” မွမွသဲ နှင့် ရန်ကုန် Traffic “

 

ဘာရယ် မဟုတ်ပါဘူး ။

ရန်ကုန် ရဲ့ ရှယ် Connection ကို စိတ်ကုန်လို့ ၊ Post အသစ်မတင်ဘဲနေနေတာ ။

ဟို တစ်နေ့က ချစ်ရပါသော ရွာသူ မွသဲ သူ့ Face Book မှာတင်ထားတာလေး တွေ့လို့ ။

 

ဟဲ ဟဲ ၊ ဘယ် မွသဲ ရမှာလဲ ၊ အရမ်းခင်စရာ ကောင်းတဲ့ ၊ ပျော်တတ်တဲ့ ၊

တစ်တီတူး ငှက်များ အိပ်နေတုန်း မိုးပြိုမှာစိုးလို့ ၊ မိုးပေါ် ခြေထောက်ထောင်ပြီး အိပ်သလို ၊

ဒို့ မွမွသဲ ကတော့ တစ်မျိုး ( မိုးရော မြေ ပါ ပြိုမှာစိုးလို့ထင်ပါ့ ) ၊

အိပ်နေရင်းကနေ ၊ ရန်ကုန်မှာ မိုးကြီးကြီးရွာတိုင်း ၊ အိပ်ရာက ပြေးပြေးထပြီး ၊

တိုက်အောက်ပြေးဆင်း ၊ မြေကြီး ပြေးပြေးစမ်းတယ် ဆိုဘဲ ။

( မွသဲ နောက်တာနော် ၊ စိတ်မဆိုးပါနှင့် ဓါတ်ပုံလေးလဲ ယူသုံးပါရစေ )

 

အ ဟိ တကယ်က ၊ မိုးကြီးရင် တိုက်အောက်က ကား ရေနစ်မှာစိုးလို့ ၊

ကားကို ၊ မြေ နဲနဲ မြင့်တဲ့ ၊ လမ်းမကြီးပေါ်ပြေးပြေးရွှေ့နေရရှာတာပါ ။

အဲဒီလို ၊ ရေနစ်မှာစိုးလို့ လမ်းမကြီးပေါ်ပြေးရွှေ့လိုက်တဲ့ ကားကိုလဲ ၊

မရပ်ရလမ်းမို့လို့တဲ့ ၊ စည်ပင်က ကရိန်းကား နှင့် လာလာ ဆွဲသိမ်းပြန်သေး ဆိုဘဲ ။

အဲဒီ အခါကျတော့လဲ ၊ အခုနလေးတင် အပြင်ထုတ်ထားမိတဲ့ကားကို ၊

ဝင်းထဲကို ကမန်းကတန်း ပြန်ဆွဲသွင်းကြအုန်းပေါ့လေ ။

( ဒီလို ဖြစ်နေပုံနှင့်တော့ ၊ တော်ယုံလူ နှလုံးရောဂါ ရလောက်တယ် )

 

ဟီ ဟိ ၊ ငါတို့ တိုင်းပြည်ကြီးမှာ ဖြစ်နေတာတွေကလည်း ၊

တကယ့် ဟာသ ပြဇတ်ကြီးကို ကြည့်နေရလိုဘဲ ။

( စကားမစပ် မွသဲတော့ မိုးတွင်းကို သိပ်မုန်းမှာဘဲနော် )

 

ကဲပါ ၊ ဒါနှင့်ဘဲ လိုရင်း ဘယ်ရောက်သွားပါလိမ့် ။

အဲ ၊ ချစ်ရပါသော ရွာသူ မွသဲ က ” အိုက်လိုပိတ်နေဒါ တနေကုန် ” ဆိုပြီး ၊

သူ့တိုက်မြင့်ကြီးပေါ်ကနေ ရန်ကုန်မြို့ရဲ့ ကားလမ်းပိတ်နေတာကို ရိုက်ပြထားတာပါ ။

” အခါတိုင်း မိနစ်နှစ်ဆယ် လမ်း ခုတနာရီ ကြာတယ် ” လို့ပါ ပြောလိုက်သေး ။

 

1 အိုက်လိုပိတ်နေဒါ တနေကုန် ( Credit to မွသဲ )

