ဂဇက် ရုပ်ရှင်လောက …

ကုိ ထြဋ္September 12, 20141min18623

. အို… ဂဇက်ချစ်သူ အပေါင်း သူတော်ကောင်းတို့… ကြားရာ အရပ်မှ အမြန်ပြန်လာကြပါဗျို့….

 

. ဟောဒီရွာ ဝါ မန္တလေး ဂဇက်ကို ရုပ်ရှင်လောက နဲ့ ပေါင်းစပ်ပြီး ရူပကအလင်္ကာ သာ ဖွဲ့လိုက်ချင်ပါတော့တယ်…

. ရူပက အလင်္ကာဆိုတာကို နည်းနည်း လျှာရှည်ခွင့်ပြုပါ… တန်ဖိုးတူ အဓိပ္ပာယ်တူ ၂ ခုကို ပူးပြီး တခုတည်း အနေနဲ့ ဖော်ပြရင် အဲသလို ခေါ်တယ်လို့ သင်ခဲ့ဖူးပါတယ်…

. ဥ – ရွှေနှင့် ယိုးမှား ပန်းစကားပေါ့…

 

. ခုဆို  အကယ်ဒမီပေးဖို့ ရုပ်ရှင်ကားတွေ ပါးရှားလာပါတယ်….

. ထိုနည်းတူစွာ ဂဇက်မှာလဲ ဖတ်ရွေး အကယ်ဒမီ အတွက် စာမူတွေ ပါးရှားလာတယ်…

. ကျွန်တော်လဲ အစ ကုန်ကြမ်းပေါပေမဲ့ နည်းနည်း အရေးစိပ်တော့ ကုန်ပြီဗျ…

. i.e   ဦးကြီးမိုက် ပျောက်နေပါတယ်… ဟဲ.. တွေ့ပေမဲ့ ပျောက်စာရင်းထဲ ထည့်ထားသည်… 🙂

. ကိုဆာမိ  ရှာဖွေဆဲပါ…

. ကိုရာဇာ (ခ) မဟာရာဇာ အံစာတုံး (ဘယ်ဆီကို မင်းရောက်နေလဲ…)

. မဝေ  Search လုပ်နေပါတယ်…  စ သဖြင့်ပေါ့… ကျန်ခဲ့တာတွေကို ခွင့်လွှတ်ပါ… အမှန်တော့ အများကြီး သတင်းမကြားတာပါ…

. အော် .. ဟီး… ဒါတော့ ကျန်လို့ မဖြစ်ဘူး… အဘဖော… ဘယ်တွေများ ခရီးကျွံနေပါလဲဗျာ… သူတို့တွေကို ပြန်လာစေချင်တာပါ…  🙂

 

. ရုံကားကြီးလောက် မတင်နိုင်လဲ… ကားသေးလေးလောက်… ဒါမှမဟုတ် ရုံကားဆိုလဲ… ပေါ့ပေ့ါပါးပါးလေးတွေ ပဲ ရိုက်တင်ကြပါ…ဗျာ… စောင့်မျှော်နေပါတယ်… လို့….

. ခုဆို ထုတ်လုပ်ရေးက အလင်းဆက်၊ ဇီဇီ၊ ကိုခင်ခ၊ မနောဖြူ၊ ဒါတွေပဲ… အံမယ် ညွှန်ချုပ်တောင် ကားတွေ ရိုက်တင်နေရတယ်… ဂလောက်ဆို သဘောပေါက်ပါဗျာ…

. သူက အခုဆို Fashion Channel တခုတောင် ထပ်ထောင်ထားသေး…

. လေးပေါက်ဆို ဇာတ်လမ်းတွဲ…  ဒါတွေပဲ ရှိတယ်ဗျ… လက်ရှိထုတ်လုပ်ရေးတွေကလဲ ကုန်ကြမ်းတွေ ထပ်ပါးလာရင် ရုံတင်စရာ ကားမရှိတော့ဘူး ဖြစ်တော့မယ်ဗျ…

. သူတို့တွေလဲ မျှော်လင့်နေမှာ အမှန်ပဲလို့လဲ  ယူဆပါတယ်…

. ဒါကြောင့် ရုပ်ရှင်ပဲ မကြည့်ကြပဲ… ရုပ်ရှင်လဲ ရိုက်ကြဖို့ တိုက်တွန်းရင်း နိဂုံး ချုပ်အပ်ပါတယ်…

