နှစ်ဆယ့်တစ်နှစ်သား အတွေးများ

Mr. MarGaSeptember 11, 20142min43334

ဒီရက်ပိုင်းတွေမှာ အတွေးစတွေကို လွှတ်ပေးထားမိနေတယ်။

လောကကြီးထဲက အကြောင်းအရာတချို့ကို ကိုယ့်အတွေးနဲ့ကိုယ် အဓိပ္ပာယ်ဖွင့်ကြည့်နေမိရဲ့

ဒီနှစ်ထဲမှာ တချို့အရာတွေကို မြင်တဲ့အမြင်လည်း ပြောင်းသွားတယ်။

အရွယ်ကလည်း လူငယ်မဟုတ် လူလတ်မဟုတ် ဆိုတော့

အတွေးကလည်း  အဲ့လိုပဲ ဟိုမရောက် ဒီမရောက်တွေ ဖြစ်နေသလားတော့ မသိဘူး

အဲ့လို ဟိုတွေး ဒီတွေး တွေးမိထားတဲ့ အတွေးစလေးတွေကို စုပြီး တင်ပေးလိုက်တယ်ဗျာ။

နှစ်ဆယ့်တစ်နှစ်သား ဦးနှောက်နဲ့ဆိုတော့ တချို့အရာတွေက ကလေးဆန်နေမယ်ထင်ရဲ့

ဘာပဲဖြစ်ဖြစ်ပေါ့… ကျနော့်အမြင်တွေ ဖတ်ကြည့်ပြီး အမြင်ချင်း ဖလှယ်ချင်သေးပါရဲ့

 

 

– ငွေ ဆိုတာ…….

သခင်အနေနဲ့ရော ကျွန်အနေနဲ့ပါ တစ်ချိန်တည်းမှာ အသွင်ပြောင်းနိုင်တဲ့အရာ။

 

– မိသားစု ဆိုတာ

“မိဘ” နဲ့ “သားသမီး” တွေ စုစုစည်းစည်း ချစ်ချစ်ခင်ခင် ရှိနေမှ အဓိပ္ပာယ် ပြည့်စုံတာ

 

– ဝါသနာ ဆိုတာ………..

ကိုယ်တိုင်ဖန်တီးထားတဲ့ စိတ်အပန်းဖြေနည်းတစ်မျိုး

 

ယုံကြည်မှု ဆိုတာ…….

အချိန်ပေးပြီး တည်ဆောက်ယူရပေမယ့်
တခဏ အတွင်း ပျက်စီးသွားတတ်တာမျိုး

ဒါ့အပြင်
ပျက်သွားတဲ့ ယုံကြည်မှုကို ပြန်ရဖို့ ကြိုးစားရတာကလည်း ပိုပြီးခက်တတ်တယ်

 

ကတိ ဆိုတာ…….

ပေးတဲ့သူရဲ့ တန်ဖိုးထားမှုပေါ် မူတည်ပြီး တန်ဖိုးပြောင်းသွားတတ်တာမျိုး

 

– အစဉ်အလာ ဆိုတာ…….

အစဉ်အဆက် လက်ဆင့်ကမ်းလာတဲ့အရာ

 

စစ် ဆိုတာ…..

ဘယ်တုန်းကမှ ငြိမ်းချမ်းရေးအတွက် တိုက်ခဲ့တာမဟုတ်

 

– Official ဆိုတာ……

တခါတခါကျ just for show သက်သက်ပဲ ဖြစ်နေတတ်တယ်

 

– သံသယ ဆိုတာ…….

အချိန်မရွေး ထ ပေါက်ကွဲနိုင်တဲ့ စနက်တံပြုတ်ပြီးသား ဗုံးတစ်လုံးပဲ……

 

– ပီတိ ဆိုတာ….

တွေးလေတွေးလေ..ကြည်နူးစေတဲ့အရာ…

 

နောင်တ ဆိုတာ

သိတဲ့အချိန်မှာ ဘယ်လိုမှ ပြန်ပြင်လို့မရတဲ့အရာ..

ဒါကြောင့်
စ ကတည်းက နောင်တမရဖို့ မှားမှား မှန်မှန် အဆုံးထိသာ လုပ်ပေရော့

 

-စွဲလမ်းမှု ဆိုတာ….

ဖြတ်ရတော့ အတော်ခက်သား……

 

 

– သံယောဇဉ် ဆိုတာ…..

အချိန်ကြာလာတာနဲ့အမျှ ပို ပို ခိုင်မြဲလာတတ်တဲ့ အရာ…

 

– အမုန်း ဆိုတာ……

ကျနော့်အမြင်မှာ ဥပေက္ခာ.

