အ​​မေ နဲ့ အ​ချေအတင်​

မ​နေ့က အ​မေနဲ့ စကား​ပြောကြတာ…​ပြောရင်​းနဲ့ အ​ချေအတင်​ဖြစ်​လာတယ်​ ဆိုပါ​တော့။ အချိုမှုန်​့ဇာတ်​လမ်​းက စတာပဲ။ ကျွန်​မက အချိုမှုန်​့မသုံး​ရေး၊ အ​မေက ဟင်​းအရသာရှိဖို့ အချိုမှုန်​့ထည်​့​ရေး။ ကျွန်​မက အချိုမှုန်​့သုံးတာ ကျန်​းမာ​ရေးအတွက်​ မ​ကောင်​းဘူး၊ ကင်​ဆာလည်​းဖြစ်​နိုင်​တယ်​၊ ဦး​နှောက်​ဖွံ့ဖြိုးမှုကိုလည်​း ထိခိုက်​တယ်​၊ အချိုမှုန်​့ မပါဘဲလည်​း စားလို့ရတာပဲလို့ ​ပြောတယ်​။ အ​မေက အချိုမှုန်​့မပါဘဲချက်​ရင်​ အရသာမရှိဘူးတဲ့။ အများကြီးမဟုတ်​​တောင်​ နည်​းနည်​း​လောက်​ဖြစ်​ဖြစ်​ ထည်​့ရမယ်​တဲ့။ အချိုမှုန်​့​ရှောင်​ရုံနဲ့လည်​း ဘာမှထူးမသွားဘူးတဲ့။ စားသမျှအစားအစာအကုန်​ ဓာတု​ဗေဒနဲ့ကင်​းတာ ဘာရှိလဲတဲ့။ အားလုံးအဆိပ်​​တွေချည်​းပဲတဲ့။ ကျွန်​မကလည်​း ပြန်​​ပြောတယ်​။ အကုန်​လုံးကို သတိထားပြီး စားရမှာပဲလို့။ ပိုးသတ်​​ဆေးကုန်​​အောင်​ ​သေချာ​ဆေးလို့ရတယ်​၊ ဆား​ရေစိမ်​မယ်​၊ ​သေချာကျက်​​အောင်​ချက်​မယ်​၊ ​ရှောင်​မရဘူးဆိုပြီး အ​သေခံလို့မ​ှ မရတာလို့။ အဲဒီမှာ အ​မေက ဘာပြန်​​ပြောလဲဆို​တော့ သူတို့​ခေတ်​တုန်​းက အကုန်​လုံးက သဘာဝပဲတဲ့။ ဘာဆိုး​ဆေးမှမကူဘူး၊ ဘာ​မြေဩဇာမှ မသုံးဘူး၊ ဘာပိုးသတ်​​ဆေးမှ မရှိဘူး၊ ဘာအပင်​ကြီးထွား​ဆေးမှ မထည်​့ဘူးတဲ့။ နင်​တို့​ခေတ်​မှ အခုလို​တွေဖြစ်​လာတာတဲ့။ စည်​းကမ်​းလည်​းမရှိကြဘူးတဲ့။ အံမယ်​.. အဲ့လို​ပြောလို့​တော့ရမလား။ ကျွန်​မလည်​း ပြန်​​ပြောလိုက်​တယ်​။ အ​မေတို့​ခေတ်​ဆိုတာ အ​မေငယ်​ငယ်​ကအချိန်​၊ အဲဒီ​သဘာဝ​တွေကိုလုပ်​တာ အ​မေတို့​ရှေ့မျိုးဆက်​က လုပ်​တာလို့။ အခု သမီးတို့​ခေတ်​ဆိုတာ သမီးတို့​ရှေ့မျိုးဆက်​ဖြစ်​တဲ့ အ​မေတို့အသက်​တန်​းကလူ​တွေ လုပ်​​နေတဲ့​ခေတ်​လို့။ အခုဖြစ်​​နေတဲ့အဆိပ်​​တွေက အ​မေတို့​ခေတ်​ကလူ​တွေ လုပ်​တာလို့။ ​ရှေ့မျိုးဆက်​ရဲ့အ​မွေကို သမီးတို့ခံ​နေရတာလို့။ စိတ်​ဓာတ်​​တွေကိုလည်​း စနစ်​ဆိုးထဲထည်​့ပြီး ဖျက်​ဆီးခံထားရတာလို့။ ​အဲဒါကြောင်​့ သမီးတို့သားသမီး​တွေ​ခေတ်​ကျရင်​ အဲဒီလိုမဖြစ်​​အောင်​ ပြုပြင်​​ပြောင်​းလဲ​ဖို့ ကြိုးစား​နေတာလို့။ (ဟိ.. စကားကြီးစကားကျယ်​​တွေ ​ပြောလိုက်​တာ။) အ​မေကလည်​း ပြန်​​ပြောတယ်​​တော်​့။ နင်​တစ်​​ယောက်​တည်​းလုပ်​လို့ ဘာမှမဖြစ်​ဘူးတဲ့။ တစ်​​ယောက်​တည်​းမဟုတ်​ဘူးလို့။ လူငယ်​​တွေအကုန်​ ကြိုးစား​နေကြတယ်​လို့။ ဦး​ကျော်​သူတို့​တောင်​ အမှိုက်​​ကောက်​​နေတာ ကြည်​့ပါလားလို့။ (ဆိုင်​မဆိုင်​​တော့ မသိဘူး။ အတင်​းဆွဲထည်​့ပြီး ​ပြောလိုက်​တာ.. ဟီး)။ အဲဒီအချိန်​မှာပဲ အ​မေဘုရားရှိခိုးဖို့အချိန်​​ရောက်​လာလို့ စကားပွဲ​လေး နိတ္ထိတံသွားပါတယ်​ရှင်​။ ​ကျေးဇူးတင်​ပါတယ်​ရှင်​့။ ။

