ကျနော်တို့ ရွာထဲမှာဗျာ (August 2014)

ကျနော်တို့ ရွာထဲမှာဗျာ……….

ဩဂုတ် လ အတွက်တော့ တခြား ထွေထူး မပြောတော့ပါဘူးဗျ နော့။

ပို့(စ) ညွှန်းလေးတွေသာ ကြည့်ပါတော့။
.
.
.
.

https://myanmargazette.net/202190
ခေတ်သစ်ဈေးလည်ခြင်း – ကိုပေါက်(မန္တလေး)

ဟိုး အရင် ရပ်ကွက်အိမ်ဆိုင်မှ စ ခု နောက်ဆုံးဝယ်နေကျနေရာများဖြစ်တဲ့ မီနီမတ် တွေ အကြောင်းပါ။
ကိုပေါက် ရဲ့ ရေးဟန် အတိုင်း အတော် နှံ့နှံ့စပ်စပ် ပြည့်ပြည့်စုံစုံရေးထားပါတယ်။
ခေတ် အလိုက်ပြောင်းလဲလာတဲ့ ဈေးသည် ဈေးဝယ် ဟန်တို့ရဲ့ နောက်ကို နည်းပညာ၊ အသိစိတ်ဓာတ်၊ ဝန်ဆောင်မှုတို့ က အမှီလိုက်ရဲ့လား ဆိုတာ အတွေးပွါးစရာ ပို့(စ) တစ်ပုဒ်ဖြစ်ပါတယ်။
ဖတ်ကြည့်ပါဦး ခင်ဗျာ။
.
.
.

https://myanmargazette.net/201951

တန်ဖိုးထားတတ်စေချင်သည်..by လုံမလေးမွန်မွန်

ဒီစာကို ဖတ်ပြီးဖြန့်ကျက် တွေးမိတာက…….
– တန်ဖိုးထားရကောင်းမှန်း မသိတာရော (ဥပမာ လွယ်ကူတဲ့ စားပွဲတို့ နေ့လည်စာတို့ကို ဘိုလိုသုံးတာ)

– တန်ဖိုးထားရကောင်းမှန်း သိပေမယ့်လည်း မတတ်သာလို့ မွေးစားသား စကားလုံးတွေသုံးရတာရော
(ဆိုင်ရာ ခြားနားတဲ့ နည်းပညာနယ်ပယ်က ပညာရပ်ဆိုင်ရာ စကားလုံးတွေ)
ဒါတောင် နေရာတိုင်းမသုံးသင့်ပါဘူး

တီထွင် ကြိုးစားပြောင်းလဲ သုံးစွဲပါမှ မြန်မာစာပေတိုးတက်မယ် မြင်ပါတယ်။

– စပ်ကြား စကားလုံးတွေ
(ဘူတာရုံ ဆိုတာလိုမျိုး)

အပေါ်က စကားလုံး ၃မျိုးကတော့ ဘာသာစကားတိုင်းမှာ ဝင်ရောက် ရောနှော ပျံ့နှံ့နေတာ ကို သတိပြုမိစေတဲ့ ဖတ်ရတာ
အကျိုးများတဲ့ ပိုစ့်တပုဒ်ပါပဲ။
.
.
.
https://myanmargazette.net/202796
စိန်ကြက်ဆင်နှင့် ဒန့်ဒလွတ်ချောင်းက ခေါင်းလောင်း မကြီးတကြီးအမှု – ကျောက်စိမ်း တိန်ညင်

