ရွှေထုတ်ကြရာဝယ်…

ကုိ ထြဋ္September 11, 20141min2156

9863-262588

. တော်ရုံနဲ့တော့ မပြောတတ်ပါဘူး… ဒီနေ့မနက်က ဖယ်ရီမှာလဲ ဒီအကြောင်းပဲဗျ…

. ပြောရရင်တော့ ရုံးက ရွှေထုတ်တဲ့နေရာပဲ… ပုံမှာပါတာ ရုံးက ရွှေထုတ်တဲ့နေရာမဟုတ်ဘူးဗျ… ဒါက ပုံမှန်ရှိရမယ့် အခြေအနေပေါ့…

. ရွှေထုတ်တဲ့ နေရာကို မြန်မာသုံး ရွှေထုတ်တဲ့နေရာ နဲ့ နိုင်ငံခြားကြိုက် ရွှေထုတ်နေရာဆိုပြီး ၂ မျိုးခွဲတယ်ဗျ…

. မြန်မာသုံးမှာတော့ နည်းနည်းကွဲသေးတာရှိတယ်… နောက်မှာ ရွှေလှောင်ရုံနဲ့ ဒါမှ မဟုတ် ရွှေတွင်းနဲ့ဆိုပြီး ရှိတယ်…

. တချို့ကြတော့ ပင်လယ်ထဲလွှတ်(စုစည်းပြောရရင် နီးစပ်ရာ ရေတခုခုထဲလွှတ်တယ်ပေါ့)…

. အကျဉ်းချုပ်ပြောရရင် စနစ်တကျ ရွှေထုတ်နေရာ နဲ့ စနစ်မကျ ရွှေထုတ်နေရာ ဒါပဲ ကွဲမယ်…

. ရုံးက အမျိုးအစားက မြန်မာသုံးရွှေထုတ်တဲု့နေရာပါ… နောက်မှာ ရွှေလှောင်ရုံပါတယ်… တနည်းထပ်ပြောရင် စနစ်တကျ ရွှေထုတ်နေရာပေါ့…

. ဒါဆို ဘာလို့ ပြောလဲဆိုရင်… စံချိန်စံညွှန်းမမှီလို့ဗျ…

. နံပါတ် ၁  အရမ်းမကျဉ်းရဘူး.. လေဝင်လေထွက် လေအောင်း လုံလောက်ရမယ်… လေအောင်းဒေသ နည်းပါးရင် အောက်စီဂျင်ရှုရတာ ပါးစပ်များမယ်…

. နံပါတ် ၂ ကြွေပြားဆို ကြွေပြား အကြမ်းသုံးသင့်တယ်.. အများသုံးဆို ပိုဆိုး… ရေထိရင် အချိန်မရွေး သတိလစ်ဟင်းတာနဲ့ စလစ်ဖြစ်နိုင်တယ်…

. နံပါတ် ၃ ရေလောင်းစနစ်… ရေပန်းစနစ်လား… ရေခွက်စနစ်လား… တခုဆို တခုပဲသုံး…

. ရေပန်းစနစ်ဆို ရွှေတွေ လှောင်ရုံထဲပို့ဖို့ ရေဆွဲစနစ်တခုထပ်ထည့်…

. ရေခွက်စနစ်ဆို မလိုဘူးပေါ့…

. ဒါဆို ပြည့်စုံပြီပေါ့… ထင်လား.. မပြည့်စုံဘူးဗျ… တခုကျန်တယ်.. မထင်ရတဲ့ အရာ… အဲဒါက ခွချက်မိဖို့ပဲ…

. နံပါတ် ၄ လုံလောက်စွာ ဆောင့်ကြောင့်ထိုင်ဖို့နေရာ လိုအပ်တယ်… မဟုတ်ရင် တိုင်ပတ်ပြီ…

. ဖြည့်စွက်အနေနဲ့ဆိုရင် ဆောင့်ကြောင့်ထိုင်တဲ့အခါ ခြေထောက်ချရာ နေရာဟာလဲ တုံးမြင့်ဖို့ လိုအပ်တဲ့ အဟ အကျယ်ရှိဖို့ လိုအပ်တယ်…

