နားမလည်​​ပေါင်​​တော်​ ကျွန်​မက ​တောသူသာရယ်​

moonpoemSeptember 13, 20141min24116

တောသူဆိုတော့ အတိတ်နမိတ်တို ့တဘောင်တို ့တော့ အယုံသားကလား။အဲဒါကြောင့်နေမယ် တလောက ရွာက ကြီးတော်ဘုမက ပြောတယ် တို ့များမြန်မာပြည်မယ် ပီအာ စနစ်ကျင့်သုံးမယ် ဘာမယ်ဖြစ်တော့ သူက လက်မခံနိုင်ဘူးတဲ့။ ဘာဖြစ်လို့လည်း ဆိုတော့ စနစ်နာမည်ကိုက ပီအာ ဆိုမှတော့ အသံထွက်အတိုင်း အပီအာ မှာအေ့။ အဲဒါကြောင့် ညည်းလည်း ကန့်ကွက်လို ့ပြောတာ သူပြောလို့ကျွန်မလည်း သံယောင်လိုက်ပြီး အင်းဆိုပြီး ကန့်ကွက်လိုက်တာပဲ။အတိအကျတော့ နားမလည်ပေါင်တော့ကျွန်မက တောသူ မဟုတ်လား။

ရွာထိပ်က ကာလသားခေါင်းဆောင် မောင်သိန်းကလည်း မခေဘူးတော့။ သူက ဗေဒင်တွေ ဘာတွေ တွက်တတ်လို ့နဲ ့တူပါရဲ ့။ ပြောသေးတာ ဘာတဲ့ ဟိုနင်းအလှမယ် ကောင်မလေး ရင်သားခွဲစိတ်ပြုပြင်တာ အဟုတ်လိုလို ကောလဟာလလိုလိုတွေ ဖြစ်နေတာထောက်ပြီး မြန်မာပြည်မှာ ရှေ ့ဆက်ပြီး တိုင်းရင်းသား ရင်ကြားစေ့ရေးတွေ၊ငြိမ်းချမ်းရေးတွေဆက်လက်လုပ်ဆောင်နေရလိမ့်ဦးမယ်
ဆိုပဲတဲ့။အတိအကျတော့ နားမလည်ပေါင်တော့ ကျွန်မက တောသူ မဟုတ်လား။

အံမယ် သူက ပြောသေးတယ်။ဟိုးတလောက ရန်ကုန်မြစ်နား နဂါးကြီးပေါ်လာသလိုလို၊ ခေါင်းလောင်းကြီးရသလိုလိုနဲ့ သတင်းကြားရသေးတာ အဲဒီဆယ်တဲ့လူက အဆိုတော် စံလင်းတဲ့တော့။ ကျွန်မကဖြင့် အံ့တွေကို ဩလို ့။ကျွန်မလည်း သူ့သီချင်းတွေ ဘာတွေသိပ်ကြိုက်တာ ကဗျာမမီ စာမမီ သီချင်းတို ့ဘာတို ့ဆို အသည်းစွဲပေါ့။ အခုတော့ သီချင်း ပြောင်းဆိုသွားပြီပေါ့လေ။ ကဗျာမမီ စာမမီ အစား ခေါင်းလောင်းကလေးတွေ မြည်နေပြီ ဆိုလားပဲ။အတိအကျတော့ နားမလည်ပေါင်တော့ ကျွန်မက တောသူ မဟုတ်လား။

ဟိုတစ်နေ့ကလည်း ဘယ်ကဆိုလည်း ၁၅၀ဝ ကျပ်နဲ ့ဆင်းကဒ်တွေကို ချရောင်းလိုက်တာ
လူတွေကို တန်းစီလို ့တဲ့ မြို ့ကပြန်လာတဲ့ ကိုခွေးနီ ပြောတာ။ သူ ဘယ်ကနေ သတင်းကြားလည်းတော့ မသိပေါင်တော့ နောက်နှစ်လနေရင် ၅၂၈ကျပ်တန် ဆင်းကဒ်တွေ ထပ်ချဦးမတဲ့။သူက မြို ့မှာ
အနေများတော့ လည်လည်ဝယ်ဝယ်ရှိတော့ ပြောသွားသေးတာ။ဖုန်းကသာ ဈေးချရောင်းနေတာ ဖုန်းပြောတဲ့ တိုင်ကနည်းလို့တော့ အဲဒီ ့၅၂၈ကျပ်နဲ ့ရောင်းရင်တဲ့ လိုင်းတွေ ကြပ်မတဲ့တော့ ။

