. အဟမ်း… အဟမ်း… ကြက်မတကောင်… ကြက်မတကောင်… ဖြစ်သတည်း…

. ညက ကြည့်ခဲ့ရတဲ့ ပြဇာတ်လေးကို ဖောက်သည်ချချင်တာပါ… မဆိုးဘူး… ပြောရမယ်… ဗွီဒီယို အညွှန်းတော့ ထည့်တော့ဘူး…  :)

. တခုပဲ ကြည့်နေရင်း မီးပျက်သွားလို့… နည်းနည်းပဲ  ကြည့်ရသေးတယ်… ဒါနဲ့ မီးလာတာ စောင့်တယ်.. လာတယ်…  ခဏပဲ ကြည့်မယ် လုပ်တုန်း ပြန်ပျက်သွားတယ်…

. အစပိုင်းကတော့ ထုံးစံအတိုင်းပေါ့… Next ၂ ခါလောက်နှိပ်ရတယ်… ပြီးမှ လိုရင်းရောက်တယ်… အခွေဖွင့်ဖွင့်ချင်းပြောပါတယ်… ရီမုတ် ကြောင်နေတာလဲ ပါတယ်…. :)

. ပြဇာတ်ထဲမှာ လူရွှင်တော် ၂ ယောက် နဲ့ စတာပဲ… သွက်လက် နဲ့ ချက်ချာတဲ့… သူတို့ ပြောင်တာလေးတွေ ပြန်ပြောပြမှာပါ…

. တခုပဲ သလ နဲ့ ခခ ကို အတိုကောက်ရေးမှာကို ကြိုခွင့်လွှတ်စေချင်ပါတယ်…

. အစက ပြန်ပြောရရင် ကားလိပ်ကလေး စဖွင့်တာပဲ… အဲမှာ သူငယ်ချင်း ၂ ယောက် လမ်းလျှောက်လာတယ်ပေါ့…

. သူတို့ လျှောက်လာတဲ့လမ်းမှာ အိမ်တအိမ်က ကလေး စာကျက်နေသံမှာ စ တာပဲ…

. Aeroplane = မြေပြင်သွားစက်တပ်ယာဉ် (ကလေး စာကျက်သံ )

. သွက်လက် – ချက်ချာ မင်းကြားလိုက်လား… ဘာတဲ့ A E R O P L A N E  က မြေပြင်သွားစက်တပ်ယာဉ် ဆိုလားပဲ… ဝေဟင်သွားစက်တပ်ယာဉ် ဒါမှမဟုတ် လေယာဉ်ပျံ မဟုတ်လား…?

. ချက်ချာ – အာ မင်း Date အောက်နေတာပဲ… မြေပြင်သွားလို့ ဆိုင်ကယ်နဲ့ တိုက်မိတာပေါ့ကွာ…

. ( ပရိသတ်များ လက်ခုပ်တီးသံ   ဖြောင်းးး ဖြောင်းးးးး )

. Ball = ဘယ်တော့မှ မနိုင်သော အားကစား ( ကလေး စာကျက်သံ )

. သွက်လက် – ကြားလား ကြားလား မင်း…  B A L L  ဘယ်တော့မှ မနိုင်သော အားကစားတဲ့ … Ball ဆိုတာ ဘောလုံးမဟုတ်ဘူးလား…?

. ချက်ချာ – မင်း သတင်းမဖတ်ဖူးဘူးလား… ဘယ်တုန်းကနိုင်တာ ကြားဖူးလို့လဲ…. သူဆိုတာ မမှားဘူးကွ…

. ( ပရိသတ် အားပေးသံတွေ ပိုဆူညံလာ ဖြောင်းးး ဖြောင်းးး ဖြောင်းးး  )

. သလ – သူ နောက်ထပ် ထပ်ဆိုလို့တောင် ရသေးတယ်… B E L L နဂါးစောင့်သော ပစ္စည်း ဆိုပြီး…

.ခခ – ဟာ မင်းက လုပ်ပြီ အကောင်းအောက်မေ့နေတာ…. ဟီး… ဟုတ်တော့လဲ ဟုတ်သားနော့်… ဒီတခါတော့ မင်းရွှေဥာဏ်တော် စူးရောက်သားပဲ…

. ( ဖြောင်းးး ဖြောင်းးး ဖြောင်းးး  သိပ်တော့ အားမပါလှ )

. Car = ၀ယ်မစီးနိုင်သော အရာ ( ကလေး စာကျက်သံ )

. သလ – ဒီတခါတော့ မင်းကို မမေးတော့ဘူး… ဟုတ်တယ်… ငါ လက်ခံတယ်… ကလေးဆိုတာ မှန်တယ်…

. ခခ – ဘယ်ဆိုးလို့လဲ မင်းက.. သိပ်မသင်ရဘူး…

. ( လက်ခုပ်သံ ပြန်ကျယ်လာ ဖြောင်းးး ဖြောင်းးး ဖြောင်းးးး )

. Danger = မြေဈေး ( ကလေး စာကျက်သံ )

. သလ – ဒါလဲ ဟုတ်တာပဲ…

. ခခ – ဟုတ်တယ်ကွ… ဒါလဲ စဉ်းစားစရာပဲ…

. ( သက်ပြင်းချသံ ကြားရ ဟင်းးး ဟင်းးး ဟင်းးးး )

. Election =                                           ဖြတ် .. မီးပျက်သွားတယ်… ဗျာ….

. ဆောရီးပါ…ဗျာ… မီးလာတာ စောင့်တယ်… ပြန်လာလဲ ဖွင့်ချိန်တောင် မရလိုက်ဘူး… ပြန်ပျက်သွားတယ်… မိုးလင်းပေါက်ထိပဲ ဗျာ…..

. ဒီနေ့ ကြည့်ပြီးသွားရင် ထပ်တင်ပါဦးမယ်ဗျာ… နော်….

 

 

PS. အဲဒါ အိမ်မက်ထဲမှာ ပို့စ်တင်ဖို့ ကြိုးစားနေတာလေးကို ပြန်ရေးခြင်းပါ….  :)

 

 

About Yae Myae Tha Ninn

Yae Myae Tha Ninn has written 115 post in this Website..

မြိတ်သား၊ မိတဆိုး၊ ကလေးအဖေ၊ သားကောင်းဖခင်ကောင်းခင်ပွန်းကောင်းသားမက်ကောင်း ဖြစ်အောင် ကြိုးစားနေသူ... အောင်မြင်ခြင်း မအောင်မြင်ခြင်းကတော့ အခြေအနေအချိန်အခါအကြောင်းအရာပေါ်မူတည်မှာပဲ...