နှင်းမိုးဖွဲဖွဲ ရွာနေပေမယ့်
ကန်တော်ကြီးဘက် စက်ဘီးနင်းထွက်
မနက်စောစော လေပြေညင်းဟာ
အေးမြထိတွေ့ ခံစားအပြည့်နဲ့
လမ်းကွေ့လိုက်စဉ် ရုတ်တရက်မမြင်
စက်ဘီးချိန်းကြိုး ကျနေလို့ပြင်
တိုက်မိမလိုဟန် နီးကပ်ပြန်တော့
လန့်အော် အမလေး
ချစ်ဖို့ကောင်းတဲ့ ကောင်မလေးမို့
ဆင်းကာကူညီ ချိန်းတင်ပြီးလျှင်
နှစ်ယောက်ယှဉ်နင်း စကားဖောင်ဖွဲ့ရင်း
ပြောရင်းပြောရင်း သိလိုက်မိတာ
သူ့ရည်းစားနဲ့ ချိန်းထားလို့ပါ
ကန်တော်ကြီးဝ နုတ်ဆက်ကြလို့
ကျန်ရစ်လို့နေ သူ့ကျောပြင်ကိုငေးကြည့်နေမိ
နှစ်ဆယ့်ငါးနှစ်အရွယ် ကျုပ်အလည်ရောက်ခဲ့
ပြင်ဦးလွင်က ဇာတ်လမ်းတစ်ပုဒ်ကွယ်။

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..