ဒီက ဒါ့ပုံ Show :-)

မြစပဲရိုးSeptember 6, 20145min16818

(၁) စီ နေတဲ့ အိမ်

resize 01

(၂) ပုန်းနေတဲ့လ

resize 02

(၃) အိပ်နေတဲ့ စုတ်ဖွား

resize 09

(၄) အပင် တွေ ဖုံးတဲ့ အုပ်ဆောင်း

resize 08

(၅) စိမ်းနေတဲ့ ဝင်္ကဘာ

resize 13

(6) ရာသီ ရဲ့ ပန်း

resize 11

(၇) သူရဲကောင်း တို့ ရဲ့ ဟန်

resize 10

(၈) ကွင်းနေတဲ့ တိုက်
resize 04

(၉) ကျောင်းစာအုပ်ထဲက မြစ်

resize 14

(၁၀) ရှေးတုန်း က ရေပူစမ်း

resize 12

(၁၁) ပေါ်လာတဲ့ သက်တန့်

resize 07

(၁၂) ရှဉ့်ချောင်း တဲ့ ကြောင်

resize 06

(၁၃) မန္တလေး က ခေါင်းလောင်း

resize 15

(၁၄) ပျံ နေတဲ့ လေယာဉ်

resize 05

(၁၅) အပေါ်စီး က နေရာ

resize 03

(၁၆) နီ နေတဲ့ တိမ်

resize 16

18 comments

  • မြစာကလေး (23122011)

    September 6, 2014 at 11:27 pm

    (၁) စီ နေတဲ့ အိမ် – Stroud လို့ ခေါ်တဲ့ မြို့လေး
    (၂) ပုန်းနေတဲ့လ – အိမ်နောက်ဖက် ရှုခင်း
    (၃) အိပ်နေတဲ့ စုတ်ဖွား – Wild park zoo ထဲ က ပန်ဒါနီ လေး။
    (၄) အပင် တွေကို ဖုံးတဲ့ အုပ်ဆောင်း – Eden project လို့ ခေါ်တဲ့ ရုက္ခဗေဒဥယျာဉ် ထဲ က ပူနွေး ဒေသက အပင်တွေ ကို ထည့်ထား တဲ့ ပလပ်စတစ်အုပ်ဆောင်းကြီးတွေ
    (၅) စိမ်းနေတဲ့ ဝင်္ကဘာ – Wild park zoo ထဲ က သစ်ပင်ခြုံ တွေ နဲ့ လုပ်ထား တဲ့ ဝင်္ကဘာ
    (6) ရာသီ ရဲ့ ပန်း – နွေဦး မှာ ပွင့်တဲ့ ကျူးလစ် ပန်း တွေ
    (၇) သူရဲကောင်း တို့ ရဲ့ ဟန် – Red arrows ပြပွဲ မှာ အစွမ်းပြနေတဲ့ တိုက်လေယာဉ် တွေ
    (၈) ကွင်းနေတဲ့ ရဲတိုက် – ဒီ ဝင်ဆာ ရဲတိုက် မှာ ဘုရင်မကြီး က တစ်ချို့ရက်တွေ နေပါတယ်။
    (၉) ကျောင်းစာအုပ်ထဲက သိမ်းမြစ် – ကျောင်းမှာ ကမ္ဘာ့ ပထဝီ သင်တုန်း က သိမ်းမြစ် လို့ သိထား တဲ့ မြစ်ပေါ့။
    (၁၀) ရှေးတုန်း က ရေပူစမ်း – နာမည်ကြီး ရိုမန်ခေတ်က Bath spa
    (၁၁) ပေါ်လာတဲ့ သက်တန့် – မိုးရွာပြီး နေပြန်အပူ ထွက်လာတဲ့ သက်တန့်
    (၁၂) ရှဉ့်ချောင်း တဲ့ ကြောင် – အိမ်နောက် မှာ ရှဉ့် လေး တွေ ရှိတာ ကို အမြဲလာချောင်းတဲ့ ကြောင်
    (၁၃) မန္တလေး က ခေါင်းလောင်း – ဝင်ဆာရဲတိုက်ဝင်း ထဲ မှာ ပြထားတဲ့ မြန်မာပြည်က သယ်လာတဲ့ မန္တလေး က ခေါင်းလောင်း
    (၁၄) ပျံ နေတဲ့ လေယာဉ် – တိမ် ထဲ က
    (၁၅) အပေါ်စီး က နေရာ – London eyes
    (၁၆) နီ နေတဲ့ တိမ် – ဆည်းဆာချိန်

