ် တဲ့။

      သာသနာရေးဌာနလူကြီးတွေ ဒီဆောင်းပါးဖတ်မိရင်တော့ သူတို့ဌာန မည်သို့မည်ပုံ လိုအပ် အရေးပါကြောင်း
      ရေးသားကြ၊ တုန့်ပြန်ကြဖွယ် ရှိပါတယ်။

      သို့တည်းမဟုတ် ဒီဌာနဟာ သံဃမဟာနကယအဖွဲ့ကြီးကို ကြိုးကိုင် … အဲ…. အထောက်အကူပြုနေတယ် ဆိုတဲ့သဘော အသံထုတ်လာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီဆောင်းပါးကို လျစ်လျူရှုထားတာမျိုးလည်း
      ဖြစ်နိုင်ပါတယ်။

      ဧရာဝတီ

  • သူကြီးရေ

    သာ သ နာ အရေ ခြံ အတု အယောင်တွေရယ်

    အဲဒါကိုမှီပြီ လုပ်စားနေတဲ့ သူတွေကိုတော့ ဖယ်ရှား ရ မှာ အမှန်ပါဘဲ

Leave a Reply