သူ ့လေသံအရဆိုတစ်ခုခုကို Update လုပ်ချင်ရင် တိုင်နဲ ့ခေါင်း တက်ဆောင့်တဲ့တော် ၊ Download ဆွဲချင်ရင် မြေကျင်းတူးကြတဲ့တော် ဖုန်းပြောချင်ရင်တော့ အရပ်ဆယ်မျက်နှာ မေတ္တာပို့တဲ့။
ဘာလို ့မေတ္တာပို ့ရမှာတုန်းတော့လို ့ကျွန်မက မေးတော့ ဖုန်းလိုင်း မမိရင် ကုန်းအော်ရမှာမလို ့
ဝိုင်းမဆူကြ မဆဲကြရလေအောင် မေတ္တာပို့ရတာတဲ့တော့။ကျွန်မဖြင့် ဆင်းကဒ်ဖြန့်တဲ့ ဟိုနင်းကို
ကျေးဇူးတွေကိုတင်လို ့။ဒါဟာ လူသားတွေကြား မေတ္တာပွားများစေတဲ့ ပါရမီဖြည့်ပေးတာ မဟုတ်လားတော့။ တခြားအင်္ဂလိပ်စကားတွေတော့ အတိအကျ နားမလည်ပေါင်တော် ကျွန်မက တောသူ မဟုတ်လား။

ပြောရတာလည်း မောသွားပြီ။ အခုကျွန်မတို ့ရွာအမည်ပြောင်း ဆွမ်းကျွေးရှိလို ့ရွာဦးဘုန်းကြီး
ကျောင်း သွားလိုက်ဦးမယ်တော်။ရှင်တို ့စိတ် ကျွန်မသိသား ရွာအမည် ဘာလို ့ပြောင်းရလဲဆိုတာ သိချင်နေတာ မဟုတ်လား။ဟိုနင်းတော့ သမီးကလေး ကျေးရွာ အသိမ်းခံရတာ နာမည်က ချစ်စရာကောင်းလို ့အသိမ်းခံရတာတဲ့ မအူပင်ကတော့ မအူမလည်မို ့ အသိမ်းခံရတာတဲ့ ။ အဲဒါ ရွာက ဘဘုန်းကြီးက နာမည် အတိတ်နမိတ်နဲ ့ကျွန်မတို ့ရွာလယ်မြေတွေ အသိမ်းမခံရအောင်တဲ့ နာမည် ပြောင်းပစ်လိုက်တာတော့။ ရွာနာမည်က ဘာတဲ့ သိမ်းရဲရင် သိမ်းကြည့်ရွာ တဲ့။ နာမည်သာ ပြောင်းရတာပါလေ သိမ်းရဲရင်သိမ်းကြည့်ရွာသာ ဆိုရတယ် ဟိုက လာသိမ်းရင်လည်း
ခံရဲလို ့ခံလိုက်ရတယ်ဆို ပြီး နာမည်ပြန်ပြောင်းရမှာပဲတော်။ ကျွန်မ စိတ်အတိုင်း ပြောကြည့်တာပါ။ အတိအကျတော့ နားမလည်ပေါင်တော့ကျွန်မက တောသူ မဟုတ်လား။ ကဲ အချိန်လည်း လင့်ရောမယ်။ ဆွမ်းကျွေးအမီ သွားလိုက်ဦးမယ်တော်။

16 comments

  • သုဘရာဇာ သံချောင်း

    September 13, 2014 at 1:15 pm

    ဘာဆွမ်းကျွေးလဲဗျ
    အလကားစားရဖို့ဆိုလက်တို့စမ်းပါဗျာ
    ဒါနဲ့
    ကျုပ်တို့ဂဇက်ရွာမှာလဲ သေရွာပြန်တို့ အရှင်ထွက်တို့ ရှိတယ်ခင်မျ
    ၂၀၁၅ နီးလာလို့လားမသိပါဘူးဗျာ
    အာရုံလွှဲတာတွေ များလာသလားလို့

  • ခင် ခ

    September 13, 2014 at 1:44 pm

    ၅၂၈ ဆင်း လာ မယ့် ကဒ် တွေချပေးရင်တော့ မြို့တက်ပြီး တစ်ကဒ်လောက်တော့ ဝယ်အုံးမှဘဲလေ
    ဪ ဒါနဲ့ ကလေးမလေး အဲဒီ ၅၂၈ ဆင်းကဒ်တွေက ဘယ်ကဆင်းလာမှာလဲ မြို့ဦးစေတီလှေကားကလား ဟို အထပ်အမြင့်ကြီးဆောက်ထားတဲ့ ပလာတာဈေး က အက်စကီမိုးလှေကား ကလား ပြောပေးအုံးဟ

  • ကောင်းလိုက်တဲ့ ပိုစ်ဗျာ

    ဒါမျုုးိလေးတွေဖတ်ချင်နေတာ ကြာပေါ့

    လောလောဆယ် 528 အလှည့် မရောက်သေးဘူး ဗျ

    ကြား ထဲမှာ 972 ရှိသေးတယ်

  • မြစာကလေး (23122011)

    September 13, 2014 at 2:02 pm

    FB ထဲမတော့ ပေါက်စီ နဲ့ အသားတု ပြသနာ ဆိုပြီး ပုံတွေ နဲ့။
    ရှာရှာဖွေဖွေ စဉ်းစားတတ်ကြပလေတယ်။

