အဆင့်အတန်း ခွဲခြားသည် ဆိုရာဝယ်

ကျနော်တို့ ပြောလေ့ ပြောထ ရှိတဲ့ စကားတစ်ခုရှိတယ်လေဗျာ

လူလူချင်း ကို အဆင့်အတန်း မခွဲခြား ပါ နဲ့

ဆိုတဲ့ စကားပေါ့။

ပြောချင်တာကတော့ လူတွေကို ဆင်းရဲ ချမ်းသာ ဂုဏ်ရှိ ဂုဏ်မဲ့ ဆိုပြီး မခွဲခြား ကြပါနဲ့ တန်းတူရည်တူ ဆက်ဆံပါ ပေါ့လေ။

ဒါပေမယ့်…………

ခွဲခြားသင့်တဲ့ နေရာ တွေ တော့ ခွဲခြား ရမယ်လို ဖြစ်လာပါရောလားဗျ။

ငွေတွေ ဂုဏ်တွေ ရာထူးတွေနဲ့ ခွဲခြားတာကို ပြောတာ မဟုတ်ပါဘူးဗျာ။

အကျင့်စာရိတ္တ ပတ်ဝန်းကျင် အနေအထိုင် အပြောအဆို စသဖြင့်ပေါ့။

ကျနော် အခု သောင်တင် နေတဲ့ ကျွန်းပေါက်စကွေးလေးမှာက ကိုယ့် မြန်တျန့် တွေ က တယ်များလာသကိုး

ဒီတော့ ကိုယ့်လူတွေထဲမှာ ကြားနေရ မြင်နေရတဲ့ အသံလေးတွေ ပြဿနာလေးတွေ ကနေ တွေးမိလာလို့ပါ။

ဒီမှာ မြန်မာ့ရိုးရာ ပွဲတော်တွေ လုပ်ရင် မြန်မာပြည်က အဆိုတော်တွေ စတိတ်ရှိုးပွဲတွေ လာဆိုတာမျိုးတွေ ရှိရင် လူတွေက တော်တော် ဆိုးကြတယ်ဗျ။

ပွဲက စဖို့ အဝေးကြီးလိုသေးတယ် အရက်က မူးပြီး လူကယိုင်နေပြီတို့ ပြီးတော့ ဆူဆူညံညံ သောင်းကျန်းတာတို့တွေ နဲ့ သိပ်ပြီး မြင်မကောင်းလှဘူးပေါ့။

ပြီးတော့ သူတို့ဟာသူတို့ မူးတာကို မပြောလိုပေမယ့် လူကြားထဲ လူမြင်ကွင်း မှာ ဖြစ်ချင်သလို ဖြစ်နေကြတာကိုကျတော့ သည်းခံ ရ မှာက ခက်သားရယ်။

ဒါတွေအတွက် အကြောင်းပြချက် က သူတို့တွေက အလုပ်လုပ်ရတာ ပင်ပန်းပါတယ် ဘွကြီးက ကြမ်းတမ်းပါတယ် လူချင်းတူတူ သူချင်းမျှမျှ မနေရပါဘူး။

သူများနိုင်ငံမှာ အနှိမ်ခံနေရပါတယ် ဒီလိုမျိုးလေး တစ်ခါတစ်လေ လေး ပျော်ရတာ ပျော်ပါရစေ ဆိုတာမျိုးတွေဗျ။

မသိရင်ဘဲ အဲ့လို လူကြားထဲ သောင်းကျန်းခွင့် ပါမစ် ရထားသလိုလို…

နောက်ပြီး တနင်္ဂနွေ နေ့ တွေမှာ ဒီက မြန်မာ တွေ အများစု တွေ့ကြ ချိန်းကြ သွားကြ စားကြတဲ့ City Hall ဘူတာနားတဝိုက်မှာ

လမ်းဘေးတွေ ချောင်ချောင်ကြားကြားတွေ မြက်ခင်းတွေ မှာ ထိုင်ကြတယ် (ထားပါတော့)