Posted from WordPress for Android

26 comments

  • ဇီဇီ ခင်ဇော် (15102012)

    September 8, 2014 at 12:46 pm

    အဟိ။

    အမ အဒေါ်တစ်ယောက်က အချိုမှုန့် ကိစ္စ ပြောမရလို့ …..

    “အချိုမှုန့်က ယောင်ကျားလေး ငယ်တုန်းကတည်းက ကျွေးလာရင် လူစဉ်မမှီဖို့ အခွင့်အလန်းများတယ်” ပြောလိုက်တာ ကြောပြတ်ကရော။
    သားချစ် အမေဆိုတော့။

    :kwi:

    • လုံမလေးမွန်မွန်

      September 8, 2014 at 1:42 pm

      အ​နော်​့အ​မေက​တော့ ပို​တောင်​​ကောင်​း​သေးတယ်​ ​ပြောမလားမသိဘူး.. ညက​တောင်​ တရားစခန်​းဝင်​ဖို့​ပြော​နေရင်​းနဲ့ ​ပြော​သေးတယ်​.. ​ယောက်​ျားမယူပါနဲ့လားတဲ့.. ဟိဟိ.. ယူမှာပဲလို့ ​ပြောလိုက်​တယ်​..

  • ဇီဇီ ခင်ဇော် (15102012)

    September 8, 2014 at 12:50 pm

    အချိုမှုန့်၏ ဆိုးကျိုးများးးးးးးးးးးးးးးး

    အချိုမှုန့် ဆိုတာ ဘာလဲ ……..

    ရေရှည် မှန်မှန် စားသွားရင် ဒီလောက် အန္တရာယ် များပါတယ် ဆိုတဲ့ အချိုမှုန့်ဆိုတာ Monosodium glutamate (MSG) လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခု ဖြစ်ပါတယ်။ Glutamic Acid လို့ခေါ်တဲ့ Amino Acid တစ်မျိုး ပါဝင်ပြီး စားစရာထဲ ထည့်လိုက်ရင် Free Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ အစားအသောက်တွေရဲ့ အရသာကို ဓာတုနည်းနဲ့ လျှာပေါ်မှာ ဆပွားတိုးပေးလိုက်တာ ဖြစ်ပါတယ်။

    အချိုမှုန့်ဟာ ဟင်းခတ်ပစ္စည်းတစ်ခု ဟုတ်ပါသလား

    ပုံမှန်သုံးသင့်တဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခု လုံးဝမဟုတ်ပါ။ နည်းနည်းစားစား များများစားစား ရေရှည် စားရင် အန္တရာယ်ကတော့ ရှိတာပါပဲလို့ ပညာရှင်များက ပြောကြားပါတယ်။ Good Manufacturing Practice (GMP) လို့ခေါ်တဲ့ ကမ္ဘာ့အဆင့် ထုတ်လုပ်မှု စနစ်ကောင်း (GMP စနစ်) ရဲ့ အစားအသောက်တွေ ထုတ်လုပ်တဲ့ နေရာမှာ အချိုမှုန့် လုံးဝ မပါပါဘူး။