. ကိုယ်မျက်နာမူရာ နေရာလဲ လိုအပ်တဲ့ အရှေ့အကျယ်လိုအပ်တယ်…

. လှေကားရှိရင် မဟုတ်ရင် ရွှေထုတ်ရာ နေရာ အမြင့်ဆိုလဲ မြန်မာ အရပ်အမောင်းနဲ့ ချိန်ပြီး အတက်အဆင်း အမြင့်ကို လုပ်သင့်တယ်…

. ဒါတွေဟာ မြန်မာသုံးရွှေထုတ်တဲ့နေရာ စတန်းဒတ်ပါ… မယုံရင် ဒီထဲက တခုခုလိုအပ်အောင်လုပ်ကြည့် စိတ်ကသိကအောက်ဖြစ်မှာ ကျိန်းသေတယ်…

. အခု ကျွန်တော် ကြုံတွေ့နေရတဲ့ အခက်အခဲက အဲဒါပါပဲ…

. နံပါတ် ၁ အခန်းက ကျဉ်းတယ်… အဲတော့ ရှေ့က ဆရာကြီးတွေ အထူးသဖြင့် မနက်ဆို အရောင်းသမားတွေက မသွားခင် ရွှေထုတ်ခဲ့တယ်…

. အခန်းက နည်းတယ်.. လူကများတယ်.. စောင့်တယ်… စောင့်ပါတယ်… သူထွက်လာတယ်… ချက်ချင်းဝင်တော့ အို့ .. အို….

. ကိုသားကြီး ကြော်ငြာထဲကလို ကမ်ဘာကျော် ရေမွှေးတွေရဲ့ ရနံ့ နဲ့ တထပ်တည်းပဲ…

. အဲဒီတော့ နှာခေါင်းနဲ့ အသက်ရှုရင် အနံ့ရမယ်ဆိုတော့ ဘာနဲ့ အသက်ရှုမလဲ…  ဒါပေမဲ့ ပါးစပ်နဲ့ နှာခေါင်းက နီးစပ်တော့ သိပ်မထူးပါ….

. ကောင်းကွက်တော့ ရှိတယ်.. ရွှေရှားတဲ့ အချိန်တော့ နေရာကျဉ်းတာ ကောင်းတယ်… ကျားကန်ဖို့ အားရှိတာပေါ့…

. နံပါတ် ၂ ကြွေပြားက အချော အကြီးစား… ရေကလဲ စပါယ်ရှယ် လျှံထားတော့ ချောတာပေါ့… တက်တဲ့ အမြင့်နဲ့ ပေါင်းတော့ ကျွန်တော် သတိမထားမိရင် အုံးကနဲ ပဲ…

. နံပါတ် ၃ ရေလောင်းစနစ်.. ရေပန်းရော… ရေခွက်ရော.. ပါတယ်… ကြိုက်ရာရွေးလို့ရတယ်ပေါ့… ပိုဆိုးပါတယ်… 🙁

. ရေပန်းစနစ်ဆို ရေဆွဲစနစ်ထပ်ထည့်လိုက်ရင် အိုကေလေ… အခုတော့ ရေဆွဲစနစ်မပါပဲ… ရေခွက်ထပ်ထည့်ပေးထားတယ်…

. အော်… နေရာက ကျယ်တာကိုး… အဲတော့ ရေပန်းသုံးဖို့ ရေပုံးကို ဖြတ်ကျော်ရတယ်… ကျဉ်းတော့ ကပ်သီးကပ်သပ်လုပ်ရတဲ့ကြားထဲ…

. ဘောင်းဘီက ဖင်ကျပ်ဝတ်တော့  ဟ မရ… အာ ရှုပ်နေတာပဲ… ဒါက နောက်မှ…

. ဦးစွာ ပထမက ရေပုံးက ခြေထောက်နဲ့ထိနေတော့ နည်းနည်းရှောင်ရတယ်… ဒီကြားထဲ ရွှေထည့်တဲ့ အိမ်ကသေးတော့.. အပေါက်အလမ်းက မတည့်…

. လူက ဝ လာတော့ ဆောင့်ကြောင့်က ကြာကြာမထိုင်နိုင်၊ ဘောင်းဘီက စကင်နဲ့ဆိုတော့… အင်ထရိုမှာတင် တိုင်ပတ်နေတယ်…

