Silence ဂေဇက်

နောင် ရိုးSeptember 6, 20141min33537

ဟေ……..ဘာတုန်း…

ငြိမ်လှချည်လား ဂဇက်ကြီးက…..

တင်တဲ့ပိုစ့်တွေလဲ ပါးရှား…။ ခုတလော ရွာကိုလာသူဆိုလို့ ပုံမှန်တင်နေတာ ကိုပေါက်နဲ့ ကိုခင်ခ လောက်ပဲ…ကော်မန့်တွေတောင်…လူဟောင်းတွေ သိပ်မမြင်ဘူးရယ်..

ဟေ…………

တခြား ရွာသားတွေ ဘယ်တွေ ပျောက်ချက်သား ကောင်းနေတာလဲ….

ခင်ဗျားတို့ …. အဲ့ဒါပဲ…

ပြောလိုက်ရင် ရွာကို ဂျစ်ဒယ်…ဂျစ်တယ်နဲ့…

ပေါ်လိုက်….တစ်လလောက် ပျောက်ချက်သားကောင်းသွားလိုက်နဲ့….

တင်ကြလေ…

ကျော် သိထားသလောက် အရည်ညှစ်ပြမယ်….

သဂျီး…

သဂျီးက…အီးလိုတွေပဲ တင်တယ်…။ လုပ်ပါဦးဗျ…။ မြန်မာလို ပညာရမှာ ဘာညာလေး….

ဒေါ်ဇီဇီ…

ခင်ညားဟာ….၅ မှာ တစ် သွားပလား…။ ကျော့်နာမည်မပါရင်….လာအော်မယ် ပြောထားတယ်နော်….။ ဒီစကား ခဏခဏပြောရလို့ ညက်နှာလဲ ပြောင်လှဘီ…။ မဟုတ်မှလွဲရော….ကျနော့်ကို မုန့်ကျွေးချင်လို့ လာအအော် ခင်ညားစောင့်နေတာများလား…ခုခိ…ခုခိ

:k:

အရီး…

အရီးရေးသမျှ  ကော်မန့်တွေတိုင်း…ပိုစ့်ကို သေချာဖတ်ပြီး သေချာမန့်တာ သိသာတယ်…။ ကော်မန့်တွေကို Selection ထုတ်ပြီး ပိုစ့်အဖြစ်တင်ရင်တောင်….ပညာရနိုင်သားနဲ့…။ အရီး ရသ စာတွေလဲ ကောင်းမှန်းသိတယ်နော…

တင်ကြလေဗျာ…

ကိုဆောရိုး…

ခင်ညား…ကျောင်းသားဘွက ငါးရံ့ခေါင်းတိုနဲ့ ပေါက်သင်ညိုမှာပဲပြီးပလား….။ ရှိသေးမှန်းသိတယ်ဗျ….။ လုပ်ပါဦး…

ကိုမာဃ…..

တင်လေဗျာ….

ကိုယ်တွေ့မဟုတ်တဲ့…အချစ်အကြောင်းတွေ…လုပ်ပါဦး..

ဟိုအလက်ဆင်းလေး…တင်ပါတော့လား…

အိမ်မှာ စာအုပ်အဟောင်းတွေ ပြန်ခါလေ….။ ငယ်ငယ်က ပိုက်ဆံတွေ ညှပ်ထားသလို…စာတိုပေစလေးများ ထွက်ကျလာရင်လဲ တင်ပါဦးဟ…။ မောင်ရင့် ကဗျာလေးကို ဘယ်ဘက်ရင်ကို အတော်ထိ လို့ပါ…။

မွန်းပိုအမ်….

ညည်းရဲ့ …. မိုးရာသီ…ချော်လဲဒူးပြဲဇာတ်လမ်းတွေ မလာတော့ဘူးလား… ဟေ…

ဟို အူးဘလက်တို့ အူးကြီးမိုက်တို့….မမြင်မိဘူးဗျာ…..

ပညာရမယ့်…တစ်ခုခုရင်ထဲကျန်မယ့်ဟာလေးတွေ…လုပ်ပါဦးဗျ….

မြန်မာပြည် ကွန်နက်ရှင်ကို ရွာသားတွေစည်းလုံးမှုနဲ့ လုံချည်ခါးတောင်းကျိုက်ပြီး ရင်ဆိုင်ကြမယ်….

