” ဘဝဘာလို့ခါးတယ် “

ခင္ခSeptember 13, 20141min742

” ဘဝဘာလို့ခါးတယ် “

 

သစ်ရွက်လှုပ်သံ တိုးညှင်းနေတယ်

မိုင်းပေါက်သံက ပိုကျယ်လို့

မိုးသံတွေက ပိုဆူသလိုကွယ်

စက်သေနတ်က မပြတ်ပစ်လို့

အေးဆေးစွာရယ် မစားသောက်ရ

ဘဝလှလှ မရှိလှဘူး

စားသုတ်သုတ် သွားသုတ်သုတ်နဲ့

ပြေးလွှားခိုအောင်း နေခဲ့ရတာကြာလှပါပေါ့

ငြိမ်းချမ်းရေးပွဲ ဆွေးနွေးပါလျှက်

နှစ်နဲ့ချီကြာ မငြိမ်းချမ်းသေးပါ

ဒို့ကချင်ပြည်နယ် ဘဝက

ခါးလှတယ်ဗျာ။

 

 

ခင်ခ။

2 comments

  • aye.kk

    September 13, 2014 at 8:39 am

    အဓမ္မ​တွေများ​နေ​တော့
    ဘဝ​တွေခါးသီး​နေတာ
    အဓမ္မ​တွေကိုတိုက်​ထုတ်​
    နိုင်​ဖို့ဓမ္မလက်​နက်​များများလိုအပ်​​နေတာ

    • ခင် ခ

      September 13, 2014 at 10:18 am

      ဓမ္မသည် ငြိမ်းအေးစေတတ်တာကိုးဗျ

Leave a Reply