” ခေါင်းကိုက်ခြင်းအတွက် သဘာဝကုထုံး”

ခင္ခSeptember 5, 20141min1208

” ခေါင်းကိုက်ခြင်းအတွက် သဘာဝကုထုံး”

 

ဖတ်ခဲ့ဖူးတဲ့ စာပေလွှာတွေထဲ ခေါင်းကိုက်ခြင်းဖြစ်တဲ့အခါ သဘာဝကုထုံးနဲ့ သက်သာစေတဲ့ နည်းလမ်းမို့ မျှဝေပေးတာပါ။

ခေါင်းကိုက်ခြင်းအတွက် သဘာဝ ကုထုံး နော် !!!!
ငါးမိနစ်အတွင်း ပဲ…. မင်း ခေါင်းကိုက်တာ သက်သာ သွားမှာ

နှာခေါင်းမှာ ဘယ်ဘက်ခြမ်း နဲ ့ညာဘက်ခြမ်းဆိုတာ ရှိပါတယ်
ကျွန်တော်တို ့က နှစ်ခု စလုံးကို အသက်ရှုသွင်းဖို ့နဲ ့ရှုထုတ်ဖို ့သုံးရပါတယ်
အမှန်တကယ်မှာတော့ …. သူတို ့က မတူကွဲပြားကြပါတယ်
သူတို ့ရဲ ့မတူညီကွဲပြားမှုတွေ ကို မင်း ခံစားနိုင်ပါလိမ့်မယ်

နှာခေါင်း ညာဘက်ပေါက် က နေ(sun) ကို ကိုယ်စားပြုပါတယ်
နှာခေါင်း ဘယ်ဘက်ပေါက် က လ(moon) ကို ကိုယ်စားပြုပါတယ်

ခေါင်းကိုက်နေစဉ်မှာ …
ညာဘက် နှာခေါင်းကို ပိတ်ကြည့်လိုက်ပါ
ပြီးတော့ ဘယ်ဘက် နှာခေါင်း နဲ ့ပဲ အသက် ရှု ပါ
ငါးမိနစ်ကြာ တဲ့ အခါ …. မင်း ခေါင်းကိုက် သက်သာတာကို တွေ ့ရပါလိမ့်မယ်

မင်း ပင်ပန်းနွမ်းနယ် တဲ့အခါမျိုးမှာတော့ … ဒီ နည်းကို ပြောင်းပြန် သုံးကြည့်လိုက် ရုံပါပဲ…
ဘယ်ဘက် နှာခေါင်းကို ပိတ်ကြည့်လိုက်ပါ
ပြီးတော့ ညာဘက် နှာခေါင်း နဲ ့ပဲ အသက် ရှု ပါ
ခဏ အကြာမှာ ….. မင်းစိတ်က Refresh တစ်ဖန် ပြန်လန်းဆန်း လာတာကို မင်း …ခံစားရပါလိမ့်မယ်

နှာခေါင်း ညာဘက်ခြမ်းက အပူ နဲ ့သက်ဆိုင်ပါတယ် …. ဒါ့ကြောင့် အလွယ်တကူ အပူချိန်တက် နိုင်ပါတယ်
ဘယ်ဘက်ခြမ်းက အအေး နဲ ့သက်ဆိုင်ပါတယ်

အမျိူးသမီး အများစုက ဘယ်ဘက်နှာခေါင်း နဲ ့ အသက်ရှုထုတ်လုပ်တာ များပါတယ်
ဒါ့ကြောင့် သူတို ့တွေ က အပူချိန်ကျ တာ၊ အေးကိုင်းတာ မြန်ပါတယ်
အမျိုးသား အများစုကတော့ အလုပ်လုပ်နေ စဉ်တွေ မှာ ….ညာဘက် နှာခေါင်း နဲ ့အသက်ရှုတာများပါတယ်

မင်းဒါကို သတိထားမိသလား ???? မင်း အိပ်ရာက နိုးလာရင်…. နှာခေါင်း ဘယ်ဘက်ခြမ်း နဲ ့အသက်ရှု ရတာ ပိုကောင်းသလဲ ?
ဘယ် လား ? ညာ လား ?

အကယ်လို ့ ဘယ်ဘက်က ရှုရတာ ပို သက်တောင့်သက်သာ ရှိနေပြီး မင်းဟာ ပင်ပန်းနေ တယ်ဆိုပါတော့
ဒါဆိုရင် ….. မင်းရဲ ့ဘယ်နှာခေါင်း ကို ပိတ်ပြီး …. ညာ ဘက် နှာခေါင်း နဲ ့ အသက် ရှုလိုက်ပါ
မင်း လျှင်မြန်စွာ လန်းဆန်း လာပါ လိမ့်မယ် ( ဒါက အိပ်ရာ ထထ ချင်း မလန်း မဆန်း ဖြစ်နေ တဲ ့သူတွေ အတွက် သင့်လျော်ပါ လိမ့်မယ် )

မင်း အဆက်မပြတ် ခေါင်းကိုက်တာတွေ ကို ခံစားဖူးလား ?
ဒီ အသက်ရှု ကုထုံး နဲ ့ ကြိုးစားကြည့်လိုက် စမ်းပါ !!!!!!