အဲ့ဒါပဲ…

လိုက်လိုက် ပြောနေရတယ်…..

ခင်ညားတို့တွေဆီမှာ….ဥ….ထားတာတွေ ထုတ်ကြထုတ်ကြ….

ဂေဇက်ကလဲ….အေးစက်နေလိုက်တာ….ဟွင်းးးးးးးးးး

မိုးအေးအေးနဲ့ ကွန်ပြူတာရှေ့မရောက်ဘဲ အိမ်ထဲ ဘီယာတွေ၊ ကော်ဖီတွေ၊ စာအုပ်တွေနဲ့ ကွေးနေကြတယ်….။

ကျော်….မသိဘူး မှတ်နေလား…

သိပ်မပြောချင်ဘူး….

:

:

:

:

(ဘာမှမဟုတ်ဘူး…ပြောကျိတာ…။)

(ရရင်လဲရ…မရရင်လဲ…ဆဲဂျ၊ ဆဲဂျ)

 

နောင်ရိုး

(6.9.2014)

 

 

37 comments

  • Ko chogyi

    September 6, 2014 at 6:09 pm

    သူများအပြောမခံနဲ့နော် ရေးလိုက် ရေးလိုက်

  • နောင် ရိုး

    September 6, 2014 at 6:15 pm

    ဟုတ်တယ်….
    ကိုချိုကြီးလဲ….
    ရေးပလိုက်….ရေးပလိုက်….
    :mrgreen:

  • မြစာကလေး (23122011)

    September 6, 2014 at 6:15 pm

    အလိုလေး
    ထိပ်ကို ကိုနဂါးကြီး ဦးသွားပြီ။ :-))

    မောင်နောင်ရိုး
    ဟိုကလေးမ နဲ့ လဲ ပွဲသိမ်း ပြီး ရော တစ်ခါထဲ ပျောက်သွားတာ ကိုများ။
    နောက် ကောင်မလေး နဲ့ ဇာတ်လမ်း လေး များရော တကယ်မရှိတာလား။
    မင်း အသီးနှစ်လုံး က တစ်သက် တစ်ခါဘဲ သီးပြီး ထပ်မသီး နိုင်တဲ့ ငှက်ပျောပင်ကြီး လိုလား။

  • နောင် ရိုး

    September 6, 2014 at 6:18 pm

    အရီး…
    ကျော့်…..အသီးနှလုံးကို စော်လဂါး မော်လဂါး မပြောဘာနဲ့…
    စိတ်ထိခယှက်လှဒယ်….
    😥
    😥
    😥
    ငှက်ပျောပင် မဟုတ်ဘူးခင်ည…. ။ ငှက်ပျောတုံး ဖက်သေရမယ့် မတာာာဟာ…ဒီကောင် နောင်ရိုးပါပဲ အရီးရယ်…။

    • မြစာကလေး (23122011)

      September 6, 2014 at 6:22 pm

      ကဲ ကြည့်
      ဒီ မဟာပုရိသ ကို
      သေတောင် အဖော်လိုချင်လို့ သူ့ဟာသူ နေနေ တဲ့ ငှက်ပျောတုန်း ဖက် သွား ဦးမတဲ့။
      ကောင်းကြသေးရဲ့ လား အရပ်ကတို့။
      စိတ်ပုတီးလေး လည်ဆွဲပြီး သေပွဲ ဝင်မယ်တော့ မဟုတ်။
      :-)))))))))))))))))))

  • နောင် ရိုး

    September 6, 2014 at 6:27 pm

    စိတ်ပုတီးက ဖက်လို့မှ မကောင်းတာဗျ…အရီးရ…
    အမလေးနော်…။ သေတာတောင် အရီးဘေးနားရှိရင်…စိတ်ဖြောင့်ရမယ် မထင်ဘူး….။ ငါ့ကို ငှက်ပျောတုံးနဲ့တောင် မသထာတဲ့အရီး….ဘွဆက်တိုင်း…အပျိုဂျီး ဖြစ်ပါဇေဗျာ…

    • မြစာကလေး (23122011)

