” ဘ၀ဘာလို့ခါးတယ် “

 

သစ်ရွက်လှုပ်သံ တိုးညှင်းနေတယ်

မိုင်းပေါက်သံက ပိုကျယ်လို့

မိုးသံတွေက ပိုဆူသလိုကွယ်

စက်သေနတ်က မပြတ်ပစ်လို့

အေးဆေးစွာရယ် မစားသောက်ရ

ဘ၀လှလှ မရှိလှဘူး

စားသုတ်သုတ် သွားသုတ်သုတ်နဲ့

ပြေးလွှားခိုအောင်း နေခဲ့ရတာကြာလှပါပေါ့

ငြိမ်းချမ်းရေးပွဲ ဆွေးနွေးပါလျှက်

နှစ်နဲ့ချီကြာ မငြိမ်းချမ်းသေးပါ

ဒို့ကချင်ပြည်နယ် ဘ၀က

ခါးလှတယ်ဗျာ။

 

 

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..