ဒီဆြာရဲ့ သရော်စာ ရေးလက်က အင်မတန် ထက်သလို သတင်းကြီးနေတဲ့ အကြောင်းအရာကို
အခြေထားပြီး ရွာထဲက သူတွေ တယောက်မှ မနေရအောင် အကွက်ချ ဇာတ်ကောင်စားရိုက်သွင်းရေးပြသွားတာလည်း
ကွက်တိ မို့ ပြုံးရယ်ဟား ရတဲ့ ပိုစ့်ပါ။
တကယ့် ခေါင်းလောင်းနဲ့ ပတ်သတ်တဲ့ သတင်းတွေကို လည်း ကောမန့်အနေနဲ့
အားဖြည့်ထားတဲ့ သဂျီးရဲ့ စာတွေကလည်း ပိုစ့်ကို အားဖြည့်ထားတာ တမုံ့။
ကာယကံရှင် လက်ခံရင် ဖေ့စဘုတ်မှာ တက်ပြောင်ထားတဲ့
ပြည်တော်သာ ဝင်းအတွင်းက ဂက်စ်အိုးအဖုံး မတောင်းပန်ရင် ပြန်မပေးဘူးဆိုတာလေးပါ
တွဲပြလိုက်ရင် ပိုကောင်းမယ် ထင့် ….
(သူ့ ဟာသဉာဏ်ကို ဂုဏ်ပြုတဲ့သဘောပါ)
.
.
.
https://myanmargazette.net/202899
ကျနော်နဲ့ ဟိုကလေးမ – နောင် ရိုး

အပိုင်း ၃ ပိုင်းရှိပါတယ်။ ကလေးမကို စ မြင်ဘူးတဲ့ အဖြစ်အပျက်လေး က အစ နောက်ဆုံး အငြင်းခံလိုက်ရတဲ့ အဖြစ်အပျက် အဆုံး
ဇာတ်ကွက် အချိတ်အဆက်မိမိ…
ကလေးမရဲ့ ကာရိုက်တာ ပေါ်လွင်အောင်…
စာရေးသူ ရင်ထဲက ချစ်စနိုးစိတ် စတာတွေကို တပြိုက်နက်ဖော်ပြ
စိတ်ဝင်စားအောင် ရေးသွားနိုင်လို့ သဘောကျခဲ့ရတဲ့ ပို့(စ) တွေပါ။
ဒီလိုရေးလက်မျိုး ရွာထဲမှာ မကြာခဏ မြင်ချင်ပါတယ် ကိုနောင်ရိုးး..
.
.
.
https://myanmargazette.net/201886
ကျွန်မကလေးတွေကတော့ဒီလိုပဲရှိတယ် (၂)- •*¨နန်းတော်ရာသူ •*¨

ကလေးအတွေးနဲ့ ကလေးအမေး တွေက တခါတလေ လူကြီးတွေကို အကျပ်ရိုက်စေတာကို
ခပ်သောသောလေး ရေးထားတဲ့ ပိုစ့်ပါ။ ဘုရား ရှိခိုး ဆိုလို့ အိန္ဒရိယ ပစ္စယော ကို
ကျနော်တို့လည်း ငယ်စဉ်က အဲ့လို ထင်ခဲ့ဖူးတာလေး သွားသတိရမိရဲ့။

နည်းနည်း ကြီးလာတော့မှ နောင်တော်တွေ ပြောပြဖူးတဲ့ ဟာသလေးတပုဒ် သွားသတိရမိတယ်။
ပုံပြင်လေးက သည်လို (ဟိန္ဒူတွေထင်ပါရဲ့) သူငယ်ချင်း၂ယောက် ရှိရာ တယောက်က ဆာမိ တဲ့ (ရွာထဲက ဦးဆာမဟုတ်ပါ)
ဘုန်းကြီး ဆွမ်းမစားခင် လိုက်ဆိုခိုင်းတာက….
… …. သရဏံ ဂစ္ဆာမိ
… …. သရဏံ ဂစ္ဆာမိ
… …. သရဏံ ဂစ္ဆာမိ
ရယ်ပေါ့..
အဲ့သည်မှာ ကျန်သူငယ်ချင်းဖြစ်သူ မူတူး က သူ့အိမ် ဆွမ်းကပ်တဲ့အလှည့်မှာ ဘုန်းကြီးကို