      September 6, 2014 at 6:46 pm

      ပေးတဲ့ ချု နဲ့ ပြည့်ပါစေ။
      ကျုပ်လဲ အပျိုကြီး ဖြစ်ဖို့ မှန်းခဲ့ပါတယ်။
      အရီး ကိုမှ မရ ရင် ဘုန်းကြီးဘွ ပြောင်းမယ် တကဲကဲ နဲ့ လုပ်နေသူ ရှိခဲ့လို့ ….
      သူကြီး မင်း ရဲ့ ပွစိ ပွစိ လူအင်အား blame မျက်စောင်း က လွတ် အောင် အချိန်မှီ ကယ်ထုတ် လိုက်ရလို့ …
      အပျိုကြီး ကံ မပါလိုက် ဘူးကွယ်။
      နောက်ဘွမှဘဲ လုပ်တော့မယ်။ :-)))

      • နောင် ရိုး

        September 6, 2014 at 6:54 pm

        ကျော် အဲ့လို ခြိမ်းခြောက်ရင်ရော….ဟိုကလေးမကို ရနိုင်မလား မသိ….
        .မဖြစ်…..မဖြစ်…..
        .ဘုန်းကြီးသာ … ဖြစ်ချင် ဖြစ်သွားနိုင်တယ်…
        .သေပျဇီ…..
        😥
        😥
        😥

  • ဇီဇီ ခင်ဇော် (15102012)

    September 6, 2014 at 6:44 pm

    နာ တင်ထားးးတဲ့ ဓာတ်ပုံ ပို့ မြင်ဘူးးလားးး ဟဲ့
    ဖောင်ပြ ပြ အဲ ဖောင်ဖျက်ကောင်လေးးးရဲ့။
    :kwi:

    • နောင် ရိုး

      September 6, 2014 at 6:58 pm

      Comment 40 ကျော်ရင် ခင်ညာ့ဟာပဲ…..
      မသိဘဲ နေမလား…
      သူ ရေးစရာတွေ ရှိသေးတာ မေ့နေမှာစိုးလို့လဲ သတိလာလာပေးရသေးတယ်….
      မလိုက်မဖက်ပုံကိုတင်ပြီး…စွာတဲ့ အဖွီးကျား……
      ဟွင်းးးးးးးးးး

      • ဇီဇီ ခင်ဇော် (15102012)

        September 6, 2014 at 7:03 pm

        အသာနေပါ။
        အသစ်လေးတွေကို မျောက်စိလည်အောင် လုပ်ထားတာ။
        အဟွတ်။
        :k:
        မနေ့က မှ ရုံးပြန်တက်လို့ မင်းသားကြီး ကျေနပ်အောင် အလုပ်ရှုပ်ပြနေရသေးတယ်။
        :mrgreenn:

        ဇီဇီ ဆာဆာ က နာ့ ယောက်ခမွ ဆာ မအားသေးလို့ စောင့်နေတာပါ၊
        လာမှာပါ၊

        :mrgreenn:

  • alinsett

    September 6, 2014 at 6:47 pm

    ပိုစ့်တင်ဖို့ မပြောနဲ့
    ကုတ်ရမယ့်နေရာတောင် မကုတ်အားလို့ ထုံးတို့ထားရတယ်ဗျာ

    :mrgreen:

    မအားဆို ဘာတွေ လုပ်နေလို့ဒုန်းဆိုတော့. . .
    အခုတလော စာရေးခြင်းထက် စာဖတ်ခြင်းဘက် ပို လုပ်ဖြစ်နေလို့ပါ။

    ကဗျာစပ်ဖို့ အာရုံဝင်စားမရတာတော့ နည်းနည်းကြာပြီ။

    ထုံးစံအတိုင်း အက်ဆေးးတွေလည်း ရေးလို့မရသေးး ရေးစရာအကြောင်း မရသေး
    ထုံးစံအတိုင်း ခပ်ထေ့ထေ့ခပ်ငေါ့ငေါ့လေးရေးရတဲ့ မောင်သူရတို့ ပြောတဲ့ဆောင်းပါးမျိုးကျတော့လည်း ပုဒ်မ ၅၀၅(ခ)ကို ခလုပ်တိုက်မိမှာစိုးလို့ စိတ်ထိန်းထားတယ်။

