ဆေးလိပ် ဖြတ်ချင်သလား ?

Zaw WonnaAugust 16, 20101min1137

ဆေးလိပ် ဖြတ်ချင်တဲ့ သူတွေအတွက် Zerosmoke ဆိုတဲ့ နားရွက်မှာ နားကပ်လို ကပ်ထားလို့ရတဲ့ သံလိုက်တုံးကလေးတွေပါ။ ၂၄ ကာရက် ရွှေနဲ့ အုပ်ထားပါတယ်။ တနေ့ကို ၃၊ ၄ နာရီလောက် မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ ကပ်ထားပေးရင် ရက်ပေါင်း ၃ဝ လောက်အတွင်း ဆေးလိပ် ပြတ်နိုင်တယ်လို့  ထုတ်လုပ်သူက ဆိုပါတယ်။ ဆေးတံသောက်တဲ့သူနဲ့ ဆေးရွက်ကြီး ငုံလေ့ရှိတဲ့ သူတွေပါ အဲဒီနားကပ်ကို သုံးပြီး ဖြတ်နိုင်တယ်တဲ့ ခင်ဗျာ။

၁၉၅ဝ လောက်တုန်းက Dr. Paul Nogier တွေ့ရှိတဲ့ နားကြောကုထုံး (Auricular Therapy) ကို အခြေခံပြီး ထုတ်လုပ်ထားတာပါ။ နားကပ် တစ်ခုကို ၄၅ ဒေါ်လာလောက် ကျမယ်။ နားကပ်ကိုတပ်ထားတဲ့ အချိန်မှာ ဆေးလိပ်သောက်ရင် အရင်ကလောက် အရသာရှိမှာ မဟုတ်ဘူး။ ဆေးလိပ်သောက်ချင် စိတ်ကို လျော့ကျစေတယ်လို့ ဆိုပါတယ်။ နှလုံးအကူပစ္စည်း တပ်ထားတဲ့သူ၊ ဆီးချိုရောဂါကြောင့် အင်ဆူလင်ထုတ်စက် တပ်ထားရတဲ့သူနဲ့ ကိုယ်ဝန်ဆောင်တွေက လွဲရင် လူတိုင်း အသုံးပြုနိုင်ပါတယ်။
တကယ် ဆေးလိပ်ပြတ်မယ် ဆိုရင်တော့ ကုန်ကျမဲ့ ဆေးလိပ်ဖိုးရယ် ဆေးဖိုးရယ်နဲ့ တွက်ရင်တော့ မဆိုးပါဘူး။ လေ့လာချင်တယ် ဆိုရင်တော့ http://www.zerosmoke.org/ မှာ လေ့လာနိုင်ပါတယ်။ မြန်မာနိုင်ငံက ဆေးဆိုင်တွေမှာလည်း ဝယ်လို့ ရနေပြီတဲ့။ အတု၊ အစစ်တော့ သတိထား ဝယ်ကြပါဗျို့။
မှတ်ချက်။     ။ ကျနော် ဆေးလိပ် ဖြတ်တုန်းကတော့ တပတ်လောက် မသောက်ပဲ နေလိုက်တာပါပဲ။ တပတ်ကျော်သွားတော့ ဆေးလိပ်နံ့တောင် ခံလို့ မရတော့ဘူး။ ကျနော်လည်း ဆယ်နှစ်ကျော်လောက် ဆေးလိပ် သောက်ခဲ့တာပါ။ အဓိက ကတော့ ဆေးလိပ် သောက်ဖို့ အဆင်မပြေတဲ့ ပတ်ဝန်းကျင်မျိုးမှာ ဆေးလိပ်ဖြတ်ဖို့ ကြိုးစားရင် အကောင်းဆုံးလို့ ထင်ပါတယ်။

7 comments

  • မန်း ရိပ်

    August 16, 2010 at 8:58 am

    အခုလိုလမ်းညွန်ပေးတဲ့ အတွက်ကျေးဇူးပါ

  • kopauk mandalay

    August 16, 2010 at 12:04 pm

    အဓိက ကတော့ စိတ်ပါ။
    ကိုယ့်စိတ်ကို နိုင်ဘို့ ပြတ်သားဘို့အရေးကြီးပါတယ်။
    အစားမထိုးပါနဲ့။
    ကျနော် 1983 က နေ့လယ်ထမင်းစားပြီးရင်တစ်လိပ်ကနေစခဲ့တာ
    ဆေးလိပ်ဖြတ်တဲ့ 8-8-2009မှာတရက်ကို တစ်ဘူးကျော်ကျော်လောက်သောက်မှ အာသာပြေပါတယ်။
    ဘာနဲ့မှအစားမထိုးဘဲစိတ်ထဲက ပြတ်အောင်ဖြတ်ခဲ့ တာ အခုဆိုရင် ကျနောက်သူများကို မီးညှိပေးရင်တောင်မသောက်ဘဲနေနိုင်ပါတယ်။
    စိတ်နိုင်အောင်ကြုးိစားပါ။
    ကိုယ်တွေ့ပါ။

  • sususan

    August 17, 2010 at 10:50 am

    အသိတစ်ယောက်ဆေးလိပ်ဖြတ်ချင်တာဒါလေးပို့ပေးလိုက်မယ်

  • winne

    August 17, 2010 at 12:22 pm

    ဆေးလိပ်ဆိုတာ အစတည်းက မစခဲ့ရင် အကောင်းဆုံဘဲ အခုခေတ် ကောင်လေး ငယ်ငယ်လေးတွေ လူပျိုတောင် ဖြစ်သေးရဲ့လားမသိဘူး အရွယ်လေးတွေက ငယ်လိုက်တာ လက်ကြားမှာ ဆေးလိပ်က ညှပ်ထားပြီး။ လက်တည့်စမ်းချင်တာနဲ့ အရိုးထဲ စွဲသွားရင်း ဆေးလိပ်ဖိုးတွေ စရိတ်ထောင်းနေတာ။ ဖြတ်ချင်စိတ်ရှိပြီး စိတ်ခိုင်ရင် ပြတ်ပါတယ်။ သေချာတယ်။

  • demigod

    October 10, 2010 at 12:39 pm

    thanks u all………
    coz i do really wanna quit it.but u know,
    it’s still in my fingers….actually i hate its………

  • windtalker

    July 23, 2011 at 12:39 pm

    ကျွန်တော် က စီးကရက် သောက်လေ့ ရှိသူ တစ်ဦးပါ ။ ဆေးလိပ်ဖြတ်ချင်နေပြီ
    အခုလောလောဆယ်တော့ စီးကရက်တော့ လျှော့သောက်ဖြစ်တယ်
    ဘာနဲ ့လျှော့နေသလဲ ဆိုရင် ဆေးပေါ့လိပ်သောက်ရင်း ပေါ့ ဗျာ
    ဆေးပေါ့လိပ် ကျ မီးသေသေ သွားတော့ သိပ်မသောက်ဖြစ်ဘူး လို ့ထင်ရလို ့ပါ

    • zawana

      July 28, 2011 at 3:47 pm

      ဆေးပေါ့လိပ်ကတော့ စီးကရက်ထက် ကျန်းမာရေး ထိခိုက်မှု သက်သာတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် လုံးဝဖြတ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ အမြန်ဆုံးဖြတ်နိုင်ပါစေလို့ အားပေးလိုက်ပါတယ်ခင်ဗျာ။

Leave a Reply