​ဘေသဇ္ဇ

ko sixSeptember 9, 20141min914

​ငါ့ဖြတ်​ပိုင်​းက
​အုတ်​​ရော​ရော​ကျောက်​​ရော​ရော
စီးဆင်​းခဲ့တာများပြီ
သူ​သေငါပို့​လောက်​နဲ့​တော့
အတ္တက မရိနိုင်​​သေးဘူး
​ငါ
အသက်​၂ဝ ​ကျော်​ခဲ့ပြီ
ခုထိ
ငါ ​သေပြီလို့ အာဂုံမ​ဆောင်​နိုင်​​သေးဘူး
ဘယ်​မလဲ
မြင်​းခွာသံ​တွေ
အထူအပါးဆိုတာ
အမြစ်​​တွေစိမ်​း​နေတဲ့ ငါကိုယ်​တိုင်​ပါပဲ
မမြဲမှန်​းသိ​နေရဲ့နဲ့
​ရေအဆုံးကုန်​းတစ်​ဝက်​စိတ်​ကနှင်​မရ​သေးဘူး
​ဒီလမ်​းက
မ​နေ့ကလည်​း​နေဝင်​ခဲ့ပြီ
ဒီက​နေ့လည်​း​နေဝင်​ဦးမှာပဲ
မနက်​ဖြန်​​နေဝင်​တာကို မ​မျှော်​လင်​့ချင်​​တော့ဘူး
မီးရှိတုန်​း
ပဉ္စငါးပါးလုံး ကျိုလိုက်​မယ်​
အဆုံးသတ်​မှာ
သုံးခွက်​တစ်​ခွက်​တင်​ဆို မ​မောရ​တော့ဘူးရယ်​။
ကိုစစ်​

4 comments

  • ခင် ခ

    September 10, 2014 at 9:46 am

    တစ်ချို့ကျ သုံးခွက်တစ်ခွက်တင်မက ညောင်စေးကျအောင်တောင် ရှိသေးတယ်လေ။

  • kyeemite

    September 10, 2014 at 9:55 am

    .​ဘေသဇ္ဇဂုရု
    .တေဖြစ်သမျှပြုစု
    .မနေဖြစ်မှကရုပြု
    .သေဖြစ်မှ အခုမမှု……လျှောက်ရေးခဲ့တာ ခိခိ :k:

  • manawphyulay

    September 10, 2014 at 11:12 am

    တိုတောင်းလှ သံသရာ
    လျှောက်ရပြန် ခရီးလမ်း
    အရောက်လှမ်းဖို့ ငါ ပြင်ဆင်
    မမောနိုင် မနားတမ်း
    အပြေးကလေး လျှောက်ပြန်တော့
    ရောက်ပြန်ပေါ့ သံသရာတစ်ကြော့
    စက်ဝန်းရယ် ဘယ်မဆုံး
    ဘဝရေ…. ကယ်ပါဦး။
    မနောဖြူလေး

  • မြစာကလေး (23122011)

    September 11, 2014 at 5:37 am

    မ”တတ်ပါ့” ရေ့။
    ဒီမှာ ပဉ္စငါးပါးလုံး ကို လာရှင်းပေးပါဦး။
    အတည်ပြောတာနော်။ နောက်တာမဟုတ်ဘူး။
    တကယ်မသိလို့။ သိသူရှိလဲ ပြောပြပါ။

    ဟိုနေ့က
    သတ္တဝါတွေ့ရဲ ့ မသိခြင်း ၅ မျိုး ကို မ”တတ်ပါ့” ရှင်းပေးတာ သဘောကျမိလို့။
    သူလဲ မှတ်ချက်ပေးကောင်းသူ တစ်ယောက်မို့ မျှော်နေပါတယ်။

Leave a Reply