    ရေးဖို့ ကြိုးစားလိုက်ပါဦးမယ်လေ

    သတိတရ ထည့်တိုက်တွန်းပေးတဲ့အတွက် ဇူးဇူးပါ ကိုရိုး

    😆

  • နောင် ရိုး

    September 6, 2014 at 6:59 pm

    ဖတ်ပါဗျာ…ဖတ်ပါ….
    ဖတ်ပြီးလဲ…ဘာလေးကောင်းတယ်…လက်တို့ပါအူး…
    စာအုပ်တွေ ဈေးက ခေါင်ခိုက်နေတာ…
    ကျော်တော့ သူများ ဦးနှောက် ဖောက်စားဖို့ပဲ ကြံနေတယ်…။ ခုခိ…ခုခိ…. :k:

  • နောင် ရိုး

    September 6, 2014 at 7:01 pm

    ဪ……..
    ကျန်ခဲ့သေးတယ်…ပြောရမယ့်လူတစ်ယောက်….
    ကောင်းကင်ပြာဆိုတဲ့ ကလေးမလဲ Resign တင်ပြီး ဘယ်ပျောက်သွားတယ်မသိ…
    ဘယ်ဆီဘယ်ဝယ်….တမ်းတကာ ဆွေးမိတယ်…..
    အဟွတ်….အဟမ်း…အဟွတ်
    ( ဒေါ်ဇီဇီထံမှ အီဘိုလာ ကူးခြင်းးးး )

    • ဇီဇီ ခင်ဇော် (15102012)

      September 6, 2014 at 7:46 pm

      အဟွတ်….အဟမ်း…အဟွတ်

      :k:

      ငါ မသိချင်ယောင်ဆောင်ထားတယ်~~~~
      နင် ရွှေ့နေတဲ့ အကွက်များလည်းးး~~~
      :k:

      သီချင်းဆိုပြမို့ ချောင်းဟန့်တာပါ။
      :mrgreenn:

      နာ့ အသံ ကောင်းတယ် မို့လားးး :mrgreenn:

      • နောင် ရိုး

        September 7, 2014 at 1:53 pm

        အဟွတ်….အဟမ်း…အဟွတ်

        :k:
        နေတတ်သလို.~~~~ နေပါတော့….
        နေတတ်သလို.~~~~ နေပါတော့ကွယ်….
        ဇီရောက်ရှိတဲ့အရပ်မှာလေ~~~ပျော်အောင်~~
        နောင်..စိုင်းစိုင်းပို့ပါ့မယ်~~~~~
        :mrgreen:

    • မြစာကလေး (23122011)

      September 6, 2014 at 8:49 pm

      အမ် … အွန် .. အီ .. အဲ
      “ကောင်မလေး” ဆိုတာ ပါးစပ်ဖျား က မချ
      တစ်ယောက်ဆို တစ်ယောက် လို့ လဲ မိုးကြီးလေကြီး နဲ့ ကြော်ငြာ
      “ကောင်းကင်ပြာ” ကို တမ်းတကာဆွေး တဲ့ ???

      ဆိုတော့ကာ …
      ဆိုတော့ကာ …
      ဆိုတော့ကာ …

      ကောင်းကင်ပြာ ရေ ….. ဒီ မှာ။
      ဒုတ် တစ်ချောင်း ဆွဲခဲ့။ :-))))

      • နောင် ရိုး

        September 7, 2014 at 1:54 pm

        ရွာထဲကနေနနဲ့…..အသိတွေကိုပါ… Resign များ လုပ်သွားလားလို့ပါဗျာ….
        အာ့ လာမေးတာ…
        :byee:

        • မြစာကလေး (23122011)

          September 7, 2014 at 1:59 pm

          ကြည့်ရတာ တော့ မင်း ကြောင့်ဘဲ Resign လုပ်သွားတာ ထင်တော့တာဘဲ။
          ဒီတော့ သူပြန်မလာရင် မင်း တရားခံ ဘဲ ဟေ့။
          ဒီတော့ ရ အောင် ပြန်ခေါ်ပေး။
          ဒါဘဲ။ :-)))

        • နောင် ရိုး

          September 7, 2014 at 2:06 pm

          တရားခံ ကျော်မဟုတ်…
          တရားခံ ကျော်မဟုတ်…
          :
          :
          :
          အရီး ဒါ့ပုံတွေကို ရှိုးနေတာဗျ..
          ဟိုဘက် ပြေးမန့်လိုက်အူးမယ်…..
          ဝှစ်!!!!!

