. ရလိုလျှင်​က
. နှစ်​ဖြာရုပ်​နာမ်
. တလံမျှကို
 လိုလိုချင်​ချင်
. မြတ်​နိုးကြင်​၍
. ချစ်​ခင်​ယုယ
. ပြု ပြင်​သလည်း
. အချိန်​ဘီလူး
. အထူးမညှာ
. စား​တာခံရ
. အသက်​​ကြွေ​ပျောက်
. ​ချောက်​မရဏ
. ဆင်းရသည်
. သဂျီးဦးခိုမ် မှက်လေလော့…။
. ရုပ်နာမ်​နှစ်​ခု
. စွဲလမ်းမှု​ကြောင့်
. ဆင်းရဲမှန်​စစ်
. သုံးဆယ့်​တစ်​ဘုံ
. လုံးစုံ​လောက
. ထိုထိုမျှတွင်
. ကျင်​လည်​မပြတ်
. ဆင်းရဲထပ်​လျှက်
. ရဟတ်​သံရာ
. စီးကာခရီး
. ​ကျောပိုးပြီးလျှင်
. ချည်းနှီးဗလာ
. ​ဖော်​မပါဘဲ
. သွားရသည်
. သဂျီးဦးခိုမ် ကြောက်လေလော့…။
. ငါ၏ခန္နာ
. ရုပ်​၊နာမ်နှစ်​လီ
. စွဲမှီကင်းလွတ်
. ဘုံကျွတ်​ရာမှန်
. မြတ်​နိဗ္ဗာန်​ကို
. ရည်​သန်​​တောင့်​တ
. ရလိုကလျှင်
. ယခုဘဝ
. ယခုပင်​လျင်
. မဂ္ဂင်​ရှစ်ရပ်
. အကျင့်​မြတ်​အား
. ကျင့်​ကြံကြိုးကုတ်
. အားထုတ်​လုပ်​​ဆောင်
. ပြုရမည်
. သဂျီးဦးခိုမ် နာယူလော့...။
. အချိန်​ဘီလူး
. စား​နေပြီ
. မအိုခင်
. မ​သေခင်
. မနာခင်
. အသိဦး​လော့
. လူမိုက်ဦးခိုမ် ဆင်ခြင်တော့…။
. ပြုကာကမ္မ
. ခံရဧကန်
. ဆင်းရဲပြန်​သည်
. ဘုံသုံးဆယ့်​တစ်
.​ ဖြစ်​ပြန်​​လောက
. ထိုထိုမျှတွင်
. မောင်ခိုမ်သဂျီး  ဘယ်သွားမြီနီး….။
aye.kk
About aye.kk
has written 246 post in this Website..