    အချိုမှုန့်ကို ရေရှည်ပုံမှန် စားသုံးသွားရင် ဘာဆိုးကျိုးတွေ ရှိလာနိုင်မလဲ

    (၁) ဆီးချို မဖြစ်အောင် ထိန်းသိမ်းပေးတဲ့ အင်ဆူလင်ဟော်မုန်း (Insulin) ရဲ့ လုပ်ငန်းဆောင်တာမှာ အနှောင့်အယှက်တစ်ရပ် ဖြစ်စေလို့ ဆီးချိုဖြစ်စေဖို့ ကောင်းကောင်း အထောက်အကူပြုပါတယ်။

    (၂) အစာ အလွန်အကျွံ စားချင်စိတ်ကို တိုးပွားဖြစ်ပေါ်စေသလို အဝလွန်ခြင်းကို တားဆီးပေးတဲ့ ဟော်မုန်းများကိုပါ ပိတ်ဆို့လို့ အဝလွန်ခြင်းကို ဖိတ်ခေါ်ပါတယ်။ အဝလွန်ခြင်း ရောက်လာရင် သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောပိတ်စတဲ့အဖော်အပေါင်းတွေပါပါလာပါလိမ့်မယ်။

    (၃) ဦးနှောက်ဆဲလ်တွေကို မြန်မြန် ပျက်စီးယိုယွင်း စေပါတယ်။ မှတ်ဉာဏ်ကို အရွယ်မတိုင်ခင် ပျောက်ဆုံးစေပြီး မေ့တတ်တဲ့ ရောဂါတွေ ဖြစ်စေဖို့ အလားအလာ အရမ်း များစေပါတယ်။ အချိုမှုန့်ကို မွေးကင်းစကတည်းကနေ စပြီး စားတဲ့ ကလေးတွေမှာ ဉာဏ်ရည်ပိုင်း ယုတ်လျော့မှု ရှိတာကို တွေ့ရှိရပါတယ်။

    (၄) ဂျာမနီနိုင်ငံမှာ အချိုမှုန့် သုံးစွဲမှုကို လုံးဝဖြတ်တောက်ရှောင်ကြဉ်ဖို့ အမျိုးသားအဆင့် ကြေငြာချက်တွေ ဥပဒေတွေ အလန့်တကြား ထုတ်ခဲ့ရဖူးပါတယ်။ ဂျာမန်ကျန်းမာရေး ပညာရှင်တွေ ဘာတွေ့ရလို့လဲ ဆိုတာ စာဖတ်သူတို့ သိပါသလား။ အချိုမှုန့် စားတဲ့ ကိုယ်ဝန်ဆောင်တွေ မွေးလာတဲ့ ကလေးတွေဟာ အင်ဆူလင်ဟော်မုန်း စွမ်းရည်ကျဆင်း၍ မတိုးတော့ခြင်း (Insulin-resistant) မွေးရာပါ ဖြစ်လာတာ တွေ့ရပါတယ်။ ဒါကြောင့် ဒီကလေးတွေဟာ ကြီးလာရင် ဆီးချိုဖြစ်ဖို့ သေချာသလောက် ဖြစ်ပါတယ်။ ဒီအချက်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဆီးချိုဖြစ်ပွားနှုန်း မြင့်မားနေတဲ့ အချက်တွေထဲက တစ်ခု အပါအဝင် ဖြစ်ပါတယ်။

    (၅) နောက်တစ်ချက်က ကိုယ်ဝန်ဆောင် မိခင်တွေ အချိုမှုန့်စားတဲ့ အကျင့်ကြောင့် မွေးလာတဲ့ ကလေးတွေရဲ့ medulla oblongata, thalamus, or hypothalamus ဆိုတဲ့ ဦးနှောက် အစိတ်အပိုင်းတွေမှာ ရှိတဲ့ အာရုံကြောဆဲလ်တွေကို ပျက်စီးစေပါတယ်။ ဒီနေရာတွေဟာ အစားအသောက် စားချင်စိတ်ကို အဓိက ထိန်းချုပ်တဲ့ ဦးနှောက်ဧရိယာတွေ ဖြစ်လို့ ဒီလို ကလေးတွေဟာ ကြီးလာရင် အစားအသောက် အလွန်အကျွံစားတဲ့ အကျင့်ရှိကာ အဝလွန်ပြီး ရောဂါတွေ ထူစေတတ်တာ ကမ္ဘာတစ်ဝန်း လေ့လာတွေ့ရှိ ထားပါတယ်။