ဘာလို့….
… …. သရဏံ ဂစ်မူတူး
… …. သရဏံ ဂစ်မူတူး
… …. သရဏံ ဂစ်မူတူး

မဖြစ်ရသလဲ ဆိုပြီး ကွန်ပလိန့်တက်တဲ့အကြောင်းလေး ရယ်။
.
.
.
https://myanmargazette.net/203089
စောရိုး ရိုက်စားခြင်းး – ကျွန်တော်၏ကျောင်းသားဘဝများ ( အပိုင်း ၂ )- sorrow

ကိုရင်ဆောရိုး စာ က အရေးသွက်သွက်နဲ့ ပါးစပ်မစေ့ရတဲ့ စာမျိုးပါ ။
နောက်တပုဒ် လောက်မှာ ခံခဲ့ရတဲ့ လူမမာ ပြန်သိသွားတဲ့အခါ ဘာတွေ ဆက်ဖြစ်တယ် ဆိုတာလေး ဖတ်ရရင် ပိုပြည့်စုံသွားမယ် လို့
မြင်မိပါရဲ့။
ကျောင်းသားဘဝ (အထူးသဖြင့်) သက်တူရွယ်တူ ဝါသနာတူ အဆောင်နေကျောင်းသားဘဝ
ကိုဖြတ်သန်းလာသူတွေအတွက် ငယ်ဘဝအောက်မေ့စရာ ကိုယ့်ဇာတ်လမ်းလေးတွေလည်း
ပြန်ပြောပြချင်စိတ်ပေါက်စရာ ပိုစ့် ၂ပုဒ်လို့ မြင်မိပါကြောင်း။
.
.
.
https://myanmargazette.net/203403
ခေါင်းခနခန လျှော်လို့ ဆံပင်ပိုကောင်းမယ်ထင်ပါသလား ?? By Shwe Ei

မရေးတာ ကြာပြီဖြစ်သော ရွှေအိရဲ့ လက်ရာပါ။
ကောင်းမွန်ပြီး ပျိုမေတို့ ဖတ်ဖို့ လိုအပ်တဲ့ ဆောင်းပါးလေးမို့ ဖတ်ကြည့်စေချင်ပါတယ်ဗျာ။
.
.
.
https://myanmargazette.net/202209
ဗဟိုအမျိုးသမီးဆေးရုံကြီးသို့တစ်ခေါက်……………- Ma Ma

ဝေဖန်တတ်သူဟာ ဆိုးတာ ကို ဝေဖန်နိုင်သလို ကောင်းတာကိုလည်း ချီးကျူးနိုင်ရပါတယ်။
ပြောင်းလဲမှုကို တောင်းဆိုတတ်ရင် ပြောင်းလဲ လာမှုကိုလည်း ကြိုဆိုတတ်ရပါတယ် ခင်ဗျာ။
ဒီ ဆောင်းပါးလေးကတော့ ဗဟို အမျိုးသမီးဆေးရုံမှ ကောင်းသော ဝန်ဆောင်မှု ပြောင်းလဲမှုတွေကို မြင်တွေ့ရေးသားထားတာမို့၊
ပြောင်းလဲမှုကိုရော အသိအမှတ်ပြုနိုင်မှုကိုရော ကျနော်တို့ ကြိုဆိုရမှာပါ။
.
.
.
https://myanmargazette.net/202374
စကားလုံးတွေ ကြက်ပျောက် ငှက်ပျောက်_သော်ဇင် ၊လွိုင်ကော်၊- သော်ဇင် (လွိုင်ကော်)

ကျုပ်တွေးတယ်လေ။
သက်သာချောင်ချိရေးဆိုတဲ့စကားလုံး။ သက်တော့သက်သာပါတယ်။ ချောင်ချိကုန်တာတွေက အသပြာအိတ်တွေ။

ခေတ်မီဖွံ့ဖြိုးရေး ဆိုတဲ့စကားလုံး။
ခေတ်မီလာပါတယ်။ ဖွံ့ဖြိုးကုန်တာက အသုံးအစွဲတွေ။

စာမတတ်သူလျော့ချရေး ဆိုတဲ့စကားလုံး။
ဟုတ်ပါတယ် စာမတတ်သူတွေကို လျော့ချပစ်ပါတယ်။ လုံးဝ မသင်ရဆိုပြီး ပိတ်ပစ်တာမျိုးပေါ့။