စားကြ သောက်ကြတယ် (ထားပါတော့)

သီချင်းတွေ အော်ကြီးဟစ်ကျယ် လုပ်ကြတယ် (ဒါလဲ ထားပါသေးတယ်)

အမှိုက်တွေ ဖွကြတယ် (သိပ် မဟုတ်တော့ဘူး)

ကွမ်းတံတွေးတွေ ထွေးကြတယ် (မိရင် မလွယ်)

ချောင်ထဲမှာ ရှူရှူး ဖလားဝါးကြတယ် (မိသွားလို့ကတော့ ငွေဒဏ်လား ထောင်ဒဏ် လားပဲ)

အဲ့ဒီလို လုပ်နေကြတာဟာ သူများနိုင်ငံသားတွေတော့ ဘယ်လို နေမလဲ မသိဘူး။ ကိုယ်တွေတော့ အချင်းချင်း ကို တော်တော် လေး အနှောင့်အယှက် ဖြစ်ရတယ်။

သွားစရာ ရှိလို့ ရောက်သွားရင် အဲ့ဒီ ဟောင်ဖွာ ဟောင်ဖွာ လုပ်နေတဲ့ လူတွေ ပကျစ် ပကျစ် နဲ့ အသံစွာစွာ အော်နေကြတဲ့ အမျိုးသမီးတွေ

အဲလိုတွေပဲ တိုး နေတော့ တော်ရုံတန်ရုံ ဆန်းဒေး ဆို အဲ့ဒီ ဘက်ကို မသွားဖြစ်တော့ဘူး။ ရှောင်ဖြစ်တယ်။

အဲဒီလူတွေ ဆင်းရဲလို့ ပညာမတတ်လို့ လက်လုပ်လက်စား သမားတွေ မို့လို့ ဘာဖြစ်လို့ ညာဖြစ်လို့ ရှောင်တာမဟုတ်ဘူး သူတို့ စရိုက်နဲ့ ကျနော်တို့ နဲ့ မကိုက်လို့ ရှောင်တာပဲ။ ဒါလဲ ပြောရင် အဆင့်အတန်းခွဲတယ် ဖြစ်သွားမလား မသိဘူးပေါ့လေ။

ဘာတွေ လျှောက်ရေးလို့ ရေးနေမိမှန်းလဲ မသိတော့ဘူး။

 

ပြောချင် တဲ့ အဓိက အကြောင်း အရာ က တော့ လူအများနဲ့ သက်ဆိုင်တဲ့ နေရာတွေ မှာ ပျော်တာ ပါးတာ စကားပြောတာ အဲလို တစ်ခုခု လုပ်တာတွေ မှာ ကိုယ်နေချင်သလို နေတာမျိုး မဟုတ်ဘဲ သူတစ်ပါး ကို အနှောင့်အယှက် မဖြစ်အောင် နေတတ်ဖို့ ကောင်းတယ်လို့ပါ။

နောက်ပြီး လူလူချင်း အတန်းအစား ခွဲတယ် ဆိုတာမှာလဲ လူတွေရဲ့ အကျင့်စရိုက်ပေါ် မူတည်ပြီး ခွဲသင့် ခွဲရပါတယ်လို့။

 

ရေးတာတွေ တောင်ရောက်မြောက်ရောက် ဖြစ်ကုန်ပြီလား မသိတော့ဘူး။ :chee:

စိတ်ထဲရှိတာတွေ ဒီမှာ လာပေါက်ကွဲတယ် သတ်မှတ်ရင်လဲ သတ်မှတ်ကြပါခင်ဗျ။ သည်းလဲ ခံကြပါခင်ဗျ။   :p:

တွေးတာတွေ မှားနေတယ် ဆိုလဲ ထောက်ပြပေးကြပါ။ ကျေးဇူး တင်ဘာဒယ်….  :chit:

20 comments

  • ခင် ခ

    September 11, 2014 at 9:58 pm

    ခက်တော့ခက်တယ်ဗျာ ကိုယ့်ပတ်ဝန်းကျင်မှာ ကောင်းတဲ့အမူအ ကျင့်တွေရှိရင် အတုယူတတ်ရင် ကိုယ်လဲကာင်း ဘေးဝန်းကျင်လည်ကောင်း အလွန်နေချင်စဖွယ်ကမ္ဘာလေးတစ်ခု ဖြစ်မှာကို တစ်ချို့က မခံယူတတ်ဘူးဗျ။
    အဲဒီကိုရောက်တုန်းက တစ်ခါရောက်ဖူးအောင်သွားလည်ဖူးတယ် ဗျ နောက်အခေါက်တွေတော့ အဲဒီမှာရှိတဲ့ သူငယ်ချင်းတွေနဲ့ဆုံဖို့ချိန်းရင်တောင် အဲဒီနေရာကိုရှောင်မိ တယ်လေ၊ ဘာရယ်တော့မဟုတ်ပါဘူး အခန့်မသင့်ရန်ဖြစ်မှာ ကိုယ်ကကြောက်လို့လေ။

    • JackSkellington

      September 11, 2014 at 10:35 pm

      သူတို့ဟာ သူတို့ နေတတ်သလို နေတာကိုတော့ တယ်ပြီး မပြောလိုပါဘူး ဦးခ ရေ…
      ခက်တာက ကိုယ်က မကြိုက်သလို နေမိရင် မင်းက ဘာမို့လဲကွ ဆိုပြီး အပြောခံရ အထင်ခံရတာကို ခံရ မချိလွန်းတာလေးပါပဲ။

  • မြစာကလေး (23122011)

    September 11, 2014 at 11:22 pm

    ဒါကတော့ စိတ်တူရာ ဓလေ့တူရာ ပူးနေကြရတာ သဘာဝ မို့
    ကိုယ့်စိတ်မတူ ရင်ရှောင်နေတာ အကောင်းဆုံးပါ။
    မမှားပါ မောင်ဂျက်ရေ။ :-)))

  • ဇီဇီ ခင်ဇော် (15102012)

    September 12, 2014 at 7:52 am

    ရှောင်နေလိုက်တာ ကောင်းမယ် ကိုဂျက်ရေ။
    သူတို့ ဖွတဲ့ အမှိုက်ကို လိုက်ရှင်းပေးတဲ့ အဖွဲ့မျိုးတောင် မကောင်းထင်ခံရ မကောင်းပြောခံရတာ ဆိုတော့လည်းးးး
    :a:
    မမဂျီး ကတော့ အရေးကြီး ကိစ္စမရှိ လုံးဝမသွားဘူးးး
    ဟီးဟီး :mrgreenn:

  • JackSkellington

    September 12, 2014 at 8:04 am

    အရီး စပဲရိုး နဲ့ ပရော်ပလုံ မမဂျီးတို့ ရေ..
    ရှောင်တော့ နေပါတယ် ခင်ဗျ။
    သူများတွေ ပြောနေ ရေးနေကြတာတွေ ကြားမိ ဖတ်မိလို့ ကြားထဲက ငထွား ခါးဝင်နာပလိုက်တာပါ။
    (ကိုယ်တွေက ခံစားတတ်တဲ့ အသဲနုနုလေးနဲ့ ဆိုတော့ကာ….) 😛

    ဒါနဲ့ လူမိုက် ခင်ဇော် ကို ငှား ရင် ကောင်းမလား မသိဘူး။ အဲ့နား ရောင်းလှည့်ပြီး အမြင်မတော် တာ တွေ့ရင် ဆုံးမ ပေးပါ လို့…
    ပြဿနာ ရှုပ်ပေးချင်နေတဲ့ ဆန္ဒလဲ ပြည့်သွားတာပေါ့။ 🙂

    • ဇီဇီ ခင်ဇော် (15102012)

