ဩဂုတ်အလှပန်း – ဆုပြည့်မှူးအိမ်

kaiSeptember 8, 20141min32829

MM14-05-657AWကျမနာမည် Cha Cha (ခ) ဆုပြည့်မှူးအိမ်ဖြစ်ပါတယ်။ အသက်၂၄နှစ်ပါ။ အနုပညာလုပ်ငန်းကို ၂၀၀၉ခုနှစ်က စတင်ဝင်ရောက်ခဲ့ပါတယ်။ Model အနေနဲ့ စတင်လှုပ်ရှားရင်း Show ပွဲပေါင်း ၇ဝကျော်
လျှောက်ခဲ့ပါတယ်။ Myanmar Beer Singing Contest မှာ သီချင်းသီဆိုယှဉ်ပြိုင်ရင်း ပြိုင်ပွဲဝင်အယောက်၉၀ဝကျော်မှာ Top Ten Finalist ရခဲ့ပါတယ်။ အဲ့ဒီ့အချိန်ကစပြီး အဆိုတော်ဖြစ်ဖို့ ကြိုးစားခဲ့ပါတယ်။
၂၀၁ဝမှာ Tiger Girls Band ဖွဲ့ဖို့အတွက် ပြိုင်ပွဲဝင်တွေခေါ်ခဲ့ပါတယ်။ မိန်းကလေးပြိုင်ပွဲဝင်အယောက်၂၀ဝကျော်ထဲကမှ Cha Cha က ” Missy Tiger” အဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။ အဲ့ဒီ့နှစ်မှာပဲ ” Year
of the Tiger Girls” အခွေထွက်လာခဲ့ပါတယ်။ Tiger Girls အဖွဲ့ဝင်အဖြစ်တနှစ်လှုပ်ရှားပြီးတဲ့အခါမှာ  Me N Ma Girls အဖြစ် နာမည်ပြောင်းပြီး အဖွဲ့ဝင်၅ဦးနဲ့ Trainer Nicole May(Nikki) နဲ့အတူဆက်လက်
လှုပ်ရှားခဲ့ပါတယ်။

၂၀၁၁ခုနှစ်၊ ဒီဇင်ဘာမှာ မင်္ဂလာပါ DVD ကို ထွက်ခဲ့ပါတယ်။ ၂၀၁၂ခုနှစ်မှာ ဟောလိဝုဒ်က ကုမ္ပဏီတခုဖြစ်တဲ့ Power Music Co. Ltd က CEO Daniel Hubbert ရဲ့ ကမ်းလှမ်းမှုကို လက်ခံ
ပြီး America နိုင်ငံ၊ Los Angeles မြို့မှာ Training များသင်ယူရင်း Girl Strong, Someday, Fill me up, ချိတ်လိုက်တော့ စတဲ့ အင်္ဂလိပ်သီချင်းများကို International Record အနေနဲ့ အသံသွင်းခဲ့ပါတယ်။
၂၀၁၃ခုနှစ်မှာတော့ မလေးရှား၊ စင်္ကာပူ၊ ဟောင်ကောင်၊ ထိုင်းနိုင်ငံတို့မှာ ဖျော်ဖြေရေး၊ အင်တာဗျူးများ၊ TV Channel အတွက် ရိုက်ကူးရေးများ လုပ်ခဲ့ပါတယ်။

၂၀၁၄ခုနှစ်မှာတော့ Power Music နဲ့ လက်တွဲဖြုတ်ခဲ့ပြီး တကိုယ်တော်လှုပ်ရှားမှုတွေကို ကြိုးစားခဲ့ပါတယ်။ Video ရကား။ Series ၁ခု ရိုက်ကူးထားပါတယ်။ ၂၀၁၄၊ အောက်တိုဘာလောက်မှာ တကိုယ်တော်
ခွေထွက်ဖို့ရှိပါတယ်။ အဲ့ဒါကြောင့် မြန်မာပြည်တွင်းကပရိသတ်များရော၊ ပြည်ပက ပရိသတ်တွေပါ ကျမကို အားပေးကြပါဦးလို့ တောင်းဆိုပါရစေ။ ခုလိုကြိုးစားနေတဲ့အချိန်မှာ ပရိသတ်ကြီးရဲ့ အားပေးမှု၊ အကြံ
ပေးမှု၊ ဝေဖန်မှုတွေအားလုံးကိုလိုအပ်ပါတယ်။ လိုချင်ပါတယ်ရှင့်။ အားလုံးရဲ့အားပေးမှုကို မျှော်လင့်လျက်။

