ရုပ်​သံ

ko sixSeptember 6, 20141min1316

ချည်​တိုင် က
ဥတု​ဘောဇနရုပ်​
ငါတို့ဟာ
အမြတ်​တနိုးဖီးလိမ်​းသုတ်​သင်​ပြီး​တော့
ရွံရှာ စက်​ဆုတ်​ကုန်​ကြတယ်​
ချစ်​တယ်​
ပြီး​တော့လည်​း
မမုန်​းကြဘူး
ခင်​တွယ်​မှုက
မြင်​့သထက်​မြင်​့လို့
မသိနိုင်​တဲ့​ခြောက်​မျိုးကို
​မမှတ်​မိ​တော့ဘူး
ယုံပါ
အသက်​က တစ် ရာမ​သေချာ
အမှုှု​က ​ရေမရ​တော့တာ ​သေချာပြီ
ထုတ်​လွှင်​့တဲ့အစီအစဉ်​မှာ
ကံ​ဘောဇရုပ်​မပျက်​စီးသ၍
ငါတို့
ကြည်​့ရှုှုခံစားနရ​ပေါ့
ကိုစစ်​​​​

6 comments

  • ခင် ခ

    September 6, 2014 at 11:35 pm

    ဓာတ်ကြီးလေးပါး
    ညီညွှတ်မျှတ
    ရပ်တည်ထားပြီး
    တစ်ပါးဖောက်လျှင်
    အို နာ ဘေးကြုံ
    ပြုပြင်ဖို့ရန်ဆေးမှီဝဲလို့
    ဖောက်ပြန်ပြန်မဖြစ်
    နွံနစ်ဖြစ်ကြုံ
    သေ ကြဖုံတဲ့
    လူလောကကွယ့်။

  • alinsett

    September 7, 2014 at 10:07 am

    ဒီကဗျာရဲ့ ဆိုလိုချက်လေးကိုတော့…
    သိပ်တော့ နားမလည်ဘူးဗျ.. ။

    ဒါမယ့်..ဆရာဆစ်ရဲ့ ကဗျာတွေကို မလွတ်တမ်းခံစားကြည့်ဖို့ ဆုံးဖြတ်ထားတာမို့….

  • မြစာကလေး (23122011)

    September 7, 2014 at 11:57 pm

    မသိနိုင်​တဲ့​ခြောက်​မျိုး = မသိနိုင်တဲ့ six မျိုး
    jk :-)))

  • မ " တတ် ပါ့ "

    September 8, 2014 at 3:29 pm

    သတ္တဝါတွေ့ရဲ ့ မသိခြင်း ၅ မျိုး တော့ ကြားဖူးတယ် ဗျို ့..။

    ၁။ ဇိဝိတ ၊ ဘယ်အသက်အရွယ်မှာ သေမယ်ဆိုတာလည်း မသိနိုင်ကြဘူး ။
    ၂။ ဗျာဓိ ၊ ဘယ်အနာရောဂါနဲ့ သေရမယ်ဆိုတာကိုလည်း မသိနိုင်ကြဘူး ။
    ၃။ ကာလ ၊ သေရမယ့် အချိန်ကိုလည်း မသိနိုင်ကြဘူး ။
    ၄။ ဒေဟနိက္ခေပန ၊ သေပြီးတဲ့နောက် မိမိရဲ့အလောင်းကောင်ကို ဘယ်နေရာမှာ ပစ်ချခံရမလဲ ဆိုတာကိုလည်း မသိနိုင်ကြဘူး ။
    ၅။ ဂတိ ။ သေလွန်ပြီးနောက် ဘယ်ဘဝကို လားရောက်ရမယ် ၊ ဘယ်ဂတိကို သွားရမယ်ဆိုတာလည်း ကြိုပြီးမသိနိုင်ဘူးဆိုတော့ကား ရုပ်၊နာမ် တွေကို အဟုတ် ခန္ဓာထင်ပြီး ခံစားပေါ့ …ရုပ်သံ ရှင့်။

  • kai

    October 16, 2014 at 3:08 pm

    “ရုပ်သံ” ဒီကဗျာ…ရယ်..။

    ဂဃနဏ

    နရံကအသံကိုလက်​မခံဘူး
    ဆတိုးပြန်​​အော်​တယ်​
    မီး​တောက်​ဟာ
    ဘဝကူးတဲ့အခါ အခိုးအ​ငွေ့ခပ်​ထား တဲ့ပြာပုံ
    ၂၅ ရာခိုင်​နှုန်​းဆိုတာ
    လူမကြိုက်​​တော့တဲ့ကစားကွက်​ပါ
    အ​ပြောင်​းအလဲ​တွေလုပ်​​နေခြင်​းက
    အရပ်​သားဝတ်​စုံကိုဆိုလိုသလား
    ​ရေစီး​ရေလာမ​ကောင်​း​ကြောင်​း
    နိုင်​ငံပိုင်​ရုပ်​သံက မဆိုင်​သလို​နေပါတယ်​
    သတင်​းနဲ့အတင်​းဟာ
    ကန်​သင်​းတစ်​ခုခြားတာပဲအဖတ်​တင်​တယ်​
    ခု​ခေတ်​စား​နေတဲ့ သီချင်​းက
    ယုန်​မမြင်​ဘဲ
    ချုံထွင်​​နေကြတဲ့ ဘရာဗို​တွေတဲ့။

    ကိုစစ်

    http://myanmargazette.net/199833
    ဒါရယ်ကို.. ပုံနှိပ်သတင်းစာမှာထည့်သုံးမလို့ဗျို့..။
    ခွင့်တောင်းတာ…။
    စာမူခ ပွိုင့် ၁သောင်းပေါင်းလိုက်မယ်ဖြစ်ကြောင်း…။ :k:

  • အလင်းဆက်

    October 16, 2014 at 6:05 pm

    ဂုဏ်ယူ ဝမ်းမြောက်ပါတယ် ကိုစစ်ရေ…
    ဒါနဲ့..ကိုစစ်တယောက် ဘယ်ပျောက်နေပါလိမ့်…

Leave a Reply