    ခေါင်းလောင်းကတော့ မရှိတာ ဆယ်ဖို့ နောက်တစ်ဖွဲ့ လာဦးမယ်ဆိုလား။
    ဒီတစ်ခါတော့ နဂါး ကနေ ဘာက ကူ ဦးမယ်မသိ။

    လကဗျာ ရဲ့ စာတွေ ကို မျှော်သူ ပိတ်သတ်ကြီး အတွက် မကြာမကြာ လာပါအေ။ :-))

  • ကျောက်စိမ်း တိန်ညင်

    September 13, 2014 at 2:24 pm

    ကျုပ်ကလည်း တောသားမို့ ဘာဘာညာညာ မသိပေါင် …. တလောက ကြားတာ ဒင်း ကံကောင်းလို့ မာမလကီးယားတယ်ဆိုလား …?????

    နဂါး အမြီးနဲ့ ပွတ်တာပဲ ချိသေးတယ် မှတ်ပလါးးးး

  • aye.kk

    September 13, 2014 at 2:35 pm

    လှည်​့ပတ်​ခြင်​း ကင်​းရှင်​းကြပါ​စေ

  • kai

    September 13, 2014 at 4:36 pm

    အင်း…
    တော်တော်အနုပညာရှိတဲ့ပို့စ်…

    ဆိုတော့…
    ပီအာမှာ.. ပါမေးနန့်ရက်စိဒန့်တွေအတွက်ပါသမို့.. အပီမအာပါနဲ့ဗျာ..
    ခွင့်ပြုပေးလိုက်ပါလို့..။
    ပိုသေချာအောင်.. ကဒ်အရောင်လေးပါ..အစိမ်းလေးလုပ်.. ဂရင်းကဒ်လို့နာမယ်ပေးပါ…လို့..။ :k:

  • moonpoem

    September 13, 2014 at 7:01 pm

    ဟိုနင်​း ၅၂၈ကျပ်​တန်​ ဆင်​းကဒ်​က ​မြေနီကုန်​းခုံး​ကျော်​တံတား​ပေါ်က​နေ ချ​​ပေးမယ်​တဲ့။အတိအကျ​တော့ မသိ​ပေါင်​​တော်​ ကျွန်​မက​တောသူမဟုတ်​လား။

  • ဇီဇီ ခင်ဇော် (15102012)

    September 14, 2014 at 4:24 pm

    ရေးတတ်လိုက်တာ။
    ဟီးဟီးဟီး

    :k:

  • Crystalline

    September 14, 2014 at 4:49 pm

    တော်တော်တတ်တဲ့တောသူလေး :k:

    • kai

      September 14, 2014 at 4:54 pm

      တည်တည်တံ့တံ့ တွေးတောတတ်တဲ့ တော်တော်တတ်တဲ့တို့တစ်တွေ တောတွေ တိုးတိုးတိတ်တိတ်တိုး၊ တောင်တွေ တတိတတိတက်တုန်း၊ တိမ်တောင် တောက်တောက်တွေ၊ တောက်တာတောတွေ၊ တော်တော် တောင့်တင်းတဲ့ တုံးတံတားတွေ၊ တိုင်တိုတိုတွေ၊ တောတဲတွေ၊ တစ်တောင်တိတိ တိုင်းတာတူးတဲ့ တွင်းတိမ်တိမ်တွေ၊ တီတွန့်တွန့်တက်တက်တွေ၊ တမ်းတမ်းတတ တီတီတာတာ တတွတ်တွတ် တွန်တတ်တဲ့ တစ်တီတူးတွေ၊ တွယ်တက်တတ်တဲ့ တက်တူတွေ၊ တောက်တဲ့တုတ်တုတ်တွေ၊ တောတွေ့ တောင်တွေ့ တော်တော်တွေ့တယ်။ တောက်တီးတောက်တဲ့တော်…

      • Yae Myae Tha Ninn

        September 15, 2014 at 5:06 pm

        ဒါမျိုးတွေလဲ တတ်သလား.. တဂျီး… 🙂

  • kyeemite

    September 15, 2014 at 3:55 pm

    .အင်း..ဒီပို့စ်ဖတ်လိုက်ရမှ အရသာရှိသွားတယ်..ကျေးဇူးပါ လကဗျာ

  • alinsett

    September 15, 2014 at 4:21 pm

    သိမ်းရဲရင်သိမ်းကြည့်ဆိုမှ..
    စိန်ခေါ်ပါတယ်ဆိုပြီး….

    အဟွတ် အဟွတ်

  • naywoon ni

    September 15, 2014 at 5:28 pm

    ဘာမှ နားမလယ်​လို့သာ နဲနဲများနားလည်​ရင်​ ဗမာပြီက်​ို အာနာများ တက်​သိမ်​းအုံးမလားမသိဘူး ဟင်​းဟင်​း 🙂

Leave a Reply