” မဆုံမိလေ ကောင်းလေ “

ခင္ခSeptember 12, 20141min975

” မဆုံမိလေ ကောင်းလေ “

 

မျဉ်းပြိုင်နှစ်ခု

ပေါင်းဆုံပြုဖို့

မဖြစ်နိုင်ဘူး

သူ့လမ်းသူသွား

ကိုယ်လမ်းကိုယ်သွား

တစ်ထီးတစ်နန်း

နေသည်မှန်လဲ

သူမရှိမဖြစ်

ကိုယ်မရှိမဖြစ်

ပေါင်းဆုံဖို့လဲ

မဖြစ်ပါဘဲ

အမြဲတူယှဉ်

ပြိုင်လျှက်အစဉ်

ရှိမှကောင်းတာ

ဒို့တိုင်းပြည်က

မီးရထားလမ်းပါ။

 

ခင်ခ။

5 comments

  • aye.kk

    September 12, 2014 at 12:54 pm

    မဆုံနိုင်​တဲ့မျဉ်​းပြိုင်​
    မှာ​မေ​ျှာ်​လင်​့ခြင်​း
    ကင်​း​ဝေးလို့
    ု​နေလည်​း
    ကမ္ဘာမှာမြန်​မာဟာ
    သာသနာထွန်​းကားတဲ့နိုင်​ငံမို့​နေရတာအ​ပျော်​ဆုံးပါ

    • ခင် ခ

      September 12, 2014 at 1:09 pm

      နေတတ်ရင်ကျေနပ်စရာပေါ့ မဟုတ်ဘူးလားဗျ။

  • Yae Myae Tha Ninn

    September 12, 2014 at 1:40 pm

    အဲလိုကျတော့ ဟုတ်သားနော်.. ကိုခကြီး.. 🙂

  • အဲဒီ ရထား မျဉ်း ပြိုုင်ကတော့ ဆုံလို့ မဖြစ်ဘူး ကို ခ

    ဆုံတာနဲ့ ရထားတွေ ဒုက္ခရောက်ပြီသာ မှတ်ပေတော့

    • ခင် ခ

      September 12, 2014 at 4:25 pm

      ဒါကြောင့် မဆုံမိလေ ကောင်းလေ လို့။

Leave a Reply