  • ခင် ခ

    September 6, 2014 at 11:49 pm

    မရောက်ဖူးတဲ့ နေရာကပုံတွေအတွက် ကျေးဇူးပါ
    အဲဒီထဲက အပင်တွေကို ဖုံးတဲ့အုပ်ဆောင်းတော့ သဘောကျမိတယ်

  • ဇီဇီ ခင်ဇော် (15102012)

    September 7, 2014 at 7:15 am

    ချစ်ဖို့ကောင်းးတဲ့ ဓာတ်ပုံတွေ
    :s:

  • pooch

    September 7, 2014 at 9:27 am

    အပင်တွေ အုပ်ထားတဲ့ရုက္ခဗေဒဥယျာဉ်အုပ်ဆောင်းထဲ ခဏလောက်ဝင်ကြည့်ချင်တယ်

  • hmee

    September 7, 2014 at 9:34 am

    အရီးတို့ဆီကို သွားခွင်​့ရချင်​​နေတာ။ ဒီတခါ​တော့ အဲ့ဒီကို ​ရောက်​ရင်​​ကောင်​းမယ်​​နော်​။ အရီးနဲ့လည်​း ​တွေ့ရ​အောင်​လို့။ 🙂

  • alinsett

    September 7, 2014 at 10:21 am

    မြို့ပြရှုခင်းပုံတွေကိုကြည့်ရတာ… သန့်ရှင်းသပ်ရပ်နေတာပဲ..နော်.. ။
    ရန်ကုန်နဲ့များ..ကွာဘ

    😆

    အိပ်နေတဲ့စုတ်ဖွားလေးကို ချစ်တယ်။

  • မွသဲ ( 17082011 )

    September 7, 2014 at 1:30 pm

    အရီးလာလည်ချင်အောင်လုပ်နေဒယ် ဒါ့ပုံတွေပြပီး။ အေးချမ်းသာယာလိုက်တာ မြန်တျန့်နဲ့ကွာချင်တိုင်းကွာသကိုး

    • မြစာကလေး (23122011)

      September 7, 2014 at 1:54 pm

      အခု ထပ် ဝင်လာတဲ့ မွသဲ ကိုလဲ ထပ်ဆင့် ကျေးဇူးပါ။
      လာလည်ပါ မွသဲ။
      တစ်ချို့ကတော့ ယူကေ ထက် တစ်ခြား ဥရောပနိုင်ငံ တွေ က ပိုလှ သတဲ့။
      အဘဖော ကမေးကြည့်ရမယ်။

      ဒါထက်
      လမ်းပိတ်နေလား။
      စိတ်ညစ်နေလား။
      ဒီလို အစိုးရကိုရှောင်။
      (ဟိ ၂၀၁၅ မဲဆွယ်ဖို့ ကြော်ငြာ ရပြီ)
      :-))))

  • မြစာကလေး (23122011)

    September 7, 2014 at 1:51 pm

    ဒီက ဒါ့ပုံပွဲ ကို ဝင်လာ အားပေးကြသော ကိုခ၊ ဇီဇီ၊ ပုချ်၊ မှီ၊ ဆက်ဆက် တို့အား အထူးကျေးဇူးတင်ရှိပါတယ်။

    ဇီကလေး
    ကလေး လို လာပူဆာ ပြနေတဲ့ သူငယ် ကြောင့် ရှိတာ ကြံဖန် ပြလိုက်တာ။
    သူ့ အမေ ကို ဆို ဘယ်လောက်တောင် နားပူအောင် ပူဆာနေမယ် မသိ။

