ပြောင်းပြန်သီအိုရီ

ခင္ခSeptember 11, 20141min18010

” ပြောင်းပြန်သီအိုရီ “

 

ထန်းလျက်ဆို ချိုမှာပေါ့
ဆားဆို ငံတယ်လေ
ငရုတ်သီးက စပ်တယ်ဟ
ကြက်ဟင်းခါးသီး အခါးကြီး
သဘာဝတရား ရှိပြီးသားကို
မျိုးရိုးဗီဇ ပြင်လို့ရတော့
ဆားအချို ငရုတ်သီးခါး
ထန်းလျက်ကယ် ချဉ်အောင်ပြု
နောင်တစ်ချိန် မယ်ဖြစ်လာတု
ပြောင်းပြန်သီအိုရီ မှန်နိုင်သည်။

ခင်ခ။

10 comments

  • မြစာကလေး (23122011)

    September 11, 2014 at 4:56 am

    သက်မဲ့ မပြောနဲ့ ကိုခရယ်။
    သက်ရှိကို
    မအိုအောင်တဲ့
    မသေအောင်တဲ့
    လုပ်နေကြတာ
    မအိုအောင် အတွက် နည်းလမ်း က မွေးမွေးချင်း မှာ အချင်းက ဆဲလ်ကို သိမ်းလိုက်ပြီး အဲဒီကနေ ပျက်နေတဲ့ ဆဲလ် တွေ ကို အစားထိုးလို့ ရတော့ မယ် ဆိုလား။
    အဓိက ရုရှားက ခရိုနီများ အတွက် ဆိုဘဲ။ lol:-))

    • ခင် ခ

      September 11, 2014 at 9:08 am

      ဟုတ်တယ်အရီးရေ သုတေသီတွေရဲ့နည်းပညာစမ်းသစ်မှုတွေက ပို၍ပို၍ တီထွင်လာကြတာကိုး။
      ဥပမာတစ်ခုပြောရရင် ငယ်ငယ်တုန်းက မချစ်စုသရက်ပင်က မချစ်စုအသီးဘဲသီးသလို၊ စိန်တလုံးသရက်ပင်က စိန်တစ်လုံးဘဲ အသီးသီးတယ်လေ။ အခုခေတ် ကိုင်းကူစနစ်နဲ့ သရက်ပင်တစ်ခုမှာ စိန်တစ်လုံးသီး၊ မချစ်စုသီး၊ ရင်ကွဲသီး ဆိုပြီး သီးအောင်လုပ်လို့ရနေတာကို ဒီမှာ မြင်နေရပြီလေ။

  • alinsett

    September 11, 2014 at 8:50 am

    သဘာဝ အတိုင်းလေးပဲ..စားချင်တယ်

    :mrgreen:

    • ခင် ခ

      September 11, 2014 at 9:13 am

      စမ်းသစ်ချင်ကြတာကိုးဗျ အဲဒီတော့လည်းလေ…………….?

  • manawphyulay

    September 11, 2014 at 9:20 am

    သက်ရှိသက်မဲ့
    ဒြပ်ရှိ ဒြပ်မဲ့ ဟူသမျှကို
    နာမ်ဟူခေါ်သည်…. တဲ့။

    • ခင် ခ

      September 11, 2014 at 9:36 am

      ဒါဆို နာမ် သည် စိတ် ဟုတ်ပါသလား!

  • ဇီဇီ ခင်ဇော် (15102012)

    September 11, 2014 at 9:55 am

    ဖောက်ဖြတ်

    အဲလေ

    ဖောက်ထွက် တွေးခေါ်ကြပြီး စမ်းသပ်ကြတယ် ထင်ပါရဲ့။

    :mrgreen:

  • ခင် ခ

    September 11, 2014 at 10:08 am

    ယောင်လို့ထွက်တဲ့ ဖောက်ဖြတ် ကလည်း မျိုးရိုးဗီဇကို အံတုမှုတစ်ခုဘဲ မဟုတ်လား။

  • aye.kk

    September 11, 2014 at 1:14 pm

    မ​ပြောင်​းတာ အမှန်​တရား
    အမှန်​တရား ဘုရားတရား

    • ခင် ခ

      September 11, 2014 at 5:37 pm

      မပြောင်းတဲ့ အမှန်တရားကိုတောင် ပြောင်းရရင် ပြောင်းချင်ကြတဲ့သူတွေလည်း ရှိမှာဘဲနော်။

Leave a Reply