    (ဒါဟာ အချို့မှုန့်ကပေးတဲ့ အမျိုးသား ကျန်းမာရေး/ လူမှုရေး ဝန်ထုပ်ဝန်ပိုး (National Health/Social Burden) ဖြစ်ပါတယ်။ ဒါ့အပြင် အချိုမှုန့် ဝယ်ယူတင်သွင်းရတဲ့အတွက် နိုင်ငံနဲ့လူမျိုး အကျိုးရှိစေမယ့် တခြားအရာတွေ ဝယ်ယူဖို့ နိုင်ငံခြားငွေ လျော့စေလို့ တိုင်းပြည်အတွက်လဲ နစ်နာပါတယ်)

    (၆) မျိုးပွားစွမ်းရည် ကျဆင်းခြင်း၊ သားသမီးရနိုင်စွမ်း ကျဆင်းခြင်းတွေ ဖြစ်နိုင်ပါတယ်။ Chinese Restaurant Syndrome ခေါ် တရုတ်စားတော်ဆက်ရောဂါစု ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါစုဟာ အချိုမှုန့် လွန်ကဲစွာ ပါတဲ့ အစားအသောက် စားပြီးပြီးချင်းမှာ မျက်နှာ၊ လည်ပင်း နဲ့ တစ်ကိုယ်လုံးမှာ အနီစက်တွေ ထွက်လာခြင်း၊ ခေါင်းအရမ်းထိုးကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ မျက်နှာမှာ တင်းကြပ်နေတယ်လို့ ခံစားရတတ်ခြင်း၊ မေးလှုပ် ပါးစပ်ဖွင့်ရတာ လေးခြင်း၊ ဗိုက်အောင့်ခြင်း၊ ခါးနာခြင်း စတာတွေ ခံစားရတတ်တဲ့ အချိုမှုန့်နဲ့ ဓာတ်မတည့်တဲ့ ရောဂါ ဖြစ်ပါတယ်။

    (၇) ပန်ကရိယခေါ် မုန့်ချိုအိတ်ရောင်ရောဂါ အပါအဝင် ကိုယ်တွင်းကလီစာ တစ်ခုခု ရောင်ယမ်းတဲ့ ရောဂါ ရှိနေသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ စာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေ အထူးရှောင်ကြဉ် သင့်ပါတယ်။

    (၈) လူအများစုက ဆားကအငန် အချိုမှုန့်က အပေါ့ ဆိုပြီး တလွဲမှတ်ယူထားကြပါတယ်။ ဒီတော့ ဆားထည့်လွန်လို့ ငန်သွားရင် အချိုမှုန့်များများ ထပ်ထည့် ပါတယ်။ အမှန်က ဆားက Sodium chloride ၊ အချိုမှုန့်က Monosodium glutamate ဖြစ်လို့ နှစ်ခုလုံး ဆိုဒီယမ် (Sodium) ဆားဓာတ်ဖြစ်ကာ နှစ်ခု ပြိုင်စားသုံးရင် သွေးတွင်းဆိုဒီယမ် မြင့်တက်မှု အရမ်းများလာစေကာ သွေးတိုးရောဂါကို ဖြစ်စေပါတယ်။ ဒါကြောင့် သွေးတိုးရောဂါ ကာကွယ်လိုသူများနဲ့ ရှိသူများဟာ အချိုမှုန့်ကို အထူးရှောင်ကြဉ်သင့်ပါတယ်။

    အချိုမှုန့် စွဲလမ်းနေခြင်းကို ဘယ်လို လျှော့ချ အမြစ်ဖြတ်ကြမလဲ

    (၁) လျှော့ချသုံးခြင်းဖြင့် စတင်ပါ။ အချိုမှုန့်ဟာ အသားတွေရဲ့ အရသာကိုသာ မြှင့်တင်ပေးတာ ဖြစ်လို့ အသီးအနှံတွေမှာ လုံးဝမသုံးပါနဲ့။

    (၂) ယေဘုယျလမ်းညွှန် (General Guideline) အရ ပြောရရင် အစားအသောက် တစ်ကီလို (၂.၂ပေါင်) ကို အချိုမှုန့် လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်းထက် ပိုမသုံးပါနဲ့။ ဒါဆိုရင်တော့ အန္တရာယ် နည်းတယ်လို့ သိရပါတယ်။