    ကိုခ နဲ့ ပုချ်လေး ပြောတဲ့ အုပ်ဆောင်းကြီး တွေ က ရုက္ခဗေဒ နဲ့ အပင်ချစ်သူ တွေ အတွက်အပြင် ကလေး တွေ အတွက်လဲ သွားလေ့လာဖို့ အတော်လေး ကောင်းတဲ့ နေရာပါ။
    အမှန်က သဘာဝ ပါတ်ဝန်းကျင် ကို ထိန်းသိမ်းဖို့ ရည်ရွယ် ပညာပေးခြင်းပါ။
    အဲဒီ အုပ်ဆောင်းအောက်ထဲ အေးတဲ့ နေရာမှာ မပေါက်နိုင်တဲ့ အပင်တွေ စိုက်ထားတာ။
    အဓိက အာဖရိက နဲ့ အရှေ့တောင်အာရှ က အပင် တွေ ပေါ့။
    အဲဒီထဲ မှာ မြန်မာပြည် က ပူရှိန်းရှိန်း လှောင်အိုက်အိုက် ရာသီ နဲ့ တူအောင် အပူချိန် ကို ပေးထားတာ။
    ရေတံခွန် အသေးလေးတွေ၊ ရေကန်အသေးလေးတွေ၊ တဲအိမ်လေးတွေ လဲ ရှိတယ်။
    သဘောင်္သီး၊ ငှက်ပျောသီး၊ ကွမ်းပင်၊ တရုတ်စကား၊ ဇောင်းခါးပင်၊ ရဲယို၊ မန်ကျည်း စုံလို့ဘဲ။
    အိမ်ကို တောင် လွမ်းသွားတယ်။
    အဲဒီထဲ ရောက်တော့ စိုက်ပျိုးရေး အကြောင်း ရေးဖူးတဲ့ မှီ ကို စပြီး သတိရ လိုက်တာ။
    စွယ်တော် ရွက်တွေလဲ ဝေလို့။ ရွာထဲ က စက်မှုကျောင်းဆင်းများ ကို ပြေးသတိရမိသေး။
    နောက် ကြုံရင် တင်ဦးမှာ။ အရွက်တွေက ဒီက ပိုတောင်လှသလိုဘဲ။
    နောက် ခေါင်ရမ်းခြုံကြီးမှာ ခေါင်ရမ်းပန်းတွေ မြင်တော့ ကိုခ Post ကို သတိရလိုက်တယ်။
    စပါး ကိုလဲ စိုက်ပြထားတယ်။
    ငရုတ် ပင်မျိုးစုံ ကိုတော့ အာဖရိက ဖက်မှာ ပြထားတယ်။

    မှီ ရေ
    ရောက်လာဖို့ ဆုတောင်းပေး မဲ့သူတစ်ယောက်တိုးပြီ လို့ မှတ်လိုက်ပါ။
    ရွာထဲ က ညီမ နဲ့ အပြင်မှာ တွေ့ဖို့ ဖြစ်ကို ဖြစ်လာမှာ။
    တကယ်တွေ့ရင် အရမ်းပျော်စရာဘဲ။

    ဆက်ဆက် ရေ
    ဒီမှာလဲ နေရာတိုင်းကတော့ သန့်ရှင်း မနေပါဘူး။
    နေကြ တဲ့ လူတန်းစား ပေါ်မူတည်ပြီး ကွာပါတယ်။
    ဒါပေမဲ့ အနည်းစုပေါ့။
    မြန်မာပြည် မှာလဲ ဖြစ်ချင်တဲ့ စိတ်ဓာတ် နဲ့ သာ ကြိုးစား ပြင် ကြရင် ဒီလို တိုင်းပြည်တွေ ထက် တောင် ပိုပြီး ရှေ့ရောက် မှာပါ။
    အဘဖော မှာ ကိုပါ ပေးတဲ့ မှတ်ချက် ယူသုံး ရရင် ” တကယ်ဖြေရှင်းချင်စိတ်ရှိတဲ့ ခေါင်းဆောင်တွေ” တော့ လိုမယ်။

