ငါ့ဖြတ်​ပိုင်းက
အုတ်​​ရော​ရော​ကျောက်​​ရော​ရော
စီးဆင်းခဲ့တာများပြီ
သူ​သေငါပို့​လောက်​နဲ့​တော့
အတ္တက မရိနိုင်​​သေးဘူး
ငါ
အသက်​၂၀ ​ကျော်​ခဲ့ပြီ
ခုထိ
ငါ ​သေပြီလို့ အာဂုံမ​ဆောင်​နိုင်​​သေးဘူး
ဘယ်​မလဲ
မြင်းခွာသံ​တွေ
အထူအပါးဆိုတာ
အမြစ်​​တွေစိမ်း​နေတဲ့ ငါကိုယ်​တိုင်​ပါပဲ
မမြဲမှန်းသိ​နေရဲ့နဲ့
ရေအဆုံးကုန်းတစ်​၀က်​စိတ်​ကနှင်​မရ​သေးဘူး
ဒီလမ်းက
မ​နေ့ကလည်း​နေ၀င်​ခဲ့ပြီ
ဒီက​နေ့လည်း​နေ၀င်​ဦးမှာပဲ
မနက်​ဖြန်​​နေ၀င်​တာကို မ​မျှော်​လင့်​ချင်​​တော့ဘူး
မီးရှိတုန်း
ပဉ္စငါးပါးလုံး ကျိုလိုက်​မယ်
အဆုံးသတ်​မှာ
သုံးခွက်​တစ်​ခွက်​တင်​ဆို မ​မောရ​တော့ဘူးရယ်​။
ကိုစစ်

ko six

About ko six

ko six has written 94 post in this Website..

ဘဝဆိုတာ အပိုင်းနှစ်ပိုင်းနဲ့ရွေ့နေတဲ့ ဂေါက်သီး။ ရယူမှာလား။ ပေးဆပ်မှာလား။ အဲ နှစ်ခုစလုံးတော့ကြုံရမယ်။ ဘယ်ဟာကို အရင်ကြုံချင်လဲဆိုတာမှာ လူတော်လူညံ့ကွဲကုန်တာ။ CJ # 1122014