      September 12, 2014 at 8:16 am

      ဟမ်မငေးး
      တခြားနေရာကို စိတ်လုံလုံသွားရဲတယ်။
      အဲဒီနေရာတွေကို မသွားရဲဝူးးး
      အမြင်မတော်တာတွေ ရေးချင်တာ ရောက်ကတည်းက ပဲ။ အဟင့်။
      ပြောပြန်ရင် အမေကျော်ဒွေးဒေါ်လွမ်း တံဆိပ်ကပ်ခံရတယ်။

      မတော် တဂျီးက လာပြီး စံနစ်ကြောင့် မဟုတ် လို့ အော်နေအူးမယ်။
      :k:

      • JackSkellington

        September 12, 2014 at 8:26 am

        ဟင် ပြောတော့ ချင်ကားပူ လူမိုက် ဆို
        ဇ မရှိတာလား သွေးကြောင်တာလား ငဲ ငဲ ငဲ
        စနစ်တွေ ဘာတွေ ထိ မရောက်သေးပါဘူးလေ။
        သူတို့ ဒီလိုနေလို့ နိုင်ငံတော်ကြီး ဘာဖြစ် ညာဖြစ် မပြောပါဘူး။
        သူများ နိုင်ငံသားတွေလဲ သူတို့ စုရပ်မှာ သောင်းကျန်း ကြတာပဲကိုး။
        ပြောချင်တာက ကိုယ်က ဟင် လို့ ဖြစ်သွားရင်တောင်
        မျိုးမချစ်တော့ သလိုလို ဘဝင်မြင့်သလိုလို -င်ခေါင်းကျယ် သလိုလို
        အပြောခံ ရတာ ကို ပေါက်ကွဲတာ။ 🙂
        လုပ်ပါ မမဂျီး ရယ်
        အဲ့လူတွေ နဲ့ ရန်သွားဖြစ်ပေးရင် ပေါ့ထလိပ် တွေ ရိုက်ပေးမယ်လေ ဟီးဟီး

      • kai

        September 12, 2014 at 8:51 am

        သီဟပူရမှမဟုတ်.. ဂျပန်…။ အမေရိကား.. အကုန်… မြန်မာမှန်ရင် ဒီလိုဒီလိုတွေဖြစ်တယ်..
        အဲဒါကြောင့်.. မြန်မာအတွက်(မြန်မာတွေအတွက်) စနစ်ကြောင့်မဟုတ်လို့.. ပြောရတာ..

        လူတန်းစားခွဲတာမှာ.. မြန်မာက.. ပုံစံစုံနဲ့ကိုခွဲတယ်..။
        အဝတ်အရောင်..။ (အစိမ်း၊အဝါ)
        အသားအရောင်..။ (အဖြူ၊အမဲ)
        .. လူမျိုးစု…။ (ကချင်၊ဗမာ)
        ကိုးကွယ်ရာ (ဗုဒ္ဓ၊ အစ္စလမ်)
        နေရာဒေသ ( ရန်ကုန်၊ မန္တလေး)

        ဘုရားဟောထားတဲ့.. ကံ၊ကံရဲ့အကျိုး (သူလုပ်တဲ့အလုပ်(ကံ) အတိုအရှည်နဲ့ တုံ့ပြန်တာမျိူးကျ မလုပ်ဘူး..။ မခွဲ…။
        ဆိုတော့…
        ၁ဝတန်းမအောင်တဲ့ အဝါယူနီဖောင်းဝတ်တယောက်ယောက်.. အစိမ်းယူနီယောင်းဝတ်တယောက်ယောက်က…” ဟေ့.. ” ဆိုရင်ကျ… ငြိမ်ကုပ်…

        စနစ်ကြောင့်မဟုတ်..
        နှစ်၁ထောင်ကျိန်စာ…။ :a:

        • JackSkellington

          September 12, 2014 at 9:06 am

          လူရယ်လို့ မွေးလာလာချင်းတော့ ကလေးတွေက ငါ ဗမာ ပဲ ငါ ကရင်ပဲ ငါ ချင်းပဲ
          ငါ့ အသားဖြူတယ် မင့် အသားညိုတယ်
          ငါက ဗုဒ္ဒဘာသာ မင်းက မိစ္ဆာဒိဌိ
          အဲ့လိုတွေ ဘယ်ခွဲတတ်ဦးပါ့မလဲ ဒဂျီးရယ်။

          သူတို့ကို စပြီး သင်ပေးလိုက်တာက မိဘတွေနဲ့ ပတ်ဝန်းကျင်
          ပြီး နည်းနည်း အရွယ်လေး ထပ်ရလာတော့ ကျင်လည် ကျက်စားရတဲ့ လူ့ အသိုင်းအဝိုင်း

          ကောင်းကောင်း စဉ်းစားချင့်ချိန် နိုင်တဲ့ အရွယ်မျိုး ကျတော့ ငယ်ငယ်လေးထဲက ဆုံးမသွန်သင် ခံလာရတာတွေ
          (နည်းနည်း ပြင်းပြင်း ပြောချင်ရင် brainwash) က ခေါင်းထဲ အမြစ်တွယ်နေပြီ။ ဒီ အတွေးအခေါ်တွေကို လွှင့်မပစ်နိုင်တော့ဘူး။
          ဘာပဲ ပြောပြော အဲ့လို တွေးမိလာတာကိုက မဆိုးတော့ဘူး ပြောရမယ်။ ဘာလို့လဲဆို အတော်များများ က အဲ့လောက် အထိ ကို မတွေးကြဘူး။
          ဒါတွေ ငါတို့ ငယ်ငယ်လေးထဲက သိလာ သင်ဖူးလာတဲ့ အတွက် ဒါတွေက မှန်တယ် ဆိုပြီး နေကြတော့တာ။
          ဘယ်သူမှ ဖောက်မတွေးရဲဘူး။

          မတွေးရဲလောက်အောင်လဲ ဦးနှောက်ကို ချုပ်ထားတာတွေက ရှိနေမှကိုး။

          ဥပမာ ဒဂျီးလေသံ ယူသုံးရရင် အဝါဝတ် တွေကို ပြန်ပြောရင် ငရဲကြီးမယ်
          အစိမ်းဝတ်တွေကို ဘက်ကန်ရင် ထောင်ကျမယ် ဆိုတာက ဒီချိန်မှာ ကလေးက အစ ယူဆထား သိထားတယ်လေ။

          ဒီတော့ သူတို့ကို အဲ့လို အတွေးတွေ ရှိအောင် သင်ပေးတာက မိဘ တွေ လူကြီးတွေ ပတ်ဝန်းကျင်တွေ
          ဒီ လူကြီးတွေကရော ဘယ်လို သိလာတာလဲ ဆိုတော့ အတွေ့အကြုံကနေ သိလာတာ။

          အခု စစ်တပ်ခေတ်ကမှ မဟုတ်ဘူး။ ဟိုးအရင် ဘုရင်ခေတ်ထဲက ဒီလို ကြောက်နေရ ခွဲခြားနေရတာ က ရှိနေပြီကိုး။

          ငါက ဘုရင် မင်းက တောသား ဟိုတစ်ယောက်က မင်းမှုထမ်း ဆိုပြီး အာဏာ ပါဝါ အဆင့်ဆင့် နဲ့ဆိုတော့ကာ…

          ကျနော်တို့တွေ “မင်းလဲ လူပဲ ငါလဲ လူပဲ” ဆိုတဲ့ စိတ်ဓာတ် ကို အတော် မွေးယူရပါဦးမယ်လေ…….

