မင်္ဂလာပါ ။

အခုတစ်ပါတ်အတွက် အလင်းခြုံတဲ့ သတင်း Zone ကဏ္ဍကနေ တင်ပြပေးမယ့် သတင်းတွေကတော့…

*မေမြတ်နိုးရဲ့ သတင်းစာရှင်းလင်းပွဲသတင်း

* ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ကော့ဘဇားမြို့ ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာ ဒုက္ခသည် ၂၄၁၅ ဦးကို ပြန်လည်စိစစ်လက်ခံဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ တောင်းဆိုချက်ကို မြန်မာအစိုးရဘက်က လက်ခံလိုက်ပြီး၊ ဆက်လက်ဖြစ်ပေါ်ခဲ့တဲ့ နောက်ဆက်တွဲသတင်း၊

*မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို US အခြေစိုက်ကုမ္ပဏီ I.I (W.S) က တရားစွဲဆိုမယ့် သတင်း၊

*၂၀၁၄ခုနှစ် မြန်မာနိုင်ငံရဲ့ ရှေ့ပြေးလူဦးရေစာရင်း ထုတ်ပြန်လိုက်တဲ့သတင်း၊

*မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဗိုလ်လောင်း သင်တန်းဆင်း ၁၀၀ ဦး ကို  တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့တွေမှာ ပြန်တမ်းဝင်အရာရှိများအဖြစ်ခန့်အပ်လိုက်တဲ့သတင်း၊

*ပျူမြို့ဟောင်းများရဲ့ မြေယာရှုခင်း (Landscape) ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး   ထိုင်းနိုင်ငံ ယဉ်ကျေးမှု ၀န်ကြီးဌာနက အကူအညီပေးမယ် ဆိုတဲ့သတင်း၊

*Organization နဲ့ တစ်နှစ်တာ စာချုပ် သက်တမ်း ပြည့်သွားပြီ ဖြစ်တဲ့ Miss Supranational 2013 ဆုရှင် ခင်ဝင့်ဝါရဲ့ ပြောပြချက်သတင်းတချို့နဲ့…

*အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ စာပေအနုပညာရှင်များတွေ့ဆုံတဲ့သတင်း၊

*မြန်မာနိုင်ငံရဲ့ ရေအားလျှပ်စစ် စီမံကိန်းတွေကို အနောက်နိုင်ငံများနဲ့ လက်တွဲလုပ်ဆောင်တော့မယ်ဆိုတဲ့သတင်း၊

*တာဝါတိုင်တွေအားလုံး တည်ဆောက် ပြီးစီးသွားပြီဆိုတဲ့ တယ်လီနောမြန်မာရဲ့ သတင်း၊

*ပြည်ပကုမ္ပဏီနှစ်ခုနဲ့ ဖက်စပ်လုပ်ဆောင်ဖို့ ခွင့်ပြုချက်ရပြီဆိုတဲ့ ပါရမီစွမ်းအင်ကုမ္ပဏီအင်အားစုရဲ့သတင်း၊

*မြန်မာနိုင်ငံတွင်းက အီဘိုလာ သံသယရှိသူ လူနာရဲ့ နောက်ဆုံးရသတင်း၊

*ထိုင်းအခြေစိုက်ရုပ်သံကုမ္ပဏီ ကန်တာနာက   ပြည်တွင်းရုပ်သံတွေနဲ့ ထုတ်လွှင့်မှုအစီအစဉ်တွေ ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ သတင်း၊

*ယူအက်စ် (US) ရင်းနှီးမြှပ်နှံမှုနဲ့   တည်ဆောက်မယ့် မန္တလေးတိုင်းက လျှပ်စစ်ဓါတ်အားပေးစက်ရုံသတင်း၊

*ဂျပန်စီးပွားရေးလုပ်ငန်းတွေကို ပြည်တွင်းမှာ လာရောက်လုပ်ကိုင်ဖို့   ဖိတ်ခေါ်လိုက်တဲ့သတင်း ၊                                                                                     *မူဆယ်ဒေသမှာ နိုင်ငံတကာအဆင့်မီ စီးပွားရေးစမ်းသပ်ဇုန်ကြီး တည်ဆောက်ဖို့ သတင်း၊

*မြန်မာနိုင်ငံသား ၇၅ ဦး ဖမ်းဆီးထိန်းသိမ်းခံရခြင်းနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံ မြန်မာသံရုံးကကြေညာချက်တစောင် ထုတ်ပြန်လိုက်တဲ့သတင်းနဲ့ …

*မြန်မာ ယူ-၁၉ဘောလုံး အသင်းသားတွေကို နိုင်ငံတော်အစိုးရက  ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၂,၅၅၀ ချီးမြှင့်လိုက်တဲ့သတင်း တွေကို တင်ပြပေးမှာဖြစ်ပါတယ် ။

 

========================

 

စက်တင်ဘာလ ၂ ရက်နေ့က ရန်ကုန်မြို့ ဦးဝိစာရလမ်းပေါ်က House of Memory စားသောက်ဆိုင်မှာ

သတင်းစာရှင်းလင်းပွဲလုပ်ပြီး Miss Asia Pacific World 2014 သရဖူ ပြန်သိမ်းခံခဲ့ရသူ အလှမယ် မေမြတ်နိုးက ကြေညာချက်ထုတ်ခဲ့ပါတယ်။

ကြေညာချက်အရ ဦးခေါင်းမှ ခြေဖျားအထိ ခွဲစိတ်ပြုပြင်ရန် အတင်းအကျပ် ဖိအားပေးတာ ခံခဲ့ရခြင်း –

တရားဝင်ဗီဇာ (၃) လနှင့် လိုက်ပါလာသောမိခင်အား အတင်းအကျပ်ပြန်လွှတ်မည်ဟုဆိုခြင်း-

သူမထုတ်လုပ်မည့် တေးစီးရီး အတွက် ငွေအရင်းအနှီးရှာရန် သူမကိုယ်တိုင် ငွေကြေးပြည့်စုံသော လုပ်ငန်းရှင်ကြီးများ လိုအပ်၍ ခေါ်သည့်အခါ

အဖော်အဖြစ် မည်သည့် အချိန်တွင်မဆို သွားရောက်ဧည့်ခံပေးရမည်ဟု ဆိုလာခြင်း တို့ကြောင့် သူမဟာ ကိုရီးယားကပြန်လာရတာဖြစ်တယ်သူလို့ရေးထားပါတယ်။

မယ်ပြိုင်ပွဲအတွက် အသက် ကန့်သတ်ချက်က ၁၈ နဲ့ ၂၇ ကြား ဖြစ်ရမှာဖြစ်ပေမယ့် မေမြတ်နိုးက ၁၅ နှစ်ပဲ ရှိသေးကာ နောက်လ ၁၃ ရက်နေ့မှ ၁၆ နှစ် ပြည့်မှာဖြစ်ပါတယ်။

အခုကိစ္စတွေဖြစ်တဲ့အတွက် ကိုရီးယားအဖွဲ့အစည်းက ဆုရသရဖူကိုပြန်သိမ်းပြီး ဒေါ်လာသိန်းချီတန်တယ်ဆိုတဲ့ကရောင်းကိုပြန်လည်အပ်နှံရန်တောင်းဆိုထားပါတယ်။