 

. အထူးကျေးဇူးတင်ရှိခြင်း

လက်ရှိ ထုတ်လုပ်နေသော ထုတ်လုပ်ရေးများဖြစ်သည့်

. အရိုက်ကျဲသည့်  စာကြမ်းပိုး အဖွဲ့ ( တခါထွက်ရင်လဲ ၅ ခါလောက် ပြန်ကြည့်လဲ မရိုးပါ.. )

. ကိုရင် ဘလက်ချော (နောက်ဆုံးထွက်တဲ့ ကားလေးက တော်တော်ကောင်းပါတယ်…)

. ဖိုးသကြား ( တလောက မွေးနေ့ပွဲလုပ်သွားတဲ့ ထုတ်လုပ်ရေးပေါ့… )

. နာမည်ရလာတာ မကြာသေးသော ထုတ်လုပ်ရေး အသစ် နောင်ရိုး

. မျက်နှာသစ် ထုတ်လုပ်ရေး JackSkellington

. တကျော့ပြန် အောင်မိုးသူ၊ ကိုထွန်းဝင်းလတ်၊ ကိုစစ် နှင့်  အေကေကေ တို့ကို ဆက်လက် ရိုက်ကူးပေးကြပါလို့… တောင်းဆိုလိုပါတယ်…

23 comments

  • ဇီဇီ ခင်ဇော် (15102012)

    September 12, 2014 at 12:19 pm

    ရုပ်ရှင် ရိုက်မို့ပဲ။
    မင်းသားရှားလို့။
    :k:

    • Yae Myae Tha Ninn

      September 12, 2014 at 1:01 pm

      ကဲ… ကဲ .. ကြားကြတယ်နော်… မင်းသားသစ်ကလေးတွေ ရှိရင် လာစာရင်းပေးလိုက်ပါဦး… ကျွန်တော်ကတော့ လူရွှင်တော်နေရာက သရုပ်ဆောင်ပေးမယ်… 🙂

  • JackSkellington

    September 12, 2014 at 12:31 pm

    မျက်နှာသစ် ထုတ်လုပ်ရေး က
    ဘတ်ဂျက် မရှိရှာတာ တစ်ကြောင်း
    စာရေးရမှာကို ကျားမြီးဆွဲရမှာထက် ကြောက်တာ တစ်ကြောင်း
    ပိဿလေး ဘေးပစ်သလို ပြောတတ် ဆိုတတ်သော အကျင့်က တစ်ကြောင်း
    တစ်ခုခုရေးမယ်ဆို ရာဇဝင် အူပေါက် ဆိုသလို ဟိုရောက်လိုက် ဒီရောက်လိုက် ဖြစ်တာ တစ်ကြောင်းတို့ကြောင့်…
    သည်းခံတော် မူကြပါကုန်သော်ဝ်…. 😀 😀 😀

  • Yae Myae Tha Ninn

    September 12, 2014 at 1:03 pm

    အိုး.. ရပါတယ်… ဂျက်ရယ်… တချိန်လုံး ချနေတဲ့ ကားတွေထက်စာရင် ဇာတ်လမ်းဇာတ်ကွက်သာရှိရင်… ချသာချ… 🙂 အားပေးတယ်…

  • ခင် ခ

    September 12, 2014 at 1:17 pm

    ” နာမည်ရလာတာ မကြာသေးသော ထုတ်လုပ်ရေး အသစ် နောင်ရိုး ”
    ဟိုဘက်ကသူ့ပိုစ့်မှာ ” ဘိုင် ဘိုင် ” တော့မယ်လို့ ဆိုနေတယ်နော်။

    ကျုပ်တောင် ပင်စင် ယူခါနီးနေပြီဗျ ” ပျင်း လွန် လွန်း လာ လို့ လေ “

  • Yae Myae Tha Ninn

    September 12, 2014 at 1:43 pm

    အဲလိုတော့ လုပ်ကြပါနဲ့ဗျာ.. မရိုက်တာပဲ ရှိတာပါ… ကြည့်ရှုသူတွေက ရှိပါတယ်.. မမန့်တာပဲ ရှိတာပါဗျ.. အဲလိုတော့ လွယ်လွယ် လမ်းမခွဲကြပါနဲ့…. 🙁