  • နောင် ရိုး

    September 7, 2014 at 2:19 pm

    အေးဗျာ…
    ကျော်လဲ စဉ်းစားနေတာ…အတော်ကြာဘီဗျ သိလား..
    နေ့မအား ညမနားကို စဉ်းစားရတာ…
    ဘယ်ကို ဟန်းနီးမွန်းရ ကောင်းမလဲ မသိဘူးလို့…
    စလုံးတော့ လက်ရှောင်တယ်ဗျ..သိလား…၊ ဘယ်လောက်ကြီး ပုံတွေပြပြီး လှတယ် ပြောပြော…

    (၁) စီ နေတဲ့ အိမ် ကိုမြင်တော့…မိုးကုတ်မြို့ပုံစံလေးနဲ့ ဆင်တယ်ဗျာ…
    (၂) ပုန်းနေတဲ့လ ကတော့ သွသူ အပင်နဲ့ ကွယ်ထားတာများ…
    အွင်းးးးးးးးး အဲ့ဒလို လသာသာ ညကလေးမှာ…
    ဟိုကလေးမနဲ့….
    အတူလမ်းလေးလျှောက်ပြီး…..စကားလေးပြောပြီး….
    (၃) အိပ်နေတဲ့ စုတ်ဖွား…(ကြောင်တော့ ဖင်ပိတ်ကန်ချင်တာပဲ…၊ ကျော်ပျင်းချင်သမျှ..ဒင်းကြီးကပဲ ပျင်းနေနိုင်လို့)
    (၄) အပင် တွေ ဖုံးတဲ့ အုပ်ဆောင်း (ခုမှ မြင်ဖူးတာ….။ အရီးဖြုတ်လာပြီး ကန်တော်ကြီးမှာ ဆက်ရှင်နဲ့ ရောင်းပါလားငင်…၊ တွက်ခြေကိုက်မယ်ဗျ…သိလား…)
    (၅) စိမ်းနေတဲ့ ဝင်္ကဘာ (အာ့မြင်ရင်…ဟယ်ရီပေါ်တာကားပဲ သတိရရသွားတယ်…။)
    (6) ရာသီ ရဲ့ ပန်း (ဘိန်းပန်းပဲ ကြိုက်တယ်..ငိငိ..)
    (၇) သူရဲကောင်း တို့ ရဲ့ ဟန် (လေထု ညစ်ညမ်းနေတာကိုများ…)
    (၈) ကွင်းနေတဲ့ တိုက် (ကျော့်ကလေးမ နေတဲ့အိမ်က သဲနေတဲ့ အိမ်…:k: )
    (၉) ကျောင်းစာအုပ်ထဲက မြစ် (ရာသီဥတုလေးများ သာယာရင် အဲ့တံတားလေးပေါ် ရှစ်သူနဲ့ ခြေဆင်းထိုင်ချင်ဘာ့…)
    resize 14

    (၁၀) ရှေးတုန်း က ရေပူစမ်း (အိုက်လောက်ကျယ်နေရင်…ရှုရှုးပေါက်ချလဲ သိလိုက်မှာ မှုတ်ဘူးပေါ့နော…)
    (၁၁) ပေါ်လာတဲ့ သက်တန့် (ရန်ကုန်မှာတောင် သိပ်မမြင်ရတော့ဘူး..။ တိုက်တွေနဲ့ ကွယ်နေလို့…)
    (၁၂) ရှဉ့်ချောင်း တဲ့ ကြောင် (ဟိုကြောင်ကြီးကတော့ ရှဉ့်မချောင်းလောက်ဘူး..)
    (၁၃) မန္တလေး က ခေါင်းလောင်း (ဘာကြီးခုထားတာတုန်း…)
    (၁၄) ပျံ နေတဲ့ လေယာဉ် (တိမ်ပဲ မြင်ရတယ်….)
    (၁၅) အပေါ်စီး က နေရာ (ရှုခင်းသာလောက် လူမရှင်းဘူး…)
    (၁၆) နီ နေတဲ့ တိမ် ( နောက်ဆို လေစိမ်းတွေ တိုက်နေတယ်ဆိုတာနဲ့..လေနီကြမ်းဆိုတာ…အာ့မမြင်ဖူးလို့…တင်ပေးဘာဦးနော်..)