မေမြတ်နိုးကတော့ သူမကို သိက္ခာကျဆင်းအောင် ပြောဆိုမိသည်နှင့်ပတ်သက်၍ မှားယွင်း မိကြောင်း တောင်းပန်စကားဆိုလျှင်

သရဖူကို လိုလိုလားလား ပြန်လည်စွန့်လွှတ်ကာ ပေးအပ်မည်ဖြစ်ကြောင်း ကြေငြာထားပါတယ်။

Capture

 

 

 

 

 

 

 

 

 

 

 

 

===================================================

 

သြဂုတ် ၃၁ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာ ကျင်းပခဲ့တဲ့    (၈) ကြိမ်မြောက် နိုင်ငံခြားရေးရုံး ညှိနှိုင်းဆွေးနွေးပွဲမှာ                                                ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ကော့ဘဇားမြို့ ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာဒုက္ခသည် ၂၄၁၅ ဦးကို ပြန်လည်စိစစ်လက်ခံဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ တောင်းဆိုချက်ကို  မြန်မာအစိုးရဘက်က လက်ခံလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကဒုက္ခသည်သုံးသောင်းကျော်လက်ခံဖို့အဆိုပြုခဲ့တဲ့အထဲက

နောက်ဆုံးစစ်ဆေးအတည်ပြုထားတဲ့ မြန်မာနိုင်ငံသားလို့အသိအမှတ်ပြုထားသူ နှစ်ထောင်ကျော်ကိုသာ ပြန်လည်စိစစ်လက်ခံမှာဖြစ်ကြောင်း

စက်တင်ဘာလ ၁ ရက်မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးသန့်ကျော်က ထုတ်ဖော်ပြောဆိုခဲ့ပေမယ့်

နှစ်လအတွင်း သုံးသောင်းကျော်လုံးလက်ခံလိမ့်မယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီသတင်းနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးအတွင်းဝန်ရဲ့ ပြောကြားချက်ဟာ မရိုးသားရာရောက်ကြောင်း ၊

နိုင်ငံရေးချစ်ကြည်ရင်းနှီးမှု ပျက်ပြားစေနိုင်ကြောင်း၊

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး အတွင်းဝန်ရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး

ဘင်္ဂလားဒေ့ရှ် နိုင်ငံကို သတိထောက်လွှာ ပေးအပ်သင့်၊မသင့်ကိုလည်း သမ္မတရုံးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ က စတင်စဉ်းစားနေကြောင်း… မြန်မာနိုင်ငံ၊သမ္မတရုံးအကြီးတန်းအရာ ရှိတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

bingarle

 

 

 

 

 

 

 

 

 

 

=======================================================================

အစ္စလာမ်မစ်နိုင်ငံတော် (ISIS) အဖွဲ့ဟာ ဖမ်းဆီးထားတဲ့ ဒုတိယမြောက်အမေရိကန်တစ်ဦးကို ခေါင်းဖြတ်သတ်ခဲ့ကြောင်း သတင်းရရှိခဲ့ပါတယ်။

အသက် (၃၁) နှစ်ရှိ USနိုင်ငံသား စတီဗန်ဆော့လော့ဖ်ကို ခေါင်းဖြတ်သတ်နေတဲ့ ဗီဒီယိုကို

ISIS အဖွဲ့က ထုတ်ဖော် ပြသခဲ့တာပါ။

ဆော့လော့ဖ်ဟာ သတင်းထောက် ဂျိမ်းစ်ဖိုလေ အပြီး ISIS တို့ရဲ့ ခေါင်းဖြတ်သတ်ဖြတ်မှုကိုခံရတဲ့ ဒုတိယမြောက် အမေရိကန် ဖြစ်လာပါတယ်။

ဒါ့အပြင် ISIS တို့ဟာ ဖမ်းဆီးထားတဲ့ ဗြိတိန်နိုင်ငံသားတစ်ဦးကိုလည်း ခေါင်းဖြတ်ပစ်ဦးမယ်လို့ ဗီဒီယိုထဲမှာ ခြိမ်းခြောက်ထားပါသေးတယ်။

ဗီဒီယိုမှာ ဆော့လော့ဖ်ကို ခေါင်းဖြတ်သတ်တဲ့ ISIS စစ်သွေးကြွဟာ ဖိုလေကို သတ်ဖြတ်သူပဲ ဖြစ်နိုင်ကြောင်း ယူဆရပါတယ်။

လူသတ်သမားက အနက်ရောင်ဝတ်စုံကို လုံခြုံစွာ ဖုံးဖိဝတ်ဆင်ထားပြီး   ဆော့လော့ဖ်ကတော့ လိမ္မော်ရောင် ဝတ်စုံနဲ့ ရှိနေပါတယ်။

(၂) မိနစ်ခွဲစာအချိန်ကြာမြင့်တဲ့  A Second Message to America အမည်ရှိ ဗီဒီယိုဟာ

ဗြိတိသျှ ဓားစာခံတစ်ဦးကိုလည်း ဒီလိုပဲ ခေါင်းဖြတ်သတ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုနဲ့ အဆုံးသတ်ခဲ့ပါတယ်။

သမ္မတအိုဘားမားနဲ့ ဒုတိယသမ္မတဂျိုးဘိုင်ဒင်တို့က ယခုကိစ္စနဲ့ပါတ်သက်ပြီး ယူအက်စ်အနေနဲ့ လက်စားချေတုံ့ပြန်မယ်လို့ ပြောကြားလိုက်ကြပါတယ်။

 

gaung

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

=============================================================================

လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ ၀န်ကြီးဦးခင်ရီက၂၀၁၄ခုနှစ် ရှေ့ပြေးလူဦးရေစာရင်း ၅၁.၄သန်းဝန်းကျင် ရှိကြောင်း                                 ကန်တော်ကြီးပဲလေ့စ်ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ အခမ်းအနားမှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ကောက်ခံရရှိထားတဲ့ စာရင်းတွေအရ ၅၁၄၁၉၄၂၀ ရှိပြီး စာရင်းဇယားအရ အမျိုးသား၂၄သန်းခန့်နဲ့ အမျိုးသမီး၂၆ သန်းခန့် ရှိတယ်လို့  ဆိုပါတယ်။

ရခိုင်ပြည်နယ် ခရိုင်ငါးခုထဲက သုံးခုကိုသာ ကောက်ခံရယူနိုင်ခဲ့ပြီး ကျန်ခရိုင်နှစ်ခုကိုကောက်ခံ၍ မရခဲ့ကြောင်း၊                                                                              ကချင်ပြည်နယ်မှာလည်း ကေအိုင်အိုထိန်းချုပ်ရာ နယ်မြေဒေသတချို့နဲ့ ကေအန်ယူတပ်မဟာ(၅)ထိန်းချုပ်နယ်မြေတို့ကို ကောက်ခံလို့ မရခဲ့ကြောင်း ၀န်ကြီးဦးခင်ရီက ပြောပါတယ်။

စာရင်းဇယားမှာ ပြည်ပရောက်ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေနဲ့ တရားမ၀င်နည်းလမ်း (အောက်လမ်းမှ) သွားရောက်ခဲ့သူတွေလည်း မပါဝင်ဘူးလို့ သိရပါတယ်။

