မိုးမင်းကြီး နဲ့ ကျွန်တော်

ခင္ခSeptember 9, 20141min1239

” မိုးမင်းကြီး နဲ့ ကျွန်တော် “

 

 

အင်းယားကန်ဘောင်တစ်နေရာက
ခုံတစ်ခုမှာ ထိုင်နေရင်း မိုးကောင်းကင်ကိုမော့ကြည်ပြီး
ကျုပ်ငိုချင်လာမိတယ်
အတော်ရက်စက်မည့်မိုးမင်းကြီး
ဒေါသကြီးတဲ့မျက်နှာပေးလို မဲမောင်ကြုတ်ပြီး ရွာတော့မယ့်ဟန် မိုးသားတွေ တလိပ်လိပ်နဲ့လာနေပြီ
ဘယ်အငြိုးနဲ့များ ရက်ရက်စက်စက်ရွာမလို့လဲမိုးရယ်
မရွာပါနဲ့လို့တားရရင် တားချင်ပေမယ့် တားခွင့်မရှိတဲ့အခြေအနေလေ
တကယ်သာရွာခဲ့ရင်
ဒီနေရာက တစ်ဖဝါးမှခုချိန်မှာခွာလိုခြင်းမရှိသူမို့
မိုးရေထဲဆက်ထိုင်ပြီး မျက်ရည်တွေကို မိုးနဲ့အတူ ရောပြီးရေစက်ချရတော့မယ့်အခြေအနေတော့ဖြစ်ရတော့မယ်
ကြံရာမရတဲ့အဆုံး မိုးကောင်းကင်ကို မော့ကြည့်ရင် အရိုအသေပြု လက်အုပ်ဖြစ်ရင်း မျက်စိလေးမှိတ်ကာ မိုးမင်းကြီးရယ် မရွာလိုက်ပါနဲ့အုံးနော် တဖွဖွ အခါခါပြောနေမိစဉ်
ဆုတောင်းဆန္ဒက မပြည့်ခဲ့ဘူး မိုးပေါက်တွေကန်ရေပြင်ကို တသဲသဲကျနေပြီ ကျုပ်နံဘေးမှာလည်း မိုးစက်တွေ ဝိုင်းကာကျနေပါရဲ့ ကျုပ်ကိုယ်ပေါ်ဘာလို့ ရွာမချပါလိမ့် မော့ကြည့်မိတဲ့ခဏမှာတော့
ထီးမိုးပေးထားတဲ့ ကျုပ်ချစ်သူကိုတွေ့လိုက်ပြီဆိုရင်ဘဲ
ချစ်သူနဲ့ချိန်းထားတာ သူမရောက်ခင်မိုးရွာခဲ့ရင်ဖြင့် ရောက်လာမှာ မဟုတ်ရင်တော့လို့ပူမိတဲ့ကျုပ်
အခုတော့ ထီးတစ်ချောင်းကို ပူးကပ်ခါအတူဆောင်းပြီး မိုးရွာထဲကန်ဘောင်ပေါ် ချစ်သူလက်တွဲပြီးလျှောက်ရတာ ပျော်စရာမို့
ခုတော့လည်း မိုးမင်းကြီးကို ကျေးဇူးတင်မိသလိုလို……..။

တစ်ခါတုန်းက အင်းယားကန်ဘောင်ပေါ်မှာ ချစ်သူကိုစောင့်ရစဉ် ကြုံခဲ့ပုံလေးကို ပြန်ခံစားမိရင်းပေါ့ဗျာ

 

