” ကြုံတတ်ပုံ “

ခင္ခSeptember 8, 20141min891

” ကြုံတတ်ပုံ “

 

တောက်ပလို့ ရွှန်းလဲ့ရောင်ထ

မှောင်လှတဲ့ စင်ပေါ်ဝယ်

မျက်လုံးရယ် နှစ်လုံးသာပြူး

တွေ့လိုက်တဲ့ ခဏမှာဖြင့်

ကြောက်အားငယ်ပိုတဲ့ကလေး

လန့်ကာအော်ငိုလှလေတော့

အပြေးသာမီးဖွင့်ကာကြည့်

စင်ပေါ်မှာငုတ်တုတ်သာမိ

မိကြားဆိုတဲ့ ကြောင်နက်မရယ်

အမှောင်ထဲဝယ် ထိုင်ကာနေလို့

မျက်လုံးသာပေါ်သည်မို့ကွယ်

ငါ့ကလေးရယ် သရဲထင်ကာငို

ဖြစ်ရလေ ကြုံမှကြုံတတ်သကိုး။

 

 

ခင်ခ။

One comment

  • ဇီဇီ ခင်ဇော် (15102012)

    September 8, 2014 at 12:32 pm

    ကြောင် ဆိုတာ ကြောက်စရာမဟုတ်။
    ချစ်စရာ။

    :s:

Leave a Reply