၂၀၀၈ခု မေလ ၁၅ရက်နေ့က ထုတ်ပြန်တဲ့ အခြေခံဥပဒေပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာတော့ မြန်မာ့လုဦးရေဟာ ၅၇.၅သန်းလို့ ကြေငြာခဲ့တာဖြစ်ပါတယ်။

 

lu oo yay

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

==================================================================================

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ရဲ့ ၀န်ကြီးအပြောင်းအလဲမှာ

အကျိုးတူပူးပေါင်းဆောင်ရွက်ဖို့ သဘောတူစာချုပ် ချုပ်ဆိုထားတဲ့ အချက်အလက်တွေ  ဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို အမေရိကအခြေစိုက်ကုမ္ပဏီ I.I (W.S) က စက်တင်ဘာလမှာ တရားစွဲဆိုသွားမယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။

 

အမေရိကအခြေစိုက်ကုမ္ပဏီဖြစ်တဲ့ I.I (W.S) ဟာ TT Project လို့ အမည်ပေးထားတဲ့

လုပ်ငန်းတစ်ခုကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်ဖို့ ဆိုပြီး

သဘောတူညီမှု စာချုပ်ကို ၁၉၉၉ ခုနှစ်က

ဦးဆောင်ညွှန်ကြားရေးမှူး ဦးမောင်မောင်တင်၊  အင်ဂျင်နီယာချုပ် ဦးတင့်လွင်နဲ့ ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ဝင်းတင်တို့

ပါဝင်လက် မှတ်ရေးထိုးခဲ့ကြောင်း ၊

ဝန်ကြီးအပြောင်းအလဲ ဖြစ်ပေါ်လာတဲ့အတွက် စာချုပ်ပါ အချက်တွေ ပျက်ကွက်ခဲ့တဲ့အတွက် တရားစွဲဆိုမှာ ဖြစ်ကြောင်း

I.I (W.S) ဒါရိုက်တာအဖွဲ့ဝင် ဒေါက်တာမြတ်နုခိုင်က ပြောဆိုလိုက်ပါတယ်။

စာချုပ် ချုပ်ဆိုရာမှာ US နဲ့ အိန္ဒိယတို့ ပူးပေါင်းလုပ်ဆောင်မယ့် ဆက်သွယ်ရေး လုပ်ငန်းတစ်ခုမှာ ဂြိုဟ်တုလှိုင်း နှုန်း မြန်မာနိုင်ငံရဲ့ လေနယ်နိမိတ်ပေါ်မှာ ဖြတ်သန်းသွားလာခွင့် ပြုရမှာ ဖြစ်ပြီး

အသုံးပြုခွင့်အတွက် မြန်မာ့ဆက်သွယ်ရေးက တစ်မိနစ်ကို US ဒေါ်လာ ငါးဆင့်နှုန်းရရှိမှာပါ။

တစ်လမှာ US ဒေါ်လာ ငါးသိန်းကနေ ငါးသန်းအထိ ရရှိနိုင်မှာ ဖြစ်ကြောင်း သဘောတူညီမှုတွေ ပြုလုပ်ခဲ့ကြတာပါ။

ဒါပေမယ့် ဆက်သွယ်ရေးဝန်ဆောင်မှုတွေပေးဖို့   စမ်းသပ်မှုတွေ   ပြုလုပ်နေချိန်မှာပဲ ဆက်သွယ်ရေးဝန်ကြီးအသစ် တက်လာပြီးနောက်ပိုင်းမှာ အကြောင်းကြားခြင်းလည်း မရှိ၊

စာချုပ်ပါ အချက်အလက်တွေလည်း ရပ်ဆိုင်းသွားခဲ့တဲ့ အတွက်

I.I (W.S) အနေနဲ့ ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းတွေ ဆုံးရှုံးခဲ့ပြီး

လုပ်ငန်းတချို့လည်း ရပ်ဆိုင်းခဲ့ရကြောင်း ဒေါက်တာမြတ်နုလွင်က ပြောပါတယ်။

အဲဒီကိစ္စနှင့်ပတ်သက်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို အကြောင်းကြားစာ နှစ်ကြိမ်ပေးပို့ပြီး အခုတစ်ကြိမ်မှာ တရားစွဲဆိုဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း…

တရားစွဲဆိုခွင့် ရရှိရင် မြန်မာနိုင်ငံအနေနဲ့ ဂြိုဟ်တုနဲ့ပတ်သက်တဲ့ ဆက်သွယ်မှုတွေ အသုံးပြုလို့ မရအောင် တားမြစ်ခြင်းမျိုး ပြုလုပ်သွားဖို့လည်း စီစဉ်ထားကြောင်း သိရပါတယ်။

 

Capture2

 

 

 

 

 

 

 

 

 

 

 

====================================================================================

 

Apple ရဲ့ I Cloud အင်တာနက် သိုလှောင်မှုစနစ်ကနေ

နာမည်ကျော် အနုပညာရှင် အမျိုးသမီးများရဲ့ ပုဂ္ဂိုလ်ရေး ဓာတ်ပုံများ ပေါက်ကြားမှုကို

US ထောက်လှမ်းရေးဌာန FBI က တာဝန်ယူ စုံစမ်းနေကြောင်း သိရပါတယ်။

Hacker တွေက iCloud မှ နာမည်ကျော်များရဲ့ Account တွေထဲ ထိုးဖောက်ဝင်ရောက်ပြီး ဝတ်လစ်စလစ်ဓာတ်ပုံတွေကို အင်တာနက် Social Media များပေါ် ဖြန့်ဝေခဲ့တာကြောင့် နာမည်ကျော် အမေရိကန်မင်းသမီး ဂျနီဖာလောရင့်စ်အပါအဝင်

စူပါမော်ဒယ်လ် ကိတ်အပ်တန်၊ဟီလာရီဒပ်ဖ်၊ အမ်ဘာဟတ်ဒ် ၊ အက်ဗရာလက်ဂ်ဗင်း၊

ကိုယ်ဟန်ပြ မော်ဒယ်လ် ကိတ်အပ်တန်နဲ့ အမေရိကန် အမျိုးသမီး လက်ရွေးစင်ဂိုးသမား ဟုပ်ဆိုလို …

စသူ…တို့ရဲ့ ဓာတ်ပုံတွေပါ အင်တာနက်ပေါ် ပျံ့နှံ့ခဲ့ပါတယ်။

Apple က အဲဒီဖြစ်ရပ်ကို FBI နဲ့ ပူးပေါင်းပြီး စုံစမ်းမယ်လို့ အတည်ပြုခဲ့ပါတယ်။

The Hunger Games ဇာတ်ဆောင် မင်းသမီး ဂျနီဖာလောရင့်စ်ကိုယ်တိုင်က အင်တာနက်မှာ ပျံ့နှံ့နေတဲ့ ဓာတ်ပုံတွေဟာ

သူမရဲ့ ပုံရိပ် အစစ်အမှန်များ ဖြစ်ကြောင်း ဝန်ခံလိုက်တဲ့နောက်

Apple အနေနဲ့ iCloud မှာ ယိုပေါက်တွေ ရှိနေတာကို မျက်ကွယ်ပြုလို့ မရတော့ပါဘူး ။

ဩဂုတ်(၃၁)ရက် မနက်ပိုင်းက စပြီး အော်စကာဆုရှင်မင်းသမီး ဂျနီဖာလောရင့်စ်နဲ့

Pop ဂီတစတား ရီဟားနားတို့ရဲ့ ဓာတ်ပုံများ အပါအဝင် နာမည်ကျော်တို့ရဲ့ အဖော်အချွတ်ဓာတ်ပုံ အများအပြား