ခင်ခ။

9 comments

  • Mr. MarGa

    September 9, 2014 at 12:05 pm

    ကျုံးနံဘေးက လက်ရန်းသံတန်းကို မှီရင်း
    မိုးကောင်းကင်ကိုမော့ကြည့်ပြီး
    ကျနော်ငိုချင်လာမိတယ်
    ဒါသကြီးတဲ့မျက်နှာပေးလို မဲမောင်ကြုတ်ပြီး ရွာတော့မယ့်ဟန် မိုးသားတွေ တလိပ်လိပ်နဲ့လာနေပြီ
    ဘယ်အငြိုးနဲ့များ ရက်ရက်စက်စက်ရွာမလို့လဲမိုးရယ်
    မရွာပါနဲ့လို့တားရရင် တားချင်ပေမယ့် တားခွင့်မရှိတဲ့အခြေအနေလေ
    တကယ်သာရွာခဲ့ရင်
    ဒီနေရာက တစ်ဖဝါးမှ ခွာလို့မရသူမို့
    မိုးရေထဲဆက်ထိုင်ပြီး မျက်ရည်တွေကို မိုးနဲ့အတူ ရောပြီးရေစက်ချရတော့မယ့်အခြေအနေတော့ဖြစ်ရတော့မယ်
    ကြံရာမရတဲ့အဆုံး မိုးကောင်းကင်ကို မော့ကြည့်ရင် အရိုအသေပြု လက်အုပ်ဖြစ်ရင်း မျက်စိလေးမှိတ်ကာ မိုးမင်းကြီးရယ် မရွာလိုက်ပါနဲ့အုံးနော် တဖွဖွ အခါခါပြောနေမိစဉ်
    ဆုတောင်းဆန္ဒက မပြည့်ခဲ့ဘူး မိုးပေါက်တွေကျုံးရေပြင်ကို တဖောက်ဖောက်နဲ့ ကျနေပြီ
    အဲဒီအချိန်မှာပဲ
    တစ်ချျိန်လုံး မျှော်နေတဲ့ ကျောင်းကားရောက်လာတာမို့
    မောင်မာဃ မိုးမမိတော့ဘဲ စတိုင်ကျကျလှမ်းလို့ ကျောင်းကားပေါ်တက်သွားလေရဲ့… :a:

    • kai

      September 9, 2014 at 12:35 pm

      တော်တော်လက်တွေ့ကျတဲ့.. အချစ်ဇတ်လမ်း.. :k:

      • ခင် ခ

        September 9, 2014 at 12:47 pm

        မောင်မာဃရဲ့ ကိုယ်တိုင်ကူးပုံတူပေါ့နော် ” တယ်ဟုတ် “

        • Mr. MarGa

          September 10, 2014 at 12:41 pm

          လေးနှစ်လုံးလုံး ကျုံးနံဘေးမှာ ကားစောင့်လာရတော့ အဲ့အချိန်လေးတွေကို မမေ့နိုင်ဘူးလေဗျာ :mrgreenn:

  • ဇီဇီ ခင်ဇော် (15102012)

    September 10, 2014 at 10:25 am

    ဟယ်။

    မိုးမင်းဆိုလို့ အနော်ကြိုက်တဲ့ မင်းသားမှတ်လို့ ပြေးလာတာ။

    :mrgreen:

    • ခင် ခ

      September 10, 2014 at 1:10 pm

      ဒါက ကော်ဖီဖျော်မည်(ဝေါမီတော်ဖီ)လုပ်ရတဲ့ မိုးမင်း ပါဗျ။

  • manawphyulay

    September 10, 2014 at 11:04 am

    အမယ် မန်းကနေတောင် လာပြီး ကန်ဘောင်မှာ ချိန်းတွေ့ကြတယ်ပေါ့လေ ဟုတ်လား လေးခ..
    ဒီလိုမှန်းသိ မနော လာချောင်းပါတယ် :mrgreen:

    • ခင် ခ

      September 10, 2014 at 1:03 pm

      တစ်ခါတုန်းကလို့ ညွှန်းထားပါတယ်ဗျာ။
      မန်း ကနေတော့ အင်းယားလာချိန်းပါ့မလားဗျ မသကာ ဦးပိန်တို့ဘာတို့ ဘဲချိန်းမှာပေါ့ ကလေးမရယ်။

  • (မန်း ကနေတော့ အင်းယားလာချိန်းပါ့မလားဗျ မသကာ ဦးပိန်တို့ဘာတို့ ဘဲချိန်းမှာပေါ့ ကလေးမရယ်။)
    ကြွားပြန်ဘီ

    ချိန်းတာလဲဟုတ်ဘဲနဲ့။

    ထီးလေးမိုးပေး တော့ မိုက်စ် မိုးရွာထဲ အာဘွားလုပ်လိုက်ရုံဘဲ

Leave a Reply