    (၃) ရယ်ဒီမိတ် အစားအသောက်တွေ အားလုံးနီးပါးမှာ အချိုမှုန့် ပါပြီးသားဆိုတာ သတိထားပါ။ ဘယ်တော့မှ အချိုမှုန့် ထပ်မထည့်ပါနဲ့။

    (၄) ရယ်ဒီမိတ် စားစရာတွေ ဝယ်ရင် လေဘယ်လ် ပေါ်မှာ ပါတဲ့ အချိုမှုန့်ပါဝင်မှု ပမာဏကို ရှာဖွေပါ။ အဆင့်အတန်းရှိတဲ့ အစားအသောက်တံဆိပ်တွေ အားလုံးရဲ့ ပါဝင်ဖက်ပစ္စည်းစာရင်း (Ingredient List) ရဲ့ အောက်ဆုံးမှာ အချိုမှုန့် တကယ်သုံးထားရင် သုံးထားကြောင်း ပမာဏ အတိအကျ ပါပါတယ်။

    (၅) ရိုးရာ ဟင်းခတ်အမွှေးအကြိုင်တွေ (ဥပမာ ပုစွန်ခြောက်၊ ငါးပိ စတာတွေ) ကို ပြန်လည်အစားထိုး သုံးသင့်ပါပြီ။ ကျွန်တော်တို့ရဲ့ ရှေးအစဉ်အဆက် ဘိုးဘွားများဟာ ထွားကျိုင်းသန်မာ ရောဂါကင်းခဲ့တာ အချိုမှုန့် မစားခဲ့ကြတာလည်း ပါပါတယ်။

    satekuupuyar.blogspot.com/2012/07/blog-post_3811.html

  • ဦးကြောင်ကြီး

    September 8, 2014 at 12:59 pm

    သာမီးလေးအမွန် လူမြံမြံယဉ်ကွဲ့… ခေတ်ကာလဂျီးက ဗာမှန်းမတိ..

  • မင်း ခန့် ကျော်

    September 8, 2014 at 1:29 pm

    ဟင်းချိုမှုန့်ဖြတ်ဖို့ကြိုစားခဲ့ဖူးတယ်။
    ၅၉(စ) ပြင်တာထက်ပိုခက်နေတယ် :mrgreen:
    အမေစကားနားထောင်ပါ သမီးရေ :-p

  • Mr. MarGa

    September 8, 2014 at 1:55 pm

    အချိုမှုန့် က
    အမေနဲ့ မသတ်ရဘူး
    အဒေါ်တွေနဲ့ သတ်ရတာ
    ပြီးတော့
    ကိုယ်တွေက စားလိုက်ရင် အပြင်စာ
    စားသမျှကိုလည်း ဟိုဟာလျှော့ ဒီဟာပြင် လျှာရှည်တတ်တဲ့သူ မဟုတ်တော့
    အိမ်က မထိဘူး အပြင်ကချည်း ထိတာ

    • ဇီဇီ ခင်ဇော် (15102012)

      September 8, 2014 at 2:05 pm

      ဂျားလေးးး
      အချိုမှုန့် ဆိုတာ အိမ်က ထိထိ အပြင်က ထိထိ မကောင်းဘူးကွဲ့။
      အပေါ် ကော်မန့်တွေ ပြန်ကြည့်နော်၊
      ချစ်လို့ ပြောတာနော်၊
      ဘလိုင်း ကစ်တာ ဟုတ်ဘူးနော်။
      ခိခိ ခုခု
      ခုခု ခိခိ

      :s:

      • Mr. MarGa

        September 8, 2014 at 2:09 pm

        ရှောင်နေတာပဲ
        အရသာ ဘယ်လိုပဲဖြစ်ဖြစ် စားတယ် ကိစ္စမရှိဘူး
        အဲ.. တစ်ခုပဲ ပစိပစပ် မများတတ်တာ
        အခုတော့ အချိုမှုန့် ရှောင်ပါလို့ ပြောတတ်အောင် ကျင့်နေရတယ် 🙁