Social Media တွေပေါ် ရောက်လာအပြီးမှာ  နာမည်ကျော်တွေက ပုဂ္ဂိုလ်ရေး ဓာတ်ပုံတွေ လူသိရှင်ကြား ဖြစ်သွားတာကို စိတ်ပျက်မိကြောင်း ထုတ်ဖော်ပြောဆိုလိုက်ကြပါတယ်။

အဆိုပါပုံတွေဟာ လောလောဆယ်မှာ fappening ၀က်ဘ်ဆိုက်မှာရှိနေပြီး ကြည့်သူတွေကို

ထိခိုက်သက်ရောက်စေတဲ့ malware ဗိုင်းရပ်စ်တချို့လည်း ၀က်ဆိုက်ပေါ်မှာတွဲရှိနေတာကြောင့် မြန်မာအင်တာနက်သမားများ သတိထားဖို့ တိုက်တွန်းအပ်ပါတယ်။

 

ama

 

 

 

 

 

 

 

 

 

 

 

 

 

 

=================================================================================

မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဗိုလ်လောင်းသင်တန်းဆင်း ၁၀၀ ဦး ကို

တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့တွေမှာ ပြန်တမ်းဝင်အရာရှိများအဖြစ် ဆောင်ရွက်ဖို့ 

သြဂုတ်လ ၊ ၂၇ ရက်နေ့ မှာ ခန့်အပ်လိုက်ကြောင်း သတင်းရရှိပါတယ်။

ဒါဟာ နိုင်ငံတော်ကာကွယ်ရေး သမိုင်းတလျှောက်မှာ

အမျိုးသမီး ဗိုလ်လောင်းတွေကို ပထမဆုံးအကြိမ် တာဝန်ပေးအပ်ခြင်းဖြစ်ပါတယ်။

ဗိုလ်လောင်း ၁၀၀ ကို တပ်မတော်(ကြည်း) မှာ ၉၂ ဦး၊   တပ်မတော်(ရေ)မှာ ငါးဦးနဲ့ တပ်မတော်(လေ)မှာ သုံးဦး ခန့်အပ်ခဲ့တာပါ ။

ဗိုလ်လောင်းသင်တန်းဆင်းပွဲကို သြဂုတ်လ၊ ၂၈ ရက်က မှော်ဘီအမှတ်(၁) အမျိုးသမီး ဗိုလ်သင်တန်းကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။

အမျိုးသား ဗိုလ်လောင်း ပြန်တမ်းဝင်အရာရှိဆိုရင်တော့ သင်တန်းဆင်းပြီးတာနဲ့ ရှေ့တန်းထွက်ရတာဖြစ်ပေမယ့် အမျိုးသမီးတွေကိုတော့

ရှေ့တန်း မထွက်ရပဲ အုပ်ချုပ်ရေးပိုင်းဆိုင်ရာမှာသာ သုံးမယ်လို့ သိရပါတယ်။

1

 

 

 

 

 

 

 

 

 

 

 

 

 

 

==========================================================================================

 

ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း စတဲ့…

ပျူမြို့ဟောင်းတွေရဲ့ မြေယာရှုခင်း (Landscape) ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး

ထိုင်းနိုင်ငံ ယဉ်ကျေးမှု ၀န်ကြီးဌာနက အကူအညီပေးမယ်လို့  သိရပါတယ် ။

ပြီးခဲ့တဲ့ ရက်ပိုင်းက နေပြည်တော်မှာ ထိုင်းယဉ်ကျေးမှု ၀န်ကြီးဌာန  အနုပညာ ဦးစီးဌာနမှ ကိုယ်စားလှယ်အဖွဲ့နဲ့

မြန်မာနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒု ၀န်ကြီး ဒေါ်စန္ဒာခင်တို့ တွေ့ဆုံချိန်မှာ

ပျူမြို့ဟောင်းတွေရဲ့  မြေယာရှုခင်းပြင်ဆင်ရေး၊ စီမံခန့်ခွဲရေးနဲ့ ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းတွေကို အကူအညီပေးဖို့ သဘောတူညီခဲ့ခြင်း ဖြစ်ပါတယ်။

သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်းလင်း စတဲ့ ပျူ မြို့ဟောင်းတွေကို

ပြီးခဲ့တဲ့ ၂၀၁၄ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့မှာ ယူနက်စကိုက

ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် အသိအမှတ်ပြုခဲ့ခြင်း ဖြစ်ပါတယ်။

 

Pyu-Pagoda-edit

 

 

 

 

 

 

 

 

 

 

 

=====================================================================================

သြဂုတ်လ၊ ၁၄ ရက်နေ့မှာ သူ့ရဲ့ Organization နဲ့ တနှစ်တာ စာချုပ် သက်တမ်း ပြည့်သွားပြီ ဆိုတဲ့

Miss Supranational 2013 ဆုရှင် ခင်ဝင့်ဝါက

အဖွဲ့အစည်းနဲ့ သူ့ရဲ့ကြားက သူ့ဘက်က ခံစားချက်တွေနဲ့ ပတ်သက်ပြီး

သတင်းထောက်တွေကို သြဂုတ်လ၊ ၁၅ ရက်နေ့မှာ ပြောပြခဲ့ပါတယ်။

သရဖူလွှဲပြောင်းခွင့် ပိတ်ပင်ခံရတဲ့ကိစ္စ အပါအဝင်

Miss တွေဟာ Organization တွေနဲ့ စာချုပ်ချုပ်မယ်ဆိုရင်  သတိထားရမယ့် အချက်တွေနဲ့ ပတ်သက်ပြီး …

ကိုယ်မလိုက်နာနိုင်တဲ့ စည်းကမ်းချက်တွေဆို ပြင်ခိုင်းသင့်ကြောင်း၊

ခင်မင်ရင်းနှီးလို့ အားနာတာတွေမရှိစေပဲ ကိုယ်ဖြစ်ချင်တာကို ရဲရဲဟြေပြီး ဖြေရှင်းတာ အကောင်းဆုံးဖြစ်ကြောင်း၊

စာချုပ် မချုပ်ခင်မှာ အချက်အလက်တွေကို သေချာစစ်ဆေးကြည့်သင့်ကြောင်း အကြံပေး ပြောဆိုခဲ့ပါတယ်။

စာချုပ်သက်တမ်းပြည့်သွားပြီဖြစ်တဲ့အတွက်   အခုဆိုရင် စိတ်ရှုပ်စရာတွေ၊ စိတ်ညစ်စရာတွေ မရှိတော့ လွတ်လပ်သွားပြီလို့ ခံစားရကြောင်း ရှေ့ဆက်ပြီး လုပ်စရာရှိတဲ့ အနုပညာအလုပ်တွေ၊ ပရဟိတအလုပ်တွေကို ဆက်လုပ်သွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

 

khin wint war-edit

 

 

 

 

 

 

 

 

 

 

 

 

====================================================================================

 

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ

သြဂုတ်လ၊ ၂၅ ရက်နေ့ ၊ မနက်ပိုင်းက ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမမှာ       စာပေအနုပညာရှင်များနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က

