အန ္တရာယ်နံပါတ်-၄

sofiadimpleAugust 16, 20101min480

အန္တရာယ်နံပါတ်-၄ကတော့ ဂင်္ဂ ါမြစ်ထဲမျှောနေတဲ့ သစ်တုံးကြီးဟာ ဒီဖက်ကမ်းကို ကပ်ခြင်းဘေးကလည်း လွတ်လာခဲ့ပြီ။ နောက်ထပ် ဟိုဖက်ကမ်းကိုကပ်သွားခြင်းဆိုတဲ့ အန ္တရာယ်ကနေလည်း လွတ်အောင်ကြိုးစားခဲ့ပြီးပြီ။ အဲ နောက်ထပ် ရေလယ်မှာရေတွေအီပြီးနစ်မြှုပ်ရမယ့်ဘေးကလည်း လွတ်သွားနိုင်ပြီထားတော့။ နောက်ထပ်သူဟာ ဘယ်လို  အန ္တရာယ် နဲ့ကြုံရဦးမလဲဆိုတာဆက်လေ့လာကြတာပေါ့ ။ နောက်တွေ့ရမယ့်အန ္တရာယ်ကတော့ ဒီသစ်တုံးလေးဟာ မျှောနေရင်းက ကျွန်းနဲ့တွေ့တဲ့အခါ ကွေ့ရှောင်ရမှာကို မရှောင်မိလို့ ကျွန်းပေါ်မှာသောင်တင်ပြီး ဆက်မသွားနိုင်တဲ့ အဖြစ်မျိုးပါပဲတဲ့။ ဒါဆိုသူဟာ လိုချင်တဲ့ပန်းတိုင် ဖြစ်တဲ့ သမုဒ္ဒရာဆီရောက်ဖို့ မဖြစ်နိုင်တော့ဘူးပေါ့နော်။

ဒါကိုမှ ဒို့က နိဗ္ဗာန်သွားဖို့ ကြိုးစားနေကြသော ပုထုဇဉ်လူသားတွေအနေနဲ့စဉ်းစားကြည့်ကြရအောင်ပါ။ ကဲ ဒို့ဖက်ကတော့ ရှေ့ကကြုံခဲ့ရသော အန ္တရာယ်(၃)ခုကို ကျော်ဖြတ်ဖို့နည်းလမ်းလည်းသိခဲ့ပြီမို့ လက်တွေ့လည်း အကောင် အထည်ဖော်ပြီးကြိုးစားနေတယ်ထားတော့။ ဒါဆို ဒိဋ္ဌိနဲ့တဏှာကနေတော့ ခွာထားနိုင်ပြီပေါ့နော်။ တကယ့် အရှိတရား ဟာရုပ်နဲ့နာမ်ပါပဲလားဆိုတာလည်းသိသွားပြီထား။ သိလို့လည်း သီလတွေဆောက်တည်တယ်။ သမာဓိတွေ ထူထောင် မယ်။ နောက်ရုပ်၊နာမ်ကြောင်းကျိုး တွေကို ဉာဏ်နဲ့ရှင်းလင်းစွာ မြင်နေပြီထားတော့ ။အဲဒီအချိန် စိတ်ကလေး မှာက လောဘ၊ ဒေါသ၊တဏှာ စတဲ့ကိလေသာတွေ တဒင်္ဂငြိမ်းနေတယ်ပေ့ါ။ အဲဒီတော့ စိတ်ကလေးမှာရှင်းပြီ ကြည်လို့ နေလို့တွေကောင်း နေပြီနော်။ ဘာလို့ရှင်းနေလဲ ကိလေသာနည်းနေလို့ပဲ။ အဲ အဲဒီမှာပဲ ဘာတွေခံစားရမလဲဆိုရင်လေ ပီတိ၊ ပဿတိ ဆိုတဲ့ ငြိမ်းအေးမှုတွေကို ထူးထူးခြားခြားကို ခံစား ရမယ်နော်။ စိတ်ထဲမှာရှင်းလွန်းအားကြီးပြီး လူကလဲ ကြည်ထွက်နေတာပေါ့။ ကဲဒီမှာပဲ အန္တရာယ်နံပါတ်-၄ ကစဝင်လာပါပြီ။ ဘယ်လိုဝင်လာသလဲဆိုတော့ ခန္ဓာကိုယ်ကလည်း ပေါ့လွန်း ရွှတ်လွန်း ပြီးနေလို့တွေကကောင်းနေလေတော့ အောဒါဟာ ငါလိုချင်တဲ့နိဗ္ဗာန်ပဲနေမှာပါ။ ငါဒီလောက်ထိ ငြိမ်းအေးနေမှတော့ ဆိုပြီး ငါတော့ မဂ်ရပြီနေမှာပဲဆိုပြီး ကိုယ့်ကိုယ်ကိုယ် အဟုတ်တွေထင်ပြီး မာနတွေဝင်သွားပြီနော်။ ဒါဆိုရင် အန ္တရာယ်-၄ စက်ကွင်းမိပြီသာမှတ်ပေတော့။ ဒါမျိုးဆိုတာကလည်းလေ တသံသရာလုံးကမှ မကြုံဘူးလေတော့ ဘယ်သိပါ့ မလဲနော်။ ကဲ အဲဒီမှာပဲ ငါတော့ ပုထုဇဉ်ဘဝကလွတ်ပြီဆိုပြီး ကိုယ့်ကိုယ်ကို အရိယာပဲဖြစ်သလိုလိုဘာလိုလို အထင်တွေရောက်ပြီး နောက်ကိုဆက်အားထုတ်စရာမလိုတော့ဘူးလို့ ထင်သွားတာနော်။ အင်းဒါကလည်းသိပ်ကို ကြောက်ဖို့ ကောင်းပါတယ်နော်။ ဒီမာနဝင်သွားတာနဲ့သူဟာ ရှေ့ဆက်တက်ရမယ့်လမ်းကိုဆက်မလျှောက်နိုင်တော့တာမို့ ခါးပြတ် သွားတာ နဲ့ အတူတူပါပဲနော်။ အော် နှမြောစရာကောင်းသွားပြီပေါ့နော်။ ကဲဒါဆိုရင်တော့ အန ္တရာယ်နံပါတ်-၄ ဟာမာနပါလားလို့သိသွားပါပြီ။