    • မြစာကလေး (23122011)

      September 8, 2014 at 12:00 am

      ကျေးဇူးကြီးပါ ရှင့်။
      ရီရလွန်းလို့ စိမ်း လိုက်ပါတယ်။
      စုတ်ဖွားလေး ကိုတော့ ကန်ပါနဲ့ ဟယ်။
      ကန်မဲ့ကန် ရှဉ့်ချောင်းတဲ့ အကောင် ကိုသာ ကန်ပါ။ :-)))

      ညစာ ဆွမ်းကပ် ဖို့ပြေးလေပြီ။ lol:-)

  • kai

    September 8, 2014 at 5:14 am

    (၁၃) မန္တလေး က ခေါင်းလောင်း – ဝင်ဆာရဲတိုက်ဝင်း ထဲ မှာ ပြထားတဲ့ မြန်မာပြည်က သယ်လာတဲ့ မန္တလေး က ခေါင်းလောင်း

    လော့ဂျစ်ချကြည့်တာပါ…။
    မန္တလေးက အင်္ဂလိပ်က…သယ်လာတယ်ဆိုတော့… သီပေါမင်းပါပြီးဖြစ်မှာပေါ့…
    အဲဒီခေါင်းလောင်းက.. ၁၈၈၅နောက်ပိုင်းမှသယ်ခံရတာဖြစ်မှာပေါ့…
    သွန်းတာက.. ၁၈ရာစုထဲဖြစ်မှာပေါ့…။

    ၁၈ရာစုအစမှာ.. မင်းကွန်းခေါင်းလောင်း( ၅၅၅၅၅ပိသာ = တန် ၉၀)ကိုသွန်းခဲ့တယ်..။

    လော့ဂျစ်အရ… ၁၄ရာစုအကုန်..လောက်သွန်းတဲ့…… ဓမ္မစေတီခေါင်းလောင်းက.. ပိဿာချိန်.. ၁သိန်း၈သောင်းမဟုတ်ပဲ..
    ၁သောင်း၈ထောင်နဲ့တူတယ်…။
    ၁ပိသာ.. ၃.၆ပေါင်ဆိုရင်.. အလေးချိန်.. ပေါင်.. ၆၄၈၀၀။
    တတန်မှာ.. ၂၂၆ဝပေါင်မို့…
    တန်ချိန်နဲ့ဆို.. ၂၉တန်လောက်ရှိမယ်..။
    (၁သိန်း၈သောင်းပိသာဆိုရင်တော့.. တန် ၂၉ဝရှိတယ်..။ ဖြစ်နိုင်ချေအရ.. လွန်ခဲ့တဲ့ အနှစ်၄၀ဝက.. တန် ၂၉ဝသယ်နိုင်တဲ့သဘောင်္.နဲ့.. နည်းပညာ. မရှိစကောင်း/ အဘဖော ပိုသိမယ်ထင်တယ်..)

    ကျုပ်သာငဇင်ကာသာဆို.. ၂၉ဝတန်လောက်ကြေးခေါင်းလောင်း.. အပင်ပန်းခံ.. လှေပေါ်တင်.. သံလျှင်သွား… အမြှောက်လုပ်ဖို့.. မယူသွား..
    ရွှေတိဂုံပေါ်မှာပဲ.. ထုခွဲပြီး.. တစစီလုပ်… ဗမာတွေသယ်ခိုင်းမယ်လေ…။
    ငတုံး…
    တံကျင်လျှိုသတ်ခံရတာတောင်… နည်းသေး.. :k:

  • kai

    September 8, 2014 at 5:24 am

    (၁၀) ရှေးတုန်း က ရေပူစမ်း

    ရေပူစမ်းဓလေ့ဟာ..ရှေး… ရောမကစတယ်လို့ထင်တယ်…။
    မြန်မာြ့ပည်မယ်.. အင်္ဂလိပ်… ဂျပန်.. ကိုလိုနီဖြစ်ပြီး.. အဲဒီဓလေ့မကျန်ခဲ့တာ.. အံ့ဩစရာ…။

