” ”  နောင်တ နောင် တ နောင်မှရ””

အရိပ်ကလေးလို

အရိပ်ကလေးလို

 

 

 

 

အခုအခါများ

စားရေး နေရေး

လုပ်ရေး ကိုင် ရေး

အရေး တွေ များ

ယားလို့ တောင်မကုတ်အား

ပြီဆိုကာမှ

ကိုယ့်ဘ၀ ကိုယ်မောင်း

ကိုယ့်ဝမ်းကိုယ်ကျောင်း

ထောင်းလမောင်း

ကြေပြီဆိုကာမှာ

 

“အရိပ်ကလေးလို

မင်းရဲ့အပါး

ခစားခွင့်များ

အမြဲထာဝရ

ငါ

ရ စမ်း ပါ ရ စေ” လို့

ဘာညာ သရကာ

ကိုယ့်ဒုက္ခ ကိုယ်ရှာ

အရူးထ မိခဲ့တာတွေကို

တွေး ရင်း တွေးရင်း

…………………………………………..

…………………………………………

ကိုပေါက်လက်ဆောင်အတွေးစဉ်

9-9-2014

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။