ညာ နှာခေါင်းကို ပိတ်…. ဘယ် နှာခေါင်းနဲ ့ရှု
မင်းခေါင်းကိုက်တာ သက်သာသွား လိမ့်မယ်
ဒီ လေ ့ကျင့်ခန်းကို တစ်လ လောက် စွဲလုပ်ကြည့်ပါ

ဘာလို ့ မလုပ်နိုင်ရမှာ လဲ ?
ဒါ သဘာဝ ကုထုံးလေ …. ဆေးဝါးကုသမှုတွေ မှ မပါတာ …. !!!!!!

အကယ်လို့များ သင်ခေါင်းကိုက်ခဲ့ရင် အလွယ်နည်းလေးမို့စမ်းကြည့်ပေါ့ဗျာ။

 

 

 

ခင်ခ။

8 comments

  • ဇီဇီ ခင်ဇော် (15102012)

    September 5, 2014 at 11:10 am

    ဟုတ်မယ်
    ဟုတ်မယ်။
    နှာခေါင်းနဲ့ ခေါင်း ဆက်စပ်တာ ဖြစ်လောက်တယ်။

    ရှစ်တူ နဲ့ ကြည်ကြည်သာသာ စကားပြောပြီးရင်လည်း ခေါင်းကိုက်တာ ပျောက်သွားရော။
    :mrgreenn:

    • ခင် ခ

      September 5, 2014 at 11:53 am

      ရှစ်သူ နဲ့ ကြည်ကြည်သာသာ စကားပြောတော့ ရှစ်သူက အခြေအနေကောင်းတယ်ဆိုပြီး ” ကို အခုထွက်တဲ့ မော်ဒန်အသစ် အိုင်ဖုန်းလေးလိုချင်တယ် ဝယ်ပေးနော်” အဲလိုလည်းဆိုရော ခေါင်းပိုကိုက်သွား ပါလေရောဗျာ။ အဲလိုတွေကော ကြုံဖြစ်ဖူးလားဟင်!

      • ဇီဇီ ခင်ဇော် (15102012)

        September 5, 2014 at 11:56 am

        အာ့မျိုး ခေါင်း က သူပဲ ကိုက်ရမှာလေ။
        သများမကိုက်တတ်ဘူးးး ခိခု ခုခိ

        :k:

    • အင်း နှာခေါင်း ခြင်းတော့ တူ တယ်

      ဒါပေမယ့် ဒီနှာခေါင်းနဲ့ ဟိုနှာခေါ်င်းမတူဘူးနော်

  • manawphyulay

    September 5, 2014 at 12:04 pm

    အရင်က ဆောင်းပါးမှာ ဖတ်ဖူးသမို့
    ခုထိ လုပ်ကြည့်နေပါတယ်။ သိပ်တော့ အဆင်မပြေသေးဘူး။
    ခေါင်းက တစ်ခါတလေ တစစ်စစ် ကိုက်တယ်။ နောက်ကနေ တစ်ခုခုဆွဲထားသလိုပဲ။
    ခုလည်း ဇက်ကို ခဏခဏလှည့်မိတယ်။

  • kyeemite

    September 5, 2014 at 2:18 pm

    ဒီနည်းလေးတွေဖတ်ဖူးတယ်ဗျ…
    ကျုပ်ကတော့ ဇက်ကျောတွေတက်သဗျာ…မကြာခဏ ခေါင်းငုံ့ပြီး ကွကိုနှိပ်နေရတယ် :p:

  • ခင် ခ

    September 5, 2014 at 3:02 pm

    မနှောဖြူလေး နဲ့ ဆြာမိုက် ရေ
    ” ဖတ်ခဲ့ဖူးတဲ့ စာပေလွှာတွေထဲ ခေါင်းကိုက်ခြင်းဖြစ်တဲ့အခါ သဘာဝကုထုံးနဲ့ သက်သာစေတဲ့ နည်းလမ်းမို့ မျှဝေပေးတာပါ။”………… ဆိုမှတော့ ဖတ်ဖူးတဲ့သူတွေလည်းရှိပေမပေါ့ဗျာ။

    ဝင်မန့်ပေးကြလို့ ကျေးဇူးနော်။

  • alinsett

    September 7, 2014 at 10:32 am

    မှတ်သားသွားပါတယ်..လေးခ ရေ

    ဆိုးဆိုးဝါးဝါး ခေါင်းကိုက်ဖူးတယ်..

    🙁

Leave a Reply