  • တင်မယ်ဆိုရင်တော့ အများကြီး

    ရေးထားပြီးသားလဲ ရှိတယ်

    ဟိုရက် က တင်မယ့် သူ မရှိသလောက်

    တစ်ရက် 2 ပုဒ် တင်ပေးတယ်

    ပေါ့ပေါ့ပါးပါး

    အခုရက်လူပြန်စည်လာ ပြီ

    တင်တာ နည်းနည်းလျော့ မယ်

    ဓါတ်ပုံ တွေ က တင် စရာ အမြဲ ရှိ တယ် ဗျ

    ဒါပေမယ့် တင်လို့ အရမ်းခက် တယ် ကြာ တယ်

    အဲ့ လာ လေး လာ ပြောတာ

  • Yae Myae Tha Ninn

    September 12, 2014 at 2:14 pm

    ဒါကြောင့် လေးပေါက်က သက်တော်ရှည်ဘွဲ့ နဲ့ လူချစ်လူခင်ပေါတာဗျ… 🙂
    ကျေးဇူးပါ.. လာမန့်လို့… 🙂
    ဇာတ်လမ်းတွဲတွေလဲ စောင့်စားနေပါတယ်.. ဓာတ်ပုံပို့စ်တွေလဲ တင်ပါခင်ဗျာ…

  • kyeemite

    September 12, 2014 at 4:02 pm

    .ကိုရေမြေ့သနင်းရေ…ဇတ်ကားကြီးရိုက်ဖို့ကြံစီထားပါတယ်
    .အကယ်ဒမီရှော့တွေနဲ့ပေါ့ဗျာ…မကြာမီလာမည်မျှော် :k:

    • Yae Myae Tha Ninn

      September 12, 2014 at 4:21 pm

      ဟုတ်.. စောင့်မျှော်နေပါတယ်… ဦးကြီးမိုက်… အကယ်ဒမီ မှန်းနိုင်တဲ့ သူတွေဆိုတော့ ပိုလုပ်သင့်ပါတယ်လို့ အကြံပြုပါရစေ… 🙂

  • Yae Myae Tha Ninn

    September 12, 2014 at 4:23 pm

    လာရောက် အားပေးလို့ ကျေးဇူးတင်ပါတယ်… awra cho… ပုို့စ်ထဲမှာ နာမည် မပါသွားလို့.. ဆော်ရီးပါနော်… 🙂

  • alinsett

    September 12, 2014 at 5:31 pm

    ထုတ်လုပ်ရေးလား
    ကျုပ်လည်း ခပ်စိပ်စိပ်မထုတ်နိုင်တော့ဘူးဗျ။
    ရေးဖို့မအားသလို အရင်လို ဝိုင်ဖိုင် ဖရီးမရတော့ဘူးလေ။ အလုပ်ပြောင်းလိုက်တာ အခု ဝိုင်ဖိုင်မရှိတဲ့နေရာ ရောက်နေတာ။
    တစ်မိနစ် လေးကျပ် နဲ့ ထုတ်လုပ်ရတာ အရှုံးပေါ်တယ်
    တစ်နာရီလေးရာနဲ့ ပိုစ့်တစ်ပု ်တင်ရင် နှစ်နာရီလောက် အကုန်အကျခံပြီး ထုတ်လုပ်ရတာ အရှုံးပေါ်တယ်လေ။

    ရတဲ့လစာ က အရှုံးခံနိုင်လောက်အောင် များလာတဲ့တစ်နေ့. . .

