” ပြောမကောင်းပေမယ့် ပြောခွင့်ပြုဗျာ “

 

“၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် မူလတန်းကျောင်းသား တစ်ဦးကို တစ်ထောင်ကျပ်နှုန်း ထောက်ပံ့ရာ ကျပ်သန်းပေါင်း ၅၅၉၆.၄၇ ကုန်ကျသည်”

မူလတန်းကျောင်းလာအပ်တဲ့ ကျောင်းသားတစ်ဦးကို ငွေတစ်ထောင်ကျပ်ပေးလိုက်တာ ဘာများအထောက်အပံဖြစ် သွားလည်း နည်းနည်းစဉ်းစားကြည့်စမ်းပါဗျာ၊

ပြီးတော့ ထောက်ပံမှုပြုတယ်ဆိုပြီး တင်စားကာ ပဏာက၀င်ယူနေသေးတယ်၊

ငွေတစ်ထောင်ထောက်ပံပေးလိုက်လို့ အဲဒီ မူလတန်းကျောင်းသား အတော်ကို အထောက်အပံရသွားမှာဘဲ များတွေး နေကြလားမသိဘူးဗျာ သူပေးလိုက်လို့ရသွားတဲ့ ကလေးက လမ်းမုန့်ဟင်းခါးဝင်စားရင်ကို ဟောကနဲ ခဏ လေးနဲ့ ပြောင်သွားမယ်ဉ္စာမျိုး တကယ်တော့ ထောက်ပံငွေလို့ မသုံးဘဲ ဒီလိုရေးသင့်တာ

“၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် ကျောင်းလာအပ်သော မူလတန်းကျောင်းသား တစ်ဦးကို တစ်ထောင်ကျပ်နှုန်း အစိုးရမှ မုန့်ဖိုးပေး ရာ ကျပ်သန်းပေါင်း ၅၅၉၆.၄၇ ကုန်ကျသည်” …. အဲလိုရေးရမှာကို။

အပေးခံရတဲ့ ကျောင်းသား အနေနဲ့လည်း ထိရောက်မှုမရှိဘူး၊ ကုန်ဆုံးသွားတဲ့ နိုင်ငံတော်အနေနဲ့လည်း မယောင်ရာဆီလူး စီမံချက်ပါဘဲလေ။ အဲဒီ ကျပ်သန်းပေါင်း ၅၆ သန်းဆိုတာ တကယ်ကျောင်းကောင်းမရှိသေး တဲ့ တောနယ်တွေ ကျေးရွာတွေမှာ ကျပ်သိန်းတစ်ထောင် တန်ဖိုးရှိတဲ့ကျောင်းလိုက်ဆောက်ပေးရင်ကို ၅၆ ကျောင်း ရနိုင်တာမျိုးလေ၊ အဲဒီလိုမျိုးဆိုရင်တောင် အဲဒီ တောနယ်၊ ကျေးရွာက ငါတို့ကို စာသင်ကျောင်း ဆောက်ပေးတာဆိုပြီး အစိုးရကိုကျေးဇူးတောင်တင်လေမလားဘဲဗျာ။

ဒီလိုမျိုး Plan ရေးဆွဲတဲ့ဌာနရော သက်ဆိုင်ရာဝန်ကြီးရော ဘယ်လိုစဉ်းစားပြီး ဆုံးဖြတ်လုပ်ကြသလဲ ဒါကို အုပ်ချုပ်သူ လူကြီးတွေကရော ခွင့်ပြုတာဘဲလား အကျိုးရှိတယ် မရှိဘူး လုပ်တာ ထိရောက်တယ် မထိ ရောက်ဘူး ဘာမှပြန်မတွေးကြတော့ဘူးလား ပြီးတော့ သတင်းမှာအခုလိုရေးပြီးဂုဏ်ယူနေသေးတယ်

“၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် မူလတန်းကျောင်းသား တစ်ဦးကို တစ်ထောင်ကျပ်နှုန်း ထောက်ပံ့ရာ ကျပ်သန်းပေါင်း ၅၅၉၆.၄၇ ကုန်ကျသည်”

ကျုပ်ကဘဲ အတွေးညံ၊အမြင်စောင်းနေလို့လား အစိုးရကဘဲ လုပ်တာမဟုတ်လေလားတော့ မသိဘူးပေါ့ဗျာ

အဲဒီသတင်းဖတ်ပြီ ကျုပ်ကတော့ ကောက်ချက်ချမိပါတယ် ” ပြောမကောင်းပေမယ့် ပြောခွင့်ပြုဗျာ ” သောက်တလွဲ အစိုးရဘဲ…………. လို့။

 

 

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..