  • kyeemite

    September 12, 2014 at 9:56 am

    .ခက်တယ်ဗျာ…အခန့်သင့်လို့ အဲ့လိုစည်းကမ်းကောင်းတဲ့နေရာလေးမှာ နေထိုင်ခွင့်ရတုန်း
    .စည်းနဲ့ကမ်းနဲ့နေတတ်တဲ့…သူတစ်ပါး ကို အနှောင့်အယှက် မဖြစ်ပဲ မိမိလွတ်လပ်ခွင့်အတိုင်း နေတတ်ဖို့
    .လေ့ကျင့်လာပြီး ကိုယ့်ပြည်ပြန်ရောက်တဲ့အခါ နမူနာပြရမှာဗျာ…..
    .အခုလိုပြုမူလုပ်ဆောင်ချက်တွေက မြန်တျန့် လူမျိုးဆိုတာ ဘာလဲလို့ နိုင်ငံတကာသိအောင်ပြတာပဲဗျ…
    .ဆိုတော့..ကင်းကင်းနေတာကောင်းပါတယ် :a:

  • အဆင့်အတန်းခွဲခြားမူ့ ဆို တာ ရှိ ရမယ်

    ရွှေ တစ်မတ် ချဉ်ပေါင်တစ်မတ် လို့သာ ဆိုရင်

    ဘယ်သူ က ကောင်းအောင်နေမှာကြိုးစားမှာ မဟုတ်တော့ဘူး

    အဲတော့ အဆင့် အတန်းဆိုတာ ခွဲ ကို ခွဲ ရမယ်

  • JackSkellington

    September 12, 2014 at 2:33 pm

    ဟုတ်တယ်ဗျ အူးပေါက် နဲ့ အူးမိုက်
    အကျင့်စရိုက် အလေ့အထ နဲ့ အဆင့်အတန်းခွဲတာ ကို
    ငွေတွေ ရာထူးတွေနဲ့ အဆင့်အတန်းခွဲတာနဲ့ လာလာရောနေလို့

  • awra-cho

    September 12, 2014 at 4:10 pm

    စကား ဝိုင်း က ​ဆွေး​ေ နွးသလို EQ ​ေ​တွ SQ ​တွေ ​ကြောင့်​ပေါ့

    • JackSkellington

      September 12, 2014 at 4:32 pm

      အဲ့ဒီ EQ တွေ SQ တွေ မတိုင်ခင် စည်းကမ်း ရှိကြပါ ဆိုတာလေး အရင် သွားပြောမှ အဆင်ပြေမယ်ဗျ။ 😛

  • Yae Myae Tha Ninn

    September 12, 2014 at 4:18 pm

    အဓိကကတော့ ကျွန်တော်ထင်တာ… လွတ်လပ်မှုကို ခံစားကြတာ.. အတွေးကွာသွားတာ…
    ဟို ပေါ်လစီကားထဲက စကားလေး ကြိုက်တယ်… ကိုယ့်ကြောင့် ဘေးပတ်ဝန်းကျင် မထိခိုက်ရင် ကြိုက်သလို ပျော်လို့ရတယ်တဲ့.. ဒါမှ လွတ်လပ်မှုတဲ့… ဟီး.. အဲကြောင့် မင်းသားလဲ တက်တူးထိုးပလိုက်တာ… 🙂

    • JackSkellington

      September 12, 2014 at 4:31 pm

      ငယ်ငယ်တုန်းက ဆံပင် အရှည်ထားချင်တယ်လို့ အမေ့ကို ပြောတုန်းက
      “နင့်ဟာနင် ဆံပင် အရှည်ထားတာ နင့်ရုပ် ပျက်တာပဲ ရှိတယ် ဘာမှ မိသားစု သိက္ခာ တွေ ဘာတွေ မထိခိုက်ဘူး။ ထားချင်ရင် ထား” တဲ့
      ပြောချင်တာကတော့ ကိုယ်ဖြစ်ကိုယ်ခံ ပေါ့လေ။ 😀