 

– အချစ် ဆိုတာ….

ရသ ကိုးပါးစလုံး ရောယှက်နေတဲ့အရာ…….

(အသေးစိတ် ရှင်းချက် ဖတ်ချင်ရင် ဒီမှာသွားဖတ်ပါ)

 

 

– အလွမ်း ဆိုတာ…………

နာမည်လှပေမယ့် ခံရသိပ်ခက်တာ……..

 

စာအုပ်တွေ ဖတ်ရင်း ကြိုက်မိတာလေးတွေ မှတ်ထားလိုက်၊ မှီငြမ်းပြီး ကိုယ်ပိုင်အတွေးအခေါ်အဖြစ် အသက်သွင်းလိုက်နဲ့ ဆိုတော့ တချို့အရာတွေက ကျနော်နှစ်သက်မိတဲ့ စာအုပ်တွေရဲ့ လောင်းရိပ် နည်းနည်းပါမယ်ထင်ရဲ့

ဒါပေမယ့် အားလုံးနီးပါးကို ကိုယ်ပိုင်အမြင်တွေလို့တော့ ပြောနိုင်ပါတယ်

လူတစ်ကိုယ် စိတ်တစ်မျိုး မို့ အမြင်မတူခဲ့ရင်လည်း လွပ်လပ်စွာ ကွဲလွဲကြတာပေါ့ဗျာ…

 

လေးစားစွာဖြင့်

ဦးမာဃ (ခေတ္တ လူ့ပြည်)

34 comments

  • ခင် ခ

    September 11, 2014 at 12:36 am

    ဥပက္ခာသည် ဖယ်ခွာခြင်းသဘောဖြစ်ပါသည်။
    တစ်ခုခုကို ဥပက္ခာပြုလိုက်ပြီဆိုရင် ထိုအရာနဲ့ပက်လို့ မိမိစိတ်အစဉ်မှာ ဘာမှမဖြစ်တော့သလို ဖယ်ခွါခဲ့လေပြီ ဒါကြောင့် အမုန်းကို ကျုပ်အမြင်အရ
    ဒေါသနှင့်နာကျဉ်းမှုလွှမ်းနေသော အချစ် စိတ်တစ်ခုပင်ဖြစ်သည်။

    • Mr. MarGa

      September 14, 2014 at 7:48 am

      လေးခ ရေ
      ကျနော် ယူလိုက်တာက ဒီလိုဗျ
      ဒီလောက် ဒေါသတွေ နာကျည်းမှုတွေနဲ့ ပူလောင်နေမယ့် အမုန်းအစား ကိုယ်လည်းမပူလောင်နိုင်မယ့် ဥပေက္ခာနဲ့ ရှုလိုက်တာ ကိုယ့်အတွက်တော့ ပိုသက်သာမယ်လေ
      အမုန်းတရားကို မယူဘဲ ဥပေက္ခာနဲ့ပဲ ယူလိုက်တာပ့

  • alinsett

    September 11, 2014 at 3:41 am

    ၂၁ နှစ်သား ဆိုတာ.. . .
    .
    .
    .
    .

    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    နှစ်ဆယ့်ခွန်ဖြစ်တော့မယ့် ငါ့ထက်စာရင် မင်းက ကလေးပဲ။
    ဒီတော့ ဒီလို ဒဿနတွေနဲ့ လူကြီးယောင် ဆောင်မနေနဲ့တော့နော့

    လာ ငါတို့ အတူကစားလို့ရတဲ့ နည်းတွေနဲ့ ကစားကြမယ်
    မင်းရော ငါရောဟာ အခုမှ ကလေးတွေပဲ ရှိသေးတာ။
    လာ။

    :mrgreen:

    ——–

    ဒါနဲ့ ။ ကျုပ်ဒီပိုစ့်ကို ဖတ်ပြီး အခု ကွန်မန့်ကို ရေးနေချိန်ဟာ စက်တင်ဘာလ ၁၁ ရက် မနက် အစောကြီး မှောင်မည်းမည်း ၃ နာရီ ၃၈ မိနစ် ။

    ဒီပိုစ့်ကို ခင်ညား ဖုန်းနဲ့တင်တာလည်း မဟုတ်ဘူး။
    ရှယ်ဂျူးနဲ့ လွှတ်တာလား။

    မနက်အစောကြီးမှာ 11 ရက် နေ့စွဲနဲ့ ပိုစ့်တက်လာတာ မြင်လို့ အံ့ဩတာပါ။

    ———-
    မေ့တော့မလို့. . .