အဲဒီအန ္တရာယ်ကိုပဲ ဆရာတော်တွေက မဂ်တုလို့ နာမည်တပ်ပြောကြတယ်နော်။ အင်းဒီမဂ်တုကလည်းလေ သီလ၊သမာဓိခိုင်ပြီး ဖြစ်ပျက်မြင်တဲ့ဉာဏ်လေးရမှသာ ပေါ်လာ ရတာဆိုတော့ တော်ရုံလူမှာတော့ မပေါ်နိုင်ဘူးပဲ။ သူကဘယ်လိုတွေကြုံတတ်သလဲဆိုရင် ခန္ဓာကိုယ်ကပေါ့ပါးပြီး အေးမြနေတယ်။ နောက်စိတ်ကလေးကလည်းလေ ရှင်းပြီးငြိမ်း နေတယ် နေလို့ကလည်းလေ aircon ထဲမှာနေရတာထက် အဆမတန်ကောင်းတယ် ။ အိုလမ်းလျှောက်ရင်ပဲ မိုးပေါ်ပျံနေသလိုလိုပေါ့လွန်းလို့လေ။နေရတာကိုကပြောပြဖို့ခက်လောက်အောင်ကောင်းလွန်းနေလေတော့ဒါကိုအန ္တရာယ် ပါလားလို့ သိနိုင်ဖို့ တော်တော်လေးခက်လိမ့်မယ်နော်။ ဒီမာနကလည်းတော်တော့ကိုကြောက်စရာ ကောင်းပါလား။ တခါတလေမှာ ကိုယ်ကဘာမှမဟုတ်သေးပဲ အင်းငါ့လောက်သူများတွေသိမှာမဟုတ်ပါဘူး ဆိုတဲ့မာနတွေလည်း တရား အားထုတ်ရင်းနဲ့က မတရားတာတွေ ဝင်လာ တတ်တယ်နော်။ သတိတော့ထားစရာပါလား။ အင်းအန ္တရာယ်ရယ်လို့မှ သိမထားနိုင်လို့ကတော့ နီးရက်နဲ့ဝေးရတော့မယ့် အဖြစ်ကြီးပါလား လို့ တွေးမိပါသေးတယ်နော်။  သစ်တုံးကြီးဟာ ကျွန်း ကိုကွေ့ရှောင်ရမှန်းမသိသရွေ့ သမုဒ္ဒရာထဲကိုဆက်သွားဖို့မဖြစ်နိုင်သလို တရားအားထုတ်ကြတဲ့လူတွေဟာ ဒီမဂ်တု ကို ကျော်နိုင်မှသာလိုချင်သောမဂ်စစ်ကိုရမှာပါလားလို့ သိထားပြီးတော့အန္တရာယ်နံပါတ်-၄ ဖြစ်တဲ့မာနကျွန်းကြီးကို အန ္တရာယ် ပါလားလို့ သတိလေးနဲ့သိနိုင်လို့ ကွေ့ရှောင်နိုင်စေဖို့ ဒီစာလေးနဲ့ သတိပေးဆော်ဩ လိုက် ပါရစေ။ တစ်စုံ တစ်ရာလိုအပ်ခဲ့ပါကအကြံဉာဏ်လေးများပေး၍လမ်းညွှန်ပေးကြပါလို့……………