အင်း ကျုပ်မြေးတွေအတွက် ဖုန်းကဒ်ဝယ်ဖို့ ကျုပ် စကားလုံးတွေ ရေပက်မဝင်အောင်ပြောခဲ့တဲ့စကားတွေ လေထဲမှကြက်ပျောက်ငှက်ပျောက်ကုန်တာက ဘာနဲ့ သဏ္ဍာန်တူသလဲဆို ပြောခဲ့သမျှ အရာမထင် လို့ပဲပြောရမလား။ စကားအမျိုးမျိုးပြောခဲ့လို့ ပြောတော့ရွှေမန်း ကတော့ ရွှမ့်သိမ့်သိမ့်လို့ပဲ ပြောရမလား။

အဲဒီ မလား မလားတွေနဲ့…

သော်ဇင်(လွိုင်ကော်) ရဲ့ အရေးအဖွဲ့တွေပါ။
ဆက်သွယ်ရေး ကမ်ပနီ ၂ ခု ကျနော်တို့ နိုင်ငံ မှာ စတင်လာတာက အစပြုပြီး ကြုံတွေ့ခံစားရတာလေးတွေကို “အောင်မင်း” ဆိုတဲ့ ဇာတ်ကောင် က တစ်ဆင့် ရသမြောက်စွာ ပြောပြထားတာမို့ ဖတ်ရှုစေချင်ပါတယ် ခင်ဗျာ။
.
.
.
https://myanmargazette.net/202523
စက္ကူကြယ်ဖန်ပုလင်း @ သူ့….ကိုပြောပြချင်လိုက်တာ – အောင် မိုးသူ

ကျွန်တော်သူ့ကိုပြောပြချင်သေးသည်။ အများကြီးပြောပြချင်သည်။

ချစ်ခြင်းသည် တုံ့ပြန်စရာမလိုတဲ့အကြောင်း၊

ချစ်ခြင်းသည် ပူလောင်ဆွေးမြေ့သည့် အကြောင်း၊

ချစ်ခြင်းသည် မသေဆုံးတဲ့အကြောင်း၊

ချစ်ခြင်းသည် အချိန်ကာလမရှိတဲ့အကြောင်း၊

ချစ်ခြင်းသည် ချစ်နေရရုံနှင့် ပြည့်စုံပြီဖြစ်တဲ့အကြောင်း

“ကျွန်တော် “သူ့”ကိုပြောပြချင်လိုက်တာ……..”

ဟူ၍…

လွန်ခဲ့တဲ့ ၈ နှစ်လောက်က တွေ့ဆုံ ချစ်ခင်ခဲ့ရတဲ့ ချစ်သူလေးကို ပြောပြချင်တာလေးတွေကို ဇာတ်ကောင် စရိုက်လေးတွေပါ အပါ ပြောပြထားတဲ့ ရသပို့(စ) လေးပါ။
ကိုယ်တွေ့ လို့ ယူဆမိလောက်အောင် အသက်ပါ ပါတယ်။
.
.
.
https://myanmargazette.net/202537
အဖြူရောင်မီးတောက်ကလေးများ – hmee

မီး…..ဟုတ်တယ်။ အဲ့ဒါက မီးဆိုတာတော့ အသေအချာပဲ။ ဘာလို့လည်းဆို သိပ်ပူတာကိုး။ ပြီးတော့ သူ့ပတ်ဝန်းကျင်ကိုလည်း အပူဟပ်တတ်သေးတာမို့ မီးဆိုတာတော့ ငြင်းမရနိုင်ဘူး။ တခုပဲ ထူးဆန်းတာက သူက အဖြူရောင် သက်သက်လေး။ တကယ့်ကိုမှ အဖြူရောင်လေး။