  • Yae Myae Tha Ninn

    September 12, 2014 at 4:41 pm

    ဟုတ်တယ်.. ကိုယ်ဖြစ်ကိုယ်ခံပဲ.. ပတ်ဝန်းကျင်တော့ မထိခိုက်ဘူးဗျ… ဘာပဲပြောပြော ခုနက ထက်စာရင်တော့ အခြေအနေကောင်းတယ်မလား… 🙂

    • JackSkellington

      September 12, 2014 at 4:45 pm

      တကယ်ကတော့ ကိုယ် လုပ်လိုက်တဲ့ အလုပ်တစ်ခု ဟာ ကိုယ့် ပတ်ဝန်းကျင်ကိုတော့ တစ်နည်းနည်းနဲ့ ထိခိုက်တာပါပဲလေ။
      ခုနကထက် စာရင်တော့ အခြေအနေ အများကြီး ပိုကောင်းပါတယ်။
      ဒါပေသိ..
      ဟဲ့ နင့်သား က တက်တူးကြီးနဲ့ ပါလား
      ဟဲ့ နင့်သား က ဆံပင်ရှည် ဘုတ်သိုက်ကြီးနဲ့ ပါလား လို့ အပြောခံရရင်လဲ ကိုယ့်တင် မက ကိုယ့် ပတ်ဝန်းကျင် (မိသားစုပေါ့) ကိုတော့ အဖျားခတ်သေးတာပဲကော။ 😀

  • Yae Myae Tha Ninn

    September 12, 2014 at 4:57 pm

    ဒါတော့ တချိန်ကပါ.. ဂျက်.. အခုဆို တက်တူးက လူငယ်တိုင်းနီးပါးမှာ ရှိတယ်…ကိုယ်လဲ မထိုုးဖြစ်သေးတာ.. တခုပဲ တက်တူးကြီး တကားကား မလုပ်ဖို့ပဲ… ကျောအပြည့်ထိုးမယ်လေ.. စွပ်ကျယ်မဝတ်ဖူးပေါ့… 🙂 ဆံပင်ရှည်တော့ ထားဖူးတယ်… ထိန်းသိမ်းတတ်ရင် ကြည့်ကောင်းပါတယ်… ဟော်ကီပုံစံသာ မလုပ်နဲ့… ဒါဆို အဆင်ပြေမှာပါ… 🙂
    ဒါကတော့ ကိုယ့် အမြင်ပေါ့…တက္ကသိုလ်တက်တုန်းကဆို ကျောလယ်လောက်ထိရှည်တယ်… ဆရာ ဆရာမတွေကို ရိုရိုကျိုးကျိုးနေတယ်… ဘောလုံးပွဲ ဘာပွဲညာပွဲ အကုန်ပါဝင်ပေးတယ်… ဆံပင်အတွက် မပြောကြဘူးရယ်… အခု အသက်နဲနဲ ရလာတော့ အလုပ်ထဲ ရောက်တော့ သူ့ဘာသာဖြစ်သွားတာပါပဲ… ဆိုလိုချင်တာက အနေတတ်ရင် အဆင်ပြေပါတယ်လို့ပဲ မန့်ချင်ပါတယ်… 🙂

    • JackSkellington

      September 12, 2014 at 5:03 pm

      အဲ့ဒါတော့ ဟုတ်တယ်ဗျ။
      အခုကတော့ တယ်ပြီးလဲ တက်တူးတွေ ဆံပင်တွေ ကို
      ကြည့်မနေကြတော့ပါဘူး။
      အရင် က သာ။
      ရုံးမှာတောင် ပြင်သစ် က ပရိုဂရမ်မာကြီး တစ်ယောက် ဆို
      ဆံပင် အရှည်နဲ့ ရှိသေး။
      မန်နေဂျာ တစ်ယောက်လဲ ဆံပင် ကျောလယ်လောက်နဲ့
      အမယ် ဒင်း က ခေါင်းများ လျှော်ထားပလားး ဆိုရင် ဆံပင် ဖားလျား နဲ့ ရုံးလာသေးတာ။:)

Leave a Reply