  • kyeemite

    September 8, 2014 at 2:06 pm

    .ခိခိ…ခေတ်ကာလသားသမီးများတယ်ခက်သကိုးကွဲ့
    .လျော့ထည့်ဖို့ အရင်ပြောရတယ်…ဘိန်းလိုပဲ ချက်ချင်းကြီးဖြတ်ခိုင်းတော့ဘယ်သဘောတူမလည်း..
    .နောက် ဈေးကနေ ကြက်သားမှုံလိုအစားထိုးပစ္စည်းဝယ်ပေးပြီးစမ်းသုံးကျိပါမေမေရယ်လို့ပြော
    .အမေ့ကိုဒီအချိန်မှာသွားမတင်းနဲ့နော်..ချော့ပေါင်း…ကိုယ့်မှာက လေးဒေါင့်တုံးကိစ္စကရှိသေးတယ် :k:

    • လုံမလေးမွန်မွန်

      September 8, 2014 at 2:30 pm

      ကြက်​သားမှုန်​့သုံးဖို့​ပြောတာ မရဘူး… ကြက်​သားမစား​တော့ ကြက်​သားမှုန်​့လည်​း မသုံးနိုင်​ဘူးတဲ့.. အချိုမှုန်​့​တော့ ​လျှော့သုံးတယ်​ ​ပြောတာပဲ.. ဒါမယ်​့လည်​း သိပ်​​တော့ မယုံရဘူး.. ဟိ.. ကိုယ်​့ဘက်​က​တော့ ​လျှော့ထားပါတယ်​.. အူးမိုက်​​ပြောသလိုက ရှိ​သေးတာကိုး.. :mrgreen:

  • မြစာကလေး (23122011)

    September 8, 2014 at 2:20 pm

    ဒါ မောင်အံ လက်ချက် …..
    သူ အချို့မှုန့် မစားလို့ ဒင်း ချွန် ပေးတာ နေမှာ။

    လုံမ လေး
    ခေါင်းစဉ် ကို သေချာ ပြန်ဖတ်ကြည့် လိုက်ဦး။
    အာ့လာပြောတာ။
    ပြေးပြီ။
    lol:-))

    • လုံမလေးမွန်မွန်

      September 8, 2014 at 2:31 pm

      သူလည်​း လုံးဝမစားဘူးတဲ့.. ဟိ.. ရှားရှားပါးပါး တူတာ​လေး​တွေ..

      ​ခေါင်​းစဉ်​က ဖုန်​း​ကြောင်​့ဖြစ်​မယ်​ထင်​တယ်​.. ​မော့​မော့များ ပြင်​​ပေးကြပါ..

  • ခင် ခ

    September 8, 2014 at 2:26 pm

    အချိ်ုမှုန့်က ကျန်းမာရေးမညီညွှတ်လို့ မသုံးဘူး၊ သူ့အစား ယိုဒယားအသားမှုန့်ဆိုတာကို အစားထိုးသုံးကြတယ်။ ပြီးတော့ ငါတို့ အချိုမှုန့်မသုံးဘူးဆိုပြီး ကြွေးကြော်လိုက်တယ်၊
    တကယ်တော့ အဲဒီ အသားမှုန့်ထဲ အချိုမှုန့်ပါနေတာကို သိပါသလောလို့ မေးချင်တယ်။
    အဲဒါဝင်ပြောတာပါ။

    • ဇီဇီ ခင်ဇော် (15102012)

