” မမှီလောက်တော့သည်မို့ “

ခင္ခSeptember 8, 20141min845

” မမှီလောက်တော့သည်မို့ “

 

ဒီတံတားကို ဖြတ်သွားရင် ဟိုဘက်ကမ်းကိုရောက်တယ်တဲ့

ဒီဌက်သမ္မာန်နဲ့ ဒီမြစ်ဖြတ်သွားရင် ဟိုဘက်ကမ်းကိုရောက်တယ်တဲ့

ဒီစက်လှေနဲ့ ဒီမြစ်ဖြတ်သွားရင် ဟိုဘက်ကမ်းကိုရောက်တယ်တဲ့

မမောမပန်းဘဲ လုပ်နိုင်မယ်ဆို ဒီမြစ်ကြီးကို လက်ပစ်ကူးကာ ဖြတ်နိုင်ရင်လည်း ဟိုဘက်ကမ်းကိုရောက် တယ်တဲ့

 

အဓိကတော့ ဟိုဘက်ကမ်းကိုရောက်ဖို့အတွက်ဆို ဒီမြစ်ကြီးကိုဖြတ်ရမယ်ပေါ့

ဘယ်လိုဖြတ်ကြမလဲဘဲစဉ်းစားရမှာ

တံတား ဌက်သမ္မာန် စက်လှေတွေနဲ့ ဖြတ်ရင် ပင်ပန်းမှုနဲပြီး ဒီမြစ်ကိုအသာလေး ဖြတ်သွားနိုင်ကြပေမယ့် လက်ပစ်ကူးပြီးဖြတ်ချင်ရင်တော့ အားအင်တွေ အချိန်တွေ အလွန်ဆုံးရှုံးပြီး နောက်ဆုံးရလာဒ်ကတော့ ဟိုဘက်ကမ်းရောက်ရတာခြင်း အတူတူပါဘဲလေ။

ဒါပေမယ့်

လက်ရှိအုပ်ချုပ်သူတွေက ရှေးရိုးကထဲက လက်ဆင့်ကမ်းလာတဲ့ အမူအကျင့်အတိုင်း ဆက်လက်လက်ကိုင် ထားမြဲမို့ လက်ပစ်ကူးဘဲ ဖြတ်ချင်ကြလေရဲ့ဗျာ။

ဒါကြောင့်လည်း မြန်မြန်ရောက်ရမယ့်ခရီးကို မကြာသင့်ဘဲ ကြာနေရတာပါလို့ သိလိုက်တဲ့အချိန်မှာတော့ ငါ့သည်လည်း ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ အသက်ငင်အရွယ် အို နာ သေ လက္ခဏာသုံးပါးမှာ နောက်ဆုံးတစ်ပါး ဖြစ်တဲ့ သေ ကိုရှုမှတ်ရသည့်အချိန်ပင် ရှိလေပြီမို့ ဟိုဘက်ကမ်းရောက်တာကိုမြင်ရဖို့ ငါ့မမှီလောက်တော့ပြီမို့ မျက်လုံးလေးအသာ မှိတ်ခဲ့ပေမဲ့ မျက်ရည်တွေတော့ မျက်ဝန်းမှစီးကျလေရဲ့လေ။

 

 

ခင်ခ။

5 comments

  • ဇီဇီ ခင်ဇော် (15102012)

    September 8, 2014 at 12:37 pm

    အနော် မမှီတောင် အနော့ သားသားမီးမီးလေးတွေ မှီဖို့ ကြိုးစားလိုက်ဦးမယ်။
    မဲပေးဖို့ ပြောပါတယ်။

    :kwi:

    • ခင် ခ

      September 8, 2014 at 2:37 pm

      အတွင်း အပြင် အပေါ် အောက် အဖက်ဖက်က ကြိုးစားတာတော့ လုပ်နေရမှာဘဲ ငါ့နှမရေ၊ ဒါပေမယ့် ဒီအုပ်စုကို မတွန်းလှန်နိုင်ရင်တော့ဖြင့် ဆိုပြီရင်မောလို့ပါ။

    • kyeemite

      September 8, 2014 at 4:06 pm

      . အနော့ သားသားမီးမီးလေးတွေ မှီဖို့ ကြိုးစားလိုက်ဦးမယ်။
      . ဟီဟိ…လူရင် တော့မို့ပေါ့ :k:

      • ခင် ခ

        September 8, 2014 at 4:25 pm

        ကိုကြီးမိုက်ကလည်း ဟိုကမခံချင်စိတ်နဲ့ ဒီဝါကျွတ်ဖိတ်စာ ရောက်လာမှဖြင့်နော်။

  • kyeemite

    September 8, 2014 at 4:03 pm

    ကိုပေါက်လေသံနဲ့ပြောရရင်..“မမှီစကောင်း……မှီစကောင်း” ပေါ့နော :boss:

Leave a Reply