  • ကန္နားစီး မိဂီ

    September 6, 2014 at 10:22 pm

    ကိုင်း ..
    ပြောလိုက်ဘာ့မယ်..
    ကောင်းကင်ပြာကို ဆေးရောင်ခြယ်တာ
    ကျုပ်ပဲဗျ …

    ပြော
    ဘာလုပ်မဲ ဆြာသမား …

    (ရွာဂျီး ငြိမ်နေတယ်ဆိုလို့ပါ)
    ငိငိ
    နောက်တာ
    အတည်

    • နောင် ရိုး

      September 7, 2014 at 1:49 pm

      ပြော
      ဘာလုပ်မဲ ဆြာသမား …
      :
      ဘာမှ မလုပ်ပါဘူးဗျာ…ဘာမှ မလုပ်ပါဘူး…
      တစ်ခုပဲ..
      ခြယ်မယ်ဆိုလဲ…စုတ်တံအနုစားနဲ့ ခြယ်…၊ သံဘရပ်ရှ်နဲ့တော့ မတိုက်နဲ့…
      ကျုပ်အသဲလေးက…
      ထိလွယ်ရှလွယ်တယ်….
      :mrgreen:
      :
      (ရွာဂျီး ငြိမ်နေတယ်ဆိုလို့ပါ)
      ငိငိ
      နောက်တာ
      အတည်
      :
      ကျော့်မှာ…Do နဲ့ Die ၂ မျိုးပဲ ရှိတယ်…
      စည်းပေါ်တော့ ခွမထိုင်ဘူး ခင်ည..

  • ခင် ခ

    September 6, 2014 at 10:57 pm

    ရွာစည်ဖို့ ရွာထဲလော်နဲ့အော်နေတာပါလား
    တကယ်စည်စည်ကားကားလေးဖြစ်လာရင်ကောင်းမယ်ဗျ

  • နောင် ရိုး

    September 7, 2014 at 1:51 pm

    အမှန်က ကျော်လဲ ပျောက်နေတာ အတော်ကြာခင်ဗျ
    ပြန်ပေါ်လာတုန်းလေး သဟောက်သဟန်း လုပ်ကျိတာ….
    အမှန်တော့ အရီးနဲ့ ဒေါ်ဇီ ဆဲသံ ကြားချင်လို့ပါ…
    သူရို့ ၂ ယောက်များ ဘယ်ဘွက ဆုတောင်းကောင်းတယ် မသိဘူး…
    ဆဲသံဆိုသံတောင်…(ဟိုကလေးမလောက် နီးနီး..) နားဝင်ချိုတယ်…
    ငိငိ..

    • ဇီဇီ ခင်ဇော် (15102012)

      September 7, 2014 at 2:30 pm

      ဒီ ရွာကြီးက ငြိမ်နေတုန်းလားးး??

      နာ လှုပ်ရှားလိုက်ရမား ပြော၊ပြော….!!!
      :mrgreen:

      ဂုတလော ဘူ့ မှ ပတ်တနာ မရှာရလို့ တင်း နေတာနော်။
      :boss:

      ပြော၊ပြော…!!
      :byee:

      ငြိမ်ငြိမ် မနေချင်ကြဘူးလား ပြော!!!
      :kwi:

  • နောင် ရိုး

    September 7, 2014 at 2:41 pm

    မလေးလေး….
    သူလှုပ်ရှားလို့…ဝ လို့…ခဏပြန်အရှိန်ယူနေတာများးးးးးးးးး

    • ဇီဇီ ခင်ဇော် (15102012)

      September 7, 2014 at 2:52 pm

      ကဲကဲ။
      သများ ရဲ့ ရေနွေးဖြစ်လေး တည်ထားတယ်။ လာအားပေးအူးးး

      :k:

      မောင်ရင် တောင့်တ လွန်းလို့ ကိုယ် ထင်ပြရတာကွဲ့။
      ဗွေမယူပါဘူးကွယ်။

      :kwi:

  • မွသဲ ( 17082011 )

    September 7, 2014 at 3:54 pm

    တင်မယ်တင်မယ် ကော်နက်ချင်ကိုအံတုလိုက်အုံးမယ် :byee:

  • အမှန်ကတော့ ပိုစ်တွေ တင် မယ့် သူ မရှိလို့ ဆက်တိုက် တင်ပေးနေတာပါဗျာ

    အားနေလို့ မဟုတ်ပါဘူး

    ပိုစ်တင်သူများလာရင်လျော့ တင် မယ်

    တင်သူမရှိရင်နေ့ တိုင်းနီးပါး တင်ပေး မယ်

    ကျုပ်လုပ်တတ်တာ ဒါဘဲရှိတယ်

  • Crystalline

    September 8, 2014 at 6:39 am

    သွသူ ဆမ်းဝမ်းကို မတွေ့ရလို့ ပတ်တနာလာရှာနေတယ်… :mrgreenn:
    နာကတော့ အမြဲဝင်ဖတ်ဖြစ်ပါတယ်… တခါတလေ မဖတ်ပဲကွန်မင့်ပေးသလို သေချာ ၃ခေါက်လောက်ဖတ်ပြီး
    ကွန်မင့်မပေးဖြစ်တာလည်းရှိပ.. :p:

  • kai

    September 8, 2014 at 6:47 am

    ဝင်ကြည့်ဖတ်နေသူတွေနှုန်းက.. မကျသွားပါဘူး..။
    ပို့စ်သစ်တင်တာတော့.. သိသိသာသာနည်းနေပါတယ်..။

    Search လုပ်တဲ့ keywords တွေပြောင်းသွားတယ်..။ အောက်ကkeywords တွေအရှာများ…။
    အောက်ကလင်ခ့်(ဝက်ဘ်ဆိုက်က)လည်း.. လာတာများနေတယ်..
    ဘာလည်းတော့မသိ..
    http://www.chanood.com/

    ကောင်မလေးနဲ ့ကောင်လေး
    မန်းလေး sexy
    ​အော်​ စာအုပ်​

    • Mr. MarGa

      September 8, 2014 at 10:13 am

      သဂျီး ညွှန်းတာကလည်း ထိုင်းကဝက်ဘ်ဆိုက်ကြီး
      ပြီးတော့ အောက်က keyword တွေကလည်း အားရစရာပါလား
      google က keyword တွေ ထုတ်ရင် အဲ့ထက်ဆိုးဖို့တော့ မြင်တယ် :mrgreenn:
      ကိုရင်နောင်ရိုးး
      အချစ်အကြောင်းမှ ပွဲတောင်းသလားဗျ
      တခြား ထွေရာလေးပါးလေးတွေ ပွဲတောင်းရင် ဟုတ်တုတ်တုတ် :mrgreenn:

      • ဇီဇီ ခင်ဇော် (15102012)

        September 8, 2014 at 10:20 am

        အမှန်ဆို
        အချစ်ဆိုတာ တဂျား မကျွမ်းကျင်ဆုံး အရာ။
        အဟွတ်။
        :s:

        • Mr. MarGa

          September 8, 2014 at 10:51 am

          ၃ နဲ့ ၄ ဟာ ဆန့်ကျင်ဘက်ပေမယ့် ကျောချင်းကပ်နေကြသလိုပဲ
          အချစ် ဆိုတာဟာ ကျွန်ုပ် မကျွမ်းကျင်ဆုံးအရာ ဖြစ်နေလင့်ကစား ကျွန်ုပ် နားအလည်ဆုံးအရာလည်း ဖြစ်နေပြန်ပါပကောလားးးး :mrgreenn:

  • kyeemite

    September 8, 2014 at 12:00 pm

    .ကျုပ်က တကယ်ကြီးကို မအားလို့ပါ..ရွာကိုတော့ဝင်ဝင်ကျိနေပါဂျောင်း :boss:
    .ရေပါအုံးမဗျာ
    .အာ့ လာပြောတာ :mrgreenn:

  • sorrow

    September 8, 2014 at 4:04 pm

    နောင်ရိုးလေးရေ…သတိရတယ်လား.ကျေးကျေးပါဗျာ ..ကျော်အလုပ်ပိနေလို့ရယ်…ရေးပါမယ်ခင်ဗျ ..

  • manawphyulay

    September 9, 2014 at 9:40 am

    ပျောက်တာမှ တစ်ရွာလုံးပျောက်နေတာပါ တစ်ယောက်ထဲမဟုတ်ပါဘူး။
    ဘူ့မှ ရေးတာကို တွေ့ရဘူး….
    မပြောချင်လည်း မပြောပါနဲ့ နောင်ရိုးရယ်….

Leave a Reply