      September 8, 2014 at 2:33 pm

      ဟင်ချိုမှုန့်နှင့် ကျန်းမာရေး Monosodium_glutamate

      ဟင်းချိုမှုန့် Monosodium_glutamate နှင့်ကျန်းမာရေး..ဆိုတဲ့ခေါင်းစဉ်ရေးပေမယ့် ကျတော်ဆရာဝန် တစ်ယောက်မဟုတ်ပါ။ သို့သော် သိသလောက်တော့ရေးပြရမှာပါ။ အချိုမှုန့်(သို့) ဟင်းချိုမှုန့် ကိုလူတိုင်းနီးပါး နေ့စဉ်စားသုံးနေကြပါတယ်။ ကျတော့်ရဲ့ လေ့လာချက်အရ မြို့ရောတောပါ ၉၈% ခန့်နေ့စဉ် ၁ ကျပ်သားနှုန်း စားသုံးနေသည်မှာမလွဲပါ။ ၎င်းအချိုမှုန့် စားသုံးသော နိုင်ငံများကိုကြည့်လျှင်၊ မြန်မာနိုင်ငံသည်နေ့စဉ် တန်ချိန်ပေါင်းမြောက်များစွာ စားသုံးနေသောနိုင်ငံဖြစ်ပါသည်။ ထိုင်းမြန်မာ နယ်စပ်မှ ဝင်ရောက်လာသော အချိုမှုန့်များနှင့် တရုတ်မြန်မာနယ်စပ် မှဝင်ရောက်လာတဲ့ အချိုမှုန့် များပင်ဖြစ်တယ်။ ကျတော် အသက် (၄၅) ခန့်လူ-၁ဝ ဦးအားမေးခဲ့ဘူးပါတယ်။ ‘အချိုမှုန့်မစားလျှင်…နေနိုင်သလောဆိုတဲ့မေးခွန်း’ ပါ။ ကိုးဦးခန့်မနေနိုင်ပါ ဟုဖြေခဲ့ကြပါတယ်။ ကျတော်တို့ အိမ်မှာ မစားသော်လည်း၊ ပြင်ပမှ မုန့်မျိုးစုံနှင့် အခြားပစ္စည်းများမှ ဝဝင်ရောက်နိုင်ပါတယ်။ မိမိသည် မစားသုံးပဲ မနေနိုင်ခဲ့သော် နေ့စဉ်လျော့၍ စားသုံးပါဟု တိုက်တွန်းချင်ပါတယ်။ ဓမ္မကထိက တရားပြဆရာတော် ဦးဇဝန (မေတ္တာရှင်-ရွှေပြည်သာမှ)လည်းဟောခဲ့ဖူးပါတယ်။ ‘သတ်မည့်နွား များအားမသတ်မီ အချိုမှုန့် တပြည်ကျွေးခြင်းဖြင့် ထိုနွားသည် သတ်ပြီးသည့်အချိန်တွင် အရိုးနှင့် အသားတွဲမနေပဲ ကွာကျသွားသည်ဟု ဆိုပါသည်’။ မစားပဲနေနိုင်မယ်ဆိုလျှင် အကောင်းဆုံးဖြစ်ပါတယ်။ အစားထိုး ဟင်းခတ်မှုန့် ပုဇွန်ခြောက်မှုန့်များ ပြုလုပ်၍ စားသုံးရင်တော့ အကောင်းဆုံးဖြစ်မယ် ထင်ပါတယ်။ ခေါင်းအုံခြင်း၊ တာရှည်စွာခေါင်းကိုက်ခြင်း၊ အဆစ်အမြစ်များတာရှည်စွာကိုက်ခဲခြင်း၊ ထမင်းစားပြီးပါက အော့အန်ချင်သလိုဖြစ်ခြင်း၊ ရေငတ်လွယ်ခြင်း၊ ခံတွင်းပျက်ခြင်း၊ သတိမေ့တတ်ခြင်း စသောလက္ခဏာများသည်လည်း အချို့မှုန့်စားသုံးခြင်းကြောင်ပင် ဖြစ်ပါတယ်။ ရာခိုင်းနှုန်းအားဖြင့် မြန်မာနိုင်ငံသည်ကမ္ဘာပေါ်တွင် အများဆုံးစားသုံးသောနိုင်ငြံ ဖစ်ပါတယ်။ ဂျပန်နိုင်ငံကနေ 1909 as AJI-NO-MOTO® ကစထုတ်ခဲ့တဲ့ အချိုမှုန့်ကိုယနေ့ မြန်မာများ စွဲလန်းစွာ ဘယ်လောက်စားသုံးနေသည်ကို မိတ်ဆွေမယုံလျှင် အိမ်နားနီးချင်းတွေကို လေ့လာကြည့်ပါက သိရှိနိုင်ပါကြောင်း…ရေးသားအပ်ပါတယ်။
      http://rathaatwe.blogspot.sg/2011/11/monosodiumglutamate.html
      ~~~~~~~~~~~~~~~~~~

      အမှန်က အချိုမှုန့် အစားထိုး အသားမှုန့်တွေကလည်း မလွတ်ပါဘူးးး
      အသင့်စား အစားအသောက်မှန်သမျှကလည်း MSG မလွတ်ပါဘူးးး
      အဲဒီတော့ တတ်နိုင်သလောက် ဘောင်အတွင်းက လွတ်ရင် အကောင်းဆုံးပေါ့။

    • လုံမလေးမွန်မွန်

      September 8, 2014 at 2:33 pm

      အ​နော်​က ဆားပဲထည်​့ချက်​​တော့တယ်​.. စိတ်​ကူး​ပေါက်​ရင်​ ပဲငံပြာရည်​ နည်​းနည်​းသုံးတယ်​.. အခု​ခေတ်​က ငံပြာရည်​ထဲ​တောင်​ အချိုမှုန်​့ ထည်​့တဲ့​ခေတ်​..