အေးမြပါတယ် ဆိုတဲ့ ၅၂၈ သွယ် မေတ္တာနဲ့ ချစ်ရတဲ့ သားသမီး အတွက် ပူပင်ရတဲ့ အပူကို အဖြူရောင်မီးတောက်လေးနဲ့ တင်စား ခေါင်းစဉ်ပေးထားတာပါ။
မမှီရဲ့ အ ဖြူရောင် မီးတောက်လေးတွေက ကျနော်တို့ ရင် ကို ကူးစက်တောက်လောင်စေခဲ့ပါတယ်။
.
.
.
https://myanmargazette.net/203078
ညီလေးအလင်းဆက် နှင့် မြန်မာစာချစ်သူ ရွာသူ/ရွာသားများသို့ အပိုင်း(၃) By ရွှေညာသား

ဟုတ်ကဲ့။ စာကြမ်းပိုးတို့ကို စောင့်နေပါတယ် ဆိုတဲ့ ရွှေညာသားရဲ့ ပို့(စ) အပိုင်း (၃) ပါ။
ထုံးစံ အတိုင်း ခင်မင်သူတို့ မြန်မာစာချစ်သူတို့ နဲ့ စည်ကားခဲ့တဲ့ ပို့(စ) ဖြစ်ပါတယ်။
အမြင်မတူသူတွေဆိုတာ အမြဲရှိနေမှာ ဖြစ်တာကြောင့် ရွှေညာသား အနေနဲ့ ပို့(စ) နောက်ပိုင်းတွေကို ဆက်လက် တင်စေချင်ပါကြောင်း တောင်းဆိုလိုပါတယ် ခင်ဗျာ။
.
.
.
https://myanmargazette.net/203258
ကျွန်မမှာ မင်းသမီး By မွသဲ ( 17082011 )

မွသဲရဲ့ ကိုယ်တွေ့ အလွဲ အချော်လေးတွေကို တင်နေတဲ့ထဲက တစ်ပုဒ်ပါ။
စိတ်ညစ်ညူးတဲ့ အချိန် ဖတ်မိရင်ကို အားရပါးရ ပြုံးနိုင်မှာမို့ စိတ်အာဟာရ အတွက် ဖတ်ကြည့်သင့်ပါတယ် ခင်ဗျာ။
.
.
.
https://myanmargazette.net/203291
အချစ်ကို ဖွင့်ဆိုကြည့်တဲ့အခါ…. By Mr. MarGa (12512)

အချစ် ဆိုတာ…

ရသ ကိုးပါးစလုံး ရောယှက်နေတဲ့ အရာ….

ပါတဲ့။

အဲဒီလို သူ့ အယူ အဆကို ပြောပြီးတဲ့နောက်မှာ ဦးမာဃဟာ ရှင်းပြခဲ့ပါတယ်။
အချစ်နဲ့ ရသကိုးပါး ဘယ်လိုဆက်စပ်နေတဲ့ အကြောင်းပါ။
ဘယ်လို ရှင်းပြခဲ့တယ် ဆိုတာ ဖတ်ကြည့်လိုက်ပါဦး ခင်ဗျာ။
.
.
.
https://myanmargazette.net/201675
မြန်မာနိုင်ငံအလယ်ဗဟိုတည့်တည့် ( ပြတ်ခရွေတောင် ) – pooch

ဒေါ်ပုချ ရဲ့ လက်ရာ အတိုင်း ပြီးပြည့်စုံတဲ့ ခရီးသွားဆောင်းပါး တစ်ပုဒ်ပါ။
ခရီးစဉ်တစ်လျှောက်ရဲ့ ဓာတ်ပုံလက်ရာ များရယ် အတွေ့အကြုံ များရယ် ကို စုစည်း ရေးသားထားခြင်းဖြစ်ပြီးး စိတ်ကျေနပ်မှု ရရှိစေမဲ့ ပို့(စ) တစ်ပုဒ်လို့ ညွန်းချင်ပါတယ်။
.
.
.
https://myanmargazette.net/203331
သေဆုံးသွားတဲ့နေ့ By ဗုံဗုံ