1 အိုက်လိုပိတ်နေဒါ တနေကုန် ( Credit to မွသဲ )

 

အဲဒီလို မွသဲ ရဲ့ အမြင့်ကနေ ကားလမ်းကို ရိုက်ထားတဲ့ ဓါတ်ပုံလေးကို ကြည့်ရင်း ၊

ကိုယ့်ရဲ့ အမြင့်ကနေ ရိုက်ထားတဲ့ နိုင်ငံတကာ ဓါတ်ပုံလေးတွေနှင့်ပါ ယှဉ်ကြည့်နေမိပါတယ် ။

 

ဒါက ၀၇-၀၅-၂၀၁၀ တုန်းက Sydney Tower ပေါ်ကနေ ရိုက်ထားတာ ။

ကားလမ်း ၂ လမ်း တွေ့နိုင်တယ် ။ ကား မရှုပ်ဖူး ရယ် ။

 

2 ၀၇-၀၅-၂၀၁၀ တုန်းက Sydney Tower ပေါ်ကနေ ရိုက်ထားတာ

2 ၀၇-၀၅-၂၀၁၀ တုန်းက Sydney Tower ပေါ်ကနေ ရိုက်ထားတာ

 

ဒါက ၁၉-၀၁-၂၀၁၁ တုန်းက Singapore Flyer ပေါ်ကနေ ရိုက်ထားတာ ။

စင်္ကာပူ မြို့လယ်လို့ ပြောလို့ရမယ် ။ အဟင့် ၊ ကား မရှုပ်ဖူးနော် ။

 

3 ၁၉-၀၁-၂၀၁၁ တုန်းက Singapore Flyer ပေါ်ကနေ ရိုက်ထားတာ

3 ၁၉-၀၁-၂၀၁၁ တုန်းက Singapore Flyer ပေါ်ကနေ ရိုက်ထားတာ

 

ဒါက ၁၃-၀၉-၂၀၁၂ တုန်းက London Eye ပေါ်ကနေ ရိုက်ထားတာ ။

တကယ့် လန်ဒန် မြို့လယ် ။ တွေ့လား တံတားပေါ်မှာ ၊ ကားတွေ မရှုပ်ဖူးနော် ။

 

4 ၁၃-၀၉-၂၀၁၂ တုန်းက London Eye ပေါ်ကနေ ရိုက်ထားတာ

4 ၁၃-၀၉-၂၀၁၂ တုန်းက London Eye ပေါ်ကနေ ရိုက်ထားတာ

 

ဒါက ၁၆-၀၉-၂၀၁၂ တုန်းက Eiffel Tower ပေါ်ကနေ ရိုက်ထားတာ ။

တကယ့် ပဲရစ် မြို့လယ်ကောင်ပေါ့ ။ သူလဲ ရှုပ်ဖူးနော် ၊ တွေ့လား ။

 

5 ၁၆-၀၉-၂၀၁၂ တုန်းက Eiffel Tower ပေါ်ကနေ ရိုက်ထားတာ

5 ၁၆-၀၉-၂၀၁၂ တုန်းက Eiffel Tower ပေါ်ကနေ ရိုက်ထားတာ

 

ဒါကတော့ ၃၀-၀၉-၂၀၁၂ တုန်းက အီတလီ နိုင်ငံ Rome မြို့လယ်ကောင် ။

Spanish Steps နားပေါ့ ။ တစ်လမ်းမေါင်းလမ်းလေးပေါ့ ၊ ရှုပ်ဖူး ။

 

6 ၃၀-၀၉-၂၀၁၂ တုန်းက အီတလီ နိုင်ငံ Rome မြို့လယ်ကောင်

6 ၃၀-၀၉-၂၀၁၂ တုန်းက အီတလီ နိုင်ငံ Rome မြို့လယ်ကောင်

 

ဒါက ၀၅-၀၅-၂၀၁၄ တုန်းက Empire State Building ပေါ်ကနေ ရိုက်ထားတာ ။

နယူးရောက် မြို့လယ်ကောင်ပေါ့ ။ ညာဖက် အပေါ်လေးမှာ Liberty Statue ရယ် ။

ကားလမ်း ၃ လမ်း တွေ့နိုင်တယ် ။ ကား ရှုပ်ပုံ မပေါ်ပါဖူးကွယ် ။

 