တိုင်းပြည် အကူးအပြောင်းအတွက် ဝိုင်းပြီး ရုန်းကန်နေကြတဲ့ အချိန်မှာ စာပေအနုပညာရှင်တွေလည်း

နိုင်ငံရေး နယ်ပယ်ထဲ ပါဝင်လာဖို့ လိုအပ်ကြောင်း   တိုက်တွန်း ပြောဆို လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က “အခုအချိန်ဟာ နိုင်ငံအတွက် အရေးအကြီးဆုံး အချိန်ဖြစ်ပြီး

စာပေအနုပညာရှင်တွေလည်း ကူညီဖို့ လိုကြောင်း ၊

စာပေအနုပညာရှင်တွေဟာ ပြည်သူပြည်သားတွေ လက်ခံယုံကြည်ရမယ့်၊

လုပ်ဆောင်ရမယ့် တာဝန်တွေကို မီးမောင်းထိုးပြ စေချင်ကြောင်း၊

ထမ်းဆောင်ရမယ့် တာဝန်တွေကို အကြံဉာဏ် ပေးစေလိုကြောင်း၊

အဲဒီ တာဝန်တွေကို အကောင်အထည် ဖော်ဖို့ကိစ္စတွေမှာလည်း အကူအညီပေးစေလိုပါကြောင်း….စသည်ဖြင့် တိုက်တွန်းပြောဆို သွားခဲ့ပါတယ်။

ဒါဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ စာပေအနုပညာရှင်တွေ    ပထမဆုံးအကြိမ် တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။

တွေ့ဆုံပွဲကို ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ စာပေနယ်ပယ် အသီးသီးက ပုဂ္ဂိုလ်အများအပြား တက်ရောက်ခဲ့ပြီး

စာရေးဆရာများကဏ္ဍ၊ ပန်းချီနဲ့ဓာတ်ပုံကဏ္ဍ၊ ကဗျာဆရာများကဏ္ဍနဲ့ ကာတွန်းဆရာများကဏ္ဍ အသီးသီးကနေ သူတို့ ကြုံတွေ့နေရတဲ့ အခြေအနေတွေနဲ့ အခက်အခဲတွေ ၊ တောင်းဆိုလိုတဲ့ အချက်အလက်တွေကို ပြန်လည်တင်ပြပြီး ပြောဆိုခဲ့ကြတဲ့အပြင် …

စာနယ်ဇင်းသမားများ ဖိနှိပ်ခံရခြင်း၊ ဖမ်းဆီးထောင်ချ ခံနေရခြင်းများ၊

ကဗျာဆရာတွေ အနေနဲ့ နိုင်ငံရေးကိစ္စတွေမှာ ပါဝင်လှုပ်ရှားမှုများ၊

ကာတွန်းဆရာတွေအတွက် လေ့လာရေးခရီးစဉ်များ၊ ဆွေးနွေးပွဲများ ပေါ်ပေါက်လာရေးကိစ္စများနဲ့ ပန်းချီဓာတ်ပုံဆိုင်ရာကိစ္စတွေကိုလည်း   ပြောဆို ဆွေးနွေးသွားကြတယ်လို့ သိရပါတယ်။

 

daw su-edit

 

 

 

 

 

 

 

 

 

 

 

=======================================================================================

ထိုင်းအခြေစိုက် ရုပ်သံကုမ္ပဏီ ကန်တာနာက

ပြည်တွင်း ရုပ်သံတွေနဲ့ ထုတ်လွှင့်မှုအစီအစဉ်တွေ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိနေပြီး

ပြည်တွင်းရုပ်သံတချို့မှ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီဖြစ်ကြောင်း

TheNation သတင်းဌာနက ဩဂုတ်လ ၁၉ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။

ကန်တာနာရုပ်သံက ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာ ရုပ်သံပူးပေါင်းထုတ်လွှင့်မှုများ
ပြုလုပ်နေသလို မြန်မာနိုင်ငံမှာလည်း ပူးပေါင်းလုပ်ကိုင်လိုခြင်း ဖြစ်ပါတယ် ။

မြန်မာနိုင်ငံမှာ ကနဦးပူးပေါင်းဆောင်ရွက်မှုအနေနဲ့  ကန်တာနာရဲ့ မူပိုင်ဖြစ်တဲ့ အစီအစဉ်တချို့ကို

ပြည်တွင်း ရုပ်သံတွေမှာ ထည့်သွင်းပြသခြင်းနဲ့ စတင်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

ဒုတိယ အဆင့်အနေနဲ့ မြန်မာနိုင်ငံမှာ ကိုယ်ပိုင် ရုပ်သံဌာနတစ်ခု တည်ထောင်သွားနိုင်တဲ့အထိ လုပ်ဆောင်သွားမယ်လို့ ကန်တာနာအမှုဆောင်အရာရှိချုပ်က ပြောဆိုထားပါတယ်။

Capture 3

 

 

 

 

 

 

 

 

 

 

 

 

=====================================================================================

 

ယခင်အစိုးရ လက်ထက်မှာ ရေအားလျှပ်စစ် စီမံကိန်းတွေကို တရုတ်ကုမ္ပဏီတွေနဲ့ပဲ
အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပေမယ့်    လက်ရှိအချိန်မှာတော့ အနောက်နိုင်ငံများ၊
ဥရောပကုမ္ပဏီများနဲ့ လက်တွဲဆောင်ရွက်သွားတော့မယ်လို့  လျှပ်စစ် စွမ်းအားဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးမော်သာထွေးက
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း သတင်းမီဒီယာများနဲ့ တွေ့ဆုံစဉ်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ယခင်အစိုးရလက်ထက်က သဘောတူလက်မှတ်ရေးထိုးခဲ့တဲ့ ရေအားလျှပ်စစ်စီမံကိန်းပေါင်း
၆၀ ကျော်ရှိပြီး အများစုကို တရုတ်နိုင်ငံ ကုမ္ပဏီတွေနဲ့ လက်မှတ်ရေးထိုးခဲ့တာပါ ။

ရေအားလျှပ်စစ်စီမံကိန်း အသစ်တွေအဖြစ်

ရွှေလီ(၃) စီမံကိန်းကို အင်္ဂလန်နဲ့ ပြင်သစ် ကုမ္ပဏီများ ၊

အလယ်ရဲရွာစီမံကိန်းနဲ့ ကျောက်ကြီးမြို့နယ်အတွင်းရှိ ဘောဂဓစီမံကိန်းတို့ကို နော်ဝေကုမ္ပဏီများ ၊ အလယ်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းကို
ဩစတြေးလျ (သို့မဟုတ်) အင်္ဂလန်ကုမ္ပဏီတွေနဲ့ ဆောင်ရွက်သွားဖို့ လျာထားပြီး
ဖြစ်တယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံပေါင်း ၃၀ ကျော် လည်ပတ်နေပြီး
စုစုပေါင်း စက်တပ်ဆင် အင်အား ၂,၉၂၉ မဂ္ဂါဝပ်နဲ့ တနိုင်ငံလုံး ဓာတ်အားထုတ်လုပ်မှုရဲ့
၇၄ ရာခိုင်နှုန်း ရှိနေပါတယ် ။

Capture-edit

 

 

 

 

 

 

 

 

 

 

 

 