စာရေးကျဲ တဲ့ ဗုံဗုံရဲ့ ပို့(စ) တစ်ပုဒ်ပါ။
စဖတ်ဖတ်ချင်းမှာတော့ သူရည်ညွှန်းတာ တစ်ယောက်လို့ထင်မိမှာဖြစ်ပြီး၊ နောက်ဆုံးကျမှ ရှင်းလင်းသွားတဲ့ ရေးဟန်ပါ၊
သဘောကျပါတယ်။
ကွန်မန့်လေးတွေနဲ့ပါ တွဲပြီး ဖတ်ကြည့်စေချင်ပါတယ်။
.
.
.
.
.
ကျနော် တို့ ရွာထဲမှာ တခြားဖတ်ကြည့်သင့်တဲ့ ပို့(စ) တွေကတော့

https://myanmargazette.net/203366
အခု ရှိတဲ့ ဘုရားကို အားမနာဘူးလား…
– alinsett

.
.
.
https://myanmargazette.net/201917
စဉ်းစားကြစေလိုပါတယ် ( ၇၆ ) ( စဉ်းတောင် မစဉ်းစားချင်တော့ပါဘူးကွယ် )
– Foreign Resident

.
.
.
https://myanmargazette.net/203151
ဂျစ်သော အစ်ကိုကြီးသို့ Open Letter
– မြစာကလေး (23122011)

.
.
.
https://myanmargazette.net/203170
လက်ဖက်ရည်ဆိုင် စကားဝိုင်း…။
– black chaw

.
.
.
https://myanmargazette.net/203534
စဉ်းစားသော်လည်း အဖြေမရခြင်းသည်ကား….
– ခင် ခ

.
.
.
https://myanmargazette.net/203090
ကျောချမ်းဖွယ် ကန်စွန်းပလိန်း
– marblecommet

23 comments

  • ဇီဇီ ခင်ဇော် (15102012)

    September 8, 2014 at 9:21 am

    ဟေ့။
    နင် တို့ကို မခေါ်ဘူးဟေ့။
    နာ ဩဂုတ်လထဲမှာ ရေနွေးဖြစ်တွေ အများဂျီး တည်ထားတာ ကော်ဖီတောင် ဖျော်ထားသေးတာကို တစ်ပုဒ်မှ မညွှန်းလို့ မခေါ်ဘူးဟေ့။

    :boss:

    • ခင် ခ

      September 8, 2014 at 11:18 am

      မဇီဇီ ကလည်း ကိုယ်ရေးတာက ကိုယ့်အလုပ်
      သူရွေးတာက သူအလုပ်လို့မှတ်လိုက်ပါလားဗျာ။
      ဒါပေမယ့် သူ ဘာကြည့်ရွေးတာလဲလို့တော့ ကျုပ်လည်းစဉ်းစားမရဘူးဗျ
      ဖတ်ရွေးနဲ့ စပ်စပ်ရွေးတာလား? ဘာလား ? မသိပါဘူးဗျာ။

      • စာ ကြမ်းပိုး

        September 12, 2014 at 12:45 pm

        စာကြမ်းပိုး ဖတ်ပြီး ရွေးချယ် ညွှန်းတဲ့ ပို့(စ) တွေက ဖတ်ရွေးနဲ့ မဆိုင်ပါဘူး ခင်ဗျာ..

  • Mr. MarGa

    September 8, 2014 at 10:49 am

    အမ်…
    ဟိုဂျီးဒေါ် ပြောလွန်းလို့ နေမှာ
    ဖွင့်ဆိုချက် ပို့စ်က ဒီထဲတောင် ပါလာတယ်
    တွေ့လား တွေ့လား
    ဂျီးဒေါ် ကြည့်ထားး
    ငွင်းငွင်း :boss:

    • စာ ကြမ်းပိုး

      September 12, 2014 at 12:46 pm

      စာဖတ်သူတွေ လွတ်ပြီး ကျန်ခဲ့နိုင်တဲ့ ပို့(စ) လေးတွေကို ရွေးချယ်ပေးနိုင်ဖို့လည်း ရည်ရွယ်ပါတယ်။

