” ဟိုအရင် ထိုင်ခဲ့ဖူးတဲ့ခုံလေး “

ခင္ခSeptember 10, 20141min16210

” ဟိုအရင် ထိုင်ခဲ့ဖူးတဲ့ခုံလေး “

 

ငယ်ငယ်တုန်းက စာသင်ကျောင်းဝယ်

မူလတန်းအရွယ် ကလေးငယ်တို့

တူယှဉ်တွဲထိုင် ခုံတန်းရှည်မှာ

တစ်ယောက်ကို တစ်ယောက်

ညာတာထောက်လို့ မျှတစွာတွေး

ထိုင်ခဲ့သေးတာ အမှတ်ရမိတယ်ဗျာ။

 

အလယ်တန်းအောင် အထက်တန်းရောက်

တစ်ယောက်တစ်ခုံ ထိုင်တဲ့ကျောင်းမို့

ကိုယ့်စားပွဲကိုယ် ကိုယ့်ထိုင်ခုံနဲ့

သဘောတွေကျ ဟန်ကျခဲ့ကာ

ကိုယ်စားပွဲပေါ် ပစ္စည်းတင်ရင်

ဟောက်ဟန်းချင်ကာ ရန်တွေ့ချင်လို့

ထိုင်ခဲ့သေးတာ အမှတ်ရမိတယ်ဗျာ။

 

တက္ကသိုလ်တက်တော့ တစ်ဆင့်ပြီးမြင့်

ခုံတန်းရှည်နဲ့ ခန်းမတွေ့တော့

အပေါ်စီးက မြင်တွေ့ရအောင်

အမြင့်ဆုံးဖြစ် နောက်ဆုံးတန်းမှာ

ထိုင်စာသင်လို့ သဘောကျတယ်

တက်ရဆင်းရ မောလှပါရဲ့

ထိုင်ခဲ့သေးတာ အမှတ်ရမိတယ်ဗျာ။

 

ဘွဲ့တွေလည်းရ ဝန်ထမ်းဘဝတွင်

ကိုယ်စားပွဲကိုယ်ထိုင် အလုပ်လုပ်ရလည်း

မန်နေဂျာထိုင် ဆုံလည်ခုံဝယ်

ဘယ်အချိန်ထိုင်ရ ဖြစ်လိမ့်မလဲလို့

လောဘမျှော်လင့် မောဟဖြစ်ကာ

တွေးကာကြိုးစား ဝန်ထမ်းဘဝခုံကို

ထိုင်ခဲ့သေးတာ အမှတ်ရမိတယ်ဗျာ။

 

တကယ်ပြန်တွေး ထိုင်ဖူးခဲ့ရာထိုင်ခုံများဝယ်

မူလတန်းအရွယ် ကလေးငယ်ဘဝ

ထိုင်ဖူးခဲ့တဲ့ ခုံတန်းရှည်မယ်

ညာတာထောက်ထား မျှတတွေးလို့

သာတူညီမျှ တူယှဉ်လှနဲ့

ထိုင်သည့်ခုံလောက် မက်စရာမရှိ

ထိုဘဝကို ပြန်လိုချင်မိပါ၏။

 

 

ခင်ခ။

10 comments

  • ဦးဦးပါလေရာ

    September 10, 2014 at 12:46 pm

    ကောင်းလိုက်တဲ့အတွေးစလေးပါပဲ ကိုခင်ခ ရေ…
    ပတ်ဝန်းကျင်နဲ့ ကြမ်းတပြေးထဲ တသားထဲ ရှိနေရတဲ့ အခိုက်အတန့်မျိုးလေးတွေဟာ အငြိမ်းချမ်းဆုံးပဲဗျာ..

    • ခင် ခ

      September 10, 2014 at 1:28 pm

      ” ကြမ်းတပြေးထဲ တသားထဲ ရှိနေရတဲ့ အခိုက်အတန့် ”
      အဲဒီစာသားအသုံးအနှုန်းလေးကိုကြိုက်လို့…………။

  • ဇီဇီ ခင်ဇော် (15102012)

    September 10, 2014 at 12:50 pm

    အမ ဝေ လည်း ဒီ လို အတွေးနဲ့ ဆောင်းပါးလေး ရေးဖူးတယ်။

    ခု ထိုင်နေတဲ့ ခုံ ကတော့ ခွက်နေပြီ။
    အလေးချိန်ကို မခံနိုင်လို့။
    အဟိဟိ
    :k:

  • ခင် ခ

    September 10, 2014 at 2:41 pm

    မဇီဇီရေ အမ ဝေ ဆောင်းပါးလေး လင့် သိရင်ညွှန်ပေးပါလားဟင်!

    အရေးပါသောသူတွေဟာ တစ်နေရာတည်းထိုင်နေရတာမျိုး မဟုတ်ဘူးလို့တော့ ဆိုတာဘဲ ကိုပေါက်ရေ။

  • kyeemite

    September 10, 2014 at 2:52 pm

    .ကြိုက်သဗျာ…ထိုင်ခဲ့ဖူးတဲ့ထိုင်ခုံအတွေးလေးကို
    .ကလေးဘဝကတော့ ထိုင်ခုံအရသာမသိသေးပဲကိုးဗျ…
    .ဟိုလူဂျီးတွေလည်းငယ်ငယ်ကတော့အဲ့လိုနေခဲ့မှာ…ခုတော့ထိုင်ခုံအရသာတွေ့သွားကြတော့
    .ဖယ်ပေးချင်တော့ဘူးဗျို့ :k:

  • manawphyulay

    September 10, 2014 at 4:36 pm

    ငယ်ငယ်တုန်းက ကျောင်းတက်စဉ် ကာလကိုကွယ်
    ပြန်ပြောင်း သတိရပါတယ်…
    ကျောင်းသွားအတူတူ စားလည်း တူတူပဲကွယ်
    ခုချိန်ခါ ပြန်တက်ချင်မိတယ်….

  • Yae Myae Tha Ninn

    September 11, 2014 at 8:57 am

    လူများတွေကတော့ ငယ်ဘဝလိုချင်တယ်.. ကျွန်တော်တော့ မလိုချင်ဘူး.. ငယ်ဘဝက ကြမ်းတမ်းလို့… ကျောင်းသွားရင် ပိုရင်နာတယ်.. မုန့်ဖိုးမရဘူး.. ကျောင်းသွားရင် ဟင်းက ဘဲဥဆို တခြမ်းပဲ.. တလုံးစားချင်ရင် ယူသွား ပြန်လာရင် ဟင်းအနှစ်နဲ့ပဲ ထမင်းစားရတာ.. TB Subject နဲ့ဆိုတော့ ဆေးဆိုလဲ အများကြီးထည့်လာရတယ်… ဈေးလဲ ရောင်းရတယ်… မလိုချင်ဘူး.. အခုမှ နေရာတခုရလာတာ… 🙁

Leave a Reply