    :kwi:

    11 ရက် စက်တင်ဘာ

    သဂျားရေ ပျော်ရွှင်စရာ မွေးနေ့တိုင်းကနေ ဖြစ်တည်လာမယ့်နေရက်တွေတိုင်းမှာ
    အေးချမ်းပြည့်စုံနေပါစေလို့. . .

    😆

    ——

    ခင်မင်စွာ. . .

    • Mr. MarGa

      September 14, 2014 at 7:51 am

      ည သန်းခေါင်ကို schedule လုပ်ထားတာဟ
      ကစားဖို့ တွေးမနေနဲ့ တခြားနိုင်ငံတွေက ရွယ်တူတွေကို လှမ်းကြည့်လိုက်ဦး

  • မြစာကလေး (23122011)

    September 11, 2014 at 4:58 am

    ပျော်ရွှင်ဖွယ် မွေးနေ့ပါ ဖိုးသိကြား ရေ။
    စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း နဲ့ လိုအပ်သောဆု မြတ်သောဆု များ ပြည့်ပါစေ။

    အခုမှ ၂၁ တဲ့လား။
    အရီး ၂၁ တုန်းက လည်ရာပြန်စား ဘဲ လုပ်သေးတယ်။
    မင်းကတော့ အတော်လေး ရင့်တဲ့ ကြက် ဖြစ်နေပါပေါ့။

    မွေးနေ့ မှာ အမြင်ဖလှယ် ရင်တော့

    ငွေ ဆိုတာ စိတ်ထားတတ်ရင် သခင်လဲ မဟုတ် ကျွန်လဲ မဟုတ် မိတ်ဆွေပါကွဲ့။

    ဝါသနာ ဆိုတာ ကိုယ့်အားသာချက် တစ်ခုဘဲ။ မြင်အောင်ကြည့်ပြီး အဲဒါကို အောင်မြင်အောင်လုပ်သင့်သလား။

    ယုံကြည်မှု မရှိဘဲ ဘာကိုမှ မြဲအောင်ဆောက်မရတာမို့ နှစ်ဖက် က မပျက်အောင်ထိန်း ဖို့ မပြတ်သတိ ရှိနေသင့်တယ်။

    စစ် ဆိုတာ တစ်ခါတစ်ခါ မတရားမှု အတွက် တိုက်နေတဲ့ မတရားမှု တစ်ခုဘဲလား။

    သံသယ ဆိုတာ ယုံကြည်မှု တံတိုင်းပြိုချိန် ပေါ်လာတာဘဲ။

    စွဲလမ်းမှု ဆိုတာ ကိုယ့်ဒုက္ခ ကို ကိုယ်ဖန်တီးခြင်းပါ။

    အလွမ်း ကတော့ စိတ်အရသာခံဖို့ ကိုယ့်ဟာကိုယ် နှိပ်စက်ပေးရတာ။

    ဟိဟိ

    ပုံ
    ရွာ့ ပြင်ညာသျှင် ကဝိ
    ချစ်သော အရီး
    မြစပဲရိုး

    BTW – မင်းက 9/11 ကိုး 🙂

    • Mr. MarGa

      September 14, 2014 at 8:07 am

      အရီးးးး
      ရင့်တဲ့ ကြက် ဆို နူးအောင် အတော်လုပ်ယူရမယ်ထင့်
      အရီး အမြင်တွေထဲက ငွေကိုတော့ ကျနော် မိတ်ဆွေလို့ မမြင်မိသေးတာ အမှန်ပဲ
      အလွမ်းကတော့ မနေ့ညကတင် လောလောလတ်လတ် နှိပ်စက်ပေးထားတယ်
      ကျနော့်မွေးနေ့ကိုမေးတိုင်း 9/11 လို့ပဲဖြေတာဗျ 🙂

  • ဇီဇီ ခင်ဇော် (15102012)

    September 11, 2014 at 5:18 am

    Firstly…..
    Happy birthday to you..!
    :chit:

  • Crystalline

    September 11, 2014 at 6:38 am

    Happy Birthday Pho Tha gyar Lay.. :))
    ဖိုးသကြားက အရွယ်​နဲ့မလိုက်​​အောင်​ အရိုးရင်​့​နေ…
    အဲ့… ရင်​့ကျက်​သူပါ… :)) ​နောက်​အနည်​းဆုံး ၁ဝနှစ်​​လောက်​မှ လက်​ဖွဲ့​ပေးချင်​ပါတယ်​လို့
    ခုကစစု​နေပြီ ​နောက်​ကျ​လေ ​ကောင်​း​ကောင်​းရ​လေ​နော်​ :mrgreenn:

    • Mr. MarGa

      September 14, 2014 at 8:31 am

      တီခွစ်
      အဲလိုမျိုးဆို အသက်လေးဆယ်လောက်မှယူရင် လက်ဖွဲ့ အကြီးကြီး ရမှာပေါ့ :mrgreen:

  • Lucifer

    September 11, 2014 at 8:48 am

    အသက်မကြီးပေမဲ့ အချိန်စီးတဲ့ သကြားရေ Happy Birthday ပါကွယ်

    • Mr. MarGa

      September 14, 2014 at 8:43 am

      အချိန်မစီးသေးဘူးဗျ
      လူက ပိန်ပိန်လေးရယ် :mrgreen:
      ကွန်မန့်အတွက် ကျေးကျေးပါဗျို့

  • manawphyulay

    September 11, 2014 at 9:15 am

    ဘာ….! နှစ်ဆယ့်တစ်နှစ် ဟုတ်လား….
    မဖြစ်နိုင်…. ဟဲဟဲ နောက်တာ
    မွေးနေ့မှာ ဘာကျွေးမှာလဲ ပြော…
    ဒါဗြဲ..

    • Mr. MarGa

      September 14, 2014 at 8:55 am

      မဖြစ်နိုင် ဆိုတော့ ငယ်တယ်ထင်တာလား ကြီးတယ်ထင်တာလား ဟင် :a:

  • Nyo Win

    September 11, 2014 at 9:48 am

    အသက်ငယ်ပေမယ့် ကြီးကြီးတွေးတတ်တဲ့သကြားလေး….
    Happy Birthday ပါ….

    • Mr. MarGa

      September 14, 2014 at 9:12 am

      ကျေးကျေးပါ ကိုရီးညို 🙂

  • pooch

    September 11, 2014 at 9:50 am

    Reflections on the year that past,

    Anticipation for the year that lies ahead,

    Kind, caring, creative, positive and achieving.

    Tomorrow awaits –

    Seize every moment – live every day.

    Happy Birthday!!!!

  • ခင် ခ

    September 11, 2014 at 9:55 am

    Happy Birthday ပါ ဖိုးသိကြားရေ။
    နတ်သမီးလေးတွေ တစ်ဖက်လေးငါးရာထဲက တကယ့်လက်တွဲဖော်တစ်ယောက်နဲ့တော့ စွံပါစေလို့။

    • Mr. MarGa

      September 14, 2014 at 9:19 am

      ပေးတဲ့ဆုကို နှစ်ဆ သုံးဆ မြှောက်ပြီး ပြည့်ပါရစေ လေးခ ရေ :mrgreenn:

  • sorrow

    September 11, 2014 at 10:09 am

    နှစ်ဆယ့်တစ်ဆိုတော့ ကိုကြီးပေါ့ဗျာ ..ကိုကြီးတဂျား…ဟတ်ပီးဘတ်ဒေးပါခင်ည..

    • Mr. MarGa

      September 14, 2014 at 9:21 am

      အမ်
      ဒီ ကချင်နုထွားဂျီးကတော့ လုပ်ပီ :a:

  • kyeemite

    September 11, 2014 at 1:34 pm

    .အတိုဂျီး တဂျား…မင်ဂါပါ
    .ဘဲဒီးဘဲဒီးဟက်ပီးဘတ်ဒေးပါ တိုရီးတဂျား :s:

    • Mr. MarGa

      September 14, 2014 at 9:42 am

      ကျေးဇူးး အကြီးကြီး တင်ဘာဒယ် ကိုရီးမိုက် 🙂

  • nicolus agral

    September 11, 2014 at 2:20 pm

    တဂျား နတ်သက် ၂၁ ဆိုတော့ လူပြီမှာဘယ်လောက်တုံး
    ကျားဘူးတာတော့ လုပြီမှာ နှစ် ၁၀ဝ က တာဝတိ ံသာမှာ ၁ရက်ဆိုလားပဲ
    တာဝတိ ံသာမှာ ၁ နှစ်ကို ဘနရက် ရှိတုံး ရက်ထပ်နှစ်ရောရှိလား
    နတ်သမီးတဖက် ၅၀ဝ များပါတယ်အေ လူမလေး တဖက် ၅ ယောက်လောက်ဆိုမဆိုး
    မဂိုရ်မလေး ၁ ၊ မွန်မလေး ၁ ၊ ဗမာမလေး ၁ ၊ ကရင်မလေး ၁ ရှမ်းတရုတ်မလေး ၁ (Made In China ကကောင်းဘူး ဖက်စပ်လေးဆိုရင်တော့မဆိုးဘူးလားလို့)