 

 

 

 

 

 

 

SPHE-150AW

 

မှတ်ချက်။  ။ မြန်မာ့ဂဇက် ဂျူလိုင်-ဩဂုတ်တွင်ဖေါ်ပြပြီးဖြစ်သည်။

9 comments

  • ဇီဇီ ခင်ဇော် (15102012)

    September 8, 2014 at 9:19 am

    ငင်။
    မြန်မာ အစစ်လားးစပ်သေးလားးး
    တဂျီး ကိုယ်တိုင်ရိုက်လားးး
    ပလိုမိုးချင်းလားး
    အဟွတ်/

    စလုံး က စံပယ် မဂ္ဂဇင်းက ကောင်မလေးတွေက ပိုလန်းသလိုပဲ။
    ဟိ။

    :k:

    • kai

      September 8, 2014 at 11:02 am

      မှတ်ချက်။ ။ မြန်မာ့ဂဇက် ဂျူလိုင်-ဩဂုတ်တွင်ဖေါ်ပြပြီးဖြစ်သည်။

      ဒါလေးကျန်ခဲ့လို့…။ :k:

    • pooch

      September 8, 2014 at 4:13 pm

      အသံကတော့ တကယ်ကောင်းတယ် ဆွိ :mrgreen:

      • ဇီဇီ ခင်ဇော် (15102012)

        September 8, 2014 at 5:55 pm

        မတော်လိုက်ရတဲ့ ယောင်းးမလေးး အဟွတ်
        ပြလို့ တစ်ပုဒ်ကြည့်ဖူးးတယ်
        English အသံထွက်…
        ဆိုပေါက်…
        ပြချက်တွေ ကောင်းးတယ်
        မြန်မာတွေ နဲ့ မတူလို့
        :k:

  • Mr. MarGa

    September 8, 2014 at 10:52 am

    ဪ….
    Tiger Girls ထဲက တစ်ယောက်ပေကိုးးး
    :a:

  • ခင် ခ

    September 8, 2014 at 11:24 am

    ” မြန်မာပြည်တွင်းကပရိသတ်များရော၊ ပြည်ပက ပရိသတ်တွေပါ ကျမကို အားပေးကြပါဦးလို့ တောင်းဆိုပါရစေ။ ”

    အားပေးရမယ့်သူ တစ်ယောက်တိုးလာပါပေါ့လေ။

    ဒါနဲ့မသိလို့ ၂၀၁၄ အောက်တိုဘာမှာ တစ်ကိုယ်တော်ခွေထွက်မယ်ဆိုတာ မြန်မာပြည်မှာလား? ဗျ

  • manawphyulay

    September 8, 2014 at 2:57 pm

    ဪ ဘီယာကြော်ငြာတဲ့ မော်ဒန်လား.. တဂျီး..

  • ကန္နားစီး မိဂီ

    September 8, 2014 at 3:05 pm

    ပုံလေး ကောင်းပါတယ် တွေးနေတာ
    ကိုဂျော့ လက်ရာ ကိုးးးး
    ဒို့သဂျိုင် ခီး ရိုက်ရင် ဒါမိုး ထွက်မယ်မထင်

    😛

    • kai

      September 8, 2014 at 4:27 pm

      အလှပန်းကဏ္ဍက…. ကိုကျော်စွာတာဝန်ယူထားသဗျ…။
      အဲ.. ဂျော့စွာပေါ့…။
      စကားအတင်းစပ်ပြောရရင်.. တလောကတင်… သူ့အမေရန်ကုန်မယ်.. ဆုံးတယ်..။
      အသက် ၈ဝကျော်ပေါ့..

      ဆိုတော့…
      အလှပန်းပုံတွေ..
      လစဉ်ရှိတာမို့.. အခုမှစိတ်ကူးပြန်ပေါက်ပြီး.. လစဉ်ဒီဂဇက်မှာလည်းတင်မှလို့.. တွေးတင်တာ…။
      အခု..သတင်းစာထဲသုံးတဲ့ပုံလေးလည်း.. ပို့စ်မှာထည့်လိုက်တယ်…..။
      ယူအက်စ်မှာ.. နာမယ်ကြီးသွားတဲ့ပုံ….။

Leave a Reply