===============================================================================

တယ်လီနောက ဆင်းကတ်အရေအတွက် ၁၀ သန်းကို စတင်ရောင်းချပေးသွားမှာ ဖြစ်ပြီး

တာဝါတိုင်ပေါင်း ၈၀၀ နဲ့ မိုဘိုင်းကွန်ရက် စတင်ဖို့ အတွက်

တာဝါတိုင်တွေအားလုံး တည်ဆောက် ပြီးစီးသွားပြီလို့

တယ်လီနော မြန်မာကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ပီတာဖားဘတ်က ပြည်တွင်းသတင်းဂျာနယ်တွေကို ပြောခဲ့ပါတယ်။

တယ်လီနောဆင်းကတ်တွေကို အများပြည်သူတွေ ၁၅၀၀ ကျပ်ထက်

ပိုမ၀ယ်ရဖို့ ဆင်းကတ် ၁၀သန်း ရောင်းချပေးသွားမှာဖြစ်ပြီး

အရောင်းဆိုင်တွေမှာ ဆင်းကတ်တွေ ပြတ်လပ်မှုမရှိအောင်လည်း ဆောင်ရွက်ပေးသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

တယ်လီနောရဲ့ ရည်မှန်းချက်က ငါးနှစ်အတွင်းမှာ မြန်မာနိုင်ငံလူဦးရေ ၉၀ရာခိုင်နှုန်းကို
ဝန်ဆောင်မှုပေးနိုင်ဖို့ ဖြစ်ပါကြောင်း ၊

ဒီရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ 
တာဝါတိုင် ၈,၀၀၀ ကျော် ကို တည်ဆောက်သွားမှာဖြစ်ပြီး
တာဝါတိုင်ဆောက်လုပ်ပြီးစီးမှု များလာတာနဲ့အမျှ ၀န်ဆောင်မှုပေးတဲ့နေရာတွေလည်း
များပြားလာမှာဖြစ်ကြောင်း ပီတာဖားဘတ်က ပြောပါတယ်။

ဖုန်းနံပါတ် ၀၉ ၇၉ ..နဲ့ စတင်မှာဖြစ်တဲ့ တယ်လီနောဆင်းကတ်တွေဟာ

ဂျီအက်စ်အမ် ဟန်းဆက်တိုင်းမှာ အသုံး ပြုနိုင်မှာ ဖြစ်ပြီး

တယ်လီနောဆင်းကတ်တွေက အော်ရီဒူးထက် ပိုကောင်းနိုင်တယ်လို့ ပြည်သူတွေက မျှော်လင့်နေကြပါတယ်။

telenor

 

 

 

 

 

 

 

 

 

=================================================================================

 

ပြည်တွင်းစွမ်းအင်၊ ရေနံနဲ့ သဘာဝဓါတ်ငွေ့၊ ဆောက်လုပ်
ရေး၊ ဘဏ်နဲ့ အာမခံလုပ်ငန်း၊ ခရီးသွားလုပ်ငန်း..စတာတွေကို ဆောင်ရွက်နေတဲ့

ပြည်တွင်းအခြေစိုက် ပါရမီစွမ်းအင် ကုမ္ပဏီ အင်အားစုဟာ

ကုန်းတွင်းရေနံလုပ်ကွက်နှစ်ခုကို ပြည်ပကုမ္ပဏီနှစ်ခုနဲ့ ဖက်စပ်လုပ်ဆောင်ဖို့

မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်ဆီက ခွင့်ပြုချက် ရရှိပြီဖြစ်ကြောင်း သိရပါတယ် ။

ဩဂုတ်လ ၊၂၇ ရက် နေ့က ဆူးလေရှန်ဂရီလာ ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့
သတင်းစာရှင်းလင်းပွဲမှာ ပါရမီစွမ်းအင် ကုမ္ပဏီအုပ်စုရဲ့ စီအီးအို ဦးပြည့်ဝထွန်းက ထုတ်ဖော်ပြောဆိုခဲ့တာပါ။

ပါကစ္စတန်နိုင်ငံနဲ့ ဗြိတိန်နိုင်ငံအခြေစိုက် ကုမ္ပဏီနှစ်ခုနဲ့ဖက်စပ်လုပ်ဆောင်မှာဖြစ်ပြီး

PSC O နဲ့   PSC J ရေနံလုပ်ကွက်နှစ်ခုကို ဖက်စပ်လုပ်ဆောင်သွားမှာဖြစ်ပါတယ် ။

လုပ်ကွက် O ကို ပုသိမ်ဘက်၊ J ကို မော်လမြိုင်နဲ့ ကရင်ပြည်နယ်တွေမှာ ပြုလုပ်သွားမယ်လို့ ပြောဆိုချက်အရ သိရပါတယ်။

အဲဒီပြည်ပနိုင်ငံတွေရဲ့ ကုမ္ပဏီခွဲတွေ ဖြစ်တဲ့

Petroleum Exploration PD Myanmar O and J က ပါရမီ စွမ်းအင်အုပ်စုနဲ့ ဖက်စပ်လုပ်ဆောင်ရာမှာ

ပြည်ပကုမ္ပဏီတွေက ၇၀ ရာခိုင်နှုန်းနဲ့
ပါရမီစွမ်းအင်အုပ်စုက ၃၀ ရာခိုင်နှုန်းရင်းနှီးမြှပ်နှံမှာဖြစ်တယ်လို့ သိရပါတယ်။

Capture3

 

 

 

 

 

 

 

 

 

 

 

 

======================================================================================

 

ရန်ကုန် – ဝေဘာဂီကူးစက်ဆေးရုံ၌ စစ်ဆေးကုသနေသော အီဘိုလာရောဂါသံသယလူနာအပါအ၀င် ၎င်းနှင့်ထိတွေ့ဆက်ဆံခဲ့သူလေးဦးရဲ့ သွေးနမူနာကို ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်မြို့ရှိ ဗိုင်းရပ်စ်ဗေဒဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ရာ ဓာတ်ခွဲနမူနာအဖြေအရ ကူးစက်မြန်အီဘိုလာရောဂါပိုးမရှိကြောင်း ဓာတ်ခွဲအဖြေသိရှိရပြီးနောက် စက်တင်ဘာ၃ရက်နေ့ နံနက်ပိုင်းတွင် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပါတယ်။

‘‘လူနာတွေက ကျန်းမာရေးအခြေအနေကောင်းနေပါပြီ။ သွေးစစ်ဆေးတဲ့အဖြေပဲ စောင့်နေတာပါ။

အဖြေလည်း မဟုတ်မှန်းသိရတော့ ဆေးရုံက ဆင်းခွင့်ပြုလိုက်တာပါ။

ဒီနေ့မနက်ပဲ ဆင်းခွင့်ပြုလိုက်ပါပြီ’’ဟု ကျန်းမာရေးဝန်ကြီးဌာန (နေပြည်တော်)မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဩဂုတ်လ ၁၉ ရက်နေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တွေ့ရှိခဲ့တဲ့

အီဘိုလာ သံသယရှိသူရဲ့ သွေးကို အိန္ဒိယနိုင်ငံ ဟူနေးမြို့က

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အသိအမှတ်ပြု ဓာတ်ခွဲခန်းကို ပို့ဖို့ စီစဉ်ခဲ့ပေမယ့်

လေကြောင်းလိုင်းအခက်အခဲကြောင့် တပတ်ခန့်ကြာတဲ့အထိ နှောင့်နှေးနေခဲ့တာပါ။

မြန်မာပြည်ရဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ် သုံးခုဖြစ်တဲ့ ရန်ကုန်၊ မန္တလေးနဲ့

