ဒီရက်ပိုင်းတွေမှာ အတွေးစတွေကို လွှတ်ပေးထားမိနေတယ်။

လောကကြီးထဲက အကြောင်းအရာတချို့ကို ကိုယ့်အတွေးနဲ့ကိုယ် အဓိပ္ပာယ်ဖွင့်ကြည့်နေမိရဲ့

ဒီနှစ်ထဲမှာ တချို့အရာတွေကို မြင်တဲ့အမြင်လည်း ပြောင်းသွားတယ်။

အရွယ်ကလည်း လူငယ်မဟုတ် လူလတ်မဟုတ် ဆိုတော့

အတွေးကလည်း  အဲ့လိုပဲ ဟိုမရောက် ဒီမရောက်တွေ ဖြစ်နေသလားတော့ မသိဘူး

အဲ့လို ဟိုတွေး ဒီတွေး တွေးမိထားတဲ့ အတွေးစလေးတွေကို စုပြီး တင်ပေးလိုက်တယ်ဗျာ။

နှစ်ဆယ့်တစ်နှစ်သား ဦးနှောက်နဲ့ဆိုတော့ တချို့အရာတွေက ကလေးဆန်နေမယ်ထင်ရဲ့

ဘာပဲဖြစ်ဖြစ်ပေါ့… ကျနော့်အမြင်တွေ ဖတ်ကြည့်ပြီး အမြင်ချင်း ဖလှယ်ချင်သေးပါရဲ့

 

 

– ငွေ ဆိုတာ…….

သခင်အနေနဲ့ရော ကျွန်အနေနဲ့ပါ တစ်ချိန်တည်းမှာ အသွင်ပြောင်းနိုင်တဲ့အရာ။

 

– မိသားစု ဆိုတာ

“မိဘ” နဲ့ “သားသမီး” တွေ စုစုစည်းစည်း ချစ်ချစ်ခင်ခင် ရှိနေမှ အဓိပ္ပာယ် ပြည့်စုံတာ

 

– ဝါသနာ ဆိုတာ………..

ကိုယ်တိုင်ဖန်တီးထားတဲ့ စိတ်အပန်းဖြေနည်းတစ်မျိုး

 

ယုံကြည်မှု ဆိုတာ…….

အချိန်ပေးပြီး တည်ဆောက်ယူရပေမယ့်
တခဏ အတွင်း ပျက်စီးသွားတတ်တာမျိုး

ဒါ့အပြင်
ပျက်သွားတဲ့ ယုံကြည်မှုကို ပြန်ရဖို့ ကြိုးစားရတာကလည်း ပိုပြီးခက်တတ်တယ်

 

ကတိ ဆိုတာ…….

ပေးတဲ့သူရဲ့ တန်ဖိုးထားမှုပေါ် မူတည်ပြီး တန်ဖိုးပြောင်းသွားတတ်တာမျိုး

 

– အစဉ်အလာ ဆိုတာ…….

အစဉ်အဆက် လက်ဆင့်ကမ်းလာတဲ့အရာ

 

စစ် ဆိုတာ…..

ဘယ်တုန်းကမှ ငြိမ်းချမ်းရေးအတွက် တိုက်ခဲ့တာမဟုတ်

 

– Official ဆိုတာ……

တခါတခါကျ just for show သက်သက်ပဲ ဖြစ်နေတတ်တယ်

 

– သံသယ ဆိုတာ…….

အချိန်မရွေး ထ ပေါက်ကွဲနိုင်တဲ့ စနက်တံပြုတ်ပြီးသား ဗုံးတစ်လုံးပဲ……

 

– ပီတိ ဆိုတာ….

တွေးလေတွေးလေ..ကြည်နူးစေတဲ့အရာ…

 

နောင်တ ဆိုတာ

သိတဲ့အချိန်မှာ ဘယ်လိုမှ ပြန်ပြင်လို့မရတဲ့အရာ..

ဒါကြောင့်
စ ကတည်းက နောင်တမရဖို့ မှားမှား မှန်မှန် အဆုံးထိသာ လုပ်ပေရော့

 

-စွဲလမ်းမှု ဆိုတာ….

ဖြတ်ရတော့ အတော်ခက်သား……

 

 

– သံယောဇဉ် ဆိုတာ…..

အချိန်ကြာလာတာနဲ့အမျှ ပို ပို ခိုင်မြဲလာတတ်တဲ့ အရာ…

 

– အမုန်း ဆိုတာ……

ကျနော့်အမြင်မှာ ဥပေက္ခာ.

 

– အချစ် ဆိုတာ….

ရသ ကိုးပါးစလုံး ရောယှက်နေတဲ့အရာ…….

(အသေးစိတ် ရှင်းချက် ဖတ်ချင်ရင် ဒီမှာသွားဖတ်ပါ)

 

 

– အလွမ်း ဆိုတာ…………

နာမည်လှပေမယ့် ခံရသိပ်ခက်တာ……..

 

စာအုပ်တွေ ဖတ်ရင်း ကြိုက်မိတာလေးတွေ မှတ်ထားလိုက်၊ မှီငြမ်းပြီး ကိုယ်ပိုင်အတွေးအခေါ်အဖြစ် အသက်သွင်းလိုက်နဲ့ ဆိုတော့ တချို့အရာတွေက ကျနော်နှစ်သက်မိတဲ့ စာအုပ်တွေရဲ့ လောင်းရိပ် နည်းနည်းပါမယ်ထင်ရဲ့

ဒါပေမယ့် အားလုံးနီးပါးကို ကိုယ်ပိုင်အမြင်တွေလို့တော့ ပြောနိုင်ပါတယ်

လူတစ်ကိုယ် စိတ်တစ်မျိုး မို့ အမြင်မတူခဲ့ရင်လည်း လွပ်လပ်စွာ ကွဲလွဲကြတာပေါ့ဗျာ…

 

လေးစားစွာဖြင့်

ဦးမာဃ (ခေတ္တ လူ့ပြည်)

About Mr. MarGa

Mr. MarGa has written 85 post in this Website..

နတ်ပြည်သမ္မတ အဂ္ဂမဟာ သရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ နေမျိုးဗလကျော်သူ ဝဏ္ဏကျော်ထင် သီရိပျံချီ အလင်္ကာကျော်စွာ သီဟသူရ အောင်ဆန်းသူရိယ ဦးမာဃ CJ # 9292010