” မိုးမင်းကြီး နဲ့ ကျွန်တော် “

 

 

အင်းယားကန်ဘောင်တစ်နေရာက
ခုံတစ်ခုမှာ ထိုင်နေရင်း မိုးကောင်းကင်ကိုမော့ကြည်ပြီး
ကျုပ်ငိုချင်လာမိတယ်
အတော်ရက်စက်မည့်မိုးမင်းကြီး
ဒေါသကြီးတဲ့မျက်နှာပေးလို မဲမောင်ကြုတ်ပြီး ရွာတော့မယ့်ဟန် မိုးသားတွေ တလိပ်လိပ်နဲ့လာနေပြီ
ဘယ်အငြိုးနဲ့များ ရက်ရက်စက်စက်ရွာမလို့လဲမိုးရယ်
မရွာပါနဲ့လို့တားရရင် တားချင်ပေမယ့် တားခွင့်မရှိတဲ့အခြေအနေလေ
တကယ်သာရွာခဲ့ရင်
ဒီနေရာက တစ်ဖဝါးမှခုချိန်မှာခွာလိုခြင်းမရှိသူမို့
မိုးရေထဲဆက်ထိုင်ပြီး မျက်ရည်တွေကို မိုးနဲ့အတူ ရောပြီးရေစက်ချရတော့မယ့်အခြေအနေတော့ဖြစ်ရတော့မယ်
ကြံရာမရတဲ့အဆုံး မိုးကောင်းကင်ကို မော့ကြည့်ရင် အရိုအသေပြု လက်အုပ်ဖြစ်ရင်း မျက်စိလေးမှိတ်ကာ မိုးမင်းကြီးရယ် မရွာလိုက်ပါနဲ့အုံးနော် တဖွဖွ အခါခါပြောနေမိစဉ်
ဆုတောင်းဆန္ဒက မပြည့်ခဲ့ဘူး မိုးပေါက်တွေကန်ရေပြင်ကို တသဲသဲကျနေပြီ ကျုပ်နံဘေးမှာလည်း မိုးစက်တွေ ဝိုင်းကာကျနေပါရဲ့ ကျုပ်ကိုယ်ပေါ်ဘာလို့ ရွာမချပါလိမ့် မော့ကြည့်မိတဲ့ခဏမှာတော့
ထီးမိုးပေးထားတဲ့ ကျုပ်ချစ်သူကိုတွေ့လိုက်ပြီဆိုရင်ဘဲ
ချစ်သူနဲ့ချိန်းထားတာ သူမရောက်ခင်မိုးရွာခဲ့ရင်ဖြင့် ရောက်လာမှာ မဟုတ်ရင်တော့လို့ပူမိတဲ့ကျုပ်
အခုတော့ ထီးတစ်ချောင်းကို ပူးကပ်ခါအတူဆောင်းပြီး မိုးရွာထဲကန်ဘောင်ပေါ် ချစ်သူလက်တွဲပြီးလျှောက်ရတာ ပျော်စရာမို့
ခုတော့လည်း မိုးမင်းကြီးကို ကျေးဇူးတင်မိသလိုလို……..။

တစ်ခါတုန်းက အင်းယားကန်ဘောင်ပေါ်မှာ ချစ်သူကိုစောင့်ရစဉ် ကြုံခဲ့ပုံလေးကို ပြန်ခံစားမိရင်းပေါ့ဗျာ

 

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..