    တကယ်တော့…
    လူသားရဲ့.. လူသားဘဝဇိမ်ခံနိုင်တာတွေထဲ.. စားဝတ်နေရေးမှာ…
    ရေပူစမ်းနဲ့ ရေချိုးရင်းဇိမ်ခံတာဟာ.. ဖြစ်သင့်/ဖြစ်ထိုက်တဲ့.. ယဉ်ကျေးမှု.. အတုခိုးသင့်တာ… တခုလို့ထင်…။
    အနည်းဆုံးတော့.. အမျိုးသမီးများ… ရေပူစမ်းရေချိုးရင်…(ရေနွေးနဲ့ရေချိုးရင်) အသားအရေလှတယ်… မှတ်ဖူးကြောင်း.. :k:

  • kyeemite

    September 8, 2014 at 11:19 am

    .ဒါ့ပုံလေးတွေ ကျိသွားပါတယ်..ပုံတွေကသေးလွန်းသွားလို့ အရသာပေါ့သွားတယ်
    .(၂) ပုန်းနေတဲ့လ – အိမ်နောက်ဖက် ရှုခင်း…ဆိုတော့ တောသဘာဝလေးအိမ်နားမှာမြင်နေရလို့ .ကံကောင်းတယ်လို့ပြောချင်တယ်…ဒီမှာတော့ ကုန်ရှာပြီ..
    .(၁၁) ပေါ်လာတဲ့ သက်တန့် – ဒီပုံလေးကလည်း အိမ်နားမှာထင်ရဲ့…ကြည်နူးစရာရှုခင်းပေပဲ
    .(၁၃) မန္တလေး က ခေါင်းလောင်း – ဝင်ဆာရဲတိုက်ဝင်း ထဲ မှာ ပြထားတဲ့ မြန်မာပြည်က သယ်လာတဲ့ .မန္တလေး က ခေါင်းလောင်း( တရိုတသေ ထိန်းသိမ်းပြီး ပြထားတာ ချီးကျူးစရာ..)
    .(၁၄) ပျံ နေတဲ့ လေယာဉ် – လေယာဉ် မပါလည်း ပုံက ပြည့်စုံနေပါပြီ
    .(၁၆) နီ နေတဲ့ တိမ် – ဆည်းဆာချိန်..ဒီပုံလေးကအလှဆုံးပဲ..
    .နောက်ဆိုပုံကြီးကြီးတင်ပါ..သဂျီးဆာဗာကို အားနာပါနဲ့…အာ့ပြောခဲ့မယ် :k:

  • Mr. MarGa

    September 8, 2014 at 12:06 pm

    အရီးးးး
    မလာ လာချင်အောင် ဆွဲဆောင်သွားတယ်
    လာခဲ့ရင် လိုက်ပြပေးရမယ်
    ဒါဗျဲ 🙂

  • manawphyulay

    September 8, 2014 at 2:32 pm

    (၁၀) ရှေးတုန်း က ရေပူစမ်း
    ဆိုလို့ အခု ရေပူစမ်းကော ဒါတ်ပုံရိုက်ပေးပါဦး မြင်ဖူးရအောင်ပါ… 😆

  • Crystalline

    September 9, 2014 at 6:24 am

    အရီးရဲ့ ဓာတ်ပုံဘေးဘီလေးတွေကြည့်ရတာအားမရ.. သိမ်းမြစ်ကမ်းရောက်ဖူးတယ်.. ကွကိုယ်တောင်မရိုက်ခဲ့ ကမ်းနဘေးက ခုံတန်းပေါ်ငိုက်နေတဲ့
    ဘိုးတော်ကိုတော့ ဗီဒိုဆွဲခဲ့သား :P: ဇိမ်ကျနေတဲ့ကလေးလေးကို တုတ်နဲ့ထိုးချင်တယ် :mrgreenn: အပင်ဖုံးတဲ့.. အုပ်ဆောင်းကလည်း ခုမှမြင်ဖူးတာ
    ပုံလေးတွေက ပိစိလေးတွေ.. အရီးက ကပ်စေးနည်းလိုက်ထှာ :))