. ဒီကြားထဲ ကမ်ဘာကျော်ရေမွှေးကို ဘာနဲ့ ရှုရမလဲက တမှောင့်… ဒါတွေ ကျော်ဖြတ်ပြီးမှ ရေပန်းစနစ်လား.. ရေခွက်စနစ်လား ရွေးရပါတယ်… 🙁

. နံပါတ် ၄ မှာတော့ ခုနက ပြောတဲ့အထဲ တော်တော်ပါသွားပါပြီ… ရွှေထုတ်တဲ့ အိမ်က မကြီးမသေးဖြစ်ရမယ်… ကြီးတော့လဲ ဖြဲရတာ မသက်သာ…

. သေးတော့လဲ ဆိတက်ရတာ ပိုညောင်းလွယ်တယ်… ခုဟာက သေးတယ်… တုံးနိမ့်တယ်… စဉ်းစားသာကြည့်ပေတော့…

. အရှိန်ပြင်းတဲ့ အခါများ…  ပြောမပြောချင်တော့ဘူး…

. အရှေ့မျက်နှာမူရာကလဲ နေရာကျဉ်းတော့ ယောကျာင်္းလေးများ တွေးဆကြည့်ပေတော့… တံခါးနေရာနဲ့တော့ ဝေးတယ်.. တည်ဆောက်ပုံ ဧရိယာနေရာသာကျဉ်းတာ..

. အဆင်းကျတော့ တံခါးနဲ့ ဝေးတဲ့ အပြင်ကြွေပြားက အချော… ဒါကို ခုနက ဧရိယာကျဉ်းက ရောက်လာတဲ့ Liquid  နဲ့ဆို…

. ကျွန်တော် တကယ် ချော်လဲပါတယ်ဗျ… ကယ်သွားတာ ဘေးဘယ်ညာ ကျဉ်းတာကပါ….

. ခုဆို သိပ်လဲ ရွှေမထုတ်တော့ပါဘူး… အိမ်မှာပဲ အပြီးလုပ်သွားပါတယ်… တကယ်တော့ ဒါက Renovation လုပ်လိုက်လို့ပါ… အစ က အကောင်းပါ…

. ကောင်းသွားအောင် လုပ်ရင်းက ဖြစ်သွားတော့ ဘယ်တတ်နိုင်မလဲနော်…  🙂

. အကျိုးအကြောင်းပြောဖို့လဲ မနက်က တိုင်ပင်ကြတာပါ….

. ခုဆို ဟုတ်တိပတ်တိ အောက်မေ့ပြီးဖတ်တဲ့သူတွေ ဆဲရင်ဆဲ မဟုတ်ရင်… မော့မော့တွေ ဘန်းမယ်ထင်ပါတယ်…

. လုပ်ကြံရေးခြင်းမဟုတ်ပါ… တကယ် ကြုံနေရသော ဒုက်ခများကို ကျွန်တော့ ထုံးစံအတိုင်း စီကာပတ်ကုံးရေးထားခြင်းပါ…

. အချိန်ဖြုန်းသလို ဖြစ်သွားရင် တောင်းပန်ပါတယ်… ပို့စ်လဲ ရှားနေတဲ့ အချိန်… တင်မိတာပါ… 🙂

. ခွင့်လွှတ်ကြမယ် ထင်ပါတယ်….  🙂  🙂   🙂

6 comments

  • ဇီဇီ ခင်ဇော် (15102012)

    September 11, 2014 at 3:41 pm

    အိမ်သာ ကမုတ်တို့ ဘာတို့မှာ အကျဉ်းအကျယ် အရမ်းကွာလောက်အောင် ရှိလို့လားးး
    စတင်းဒတ် ဆိုဒ် မဟုတ်ဘူးလားးး
    အဟီးဟီးးး
    :k:

    ရေချိုး ခန်း ကိုလည်း မာစတာရွန်း အတွက် ဘယ်လောက် အကျယ်
    ဘုံသုံး အတွက် ဘယ် လောက် ရှိရမယ်။
    အများသုံး တွေမှာ ဘယ်လောက် စီရှိရမယ် ဆိုတာ ရှိပြီးသားပါ။
    လေဝင်လေထွက် က ဘယ်လိုရှိရမယ် က အစ။