    မျှော်နေတယ်

    😆

    • Yae Myae Tha Ninn

      September 13, 2014 at 10:19 am

      ဟားဟား.. အလုပ်ရသွားပြီလား.. ဝမ်းသာပါတယ်ဗျာ… ဒါပေမဲ့ စာလေးတွေ ကွန်ပျူတာနဲ့ စုထားပေါ့… အွန်လိုင်းရတာနဲ့ ကူးပြီးတင်လိုက်ပေါ့… ပုံမှန်လည်ပတ်တဲ့ ထုတ်လုပ်ရေးတွေက မထုတ်လုပ်ဘူးဆိုလဲ လွမ်းတယ်ဗျ… အမှန်တိုင်း ပြောရင် ကိုယ်က သိပ်မဖတ်ဖြစ်တောင် ဖတ်ဖြစ်တဲ့ သူတွေ မမန့်ဘဲ ဖတ်တဲ့သူတွေက ပိုလွမ်းမှာပါဗျာ… စောင့်မျှော်ကြည့်ရှုနေတဲ့သူတွေ ရှိပါတယ်လို့ပဲ ပြောချင်ပါတယ်… 🙂

  • surmi

    September 12, 2014 at 6:16 pm

    တိုင်ပတ်နေလို့ပါဗျာ
    ကျေးကျေး 🙂

  • Yae Myae Tha Ninn

    September 13, 2014 at 10:24 am

    ဟုတ်ကဲ့ပါ.. ကိုဆာမိရယ်… လာမန့်တာပဲ ကျေးကျေးးပါ.. တခုပဲ ပျောက်ပြီး ပြန်ပေါ်လာရင်တော့ ဆက်တိုက်ထုတ်လုပ်ရမှာနော်… ဆရာကြီးလဲ အကယ်ဒမီ နီးစပ်တဲ့သူတွေပါ… 🙂

  • သုဘရာဇာ သံချောင်း

    September 13, 2014 at 1:23 pm

    နေကောင်းတယ်နော် ကိုရေမြေ့သနင်း
    နေမကောင်းရင် ကြိုပြောပါ ငှဲငှဲ
    :mrgreen:

  • Yae Myae Tha Ninn

    September 13, 2014 at 2:18 pm

    ကောင်းပ့ါ ဆရာ သံချောင်းရယ်.. ဆရာ့လိုပဲ ဒေါင်ဒေါင်မြည်… 😀

  • Yae Myae Tha Ninn

    October 9, 2014 at 4:41 pm

    အနီရောင်ပို့စ်… 🙂

    • ခင် ခ

      October 9, 2014 at 11:55 pm

      ရဲဗလောင်း ခတ်နေပါလား အားပေးကြတာ။
      ကိုရေမြေသနင်း သူအလုပ်သူလုပ်တာ သွားမခံစားနဲ့နော်။

      • Yae Myae Tha Ninn

        October 10, 2014 at 8:56 am

        ဟုတ်… ကိုခ… ဘယ်ပို့စ်တခုလဲ မသိဘူး… တိုးအကြောင်းပြောတဲ့ ပို့စ်ထင်တယ်… ကိုယ့်ထက်ပိုဆိုး.. ဆယ်ဂဏန်းလောက်ရှိတယ်… 🙂

  • မြစပဲရိုး

    October 10, 2014 at 2:16 am

    ရဲရဲတောက် တို့ဗမာ တွေ ..
    သတ္တိခဲ တွေ …
    မို့
    လာပြီး အားပေးတာ ဂုဏ်ယူပါလေ။

    နောက်တစ်ခု ဖြစ်နိုင်တာက
    ဒီလောက် လက်အညောင်းခံပြီး လုပ်နေတာ
    လူ လဲ ဟုတ်ချင်မှ ဟုတ်မှာ။ (Program က ဝင်ပြီး နှောက်နေတာလားတောင် ထင်မိ)
    လူဟုတ်လဲ မူး ပြီး မြင်ရာ ရမ်း နှိပ်နေတာ ထင်ရဲ့။ lol:-)))

  • Yae Myae Tha Ninn

    October 10, 2014 at 8:58 am

    ကျေးဇူးပါ အရီးရေ… အခုလို အားပေးတာ… တခုပဲ ဆန်းစစ်ကြည့်တယ်… ငါ ဘာမှားလဲ လို့… 🙂
    ဒါပေမဲ့ ကျေနပ်တယ်.. ဒီပို့စ်ပြီး မကြာဘူး… ပို့စ်တွေနဲ့ ပြန်စည်ကားလားလို့… ဟီး.. တိုက်ဆိုင်တာ ဖြစ်မှာပါ… နော်… 🙂

Leave a Reply