” ကြုံတတ်ပုံ “

 

တောက်ပလို့ ရွှန်းလဲ့ရောင်ထ

မှောင်လှတဲ့ စင်ပေါ်ဝယ်

မျက်လုံးရယ် နှစ်လုံးသာပြူး

တွေ့လိုက်တဲ့ ခဏမှာဖြင့်

ကြောက်အားငယ်ပိုတဲ့ကလေး

လန့်ကာအော်ငိုလှလေတော့

အပြေးသာမီးဖွင့်ကာကြည့်

စင်ပေါ်မှာငုတ်တုတ်သာမိ

မိကြားဆိုတဲ့ ကြောင်နက်မရယ်

အမှောင်ထဲဝယ် ထိုင်ကာနေလို့

မျက်လုံးသာပေါ်သည်မို့ကွယ်

ငါ့ကလေးရယ် သရဲထင်ကာငို

ဖြစ်ရလေ ကြုံမှကြုံတတ်သကိုး။

 

 

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..