  • မြစာကလေး (23122011)

    September 14, 2014 at 2:30 pm

    သူကြီးမင်း
    မှန်ပါတယ် ရှင့်။ ၁၈၈၆ က သယ်လာတာလို့ ရေးထားတယ်။
    အဲဒီ ခေါင်းလောင်းအပြင် ဘေးမှာ အမြှောက် ကြီး တစ်ခု ရှိပါသေးတယ်။
    မန္တလေးက သယ် လာတာ ပါဘဲ။ အတူတူ ယူလာတာနေမှာ။
    ဒါပေမဲ့ အဲဒီ အမြှောက် ကြီး ကတော့ မြန်မာဖြစ်မဟုတ်ဘဲ ပြင်သစ် ဒါမှမဟုတ် ပေါ်တီဂီ က ကျန်ခဲ့တာ ကို သိမ်းလာတာ ထင်တယ်။

    ရေပူစမ်း ကတော့ သူကြီး ရယ်။
    မြန်မာပြည်မှာ အလိုလိုနေရင်း ချွေးပြိုက်ပြိုက် ကျ နေရတော့ ရေပူစိမ်ပြီး ထွက်လာရင် အဲကွန်းခန်း ထဲ ပြေးဝင် ရမလားဘဲ။

    ကကြီးမိုက်
    အမှန်တော့ လေယာဉ်ပျံ က အလယ်က အစက်လေး ဖြစ်သွားတာ။
    ပုံကြီး မှာတော့ တိမ်ထဲက ထိုးထွက်လာတာ မြင်ရသေးတယ်။
    နောက်ဆိုရင် နဲနဲကြီးကြီး တင်ပေးပါ့မယ်။ ဟိ။
    အိမ် ကတော့ ကံကောင်း လို့ အစိမ်းရောင် တွေ နဲ့ နီးနီး နေရတာ။
    သစ်ပင် စိမ်းစိမ်း တွေ ကြည့်နေရတာ စိတ်အေးချမ်းတာတော့ အမှန်ပါ။
    တကယ်တော့ ချမ်းသာမှု မှာ စိတ်၏ချမ်းသာမှု က အရေးကြီးတာ၊ ကိုယ်ရဲ့ အောက်မှာ ရှိတာ ကို ကျွန်မ တို့ သတိလွတ် နေတာလေ။
    ကိုယ့် အောက်မှာ မရှိ တဲ့ ချမ်းသာမှု အတု တွေ နောက် ကို လိုက်ရင်းပေါ့။

    ဖိုးသိကြား လေး
    လာသာလာခဲ့။
    လာဗင်ဒါ ခင်း ကြီး ဆီ အရင်ခေါ်သွားပေးမယ်။ 🙂

    မနော ရေ
    ရှေးတုန်းကတော့ ဒီ ရေပူစမ်း က လက်တွေ့ ချိုး ပေါ့။
    အခုတော့ ရေပူစမ်း က For Show လေ။
    ပြတိုက်ထဲ ရောက်နေတာပေါ့။ 🙂

    မကြည်စင် လေး
    Oxford ကို ရောက်တုန်းကလဲ သိမ်းမြစ် ကို တွေ့ မှာပေါ့။ ဟုတ်လား။
    နောက်တစ်ခါလာရင် Oxford မှာ ချိန်းပြီး တွေ့ကြမယ်လေ။
    ဒီမှာတော့ သိမ်းမြစ် ကို ရေးဗားတန်း (တ နဲ့ ထ ကြား အသံ) တဲ့။
    အရီး ကတော့ ပီအောင် မထွက်နိုင်ပါဘူး။ :-))

    အားလုံးကို ကျေးဇူးပါ။ နောက် ထပ်တင်ဖို့ လုပ်ပါဦးမယ်။ :-))

Leave a Reply