    အဲ။ အဲဒီ စံတွေ သုံးမသုံး ဆိုတာမှာ ကွာတာပဲ။
    ဟေးဟေးးး
    :mrgreen:

  • Yae Myae Tha Ninn

    September 11, 2014 at 3:50 pm

    အဲကြောင့်ပြောတာလေ… တသက်လုံး ဘယ်မှာတက်တက်.. အိုကေခဲ့တာ.. အခု ပိုကောင်းအောင် လုပ်မှ.. အကျိုးနည်းနေတာ.. တော်ရုံမပြောတတ်ဘူး.. နော်… ဟွင်း ဟွင်း… 🙁

  • ခင် ခ

    September 11, 2014 at 4:04 pm

    စီကာရီကာ ရေးတတ်ပါပေ့ဗျာ။

    ရေချိုးခန်း နဲ့ အိမ်သာ တစ်ဆက်တည်း ဆောင်ရွက်ထားခြင်းက အခန်းအနေအထားပိုကျယ်စေပါတယ်။
    နောက်ပိုင်းအိမ်ယာတွေမှာ အဲလိုဆောက်လာကြတာများလာပါတယ်။
    အိမ်သာကမုတ်က မြန်မာသုံးထက် နိုင်ငံခြားသုံးကို တည်ဆောက်ကထဲက သုံးထားသင့်တယ်လို့ ယူဆပါတယ်၊ ကိုယ် အသက်အရွယ်ကြီးလာတဲ့အခါဘဲဖြစ်ဖြစ် အခြားအသက်ကြီးတဲ့သူ ကိစ္စပြုရင်ဘဲဖြစ်ဖြစ် ပိုပြီး သက့်တောင့်သက်သာဖြစ်ပါလိမ့်မယ်လို့ထင်ပါတယ်ဗျ။

    • Yae Myae Tha Ninn

      September 11, 2014 at 5:07 pm

      မရွံ့ပဲ အားပေးလို့ ကျေးဇူးပါဗျာ… ကိုခရေ…
      ဟုတ်တယ်.. ဗို်လ်ထိုင်ဆိုတော်သေးဗျ.. ခက်တာက မြန်မာစစ်စစ်များလို့ အဲလိုထားလိုက်တာလဲ ပါတယ်… ဟီး.. စိတ်ကို ညစ်ရော… 🙁

  • kyeemite

    September 11, 2014 at 4:10 pm

    .သူထွက်လာတယ်… ချက်ချင်းဝင်တော့ အို့ .. အို….
    . ကိုသားကြီး ကြော်ငြာထဲကလို ကမ်ဘာကျော် ရေမွှေးတွေရဲ့ ရနံ့ နဲ့ တထပ်တည်းပဲ…
    .ဒီအချက်ကိုဖြေရှင်းဖို့ကတော့..အိတ်ဇော့ဖန်လေးတတ်ထားလိုက်
    .ဘာပြောပြော အိမ်သာဟာ ရုံးမှာဖြစ်စေ .အိမ်မှာဖြစ်စေအရေးကြီးသဗျ…အရေးအကြီးဆုံးထဲတောင်ပါတယ်
    .အိမ်သာအောကာင်းခုလိုလှလှပပချယ်မှုန်းရေးပြသွားတာကြိုက်သဗျာ…ဝေါဟာရအသုံးလည်းသဘောကျ၏
    :k:

  • Yae Myae Tha Ninn

    September 11, 2014 at 5:11 pm

    ကျေးဇူးပါ ဦးကြီးမိုက်.. ဦးကြီးမိုက်ရဲ့ ပို့စ်တွေ စောင့်မျှော်နေပါတယ်ဗျာ… ဟုတ်ပါတယ်… အိမ်တအိမ်ကိုသွားရင် တခြားမကြည့်နဲ့ အိမ်သာကိုပဲ ကြည့်ဖြစ်တယ်… ဟီး.. ကျေးကျေးနော်… 🙂

Leave a Reply