  • manawphyulay

    September 8, 2014 at 2:30 pm

    ရွာထဲမှာ ဘာများဖြစ်နေလဲလို့ ဝင်ကြည့်မိတာ ဖတ်မှတ်ရွေးလား ဘာလား
    သာမီးတော့ နားမလည်လို့ ဖတ်ချင်တာတွေ ဖတ်ပြီး ပြန်သွားပါပြီ….. :mrgreen:

    • စာ ကြမ်းပိုး

      September 12, 2014 at 12:48 pm

      လစဉ် ရွေးချယ်ညွှန်းဆိုရုံပဲ တင်တဲ့ ပို့(စ) မျိုးပါ မနော်ဖြူလေးရေ

  • kyeemite

    September 8, 2014 at 3:27 pm

    .ကျနော်တို့ ရွာထဲမှာဗျာ ..လူတွေတော်တော်ပျောက်နေတယ်
    .ကျနော်တို့ ရွာထဲမှာဗျာ ..လူတွေစာရေးကျဲပါးနေတယ်
    .ကျနော်တို့ ရွာထဲမှာဗျာ ..လူတွေကွန်မန့်ပေးနည်းနေတယ်
    .ကျနော်တို့ ရွာထဲမှာဗျာ …..
    .ကျနော်တို့ ရွာထဲမှာဗျာ ……
    .ကျနော်တို့ ရွာထဲမှာဗျာ ………………………………………………….အဟွတ် :boss:

    • ဇီဇီ ခင်ဇော် (15102012)

      September 8, 2014 at 3:30 pm

      ကြမ်းပိုးကြီး ကိုယ်တိုင် ကို ပျောက်နေလို့ ..
      မဖြစ်ဖြစ်အောင် ကြိုးစား ပို့(စ) တင်ထားရပုံပဲ။

      :k:

    • လုံမလေးမွန်မွန်

      September 8, 2014 at 3:49 pm

      အာ့​ပြောတာ​ပေါ့.. reader app ​လေး လုပ်​​​ပေးပါဆို.. အင်​တာနက်​​ကောင်​းချိန်​​လေး refresh လုပ်​..ညဘက်​စာဖတ်​.. note ထဲမှာ ကွန်​မန်​့ရိုက်​ထား.. ​နောက်​​နေ့ အင်​တာနက်​​ကောင်​းချိန်​ကျရင်​တင်​.. ခု​တော့ ​ပျော်​ရာမှာမ​နေဘဲ.. ​တော်​ရာမှာပဲ ​နေ​တော့မယ်​..

      • kai

        September 8, 2014 at 4:57 pm

        reader app အဲဒါဘာကြီးလည်း…
        နည်းနည်းရှင်းပြပါလား..

        • လုံမလေးမွန်မွန်

          September 8, 2014 at 5:10 pm

          အွန်​.. သဂျား​ပြောတာပဲ.. လွှတ်​​တော်​ထဲမယ်​ ​အော်​ထားတယ်​​လေ.. ဖုန်​းထဲက သတင်​း app ​တွေလိုမျိုး.. ဥပမာ.. ဖဘက ​ဦးထွန်​းလွင်​အ​ကောင်​့ကို ချိတ်​ထားတယ်​ဆို သူအသစ်​တင်​သမျှ refresh လုပ်​ရင်​ တက်​လာတာ.. အကုန်​ဖတ်​လို့ရတယ်​.. အဲ့လိုမ​ျိုး.. ​သေချာ​တော့ မ​ပြောပြတတ်​ဘူး..