    • Mr. MarGa

      September 14, 2014 at 9:51 am

      မိတ်အင်ချိုင်းနား မကောင်းဘူး မလုပ်နဲ့ဗျ
      ပန်းသီး တောင် မိတ်အင်ချိုင်းနား နေရတာကို 🙂

  • မွသဲ ( 17082011 )

    September 11, 2014 at 3:12 pm

    ၂၁ နှစ်တဲ့လား။ ဒီအရွယ်လေးရဲ့ဒီလောက်လေးနက်မှု့တွေကိုအံ့ဩချီးမွမ်ူမိပါတယ်။ ဒီနိုင်ငံမှာ ဒီလိုအတွေးအခေါ်မြင့်မားတဲ့ လူငယ်လေးတွေအများကြီးရှိခဲ့မယ်ဆိုရင်တိုင်းပြည်အနာဂတ်ပူစရာမရှိတော့ပါဘူး။ ဂုဏ်ယူလေးစာမိပါတယ် သကြားလေးရေ။ ၂၁ နှစ်မြောက်မွေးနေ့မှသည် နောင်အနာဂတ်မှာ တိုင်းပြည်ရဲ့သားကောင်းရတနာဖြစ်နိုင်ပါစေလို့။

    • ဇီဇီ ခင်ဇော် (15102012)

      September 11, 2014 at 3:32 pm

      အဲဒီ လို ကလေးမျိုးတွေ ပြောင်ပြောင် တို့ ကို မထောက်ခံဖို့ပဲ လိုအပ်တာ

      :k:

      • မွသဲ ( 17082011 )

        September 12, 2014 at 8:29 pm

        အာ့ဒေါ့ဟုတ်တယ် ထောက်ခံလို့ကတော့ ဖြတ်ပလိုက်မယ် အမွေပေါဒါ :mrgreen:

    • Mr. MarGa

      September 14, 2014 at 9:57 am

      တီသဲရေ
      တိုင်းပြည်ရဲ့သားကောင်းဖြစ်ဖို့ စစ်ထဲဝင်လိုက်ရင်ကောင်းမလား :mrgreenn:
      ဟီးးးးး နောက်တာ

  • မွေးနေ့ ဆို တာ နောက်ကျ မှ သိရ

    သိပြန်တော့အင်တာနက်လိုင်းက မတက်

    တက်ပြန်တော့ မဖတ်အား

    အခု ဘဲ ဖတ်ရင်းနဲ့ မွေးနေ့ ဆု တောင်း ပေးလိုက်ပါမယ်

    ဘဝ ကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေ

    မွေးနေ့ပေါင်းများစွာကြုံပါစေ

    စကားလက်ဆောင်ပေးလိုက်ပါအုံးမယ်။

    မြန်မာပြည်မှာ အတွေးအခေါ်ပါတဲ့ စာတမ်းတွေကို အိမ်နံရံ ရုံးနံရံ ကျောင်းနံရံမှာ ချိတ်ထားတတ်ကြပါတယ်။

    ဒါပေမယ့်လက်တွေ့ မကျင့်သုံးကြ။

    အဲ တော့ အတွေးအခေါ် တစ်ခု ကို နှစ် သက်ရင် ရင်ထဲမှာသိမ်းထားပြိး ဦးနှောက်ကအသုံးချစေချင်ပါတယ်။

    • Mr. MarGa

      September 14, 2014 at 12:42 pm

      လေးပေါက်ရေ
      အခုထိတော့ ကိုယ်တိုင် ချထားတဲ့ ယုံကြည်ထားတဲ့ မူတွေနဲ့ပဲ နေနေပါသေးတယ်
      ဒါတောင် ဒီ ဘောင်ထဲကနေ တစ်ခါတစ်ခါ လွတ်ချင်ချင် ရယ်

  • သုဘရာဇာ သံချောင်း

    September 12, 2014 at 8:38 pm

    ကျုပ်က အုန်းနှောက်သေးတယ်
    လိုက်မမှီဘူးဗျာ

    ကျုပ်ရဲ့ ဒဿနကတော့

    “”” လူသေဆိုတာ ဘော်ဒါလဲဖြစ်သလို ထမင်းရှင်လဲဖြစ်တယ် ဒါကြောင့်
    လူသေကို ရိုရိုသေသေ ကိုင်တွယ်ရမယ် “””
    ဒါဘဲ

    • Mr. MarGa

      September 14, 2014 at 12:43 pm

      သုဘရာဇာကြီးးး
      သုဿာန်က မြေဈေးလေးတွေ စိတ်ဝင်စားနေတယ်ဗျို့

Leave a Reply