7 ၀၅-၀၅-၂၀၁၄ တုန်းက Empire State Building ပေါ်ကနေ ရိုက်ထားတာ ။နယူးရောက် မြို့လယ်ကောင်ပေါ့

7 ၀၅-၀၅-၂၀၁၄ တုန်းက Empire State Building ပေါ်ကနေ ရိုက်ထားတာ ။နယူးရောက် မြို့လယ်ကောင်ပေါ့

 

ဒါက ၀၈-၀၅-၂၀၁၄ တုန်းက ကမ္ဘာကျော် Viagra Fall ကို ( ဟီ ဟိ Typing Error ) ၊

ကနေဒါနိုင်ငံဘက်ခြမ်း Skylon Tower ပေါ်ကနေ ရိုက်ထားတာ ။

တကယ့် Tourist Attraction ပေါ့ ။ ကားက မရှုပ်တာမဟုတ်ဘူး ၊ ရှင်းကိုနေတာ ။

 

8 ၀၈-၀၅-၂၀၁၄ တုန်းက ကမ္ဘာကျော် Viagra Fall

8 ၀၈-၀၅-၂၀၁၄ တုန်းက ကမ္ဘာကျော် Viagra Fall

 

ဒါက ၀၈-၀၅-၂၀၁၄ တုန်းက ကနေဒါနိုင်ငံ Toronto မြို့ ကို ၊

Canada News (CN) Tower ပေါ်ကနေ ရိုက်ထားတာ ။

သူလည်း ကားမရှုပ်ပါဘူးကွယ် ။

 

9 ၀၈-၀၅-၂၀၁၄ တုန်းက ကနေဒါနိုင်ငံ Toronto မြို့

9 ၀၈-၀၅-၂၀၁၄ တုန်းက ကနေဒါနိုင်ငံ Toronto မြို့

 

ဒါက ၁၂-၀၅-၂၀၁၄ တုန်းက Las Vegas မြို့ ရဲ့ အဓိက Las Vegas Boulevard လမ်းမကြီးကို ၊

Las Vegas မြို့မှာ အမြင့်ဆုံး Stratosphere Tower ပေါ်ကနေ ရိုက်ထားတာ ။

သူလည်း ကားသိပ်မရှုပ်လှပါဘူးကွယ် ။

 

10  ၁၂-၀၅-၂၀၁၄ တုန်းက Las Vegas မြို့ ရဲ့ အဓိက Las Vegas Boulevard လမ်းမကြီး

10 ၁၂-၀၅-၂၀၁၄ တုန်းက Las Vegas မြို့ ရဲ့ အဓိက Las Vegas Boulevard လမ်းမကြီး

 

ဒါကတော့ ၁၄-၀၅-၂၀၁၄ တုန်းက San Francisco မြို့ ၊

မြို့တော် ခန်းမ ရှေ့ကလမ်းပေါ်မှာ ရိုက်ထားတာ ။

ညာဖက်အစွန်က အဆောက်အဦးကြီးက San Francisco မြို့တော် ခန်းမ ပေါ့ ။

ကားလမ်းပေါ်မှာ နေ့ခင်းကြောင်တောင် သရဲခြောက်မှာတောင် စိုးရတယ် ။ ။

 

11 ၁၄-၀၅-၂၀၁၄ တုန်းက San Francisco မြို့ ၊ မြို့တော် ခန်းမ ရှေ့ကလမ်းပေါ်မှာ ရိုက်ထားတာ

11 ၁၄-၀၅-၂၀၁၄ တုန်းက San Francisco မြို့ ၊ မြို့တော် ခန်းမ ရှေ့ကလမ်းပေါ်မှာ ရိုက်ထားတာ

 

ဓါတ်ပုံတွေ ကိုယ်နှိုက်က စကားပြောနေပါတယ်ကွယ် ။

အဘ ဘာမှ ထပ်ပြောဖို့တောင် သိပ် မလိုတော့ပါဘူး ။

 