        • Mr. MarGa

          September 8, 2014 at 5:44 pm

          feed reader တစ်ခုခုပေါ့ဗျာ
          သဂျီး သိသားနဲ့ လည်ပြီလား
          ဥမပါ သစ်ထူးလွင်ဆို ဖဘမှာ တက်သမျှ app နဲ့ feed ယူတယ်လေ

  • sorrow

    September 8, 2014 at 3:57 pm

    စာကြမ်းပိုးလေးတွေအားပေးတယ်လား…ဘူမှမဖတ်ဘူးထင်တာရယ်..အဟိဟိ ..နောက်အပိုင်းတွေကျန်သေးပေမယ့်..အလုပ်ပိနေလို့ခင်ဗျာ…ကျော်ရေးချင်နေတာ တပိုင်းကိုသေလို့…

    • စာ ကြမ်းပိုး

      September 12, 2014 at 12:49 pm

      ပို့(စ) အားလုံးကို ဖတ်ဖြစ်ပါတယ်ဗျာ

  • kai

    September 8, 2014 at 4:51 pm

    http://myanmargazette.net/203078
    ညီလေးအလင်းဆက် နှင့် မြန်မာစာချစ်သူ ရွာသူ/ရွာသားများသို့ အပိုင်း(၃) By ရွှေညာသား

    အဲဒီပို့စ်က..

    အပျိုစစ်တုံ တင်ပါးဆုံ
    နိမ့်တုန် မြင့်တုန် ခုန်ရမည်
    အပျိုမစစ် ထိုကာတစ်
    တင်ဆစ် ရမ်း၍ခါရမည်။

    အဲဒါနဲ့တင်… တော်တော်တန်သဗျ…။ :k:
    ခေတ်ကာလတော်တော်ကြာ… စာသားအမှန်မသိခဲ့တာမို့လေ..။
    မြန်မာတို့ရဲ့.. အနုပညာကို.. ဇောင်းပေးချင်သမို့..
    ပို့စ်ကို.. သတင်းစာထဲ.. ပုံနှိပ်ဖေါ်ပြဖို့တောင်..တွေးနေမိ…။

    • စာ ကြမ်းပိုး

      September 12, 2014 at 12:50 pm

      ဟုတ်ပါတယ်။
      ရွှေညာသားကိုလည်း ပို့(စ) တွေ ဆက်လက် တင် စေချင်ပါတယ်။

  • ကန္နားစီး မိဂီ

    September 8, 2014 at 11:42 pm

    Hangin’ out with Janis
    Movin’ to Atlantis
    Could’ve made it if you tried…

    ဟိ

  • မြစာကလေး (23122011)

    September 9, 2014 at 4:21 am

    အောင်မယ်
    ကျောက်စိမ်းခြစ်ကင်း က ထိပ်တက် လို့ပါလား။
    ဟာဟ
    စိန်တာကီ ကိုလဲ သတိရကြောင်းပြောလိုက်။
    အာ့လာဝင်ပြောတာ။

    ပုံ
    မြစပဲရိုး :-)))

    • စာ ကြမ်းပိုး

      September 12, 2014 at 12:50 pm

      လာအားပေးတဲ့ အရီးမြစာကလေးကိုလည်း ကျေးဇူးပါ။

  • ဦးဦးပါလေရာ

    September 10, 2014 at 12:34 pm

    အစက ရွာထဲ ပိုစ့်သိပ်မတက်ဘူးထင်တာ
    သူတို့ထုတ်ပြမှပဲ တကယ်တော့ ရွာထဲ ကိုယ်မရောက်ဖြစ်တာဖြစ်ကြောင်း အမှန်အတိုင်းသိသွားတော့တယ်…
    စိတ်အေးလက်အေး ကွန်မင့်တန်းစီရေးနိုင်တဲ့ ရက်ကလေးတွေ ဘယ်တော့မှများ…….
    🙁

    • စာ ကြမ်းပိုး

      September 12, 2014 at 12:53 pm

      ပို(စ) တွေက ရှိပါတယ် ဦးပါလေရာရေ။
      ဖတ် ဖြစ် တာ မ ဖတ်ဖြစ် တာ ပဲ ရှိကြမှာပါ၊

  • ဦးကြောင်ကြီး

    September 15, 2014 at 9:48 am

    စာကြမ်းပိုးကို ရေနံဆီလောင်း ဂုံပုချဉ်တယ်…

Leave a Reply