  • manawphyulay

    September 8, 2014 at 2:41 pm

    ဟုတ်တယ် အိမ်မှာတောင် မနည်းပြောနေရတာ။ ဒါတောင် ကြက်သားမှုန့်ကို ဟောခနဲ ဟောခနဲထည့်လို့ အဒေါ်ကတော့ သကြားထည့်သုံးတယ်။

  • kai

    September 8, 2014 at 3:25 pm

    အဂျိ(အရသာ) နို(ရဲ့) မိုတို(အရင်းအမြစ်).. အဂျိနိုမိုတို.. အချိုျမှုန့်ထွင်တဲ့.. ဂျပန်ကတော့.. အချိုုမှုန့်တွေကို.. မစားရေးချမစား..။
    ဆိုင်တွေမှာတောင်.. ခိုးသုံးရ…

    ဆိုတော့…
    သူတို့(ဂျာပွန်)တွေလို..” Dashi (出汁, だし) “သုံးကြပါလားခင်ဗျ..
    အမေရိကန်တွေလို.. broth အသားမှုန့်သုံးကြပါလားခင်ဗျ…။

  • pooch

    September 8, 2014 at 3:26 pm

    အမတော့ အမေ့ကို အဲ့လိုပဲ ရန်ဖြစ်ပြီး ဖြဲခြောက်ထားလို့ အိမ်မှာ အသုံးလျှော့ပေမဲ့
    အပြင်စာမှာတော့ မလွတ်နိုင်ဘူး
    အပြင်က ရှမ်းခေါက်ဆွဲ ကစလို့ မုန့်ဟင်းခါး မြီးရှည် ကြေးအိုး အကင်ဆိုင် အဆုံး စားဖြစ်နေတော့ ပါးစပ်က မထည့်နဲ့မှာလဲ စပ်ပြီးသားတွေ
    မန်းလေးက အာပူလျှာပူဆိုင်တွေ လည်း ဟင်းချိုမှုန့် အရမ်းသုံးတယ် စားလိုက်တာနဲ့ သိတယ်
    နောက် ၁ဝ နှစ်လောက် ကျန်းမာနေရင်ကို ကျေနပ်ရမဲ့သဘောရှိတယ် ;'(

    • လုံမလေးမွန်မွန်

      September 8, 2014 at 3:53 pm

      ဟုတ်​တယ်​ အစ်​မ​ရေ.. ​နေမ​ကောင်​းတဲ့အခါတိုင်း လူကြီး​တွေက ​ရောဂါထူလိုက်​တာ.. ငါတို့ငယ်​ငယ်​က ဘာမှမဖြစ်​ဘူး​ပြောရင်​ ပြန်​ရန်​​တွေ့ချင်​စိတ်​​ပေါက်​မိတယ်​.. ဟင်​့

  • မ " တတ် ပါ့ "

    September 8, 2014 at 3:48 pm

    အဲ့လိုမျိုး အမေ နဲ့ အချေအတင် ချစ်စဖွယ်ငြင်းခုံကြတဲ့ အခါတိုင်း…
    အမေ ကို တရားသဘောတွေ ပြောပြမိတဲ့ အခါတိုင်း…
    အမေ က ကျမ ကို ဒိနာမည်လေး ပြောပြီး စကားဝိုင်း ရုတ်သိမ်းသွားရတာပါပဲလေ…

    ညည်း အေ … တတ် လည်း တတ် တဲ့ မ တတ်ပါ့ တဲ့…။
    လူကြီးဒွေက ပြောရခက်တယ်နော် လုံမလေးရယ်… ခ်ခ်ခ်။

    • လုံမလေးမွန်မွန်

      September 8, 2014 at 3:56 pm

      ဟုတ်​ပါ့.. ဟုတ်​ပါ့.. အဲ.. ရွာထဲက လူကြီး​တွေ မပါဝူး​နော်​..

      ညကလည်​း အ​မေ့ကို တရားအ​ကြောင်​းအ​ပြော​ကောင်​းလို့ ​ယောကျ်​ားမယူပါနဲ့လားတဲ့.. ဟိ.. ​နောက်​ခါ မ​ပြော​တော့ဝူး..

Leave a Reply