အဘ ရဲ့ အတွေ့အကြုံ အရတော့ ၊

ရန်ကုန်မြို့ဟာ ကမ္ဘာ့ ကား အပိတ်ဆုံး ထိပ်တန်း မြို့တွေထဲ ပါနေလောက်ပါပြီ ။

( ကိုယ်တိုင် လက်တွေ့ နေ့တဓူဝ ခံနေရလို့လဲ ၊ ပိုခံစားမိနေသလား မပြောတတ် )

 

အ ဟင့် ၊ မြေအောက် ရထားလမ်း ၊ မိုးပျံ ရထားလမ်း တွေ ၊

မဖေါက်နိုင်လောက်အောင် ၊ ဆင်းရဲရှာတဲ့ ရန်ကုန် အစိုးရ ကိုလည်း ဘာမှ မပြောရက်ပါကွယ် ။

 

အင်းးးးးး ၊ အပြစ်တင်ချင်း တင်ရင် ၊ အမိမြေကို သံယောဇဉ် မပြတ်နိုင်ရှာတဲ့ ၊

အမိမြေကို မကြာခဏ ပြန်လာ ဒုက္ခ ခံနေမိတဲ့ ၊ ကိုယ့်ဖာသာကိုယ်ဘဲ အပြစ်တင်ချင်ပါတော့တယ် ။

 

( ဒါပေမယ့် အစိုးရမှာ ၊ မဖြစ်ဖြစ်အောင် လုပ်ချင်တဲ့ စေတနာ ရှိရင်တော့ ရလောက်ပါတယ် ။

အခု ရန်ကုန် ရဲ့ ဒိတ်ဒိတ်ကြဲ မြေဈေးနှင့်ဆိုရင် ၊ ရန်ကုန်မြို့ထဲက ၊

အစိုးရပိုင် အချက်အခြာကျတဲ့ မြေကွက် ၁၀ ကွက်လောက် ရောင်းထုတ်လိုက်ရင်ကို ၊

တစ်နေ့ကို နှစ်နာရီလောက် သွားလာရေး ဒုက္ခရောက်နေရရှာတဲ့ ပြည်သူတွေအတွက် ၊

မြေအောက် ဒါမှမဟုတ် မိုးပျံ ရထား စံနစ်တစ်ခုလောက် ရလောက်ပါတယ် ။

စေတနာများ ရှိနေမယ် ဆိုရင် ၊ ပြောပါတယ်လေ )

 

မနေ့ ညနေက သင်္ဘော ကိုယ်စားလှယ် လုပ်နေတဲ့ ၊

သူငယ်ချင်း ကပ္ပတိန် တစ်ယောက်နှင့် တွေ့တော့ ၊

ပြောမိတဲ့စကားလေးကိုဘဲ သတိရနေမိတော့တယ် ။

 

” သူငယ်ချင်း တဲ့ ၊

ငရဲပြည် ဆိုတာ ၊ သေပြီးမှသာ ခံရတယ်လို့ မင်းထင်နေလား တဲ့ ။

ငရဲပြည် ဆိုတာ ၊ မြေအောက်မှာဘဲ ရှိတယ်လို့ မင်းထင်နေလား တဲ့ ။ “

အ ဟင့် ၊ အ ဟင့် ၊ ငိုပျဇေ ။

 

အင်းးးးး ၊ အကောင်းဘက်က လှည့်တွေးကြည့်ရင်တော့လည်း ၊

ဒုက္ခ သစ္စာ ကို ၊ နေ့တဓူဝ ၊ ကွက်ကွက် ကွင်းကွင်း ပြပေးနေတဲ့ တိုင်းပြည်ဆိုတော့လဲ ၊

ပြည်သူတွေ အကျွတ် တရားရဖို့ ၊ တရားမြင်ဖို့ ပိုနီးတာပေါ့လေ ။

အင်းးးး ၊ သာဓု ပါဗျာ ၊ သာဓု ပါ ။

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

Foreign Resident

About Foreign Resident

Foreign Resident has written 202 post in this Website..

စားဝတ်နေရေးအတွက် သင်္ဘောလိုက်နေရင်း ၊ ကံဇတ်ဆရာရဲ့အလိုကျ ကျွန်းကြီးတစ်ကျွန်း ပေါ်မှာ သောင်တင်နေမိပြီး ၊ အမိမြေကို လွမ်းဆွတ်နေရသူပါ ။