​အ​ရောင်​မွဲလာတဲ့ မှန်ှမှာ

ko sixSeptember 5, 20141min825

ရာသီဥတုက စိတ်​မချရဘူး
ဧရာဝတီက မ​ရေရာဘူး
အ​မေ့မျက်​ရည်​မှာ
​တောထဲ​ပျော်​​နေတဲ့ ​ခွေးဆိုးကို
မျှား​နေတာလား။
မှင်​နဲ့​ရေးတဲ့အမှားက
ခဲပျက်​ကို ပျက်​ရယ်​ပြုလို့
လူက​
​နေရာ​ရွေ့ခဲ့တာကြာပြီ
ဒဏ်​ရာ ဒဏ်​ချက်​​တွေက
​ကျောက်​ချမြဲ ​ကျောက်​ချတုန်​း။
​ဂေါ်ကီရဲ့​အ​မေ့ကို စာ​ရေးပို့ချင်​တယ်​
ကျ​နော်​့အ​မေက
ဓားမသုံးတတ်​ဘူးလို့။​​
ကိုစစ်​​

5 comments

  • ခင် ခ

    September 5, 2014 at 10:24 pm

    အမေဓားမသုံးပေမယ့်
    အားပါးတရဖြစ်ချင်လှဘို့
    အားတော့သုံးပါအမေရယ်

  • မြစာကလေး (23122011)

    September 6, 2014 at 4:57 am

    ဓားမသုံး တဲ့ အမေ့ အတွက် သားတွေ က “အား” ဖြစ်အောင်လုပ်ပေးကြပါ။
    ဒီကဗျာ လေး ကို ကြိုက်တယ် ကိုစစ်။
    မင်းနာမည် ကို မြန်မာလို ပြန်ခေါ်ကြည့်တာ မဟန်ပါလား။ :-)))

  • kyeemite

    September 6, 2014 at 8:38 am

    .ကိုဆစ်ရဲ့ကဗျာလေးကိုကြိုက်သဗျာ

  • alinsett

    September 6, 2014 at 5:17 pm

    ဓါးကိုင်မယ့် ဖေဖေတွေအတွက်…
    မေမေတွေက…ဓါးသွေးမယ့် အစွမ်းတော့…မွေးယူပါ

  • ko six

    September 6, 2014 at 10:20 pm

    နာမည်​က
    ကျ​နော်​့မှာ အစ်​ကို ​ခြောက်​​ယောက်​ရှိတာကို မှည်​့ထားတာပါ ြြမြစာက​လေး ခင်​ဗျာ​

Leave a Reply