နေပြည်တော် တို့မှာ ပြည်ပက ဆိုက်ရောက်လာတဲ့ ခရီးသည်တွေ အဖျားရှိ၊ မရှိကို

အနီအောက်ရောင်ခြည်နဲ့ ကိုယ်အပူချိန်တိုင်း စနစ် (Inferred fever screen system) နဲ့ စမ်းသပ်လျက်ရှိပြီး လိုအပ်ရင် တိတိကျကျ အတည်ပြုနိုင်ဖို့

အနီအောက်ရောင်ခြည်နဲ့ အပူချိန်တိုင်းကိရိယာ (Inferred thermo Gun) နဲ့ လည်း ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကို အလည်အပါတ်သွားလိုသူများ စိတ်ပူပင်မှုအထူးထားရန်မလိုတော့တဲ့အတွက် သတင်းကောင်းတခုဖြစ်ပါတယ်။

ebola1 ee

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

=====================================================================================

 

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံနဲ့ မိတ္ထီလာခရိုင်တွေမှာ

လျှပ်စစ်ဓါတ်အား ၁၅၀ မဂ္ဂါဝပ် ထွက်ရှိမယ့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံနှစ်ခုကို ယူအက်စ် ရင်းနှီးမြှပ်နှံမှုနဲ့ တည်ဆောက်သွားမှာဖြစ်ပြီး

အဲဒီ စီမံကိန်းအတွက် US ဒေါ်လာ သန်း၄၈၀ ကုန်ကျမယ်လို့      နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ် ။

မြန်မာနိုင်ငံ၊လျှပ်စစ်ဝန်ကြီးဌာနနဲ့ အမေရိကပြည်ထောင်စု အခြေစိုက်   အေစီအို ရင်းနှီးမြှပ်နှံမှုအုပ်စုတို့ဟာ

အဲဒီ စက်ရုံတည်ဆောက်ရေး သဘောတူညီချက်(MOA)ကို   ဩဂုတ်လ ၂၈ ရက်နေ့က                                                                                  နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ(၂)မှာ လက်မှတ်ရေးထိုးခဲ့တာပါ။

စက်ရုံနှစ်ခုကနေ မဂ္ဂါဝပ် ၃၀၀ ထွက်ရှိမယ်လို့ ရည်မှန်းထားပြီး

၂၀၁၆ မှာ အပြီးသတ်တည်ဆောက်မယ့် အဲဒီစီမံကိန်းပြီးဆုံးသွားရင်တော့
မြန်မာနိုင်ငံရဲ့ ဓါတ်အားထုတ်လုပ်မှု ၁၀ ရာခိုင်နှုန်းကို နေရောင်ခြည်စွမ်း အင်က   ရရှိနိုင်မှာဖြစ်ပြီး

ရင်းနှီးမြှပ်နှံမှု ပမာဏရဲ့ ၂၀ ရာခိုင်နှုန်းကို အမေရိကားက   တင်သွင်းမှာဖြစ်တဲ့အတွက် နှစ်နိုင်ငံလုံး အကျိုး ရရှိမယ်လို့  သိရပါတယ် ။

အမေရိကန်တွေရဲ့ ကုမ္ပဏီဖြစ်တဲ့ ACO နဲ့ Convalt Energy ကုမ္ပဏီတို့ဟာ

စီမံကိန်း ဆောင်ရွက်မယ့် ဒေသတွေမှာ အခြေခံအဆောက်အအုံတွေ ၊

ဓါတ်အားစနစ်နဲ့ ဆက်စပ်တဲ့ နည်းပညာတွေကို သင်တန်းပို့ချပေးမှာ ဖြစ်ပြီး

အဲဒီစီမံကိန်းကြောင့် ပြည်တွင်းမှာ   အလုပ် အကိုင် ၅၀၀ လောက် ရရှိလာနိုင်တယ်လို့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

သမ္မတအိုဘားမား နိုဝင်ဘာလအတွင်းမှာ မြန်မာနိုင်ငံအလည်အပါတ်သွားရောက်ဖို့ပြင်ဆင်နေတဲ့အတောအတွင်း

ယူအက်စ်ကုမ္မဏီများနဲ့ မြန်မာအစိုးရတို့ရဲ့ စီးပွားရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုတွေ ခပ်စိတ်စိတ်တွေ့လာရတာဖြစ်ပါတယ်။

2

 

 

 

 

 

 

 

 

 

 

 

 

 

Capture1

 

 

 

 

 

 

 

 

 

 

 

 

==================================================================================

 

မြန်မာ-ဂျပန်လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအသင်း (ရန်ကုန်)နဲ့

၂၁ရာစုစီးပွားအဓွန့်ရှည်တည်တံ့ ဖွံ့ဖြိုးမှုအဖွဲ့ (Economic Sustainable Development for 21st Century) တို့အကြား

နားလည်မှုစာချွန်လွှာရေးထိုးခြင်း အခမ်းအနားကို   ဩဂုတ်လ၊ ၂၇ရက်နေ့က တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာ ကျင်းပခဲ့ပါတယ်။

အဲဒီ အခမ်းအနားကို တိုယိုတာလုပ်ငန်းစုက တာဝန်ရှိသူတွေလည်း   တက်ရောက်ခဲ့ပါတယ် ။

ဂျပန်စီးပွားရေးလုပ်ငန်းတွေကို မြန်မာပြည်တွင်းမှာ လာရောက်လုပ်ကိုင်ဖို့

ဖိတ်ခေါ်သွားမှာ ဖြစ်ပြီး မြန်မာနိုင်ငံကနေ ဂျပန်ကို  သွားရောက်အလုပ်လုပ်ကိုင်သူနဲ့ ပညာသင်တွေ အတွက်

ပိုမို အဆင်ပြေချောမွေ့စေရေး လုပ်ဆောင်ပေးဖို့လည်း တောင်းဆိုသွားမယ်လို့

မြန်မာဂျပန်လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေးအသင်း (ရန်ကုန်)ရဲ့     အသင်းဥက္ကဌ ဒေါက်တာမြင့်ဆန်းက ပြောပါတယ်။

နားလည်မှုစာချွန်လွှာရေးထိုးချက်အရ   ဂျပန်နိုင်ငံက စီးပွားရေးလုပ်ငန်းတွေ   မြန်မာနိုင်ငံကို လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြဖို့  ဖိတ်ခေါ်မယ့်အပြင်

မြန်မာပြည်က လူငယ်တွေကို လက်ရှိ ဂျပန်ကုမ္ပဏီတွေမှာ ကျင့်သုံးနေတဲ့ စီးပွားစီမံခန့်ခွဲမှုနည်းစနစ်များကိုလည်း သင်ကြားပေးသွားမယ်လို့ သိရပါတယ်။

 

japan

 

 

 

 

 

 

 

 

 

 

 

 

======================================================================================

 

တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ် ကုန်စည်ထွက်ပေါက်ဖြစ်တဲ့ မူဆယ်ဒေသမှာ

တရုတ်နိုင်ငံလို နိုင်ငံတကာအဆင့်မီ စီးပွားရေးစမ်းသပ်ဇုန်ကြီး တည်ဆောက်ဖို့အတွက် အမျိုးသားလွှတ်တော် ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှုကော်မတီဟာ

