ခွန်အားပေးပါ…

manawphyulaySeptember 9, 20141min1328

519385

လပြည့်ညရောက်လာပြန်ပေါ့
လမင်းကြီးကို ငေးကြည့်ရင်း
ကြယ်တွေကို ရေတွက်ခဲ့
ဒီလိုညမှာ
အကြင်နာအရိပ်ပါးပါးတစ်ခု
ငါ့အနားကို ရောက်ရှိလာခဲ့
သူ့ရဲ့ဂရုဏာမျက်ဝန်းလေးနဲ့
ငါ့ကို ခွန်အားတွေပေးမြဲ
ငါလေ ဒီလို ညမျိုး
ဒီလို အိပ်မက်မျိုးကနေ
ပျောက်ကွယ်သွားမှာ
စိုးရွံ့လို့နေမိတယ်…
သူ ဘယ်လိုလူလဲ
ဘယ်မှာလဲ
ရောက်လေရာမှာ ရှာဖွေခဲ့ပေမဲ့
ခုထိ အိပ်မက်ထဲမှ
တစ်ယောက်သော သူ
ဘယ်လိုလူလဲဆိုတာ
ငါ မသိခဲ့
ကံကြမ္မာရယ်
တောင်းခွင့်သာ ရှိရင်
အိပ်မက် မဟုတ်တဲ့ ဘဝမျိုး
ဖန်တီးပေးပါ
အကြင်နာအရိပ်
ဂရုဏာမျက်ဝန်းရှင်ရယ်
မင်း ဘယ်ဆီမှာလဲ….
မင်းပေးတဲ့ခွန်အားနဲ့အတူ
ငါလေ အသက်ဆက်ရခက်နေလို့
အိပ်မက်မဟုတ်တဲ့ အိပ်မက်ရှင်ရယ်….

မနောဖြူလေး ခံစားသည်။

8 comments

  • ခင် ခ

    September 9, 2014 at 10:52 am

    အဲ ဒီမှာလည်း လမင်ကြီးကို ကြည့်ပြီး တွေးပြန်ပါပေါ့။
    မနေ့က လပြည့်ညမှ ငါ့ မကြည့်မိတာ နာတယ်ကွာ။
    ကြည့်မိခဲ့ရင် လမင်းကဗျာ တစ်ပုဒ်လောက်တော့ ခံစားမိမယ်ထင်တယ်လေ။

    အချစ်ခွန်အားကို မနှောက လမင်းဆီက တောင်းနေတယ်ပေါ့။

    ကျုပ်တော့လမင်းကြီးကြည့်ပြီး ငယ်ငယ်ကတော့ ဒီလိုတောင်းဖူးခဲ့တယ်
    ” ဖိုးလမင်းကြီးရယ် ထမင်းဆီစမ်းနဲ့ ရွှေလင်ပန်းပေးပါလို့ ” အဲဒီတုန်းက လမင်းကြီးပေး မပေးတော့ မသိဘူး၊ အမေကတော့ ထမင်းဆီစမ်းနဲ့ငါးရံခြောက်ဖုတ်လေး လာကျွေးတာဘဲလေ။

  • kai

    September 9, 2014 at 12:19 pm

    မျှော်နေသေး..
    ကိုယ့်စွမ်းအားနဲ့ကိုယ်.. ကိုယ်တိုင်ဝီရိယလေးစိုက်.. “ထ”ရှာပါ့လား..
    မြန်မာ့လူဦးရေအချိုးကြည့်…
    ကျားနဲ့မမှာ မ,တွေများနေတယ်ဗျ..
    တော်တော်ပြိုင်ယူရမယ်… ထင်.. :k:

    • manawphyulay

      September 9, 2014 at 12:34 pm

      ဟွန်း တဂျီး စစ်တမ်းပြန်ကောက်ကြည့်ဦး ခုချိန်မှာ မွေးဖွားစာရင်း တောင်းယူကြည့်လိုက်ပါဦး။
      ဆေးရုံတစ်ခုမှာ ၁ဝ ယောက်မွေးတာ ကျားကြီးပဲ ၉ ဦးတဲ့ဗျ။ မက တစ်ဦးပဲပါတယ်။ ရုံးမှာတောင် သုံးယောက်မိခင်မွေး ကျားကြီးပဲ….
      ဟွန့် သိလည်း မသိပဲနဲ့
      ခေတ်နဲ့အမှီလိုက်ပါဗျ
      ရှေးခေတ်ကိုပဲ ဖက်တွယ်မထားပါနဲ့တော့…. :mrgreen:

      • kai

        September 9, 2014 at 3:55 pm

        The headcount has also revealed that there are 1.7m more women than men. The sex ratio of 0.9 speaks to a reasonably favourable status of women. This roots Myanmar firmly in mainland South-East Asia, home to countries where women outnumber men. By contrast, all of South Asia, and China too, produce too few girls relative to boys, a sad consequence of sexism in those societies.

        ခုလောလောဆယ်.. သန်းကောင်စာရင်းအရ.. ကျားနဲ့မ အချိုးမှာ.. မ,က.. ၁.ရသန်းယောက်ပိုနေတယ်..။
        လွတ်တော်အမတ်မှာ.. အမျိုးသမီးက.. အယောက်၅ဝပဲရှိတယ်..။ ရာခိုင်နှုန်းအားဖြင့် ၅ရာခိုင်နှုန်း…

        ဆိုတော့…
        မပြောမဖြစ်ပြောရရင်.. မြန်မာအမျိုးသမီးတွေ…တော်တော်ကိုအနှိမ်ခံနေရတယ်ဆိုရမယ်..။
        စိတ်မကောင်းစရာ… :i:

  • sorrow

    September 9, 2014 at 1:49 pm

    တီလေး..စောင်းမရေးဂျေး..သိစေချင်ရင် ဖုန်းခေါ်ပါ..အဟိဟိ

    • manawphyulay

      September 9, 2014 at 2:18 pm

      ဟီး စောင်းပါဘူး။ တည့်တည့်ထိုင်ရေးတာ။ ဂယ် ဖုန်းခေါ်မှာနော် နောက်မှ အားဝူး လုပ်နဲ့… :mrgreen:

Leave a Reply