ဟိုးအဝေးကတိမ်တိုက်လေးကို မျှော်ငေးရင်းတွေးမိတယ် ပြောင်းလဲခြင်းအကြောင်းတရားကံက ငါ့အတွက် ခါးသီးစရာနေ့ရက်များလား

နွေနေပူမှာ ငါတစ်ယောက်ထဲရပ်တည်ရင်း အသံကုန်အော်ဟစ်မိတယ် နာကျည်းစရာများ ငါ့အတွက်ဆုလာဒ်လားလေ

 

အချိန်ဆိုတာ တိမ်တိုက်လိုပဲ တစ်ရွှေ့ရွှေ့နဲ့ ဖြတ်သန်းရင်း တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးခဲ့ပြန်တယ်

ငါ့ဘ၀ကတော့ မရေမရာ အတွေးများနဲ့ ရွှွေှ့လျှားနေရင်းပေါ့

 

သခင်ရယ် အပြစ်ရှိလို့မုန်းလိုက်တာလား အချစ်ဆိုတာ မသိလိုက်သေးခင် ငါ့အတွက် ရင်နစ်စရာ အတိတ်ဇာတ်လမ်း ဖန်လေခဲ့သလားလေ

ဇာတ်သိမ်းလေး လှချင်ပါသေးတယ် ဒါပေမယ့် ဇာတ်ဆရာ အလိုကျမို့ ငါဘာများ ဇောတကတက်စရာ ကျန်ခဲ့တော့မလဲပေါ့

 

အလွမ်း အဆွေး မကင်းတဲ့ ချစ်ခြင်းတွေက လှည့်ကွက်ဆိုရင် ငါလေ ကစားဝိုင်းကထဲက ပြေးထွက်ပေးပါ့မယ်

ရင်မှာ အဖြူသက်သက်မို့ မင်းလေး နားလည်တဲ့တစ်နေ့ နောာင်တတွေ မရပါစေနဲ့လို့ဆုတောင်းရင်းပါ

 

တွဲလက်ကလေး ခိုင်မြဲစေဖို့ တို့တစ်တွေရဲ့ မေတ္တာတွေ မယိုင်လဲပါစေနဲ့

ချစ်စရာ မင်းအပြုံးလေးများ နေမကွယ်ခင်လေးမှာ အမုန်းစကားမဆိုပါနဲ့

မာယာမပါတဲ့ သစ္စာစကားလေးက ငါ့အတွက် အေးမြစေတဲ့ မေတ္ဆာဆိုရင်

မင်းမငိုလိုက်ပါနဲ့ မိုးလေး တစ်ဖွဲဖွဲကျလာပါလိမ့်မယ်

မုန်တိုင်းထန်ရင် လေပြေလာရစမြဲပါမေ

အမုန်းပြေတဲ့တစ်နေ့ ဆုံမယ့်နေ့ရက်လေးမှာ

ကိုလေ အကြိုထောက်ရင်း ကမ်းတစ်ဘက်ရဲ့ အဝေးမှာ

ငါလေရပ်တည်ပေးပါ့မယ် သောကတွေ ခင်းမထားပါနဲ့လား

သူတစ်ပါးအတင်းပြောတဲ့စကားကို မေနားမယောင်လိုက်ပါနဲ့

ချစ်ရက်ကလေး တစ်ထောင့်ငါးရာ မပြည့်သေးလို့ပါ

အချစ်ကြိုးဝိုင်းလေးကထဲမှာ အလဲထိုးမခံရအောင်

ကိုနောက်ဆုပ်ပေးပါ့မယ် ရင်ထဲမှာ သိပ်ချစ်လို့ပါ

တစ်ပွင့်ထဲ ရင်ထဲကပန်းမို့

မေ့ရဲ့မေတ္တာလမ်းကလေးထဲမှာ အစဉ်လန်းခွင့်ရရင်လေ

ကိုတို့ သစ္စာတရားတွေ လှပနေပါလိမ့်မယ်

ကာရံ  ၅.၉.၂၀၁၄

 

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..