ပြည်ထောင်စုအစိုးရကို တိုက်တွန်းမယ်လို့ ကော်မတီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ပြောပါတယ်။

တရုတ်နိုင်ငံဘက်ခြမ်းရှိ ရွှေလီ၊ ကြယ်ဂေါင်ဒေသက ၀မ်တိန်ဒေသအထိ စတုရန်း
ကီလိုမီတာ ၃၀၀ ကျယ်ဝန်းတဲ့ အနောက်တောင် ရွှေရောင်မုခ်ဦး တံခါးဖွင့်စီးပွားရေး စမ်းသပ်
ဇုန်ကြီးကို တည်ဆောက်နေသလိုမျိုး

မြန်မာနိုင်ငံကလည်း ရေရှည်အကျိုးစီးပွားအတွက် မူဆယ်ဒေသမှာ အဲဒီလို နိုင်ငံတကာအဆင့် စီးပွားရေးစမ်းသပ်ဇုန်ကြီး တည်ဆောက်ဖို့ စတင်ကြိုးပမ်းသင့်ပြီဖြစ်ကြောင်း၊

တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ဖြစ်ပေါ်လာနိုင်တဲ့ ဈေးကွက်အတွက်
ကြိုတင်ပြင်ဆင်ထားနိုင်ရေး အစိုးရအဖွဲ့ကို တိုက်တွန်းဖို့ ပြင်ဆင်နေခြင်း ဖြစ်ကြောင်း ၊

လာမယ့် လွှတ်တော်အစည်းအဝေးမှာ   မူဆယ်မြို့ပြ စီးပွားရေးစမ်းသပ်ဇုန် အကောင်အထည်ဖော်ရေးလုပ်ငန်းအတွက် တိုက်တွန်းမှာဖြစ်ကြောင်း သိရပါတယ် ။

Muse

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

===================================================================================

 

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ လေဆိပ်မှာ   မြန်မာနိုင်ငံသား ၇၅ ဦး ဖမ်းဆီးထိန်းသိမ်းခံရခြင်းနဲ့ ပတ်သက်ပြီး

မလေးရှားနိုင်ငံ မြန်မာသံရုံးက ကြေညာချက်တစ်စောင် သြဂုတ်လ၊၁၈ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ် ။

မြန်မာနိုင်ငံသား ၇၅ ဦး ဖမ်းဆီးထိန်းသိမ်းခံရပြီး ၅၂ ဦးကို  ထောင်ဒဏ်ချမှတ်လိုက်ခြင်းကြောင့် ပြစ်ဒဏ်ကို သက်ညှာစွာ စဉ်းစားပေးဖို့နဲ့ ကျန်အပြစ်မဲ့ထိန်းသိမ်းခံထားရသူတွေ    မြန်မာနိုင်ငံကို အမြန်ဆုံးပြန်နိုင်ရေးအတွက်

မလေးရှားနိုင်ငံ မြန်မာသံရုံးက သံတမန်နည်းလမ်းအရ လုပ်ဆောင်နေကြောင်း ဖော်ပြထားပါတယ် ။

မလေးရှားနိုင်ငံကို လာရောက်မယ့် မြန်မာနိုင်ငံသားများအနေနဲ့လည်း

မိမိရဲ့ နိုင်ငံကူးလက်မှတ်မှာပါရှိတဲ့ ပြည်ဝင်ခွင့်(ဗီဇာ)အပါအ၀င်

တခြားအချက်အလက်တွေကို ပြည့်စုံမှန်ကန်မှု ရှိ/မရှိ အထူးဂရုစိုက် ဆောင်ရွက်သင့်ကြောင်း        မလေးရှားနိုင်ငံ၊မြန်မာသံရုံးက နှိုးဆော်ထားပါတယ် ။

 

KLCC

 

 

 

 

 

 

 

 

 

 

 

 

========================================================================================

 

ဘရူနိုင်း ဘုရင့်ဖလား ဗိုလ်စွဲခဲ့တဲ့ မြန်မာ ယူ-၁၉ဘောလုံး အသင်းသားတွေကို

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဂုဏ်ပြုလက်မှတ်များနဲ့

အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက

ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၂,၅၅၀ ကျော်ကို

သြဂုတ်လ၊ ၂၉ ရက် ညနေမှာ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ  ကွန်ဗင်းရှင်းစင်တာ(၂)မှာ ဂုဏ်ပြုပွဲပြုလုပ်ပြီး ပေးအပ်ခဲ့ကြောင်း သိရပါတယ် ။

မြန်မာ ယူ-၁၉ အသင်းဟာ သြဂုတ်လ၊၂၃ ရက်က ကျင်းပတဲ့ ဘရူနိုင်းဘုရင့်ဖလား ဗိုလ်လုပွဲမှာ

ဗီယက်နမ်လူငယ်အသင်းကို ၄-၃ ဂိုးနဲ့ အနိုင်ရပြီး

ဘရူနိုင်းဘုရင့်ဖလား ချန်ပီယံဆု ရရှိခဲ့တာကြောင့်    ဆုကြေးငွေ ဘရူနိုင်းဒေါ်လာနှစ်သောင်းလည်း ရရှိခဲ့ပါတယ်။

u-19

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

=================================================================================

 

 

အလင်းခြုံတဲ့ သတင်း Zone ကို တင်ဆက်လို့ ပြီးပါပြီ ။

နောင်တစ်ပါတ်မှာ ပြန်ဆုံကြပါဦးစို့ခင်ဗျား….

 

မိတ်ဆွေများ..လွတ်လပ်ငြိမ်းချမ်းပါစေ…

 

လေးစားစွာဖြင့်…

 

အလင်းဆက်(Gazette)

 

7/9/2014/

 

 

 

( အလင်းခြုံတဲ့သတင်း Zone ဆိုတဲ့ နာမည်နဲ့ အပတ်စဉ် သတင်းထူးလေးတွေကို ရတတ်သလောက် စုစည်းတင်ပြပေးသွားဖို့ ရည်ရွယ်ထားပါတယ်။

ကျနော် ဖတ်မိသမျှထဲ သတင်းတွေထဲက… ထူးခြားတဲ့ သတင်းလေးတွေ  ရွာထဲ (မြို့ ထဲ)မှာ..မှတ်တမ်းကျန်ရစ်အောင် ရည်ရွယ်ပြီး…

ဖတ်မိတဲ့သတင်းတွေကို…  အလင်းဆက်ဆိုတဲ့ ကျနော်က ကျနော့် ဟန်နဲ့ ပြန်ရေးပြီး.. ခြုံငုံ တင်ပြပေးမှာမို့  …အလင်းခြုံတဲ့ သတင်းZone လို့ ခေါင်းစဉ်တပ်ပြီး…

အပတ်စဉ် ဗုဒ္ဓဟူးနေ့ည…(သို့မဟုတ်)ကြာသပတေးနေ့ မနက်ပိုင်းတွေမှာ..ပုံမှန်တင်ပြသွားနိုင်အောင်..ကြိုးစားပါ့မယ်.. ။

ဖတ်ရှုအားပေး ဆွေးနွေးဝေဖန်ပေးကြပါဦးခင်ဗျားးး။      )

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

alinsett

About alinsett

alinsett has written 615 post in this Website..

. . .